CH- 31.2

4.1K 704 3
                                    


စုန့်ယွင်ရန် ခမျာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်ခနဲ့ ဖြစ်သွားပြီးနောက် သူ့လက်အား
တိတ်တိတ်ဆိတ်ဆိတ်လေး ပြန်ချကာ ထိုလက်အား ထပ်၍ မလှုပ်ရှားတော့ပေ..

ထိုခဏ၌ပင် တစ်စုံတစ်ခု မှားယွင်းနေသေးသည်ဟု ခံစားလိုက်ရ၏...
မဟုတ်သေးပါဘူး..ချင်ကဲကအခုထိ ငါ့ကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်ပေးနေရတာပါလိမ့်...?

မဟုတ်မှ လွဲရော ဒီလောင်ဇီကို သူ့ ပါးပါး လို့ လက်ခံလိုက်တာများလား..? ဟီဟီ..
.

အဖေ နှင့်သား ဟူသော စကားလုံးများအား စဉ်းစားလိုက်မိသည်နှင့် သူ၏ စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာတော့၏..
ခေါင်းလေးအားမော့ကာ ချင်ကဲအား ပြုံးကြည့်လိုက်လေသည်...

ထိုအချိန်တွင် သူ၏ အတွင်းစိတ်သည်ကား ကိုယ်ခွဲနှစ်ခု ခွဲကာ အပြန်အလှန် စကားဆိုနေကြလေသည်...

တစ်ကိုယ်က .." ကြည့်စမ်း ကြော်ငြာကောင်းကောင်းက ချင်ကဲလို ရေခဲတောင်ကိုတောင် ပျော်ကျစေတယ်ကွ.တွေ့လား..ဟီဟိ.."

အခြားတစ်ကိုယ်က .. " ဟုတ်ပကွာ...ငါကြိုးစား အားထုတ်မှု့က ဒီတစ်ခေါက်တော့ လုံလောက်သွားပုံ ရတယ်..မဝေးတော့တဲ့ ကာလ မှာ ချင်ကဲဆီက ငါ့ကို  ပါးပါးလို့  ခေါ်တဲ့အသံ ကြားရတော့မှာကွ..ဟေ ဟေ ဟေ့..."

စုန့်ယွင်ရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းကား ခပ်ဖြေးဖြေးလေး ဆိုလိုက်၏..
" ခင်များ.."

" ချင်ကဲ..."

ရုတ်တရက် ထွက်လာသည့် အသံက မစ္စတာရှောင်စုန့်၏ သရုပ်ဆောင်ကွက်အား ဖျက်စီးပစ်သည့် လက်နက်ဖြစ်သွား၏..

စုန့်ယွင်ရန်သည် သူ၏ စိတ်ကူးအား ဖျက်စီး လိုက်သည့် အသံထွက်လာရာဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်လေသည်...
.
လှမ်းခေါ်လိုက်သူမှာ Brand မှဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ချင်ကဲအား အဝတ်အစား လဲချိန်ရောက်ပြီ ဖြစ်ကြောင်း သတိလှမ်းပေးခြင်း ဖြစ်သည်..

" လာပါ ပြီဗျ..." ဟု ချင်ကဲ လှမ်းပြောလိုက်ပြီး ချက်ခြင်းပင်မတ်တတ်ထရပ်ကာ စုန့်ယွင်ရန် အား " ဥက္ကဌလေး အခုပြောဖို့ လုပ်လိုက်တာ ဘာကိစ္စလဲဗျ...?" ဟု မေးလိုက်လေသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now