ချင်ကဲ၏ စကားအား ကြားပြီးနောက် သူ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း ချန်ကျင်း သိလိုက်လေသည်..။
အခြားအနုပညာရှင်တစ်ယောက်က ထိုသို့သော စကား ဆိုလာပါက သူမ သေချာပေါက် သဘောတူလက်ခံလိမ့်မည် မဟုတ်..
သို့သော် ချင်ကဲသည်ကား သူမအရင်က တာဝန်ယူ ပေးခဲ့ဖူးသည့် အနုပညာရှင် များနှင့်မတူ..သူသည်ငယ်ရွယ်သူ ဖြစ်သော်ငြားသူ ပြောသည့် စကားအား တည်အောင် အလုံးစုံ တာဝန်ယူနိုင် သည်...ထိုသို့ တာဝန်ယူနိုင်အောင်လည်း အရည်အချင်းရှိ၏..
အခြား လူများနှင့် နှိုင်းယှဉ်ခံကာ မျက်နှာပျက်မည့်အရေး မကြောက်ဖူးဟု သူဆိုပါက သူတွင် ထိုသို့ ပြောနိုင်သော စွမ်းအားနှင့် ယုံကြည်ချက် ပြည့်ဝ၍ သူ ထိုစကားအား ဆိုခြင်း ဖြစ်သည်..။
ချန်ကျင်းသည် ခတ္တမျှတွေးပြီးနောက် " ကောင်းပြီလေ..အဲ့တာဆို အမ ဘဲ လက်ထောက်တန်ကို တိုက်ရိုက်ပြောလိုက်တော့မယ်..ဒီ ကြော်ငြာအတွက် လိုမဲ့ ဟာတွေ အမရှာထားလိုက်မယ်..ဒီကိစ္စကို မင်းဖို့ ဖက်ရှင်လောက တံခါး ဖွင်တဲ့ သော့ဖြစ်အောင်အမတို့ အကောင်းဆုံး ကြိုးစားကြတာပေါ့.."
ချင်ကဲသည် "အမ်း" ဟူသော အသံ ပေး၍ သူ့၏ ဖုန်းကိုသာထပ်မံ ငုံ့ကြည့်လိုက်တော့၏..
ချန်ကျင်းသည် လက်ထောက်တန် နှင့်
အဆက်အသွယ်လုပ်ပြီးနောက် ချင်ကဲ ဆီသို့ တစ်ဖန် ခေါင်းလှည့်၍ ကြည့်လိုက်ရာ ချင်ကဲ Weibo သုံးနေသည်ကို တွေ့လိုက်ရလေသည်...သူကြည့်နေသည်မှာ စုန့်ယွင်ရန် မနက် ၁ နာရီတွင် တင်ထားသော Post ဖြစ်ကြောင်း တွေ့လိုက်ရ၏..
အခုမှ ချင်ကဲ ထို Post အားအခုမှ မြင်သည်ဟု ထင်ကာ ပြုံး၍ စကားစလိုက်တော့၏..
"လက်ထောက်တန်က အမတို့ကို မစ္စတာစုန့် ရဲ့ Weibo ကို Follow လုပ်ဖို့ မနေ့က လှမ်းပြောတယ်လေ..အမတို့လည်း အရေးကြီးတဲ့ သတင်းကြေုငြာမယ်လို့ ထင်တာပေါ့..ညနက်သန်းခေါင်မှ ထတင်လိုက်တဲ့ Post မှာ တွဲတင်ထားတာက အဆောင်(လက်ဖွဲ့) ပုံလေးတဲ့..အထင်နဲ့ အမြင်က တက်တက်စင်အောင် လွဲပါရောလား..ကြည့်ရတာ အဲ့ ပစ္စည်းကို စုန့်လေးက အတော်တန်ဖိုးထားလို့ဖြစ်မယ်..အဲ့တာကြောင့် သူ့ Weibo ရဲ့ ပထမဆုံး Post အနေနဲ့ အဲ့လက်ဆောင်ပုံ ကို တခုတ်တယနဲ့ တင်တာပေါ့..."

STAI LEGGENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Storie d'amoreပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...