CH-18.2

5.1K 838 21
                                    

ချင်ကဲသည် စားသောက်ဆိုင်တွင် အတော်
ကြာ အချိန်ဖြုန်းပြီး ဖြစ်၍ စုန့်ယွင်ရန်ဆီမှ ပြန် စာမလာခင်ပင် ထိုဆိုင်မှ ထွက်ခဲ့ပြီးလေပြီ...

ယနေ့နှုတ်ဆက်ပွဲသို့ ရလာသည့် အကြောင်းမှာ ကျုံးရှောင်ဖန်းအား တွေ့ရန်သာဖြစ်
သည်...
ချိန်ကျားမင် ၏ ကြွားလုံးများအား နားထောင်
ရန် မဟုတ်...

အိမ်ပြန်လမ်း တစ်ဝက်ရောက်ချိန်တွင် ဖုန်း
မြည်လာလေပြီ...

ချင်ကဲ ဖုန်းထုတ်ဖြေကာ ပြောလိုက်တော့သည်...
"ဥက္ကဌ ရှောင်စုန့်...?"

"ဟုတ်တယ်... ကျွန်တော်ပါဗျာ..."

စုန့်ယွင်ရန် လေသံသည်ကား သေဆုံးခါနီး လူမမာနီးပါး ဖျော့တော့နေ၏...
"ကျွန်တော် ခင်များကို We chat ကနေ တည်နေရာတစ်ခု ပို့ပေးလိုက်မယ်နော်...ကျွန်တော့ဆီ မြန်မြန်လေးလာခဲ့ပေးလို့ ရမလားဟင်..."

ချင်ကဲ We Chat အား စစ်ကြည့်လိုက်ပြီး ...
"ဥက္ကဌလေး နေမကောင်းဖြစ်နေတာလားဗျ...?"

စုန့် ယွင်ရန်မှာ ရှင်းပြရန်ပင် ပျင်းနေသဖြင့်...
"ဘာဘဲ ဖြစ်ဖြစ် မြန်မြန်ရောက်အောင်လာခဲ့ ဒါဘဲ...!"

နောက်ဆုံးစကား၏ အသံသည်ကား မာမာချာချာ ဖြစ်နေပြန်သဖြင့် စုန်ယွင်ရန် နေမကောင်း ဖြစ်နေမနေ သူ မသေချာတော့...

သို့သော်...ဖုန်းချပြီးသည်နှင့် တပြိုင်နက် တက္ကစီ တစ်စီးအား အမြန်တားကာ ဆေးရုံဆီသို့ ဦးတည်လိုက်တော့သည်...

VIP အခန်းများရှိရာ ဆေးရုံထပ်သည် အခြား ဆေးရုံအထပ်များထက် ပိုမိုတိတ်ဆိတ်သည်

ချင်ကဲသည် သူနာပြု တစ်ဦးအား စုန့်ယွင်ရန် ရှိရာWard အား မေးလိုက်သည်...
သူ့အခန်းအား ရှာတွေ့ပြီးနောက် လက်မြှောက်ကာ တံခါးခေါက်လိုက်တော့သည်...

မျက်နှာစိမ်း အမျိုးသမီး တစ်ယောက် တံခါး လာဖွင့်လေ၏..

ထိုအမျိုးသမီးက သူ့အား အထက်အောက်သေချာ ကြည့်ကာ အကဲခတ်ပြီးနောက်
"ဘယ်သူ့ကို လာရှာတာလဲရှင့်...?" ဟု မေးလိုက်တော့၏...

"ဒီအခန်းက ရှောင်စုန့်အခန်းလားဗျ...?" ဟု ချင်ကဲ မေးလိုက်သည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now