CH - 82

2.8K 418 4
                                    



"..."

စုန့်ယွင်ရန်သည် ဟယ်ကျီယူထံ ဖုန်းထိုးပြကာ လေသံတိုးတိုးဖြင့် "​ သူ့ပြော တာကို ကြည့်ကြည့်လိုက်.... ငါ ဟန်ဆောင်ပန်ဆောင် လုပ်နေတာမဟုတ်ဘူး တွေ့တယ်မလား ... မင်း အားနာ ရှက်ကြီး ဖြစ်သွားပြီမလား.."

ဟယ်ကျီယူခမျာ Chat Log အား အတင်း အဓမ္မ ဖတ်ခိုင်း ခံလိုက်လေပြီ... ကဆုန်ပေါက်ပြေးနေသည့် မြင်းအား ဇာတ်ကြိုးအတင်းဆွဲခံလိုက် သကဲ့သို့ မြင်းခွာမှ စင်လာသည့် ရွံ့များအား မျိုချလိုက်ရသလို ခံစားရရှာတော့သည်...

လခွမ်း...

ဒီကောင် ဂြိုလ်သားများလား ...?

သူ့ ဦးနှောက် အလုပ်လုပ်ပုံက ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေရဲ့ ဦးနှောက်အလုပ် လုပ်ပုံနဲ့ ဘာလို့ ဒီလောက်တောင် ကွာနေတာပါလိမ့်နော်...

" အစကနေ အဆုံးထိ တစ်ချက်ပြန် ကြည့်လိုက်ပါဦးကွာ .... မင်းတစ်ယောက်တည်း ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်နေပါဦးမယ်..."

စုန့်ယွင်ရန်၏ ထူးဆန်းသည့် ဦးနှောက်အလုပ်လုပ်ပုံအား သူ ငယ်ငယ် ကတည်းက တွေ့ဖူးထားသော်လည်း ဟယ်ကျီယူမှာ ငြိမ်မနေနိုင်ရှာပေ.... လည်ပင်းအား ကိုင်ကာ ဖန်များ၏ လေသံအား အတုခိုးလိုက်ပြီး " တို့ ကောကော ချင်ကဲကို အပြစ်ကင်းပါတယ်နော်... အဲ့လို မဟုတ်တမ်းတရား သွားပုပ်လေလွင့် စကားမျိုးနဲ့ နာမည်မဖျက်ပါနဲ့ဆို.."

စုန်ယွင်ရန် မှာ ဟယ်ကျီယူ၏ သဏ္ဍာန်လုပ် သရုပ်တူလေသံကြောင့် ဦးရည်ပြား တစ်ခုလုံး ထုံကျင်သွားလေသည်...လက်မောင်းထက်မှ ကြက်သီး များအား သပ်ချရင်း " ငါ ပြောတာကို မယုံဘူးပေါ့လေ..ချင်ကဲ ကို ကြည့်လိုက် ရင် ရင့်ကျက်လို့ ထင်ရပေမယ့် တကယ်တမ်းကြတော့ သူ့ အတွင်းစိတ်က ပေါ ချာချာလေးကွ... ချစ်သူ ရည်းစားဆိုလည်းဟုတ် အဖေဆိုလည်း ဟုတ်တဲ့ ငါ ဆိုရင် သူ့ကြောင့် တကယ်ကြီးကို ရင်နာရတာ..."

ဟယ်ကျီယူသည် မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးတစ်စုံအား လှည့်လိုက် မိတော့၏...

{ ဒီလို ကိုယ့်ကိုကိုယ် အမွှမ်းတင်တဲ့ မဟုတ်မဟုတ် စကားတွေ နားထောင် ရမယ့်အစား မဟုတ်တာလုပ်ပြီး ဥပဒေရဲ့ အပြစ်ပေးတာကိုပဲ ခံလိုက် ချင်ပါတော့ရဲ့...}

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now