Ch-10

6.8K 1K 20
                                    

နံနက် ၃ နာရီရောက်သည်အထိ စုန့်ယွင်ရန်
အိပ်၍မပျော်သေး။

နေ့လည်က ဖုန်းခေါ်ဆို မှု့အား ကုမ္ပဏီ အနေဖြင့် ချင်ကဲ လျှောက်လွှာ အား သေချာ စမ်းစစ်ပြီး
သည်နှင့် အဖြေပေးမည်ဟု ကပျာကယာ ဆိုကာ အဆုံးသတ် ခဲ့ခြင်းဖြစ်သည်။

ချင်ကဲအား လေ့လာစမ်းစစ်နေခြင်း ကြောင့်ပင် ယခုအချိန်ထိ စုန့်ယွင်ရန်တစ်ယောက် အိပ်ယာ
ထက်၌ လူးလိမ့် နေရခြင်း ဖြစ်၏။

ဤသည်မှာ မဖြစ်သင့်။

ငှက်မွှေး​စောင်လေးထဲ လိမ့်လိုက်ပြန်၏။ တစ်ဖန် ခေါင်းအုံးထဲ မျက်နှာအပ်ကာ စဉ်းစားပြန်၏။

(ချင်ကဲက ဝတ္ထုရဲ့ ဇာတ်လိုက်။ ရှုဖိန်ရဲ့ အနုပညာရှင် မဖြစ်တောင် Galaxy လို ကုမ္ပဏီလေးရဲ့ အနုပညာရှင် မဖြစ်သင့်ဘူး။)

(ဒါမှမဟုတ် ငါ ဇာတ်ကြောင်းပြောင်းပြီး သူ့ကားမှာ ရင်းနှီးမြှပ်နှံလိုက်လို့ ဒီအခြေအနေတွေ ဖြစ်လာတာလား?။)

အတွေးများနှင့် ချာချာလည်နေသူ စုန့်ယွင်ရန်သည် အိပ်ယာမှထကာ မီးဖိုချောင်သွား၍ ရေသောက်ပြန်သည်။

ရေတစ်ဖန်ခွက်အား နှစ်မိခန့်ကြာအောင် သောက်
ပြန်၏။

ရေအေးအေးသည် လည်ချောင်းတစ်လျှောက်
ဖြည်းညှင်းစွာ စီးဆင်းသွားပြီး စိုစွတ်မှု့ လေးသာ
ခံစားရလေတော့သည်။

စုန့်ယွင်ရန်သည် ရေတစ်ဖန်ခွက်ကြောင့် ချောင်းဆိုးကာ သေရမည်ကို ကြောက်နေသည့်အလား ထို နေရာရာ၌ အကြာကြီးရပ်ကာ နေပြန်သည်။

သူဖြတ်သန်းလာသည့် နောက်ဆုံးအချိန်ထိ အခြေအနေများအရ ယခုကဲ့သို့ စဉ်းစားမရဖြစ်ကာ ဒုက္ခ ရောက်သည့် အနေအထားမျိုး မြူ တစ်မှုန်စာမှ
မကြုံခဲ့ဖူးပေ။

သောက်ကျိုးနဲ ဇာတ်လိုက်အသားပေး ဝတ္ထု ကြီး ၏ စည်းမျည်းအရ ချင်ကဲအား ဒုက္ခမပေးသမျှ ကာလပတ်လုံး မိုးကောင်းကင်မီးတက်ရှို့ လျှင်ပင် ကောင်းကင်မင်းကြီး၏ ကောင်းချီး ရကာ
နတ်ပြည်တွင် သာယာနိုင်သည်။

ထို logic အား သူ ပြန်လည်မွေးဖွားချိန် ကတည်းက သုံးနေသည်မှာ အရိုးပင်ဆွေး တော့မည်။ယခုအထိ သူ ဒုက္ခ မတွေ့သေး။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်حيث تعيش القصص. اكتشف الآن