Zawgyi
အခန်းအတွင်းရှိ လေထု အခြေအနေမှာ ရုတ်ချည်း ထူးဆန်းသွားလေတော့သည်။
ထိုအခြေအနေမျိုးအား တွေ့ကြုံနေကြဖြစ်သူ လက်ထောက်တန် သည် အရည်အချင်း အပြည့်ရှိဟန်ဖြင့် " ဒီဘက်က လူကြီးမင်းကမှ ဥက္ကဌရှောင်စုန့် ပါ" ဟု ရှင်းပြလေသည်။
ပရိုဂျူဆာ ဖြစ်သူမှာ အလန့်တကြား ဖြစ်သွားကာ အမြန်ပင် ဝင်ရောက် ဖြန်ဖြေပြောဆိုလေတော့သည်။ "သူက အမြင်မရှိ ဖြစ်သွားတာပါဗျာ။ ဒီလိုအမြင်မရြှိဖစ်သွားတာကလည်း မစ္စတာ စုန့်လိုငယ်ရွယ် ထက် မြက်တဲ့ ဥက္ကဌက တစ်သန်းမှ တစ်ယောက်လောက်ရှိတာကိုး။ချင်ကဲက ထိုက်ဆန်းလို တောင် မျိုး မမြင် ဘူးလေတော့ တောင်အစစ်ကို မြင်တာတောင် မသိဖြစ်သွားတာပါ။ချင်ကဲ ကြောင်တောင်တောင်ဖြစ် မနေ နဲ့။ဥက္ကဌ ရှောင်စုန့်ကို အမြန်တောင်းပန်လိုက်"
ပရိုဂျူဆာ ဖြစ်သူအား စုန့်ယွင်ရန်က(ရင်ထဲမှ) လက်မအကြီးကြီး ပေးလိုက်လေသည်။
OMG,အတော်အမြင်ကောင်း အပြောကောင်းတဲ့ လူပါလား။ငါရဲ့ ချင်ကဲ ကို ရိုက်ချရေး အစီအစဉ်မှာ လှိုင်းလုံးကြီးကြီး ဖန်တီးပေးနိုင်မဲ့ လူတော်တစ်ယောက် တွေ့ပြီဟ။
ဟွင်းဟွင်း။ဒီဇာတ်ကားအတွက် ရင်းနှီးမြှုပ်နှံပေးမဲ့ ငွေ ထပ်တိုးပေးလိုက်ရင် ကောင်းမလား?။
ချင်ကဲ ၏ ခေါင်းသူ့ဘက်လှည့်လာချိန်တွင် စုန့်ယွင်ရန်၏ ခေါင်းထဲ၌ ချင်ကဲအားရိုက်ချရန် ဉာဏ်နီ ဉာဏ်နက် များဖြင့် ပြည့်နက်နေချေပြီ။ ချင်ကဲ သည် စုန့်ယွင်ရန် မျက်နှာအား တစိမ့်စိမ့်ကြည့်ကာ အကဲခတ် လိုက် လေတော့သည်။
ယနေ့တွေ့ရသော ချင်ကဲမှာ သူ့(စုန့်) စိတ်ကူးထဲတွင် ရှိနေသော ချင်ကဲထက် အတော်ပင်ငယ်နေသေး သည်။ သို့ရာတွင် အခြားလူများနဲ့မတူ သောသူ၏ ပင်ကိုယ်စရိုက်လက္ခဏာများမှာ အနာဂတ်က ချင်ကဲ နှင့် ကွဲပြားမှု မရှိတော့ပေ။ စက္ကန့်အနည်းငယ်ခန့် အကဲခတ်ဟန် စိုက်ကြည့်ခံရပြီးနောက် ရှင်းပြရန် ခက်ခဲ သော စိတ်ဓါတ်ကျစိတ်ပျက်မှုတစ်မျိုး အား စုန့်ယွင်ရန် ခံစားလိုက်ရလေသည်။

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...