CH - 84

2.4K 427 19
                                    


စုန့်ယွင်ရန်သည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းအတွင်း တစ်ကြိမ်ရောက်ဖူး ပြီးဖြစ်လေရာ အတွေ့အကြုံရင့်ကျက်နေလေပြီ...

အိပ်ခန်းအတွင်းသို့ ဒယိမ်းဒယိုင် ဝင်သွားကာ အိပ်ယာထက်တွင် လှဲလျောင်း လိုက်ပြီး စောင်လေးခြုံကာ နောက်တစ်ခေါက် မွေးဖွားရန်အတွက် အသင့်ပြင် လိုက်တော့သည်...

ချင်ကဲသည် သူ့နောက်မှ တုန့်ဆိုင်းတုန့်ဆိုင်း ဖြင့်လိုက်လာပြီး အိပ်ယာဘေး တွင် ထိုင်ကာ " ဘာလို့ ရုတ်တရက်ကြီး သောက်တာလဲ...?"

စုန့်ယွင်ရန်တွင် ရှင်းပြချင်စိတ်မရှိ... ချင်ကဲ၏ မျက်ဝန်းနက်များထဲမှ ကြယ်စင်လေးများအား ရေတွက်ရင်း နှလုံးသားထဲမှ ဝမ်းနည်းမှု့များမှာ အလိုအလျောက် စိမ့်ထွက်လာလေတော့သည်...

"ငါတို့ နောက်တစ်ခေါက်တွေ့တဲ့အခါကျရင် မင်းက ငါ့ကို သေချာပေါက် ကြိုက်တော့မှာ မဟုတ်ဘူး.."

အင်း.. ငါသာ အိပ်မပျော်သွားဘူးဆိုရင် ပြန်လည်မွေးဖွားခြင်းဆိုတဲ့ စက်ဝန်း ထဲ ရောက်မှာ မဟုတ်တော့ဘူး.... အဲ့လိုဆိုရင် ကောင်းကင်သားတော် ဖြစ်တဲ့ ချင်ကဲကိုလည်း သက်ရောက်မှု့ ရှိတော့မှာမဟုတ်ဘူး...

တကယ်လို့ ငါသာ မူလ ဝတ္ထုထဲမှာ ပြန်မွေးဖွားသွားမယ်ဆိုရင် အဲ့စာအုပ်ထဲက ချင်ကဲက ငါ့ကို သေချာပေါက် သဘောကျမှာ မဟုတ်ဘူး..

သူတို့၏ ဒုတိယ ဘဝမှ အမှတ်တရများသည် ကံကြမ္မာ၏ ဖျက်စီးခြင်းအား ခံရပေလိမ့်မည်... ချင်ကဲက သူ့အား Daddy ဟုခေါ်လာအောင်... ခေါင်းလေး ငုံ့ကာ ကြင်ကြင်နာနာ နမ်းရှိုက်လာအောင် သူကြိုးစားခဲ့သမျှမှာ မှတ်တမ်း ရှိတော့မည်မဟုတ်...

မတရားလိုက်ပုံများ...

စုန့်ယွင်ရန်သည် စောင်လေးထဲတွင် လုံးထွေးရင်း စိတ်ဓါတ်ကျနေတော့၏..

ဇာတ်ရံတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ ဒါမျိုးလား..?

ချင်ကဲသည် ရှောင်စုန့်ခေါင်းအား အသာထိလိုက်ပြီ: " မဟုတ်မဟတ်တွေ လျှောက်ပြောမနေနဲ့တော့လေ..နော်.. မူးနေတယ်ဆိုရင်လည်း အရင် အိပ်လိုက်လေ.. မင်းမျက်လုံး ပြန်ဖွင့်တဲ့ အချိန်ကျရင်လည်း ကိုယ်မင်းကို ချစ်နေဆဲပဲ ဆိုတာကို မင်းမြင်ရမှာပါ..."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now