CH-16.2

7.4K 1K 22
                                        

သူ့ခမျာ "ဘာကြောင့်အခေါ်လွတ်ရသနည်း ?"ဟု မတွေးရဲသလို " ကိုယ့် ကောင်လေးကိုကို့ဘာသာ
ကိုယ် ဘာလို့ တိုက်ရိုက်မခေါ်ရတာလဲဗျာ…?။ " ဟုလဲ မမေးရဲရှာ။

ထို့ကြောင့် အလေးအနက်ဟန်ဖြင့် ခေါင်းငြိမ့်သာ
ပြခဲ့ရတော့၏။

အောက်ထက်ရှိ အစည်းအဝေး ခန်းမ…

အနုပညာသမားများအား ကိုယ်တွယ်ရသော
ဒါရိုက်တာ သည် အပြုံးတစ်ပွင့်နှင့်
ချင်ကဲ အား လက်တစ်ဖက် ထုတ်ပေးကာလိုက်
သည်။
"ဂလက်ဆီကနေ ကြိုဆိုပါတယ်ကွာ…"

ချင်ကဲသည် ထိုလက်အား ဆွဲကာ နှုတ်ဆက်လိုက် ပြီး……"ကျေးဇူးပါဗျ ။"

ထိုဒါရိုက်တာသည် ချင်ကဲအား ကြည့်၍ အလွန်
ကျေနပ်နေရှာသည်။
မစ္စတာစုန့် ပထမဦးဆုံး ခေါ်လာတဲ့ အနုပညာ
ရှင်က အတော့်ကို ချောရှာသကိုး ။
တို့  ဥက္ကဌလေးက ပွဲဦးမထွက်ချင်တာနဲ့ သူ့အစား ပေးလိုက်တဲ့လူ ဖြစ်ထိုက်လိုက်တာ။
Face of Galaxy ရပြီကွ။

"မင်းက ဥက္ကဌကိုယ်တိုင် ထောက်ခံပေးထားတဲ့ လူဆိုတော့ ကုမ္ပဏီ အခြေအနေ အကြောင်း ပိုသိ အောင် ကြိုးစားရမယ်နော်။ "
" မကြာခင် အမတို့ ကုမ္ပဏီက အနုပညာရှင်
အသစ်တွေ ခေါ်ဖို့ရှိတယ်။ "
"မင်းကိုလည်း သူတို့လို အစကနေဘဲ  လေ့ကျင့်
ပေးဖို့ ဆုံးဖြတ်ထားတယ်။ အဆင်ပြေလား...?။"

ချင်ကဲ ခေါင်းငြိမ့်ပြလိုက်ပြီး " ဒါဆိုလဲ အမကိုဘဲ အပင်ပန်းခံပေးဖို့ အကူအညီတောင်းရမှာပေါ့ဗျာ။"

စာချုပ်တွင် လက်မှတ် ထိုးပြီးသည်နှင့် ချင်ကဲအား အစည်းအဝေး ခန်းမ မှ အပြင်ဘက်သို့ ပြုံးပြုံး
ပြုံးပြုံး နှင့် လိုက်ပို့ကာ နှုတ်ဆက်၏။

"အခုတော့ "သိုင်းလောကမှ ခြေရာများ" ကား လူရွေးပွဲ အတွက်အရင်ဆုံး ပြင်ဆင်ထားလိုက်ဦး။တစ်ခုခု ထူးထူးခြားခြားရှိတာနဲ့ ဖုန်းဆက်လိုက်
မယ်နော် ။သလား…။"

ထိုစကားဆုံးသည်နှင့် အပေါ်ထပ်မှ အူယားဖား ယား ပြေးဆင်းလာသော လက်ထောက်တန်အား
မြင်လိုက်ရလေသည်။

"ချင်ကဲ ရေ ။ ချင်ကဲ … ရှောင်စုန့်က မင်းကို တွေ့ချင်လို့တဲ့ဟ…။"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Waar verhalen tot leven komen. Ontdek het nu