CH -34

4.1K 659 3
                                    

'ငါ့မှာ ရထားလက်မှတ်ဝယ်ပြီး ညတွင်းချင်း ထွက်ပြေးခဲ့ရတာ'


ဟိုတယ် လုံခြုံရေးအခန်းဆီမှ ချင်ကဲ သွားခေါ်လာရသော ကျုံးရှောင်ဖန်းက စိတ်မချမ်းမသာဖြစ်နေဟန် နှင့် ဖွင့်ဟပြောဆိုလေသည်။

လူသုံးယောက်ထိုင်၍ရသော ဆိုဖာကြီး၏ အစွန်ဆုံးတွင် ကျုံ့ကျုံ့လေးသာထိုင်ရဲသည့် ကျုံးရှောင်ဖန်းမှာ ကြောက်စိတ်များ အတော်များနေဟန်တူ၏။


ကိုယ်ရံတော် တစ်ဉီးပြောခဲ့သည့်အတိုင်း သူ၏ သိမ်မွေ့လှပသော မျက်နှာအား အမည်းကွင်းကြီး နှစ်ခုက ဖုံးအုပ်ထား၏။

တစ်ချက်ကြည့်လိုက်သည်နှင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် နှိပ်စက်ခံထားရသည့် ပုံပေါက်နေ လေသည်။

ချင်ကဲသည် ရေစိုနေသည့် ဆံပင်ကိုသာ ထပ်ခါထပ်ခါ သုတ်နေလေသည်။

သူ၏ စကားအား ယခုအချိန်တွင် ထောက်ခံစကားပြောပေးလိုစိတ်ရှိဟန်မတူ။

ချင်ကဲ ထံမှ စကားပြန်မရသဖြင့် ကျုံးရှောင်ဖန်းမှာ တစ်ကိုယ်တည်း စကားဆက်ရပြန်၏။

"တကယ်ကို ကြောက်စရာကောင်းတာကွ။ ငါ့မှ အချိန်တိုင်း ဘုရားတနေရတာ။ဇာတ်ညွှန်းရေးတယ် ဆိုတာ အဲ့လောက်တောင် ကြောက်စရာကောင်းတဲ့ အလုပ်လားကွာ ?။ငါ ဇာတ်လမ်းရေးတယ်ဆိုတာ ကွာ စိတ်ထဲရှိတဲ့ ဇာတ်လမ်းရေးချ။ရေးပြီးရင် ပြီးပြီ ။အဲဒါ ငါ့အတွက် မိုင်ကုန်ပဲ။ "တောင်ပိုင်း ဒဏ္ဍာရီ" ကလည်းကွာ ငါ ငယ်ငယ်တုန်းက ရေးထားတဲ့ ဇာတ်လမ်းကွ။"

ရေအား ပါးစပ်အပြည့် သောက်ချလိုက်ပြီး ဆက်ပြောလေ၏။

"မင်း အဲ့ကားကို ဂလက်ဆီက မူပိုင်ခွင့်ကို ရှယ်သုံးပြီး ဂိမ်းထုတ်မယ်ဆိုတာ သိပြီးပြီလား?ငါ အကြောင်း စသိတုန်းက ငါဖြင့် နားကြားမှားသလား.။ဖြစ်နိုင်ပါ့မလားဆို ပြီးကို ထုတ်မေးမိသွားတာကွာ တလွဲ သဘော ပေါက်သွားသေးတာကွ။ မင်းစဉ်းစား ကြည့်။ သူတို့တွေ လက်ကငါ ထွက်မပြေးဘဲ နေနိုင် ရိုး လား။"

ချင်ကဲသည် ခေါင်းသုတ်ပြီးသည်နှင့် ရေချိုးခန်းအတွင်း ဝင်သွားကာ တဘက်အား အဝတ်လျှော်ခြင်း ထဲသို့ ထည့်လိုက်လေသည်။

အပြင်သို့ရောက်ထွက်လာသည့် အချိန်တွင်မှ " အဲဒါနဲ့ပဲ မင်းထွက်ပြေးလာတယ် ဆိုပါတော့..?"

"ဘာလဲ မင်းက ငါ့ကို တာဝန်မယူတတ်တဲ့ လူလို့ ပြောချင်တာလား ? ငါ့ကောင်ရေ အဲ့စကား ပြောဖို့ စိတ်တောင် မကူးလေနဲ့။ ငါ သေလောက်အောင် စိတ်ဖိစီးနေရတာကွ..။"

ကျုံးရှောင်ဖန်းသည် ဆံပင်အား ဆွဲဖြဲပြလိုက်ပြီး "ငါ့ ဆံပင်တွေကိုကြည့် ။ ဒီလိုအလုပ်သာ ဆက်လုပ် နေ ရင် မကြာခင် ငါ ကတုံးဖြစ်တော့မှာကွ..။ဒီအလုပ်လုပ်ဖို့ ရှောင်စုန့်ကို အကြံပေးလိုက်တဲ့ စောင်လင်းတ ကို ငါသိလို့ကတော့ကွာ အဲ့စောက်ကောင်ကို မထနိုင်အောင် ရိုက်ပစ်မှာ.."

"..."

ချင်ကဲသည် ဖုန်းအား တစ်ချက်ကြည့်ကာ ခပ်ဖြည်းဖြည်းဆိုလာ၏..

"အဲ့အကောင်က ငါ ဖြစ်မယ်နဲ့ တူတယ်."

ကျုံးရှောင်ဖန်း ; "........."

မိုင်ထောင်ချီ ရထားစီး၍ သူ လာရင်ဖွင့်ရသည့် သူ့ သူငယ်ချင်းမှာ သေလောက်အောင် ဆူဆဲကာ ရိုက် နှက်ချင်နေသည့် စောင်လင်းတ ဖြစ်နေမလိမ့်မည်ဟူ သူမထင်ထား။

အခုမှသူပြောထားသည့် စကားအား ချက်ချင်းပြန်ရုတ်သိမ်း၍လည်း မရနိုင်သည်ဖြစ်ရာ ကျည်ဆံအား ကိုက်ကာ မေးလိုက်ရတော့၏..

"အဲ့တာဆို ဂိမ်းထွင်ဖို့ 'တောင်ပိုင်းဒဏ္ဍာရီ' ကို ရွေးဖို့ပြောလိုက်တဲ့လူက မင်းပေါ့ ဟုတ်လား ။"

" အဲဒါတော့ ငါ မဟုတ်ဘူး"

မူပိုင်ခွင့် ကိစ္စနှင့် ပတ်သက်၍ သူအကြံပေးခဲ့ခြင်းဖြစ်သော်လည်း ကျန်သည့် အပိုင်းသည်ကား စုန့်ယွင်ရန် ၏ ရွေးချယ်မှုဖြစ်၏။

"တော်သေးတာပေါ့.။ငါ လန့်သေတော့မလို့"

" မင်း အခုလေးတွင် ဘာတွေတွေးလိုက်လဲဆိုတာ မင်းသိလား။မင်းက ငါ့အတွက် မစ္စတာစုန့် ကို ငါ့ ဇာတ်ညွှန်းတွေ ဝယ်အောင် ဆွဲဆောင် ။ပြီးတော့ သူ့ကို ဇာတ်ညွှန်းဝယ်အောင် လှည့်ဖြားရုံတင် အားမရလို့ ငါ့ ဇာတ်လမ်းအတွက် ငွေအများကြီး သုံးခိုင်းတယ်ပါထင်လိုက်တာ။မင်း အကြံပေးလို့ ဖြစ်တဲ့ ကိစ္စတွေ မပျက်စီးစေရေး ငါ့ကို ရထားလက်မှတ် ဝယ်ပေးပြီး ပြန်ပို့ဖို့ လုပ်တော့မယ် ထင်သွား တာကွ ချင်ကဲရ သိရဲ့လား။"

"ကိစ္စမရှိပါဘူး"

"ဟင် အဲ့တာကို အဆင်ပြေတယ်လို့ ပြောနိုင်သေးတယ် ။ငါ့ ကောင်ရ မင်းမှာ ခံစားတတ်တဲ့ နှလုံးသားရော ပါလာရဲ့လား။"

ကျုံးရှောင်ဖန်းသည် ခြောက်ကပ်ကပ် ဆိုလိုက်ပြီး ရေတစ်စွပ် သောက်ပြန်၏..။ထို့နောက် ချင်ကဲ အား စိုက်ကြည့်ကာ " အာ မင်းငါဒီကိုရောက်နေတဲ့အကြောင်းကိုသာ မင်း မင်းသားလေးကို သွားပြောလို့က တော့ မင်းနဲ့ သူ့ကြား ဆက်ဆံရေးစွန်းကောင်းတယ်ဆိုတာ ကောလာဟလ မဟုတ်တော့ဘူးလို့ ငါ သတ်မှတ်လိုက်တော့မှာနော်.."

ချင်ကဲသည် သူနှင့် စုန့်ယွင်ရန် ခင်မင်ရင်းနှီးသည်ဟု ဘယ်က သတင်းထွက်လာသည်ကိုမသိ.။ ဖုန်းအား အထက်အောက် ဆွဲ၍သာ "အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ" ဟု မေးလိုက်တော့သည်။

"ငါ့ကိုတော့ သစ္စာမဖောက်လိုက်ပါနဲ့ကွာ။ ငါ နှစ်ရက်လောက်တော့ ပုန်းနေနိုင်အောင်လုပ်ပေး စမ်းပါ ။ ရှိကြီးခိုးပါရဲ့။မင်းသာ ဖုံးပေးထားမယ်ဆိုရင် ရှောင်စုန့်လည်း ငါဒီကို လာမယ်ဆိုတာ ခန့်မှန်းမိမှာ မဟုတ်ဘူးကွ ။"

ချင်ကဲသည် ပြုံးလိုက်ပြီး We Chat မှ အသံအား ဖွင့်ပြလိုက်၏.။

နောက် တစ်စက္ကန့် အကြာတွင် စုန့်ယွင်ရန်၏ အသံ ထွက်လာလေတော့သည်။

" ခင်ဗျားကို ကျုံးရှောင်ဖန်း လာရှာသေးလား ? ။ခင်ဗျား သူ့ကို ဆွဲထားလိုက်ဦး။သူ့ကို ထပ်ပြီး ထွက် မပြေးသွားစေနဲ့ ။ မနက်ဖြန်မနက် လေယာဉ်နဲ့ သူ့ကို ကျွန်တော် လာဖမ်းခေါ်လိုက်မယ်။"

ကျုံးရှောင်ဖန်း မျက်နှာမှာ ဖြူစုတ်သွားလေတော့၏။

"ငါ သွားတော့မယ်နော် သိလား။"

" မင်း ထွက်ပြေးနိုင်မယ့် အရေး စိတ်မကူးသေးခင် ငါ့ခွင့်ပြုချက်မရဘဲ ဒီတံခါးကနေ ထွက်ပြီး ဟိုတယ် ရှေ့တံခါးထိ ရောက်အောင်သွားကြည့်ပါဦး။ အခုတော့ ကိုယ့်အခန်းကိုသာ ပြန်အိပ်တော့""

ချင်ကဲသည် အိပ်ချင်နေပြီ ဖြစ်ရာ အခန်းတံခါးအား ဖွင့်၍ ဧည့်နှင် စကားအား ဆိုလေသည်။

"ထပ်ပြီး ထွက်ပြေးချင်လည်း ပြေး။ငါ့မှာ ဘော်ဒီဂတ် နှစ်ယောက်တောင် ရှိတာ။ မင်း လိုက်ဖမ်းဖို့ဆိုတာ ငှက်ပျောသီး အခွံနွာရတာထက်တောင် လွယ်သေးတယ်။"

ကျုံးရှောင်ဖန်း ၏ နှလုံးသားမှာ တုန်လှုပ်ကြောက်ရွံ့သွားတော့၏။

သောက်ကျိုးတွေတော့ နည်းကုန်ပြီ။ဒင်းတို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းကိုး။

အိုး မိုးနတ်သခင်ရယ် ဒီကျုံးရှောင်ဖန်းလေးကို မသနားတော့ဘူးလားလို့ ဟင့်ဟင့်။

အရုဏ်တက်ချိန် မရောက်မီ မိုးကြီးလေကြီး က ကျလေတော့၏။

ပြင်းထန်သည့် လေမိုးက စုန့်ယွင်ရန်၏ လေယာဉ်ချိန်အား နောက်ကျစေရုံမက "သိုင်းလောကက လမ်းမများ" ဇာတ်ကား ရိုက်ကူးရေးကိုပါ ဖျက်လိုက်နိုင်၏.။

ရှားရှားပါးပါးပင် ချင်ကဲ တစ်နေ့လုံး အနားရလေတော့သည်။

နံနက်ပိုင်းတွင် အခြားသရုပ်ဆောင်များနှင့် ရှုတင်ပေါ်တွင် သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်း အချို့အား တိုင်ပင်ဆွေးနွေးပြီးနောက် သူ့ ဇာတ်ညွှန်းအား ခဏ ပြန်ဖတ်နေလိုက်၏.။ထမင်းစားချိန် ရောက်သည့် အခါမှ ကျုံးရှောင်ဖန်းအား အတူထမင်းစားရန် ခေါ်လိုက်တော့၏.။

ရိုက်ကူးရေး အဖွဲ့သားများနေထိုင်သည့် ဟိုတယ်သည် အစားအသောက်အတော်ညံ့၏.။

ချင်ကဲနှင့် ကျုံးရှောင်ဖန်းမှာ ရှာကြည့်ပြီးနောက် အနီးအနားတွင်ရှိ နာမည်ကြီး စားသောက်ဆိုင်အား တွေ့သွားကြ၏.။

ယနေ့၏ ရာသီဥတုအခြေအနေမှာ အလွန်ဆိုးသည်ဖြစ်ရာ ရုပ်ရှင် မြို့တော်တွင် လာရောက်ရိုက်ကူးရေး လုပ်ကြသည့် များပြားသည့် အခြားရိုက်ကူးရေးအဖွဲ့များသည်လည်း ရိုက်ကူးရေးနားကြဟန်ရှိ၏.။ လာရောက်လည်ပတ်လေ့ရှိသည့် ခရီးသွားများသည်လည်း ရာသီဉတုအခြေအနေကြောင့် ဤနေရာသို့ လာရောက်လည်ပတ်သည့်နှုန်း အလွန်ကျဆင်း သွားပုံရသည်။

စားသောက်ဆိုင်သို့လာရောက် ကြသည့် လူအများစုမှာ ရိုက်ကူးရေး ဝန်ထမ်းများနှင့် သရုပ်ဆောင်များ ဖြစ်ကြလေသည်။ သူတို့နှစ်ဉီး ဆိုင်အတွင်းသို့ ဝင်လာသည်အား မြင်သည်နှင့် ဆိုင်ဝန်ထမ်းလေး တစ်ယောက် ရောက်လာကာ သီးသန့်ခန်း မရှိတော့ကြောင်း သတင်းပေးလေသည်။နေရာထိုင်ခင်း နှင့် ပတ်သက်၍ အလေးမထားသည့် ချင်ကဲတို့သည် လွတ်နေသော တစ်နေရာတွင်သာ ဝင်ထိုင်လိုက်လေ

"မင်းကြိုက်တာ မှာလေ။ ဒီနေ့ ငါရှင်းမယ်" ဟု ဆိုကာ ချင်ကဲသည် ကျုံးရှောင်ဖန်းအား Menu ကတ် ထိုးပေးလိုက်သည်။

ကျုံးရှောင်ဖန်းသည် Menu ပေါ်မှ အစားအစာ အမည်အား ဖတ်နေသော်လည်း စိတ်ထဲတွင်ကား အတွေးပေါင်းများစွာ တွေးတောနေ၏။

ဒါက ငါ့ကို စေတနာ ရှိလွန်းလို့ ကျွေးတဲ့ စားပွဲသောက်ပွဲလား?

ဒါမှမဟုတ် ငါ့ကို မသတ်ခင်ကျွေးတဲ့ အကောင်းဆုံး ထမင်းတစ်နပ်များလား?

ဘာပဲဖြစ်ဖြစ် ။ ငြင်းလို့မှ မရတာ။ ကိုယ့် ကံကြမ္မာ ကို လက်ခံလိုက်ရုံရှိတာပေါ့။

ကျုံးရှောင်ဖန်းသည် menu အား အစမှ တစ်ဖန် ပြန်လှန်လိုက်ပြန်လေသည်။

အေးပေါ့လေ။ ဘယ်သူက ငါ့ကို မင်းသားလေးရဲ့ ငှက်မွေးလေးထဲ ထွေးပွေ့ခံထားရတဲ့ လူဆီ ပြေးပါလို့ ပြောလို့လဲလေ။ ငါ့ ခြေထောက်နဲ့ငါ အပြေးလာမိတာကိုး။ ကောင်းကောင်းနေ၊ကောင်းကောင်းစားပြီး တော့ ပြန်ပေးဆွဲ ပြန်ခေါ်ခံရမဲ့အချိန်ကို ရိုးရိုးသားသားအေးအေးဆေးဆေးစောင့်လိုက်တာပဲ ကောင်းပါ တယ်လေ။ နောက်ပိုင်းမှ ငါ့ အတွက်တရားမျှတမှု ပြန်ရှာတာကောင်းပါတယ်လေ။

ချင်ကဲသည် ကျုံးရှောင်ဖန်း menu စာအုပ်အား ဟိုလှန်ဒီလှန် လုပ်နေသည်ကိုသာ ကြည့်နေကာ သူ့အား တိုက်တွန်း စကားတစ်ခွန်း ပင် မဆို။ သူ့ဖုန်းထံသို့ ရောက်လာသည့် message ကိုသာ ငုံ့ကြည့်လိုက် တော့၏။

စုန့်ယွင်ရန် ; [ ကျုံးရှောင်ဖန်း အဲ့မှာ ရှိသေးလား ?]

ချင်ကဲ ; [ အင်း ။ရာသီဥတုက အတော်ဆိုးနေတာ။ ဉက္ကဌလေး လာဖို့ အဆင်မပြေသေးရင် မလာသေး နဲ့ဦးလေ။ကျွန်တော် သူ့ကို ဆွဲထားလိုက်ပါ့မယ်။]

စုန့်ယွင်ရန်သည် လေဆိပ်ရှိ VIP နားနေခန်းအတွင်းတွင် တသမ်းသမ်းတဝေဝေ ဖြစ်နေသည်မှာ ကြာ နေပြီ ဖြစ်၏။

မနေ့ညက သတင်းကြားပြီးသည်နှင့် လက်ထောက်တန်အား မနက်အစော ထွက်မည့် လေယာဉ် လက်မှတ်အား ဖြတ်ခိုင်းထားလိုက်၏.။အိပ်ယာထ နောက်ကျမည် စိုးသဖြင့် အရင်ဘဝ သရုပ်ဆောင် လုပ်စဉ်က စိတ်ဝိဉာဏ် အား ပြန်လည်နှိုးဆွကာ တစ်ညလုံး မအိပ်ဘဲ ထိုင်စောင့်ခဲ့၏။

လေယာဉ်ကွင်းသို့ရောက်ချိန်တွင် လေယာဉ်ထွက်ချိန် နောက်ကျမည့် အကြောင်းကြားသံအား ကြား လိုက်ရသည်။ ယခုအချိန်တွင်မူ ယနေ့ လေယာဉ် ထွက်မထွက်ပင် မသေချာတော့ပေ။

အလွန် သက်တောင့်သက်သာ ဖြစ်သည့် VIP ဇိမ်ခံ နားနေခန်း ဖြစ်သော်လည်း နားနေခန်းသည်ကား နားနေခန်းပင်။ အိမ်တွင်နေရသကဲ့သို့ သက်တောင့်သက်သာမရှိ။စုန့်ယွင်ရန်နှင့် လက်ထောက်တန်မှာ ဤ နေရာတွင် ရောက်နေသည်မှာ နာရီအချို့ပင် ကြာလေပြီ။ ယခုအချိန်ထိ လေယာဉ်ထွက်မည့် အချိန်အား တိတိကျကျ မသိရသေး။ စုန့်ယွင်ရန်၏ ဒေါသစိတ်သည်ကား ပေါက်ကွဲ လုလု ဖြစ်နေလေပြီ။

ဒီအတိုင်းပဲ ထားလိုက်ရတော့မလား။ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းရေးဆရာ ကို လိုက်ဖမ်းဖို့ ဆိုတာ ဉက္ကဌ တစ်ယောက်ရဲ့ အရေးမှ မဟုတ်တာ။

ထို အတွေးဝင်လာချိန်တွင် ချင်ကဲ နောက်ဆုံးပို့လိုက်သည့် message အား မြင်လိုက်ရ၏။

နွေရာသီတွင် ရေခဲရေ အေးအေးလေးတစ်ခွက်အား သောက်လိုက်ရသကဲ့သို့ သူ ရင်အေးသွားတော့၏။

ကြည့်စမ်းပါဦး.။ ဒီစာကြောင်းက မတိုမရှည် ဆိုပေမဲ့ ပုဒ်ဖြတ်ပုဒ်ရပ် အနေအထားတို့။ စာသားအသွား အလာတို့ ကြည့်ရုံနဲ့တင် အဖေ့ရဲ့ ပူပန်သောက တွေကို ဝေမျှခံစားချင်တဲ့ သားတစ်ယောက်ရဲ့ ခံစားချက် ကို အတိုင်းသား မြင်နေရပါလား။

စုန့်ယွင်ရန်၏ ဒေါသစိတ်လေး ပြန်ငြိမ်သက်သွားလေ၏။

[ ချန်ကျင်း ပြောစကားအရတော့ ဒီနေ့ ရိုက်ကူးရေးနားတယ်ဆို.။ခင်ဗျား အနားရတဲ့ အချိန်ဆိုတာ ရှားတယ်မလား။တစ်ယောက်တည်း သာ နားနားနေနေလေ။လူကြီးတွေ ကိစ္စ လူကြီးဖာသာ ရှင်းမယ်။ ခင်ဗျား အလုပ်က ဇာတ်လမ်းကောင်းကောင်း ရိုက်ဖို့ပဲ။နားလည်လား?။]

ချင်ကဲသည် (................. ) ဟူ၍ သာ စာပြန်ပို့လိုက်၏.။

စုန့်ယွင်ရန်၏ မျက်လုံးထောင့်စွန်းလေးများပင် ကွေးတက်အောင် ပြုံးမိလိုက်တော့၏။

ယောက်ျား တစ်ယောက်ရဲ့ ပျော်ရွှင်မှု ဆိုတာ အဲ့လောက်တောင် ရိုးရှင်းသကိုး။ဟင်းဟင်း။

ဖုန်းအား ချကာ ခတ္တခဏ စဉ်းစားပြီးနောက် " ကျည်ဆံရထားတွေရော ဒီနေ့နားထားတာလား ?။"

လက်ထောက်တန် ထိုကိစ္စအား စုံစမ်းပြီးသည်မှာ အတော်ပင် ကြာနေလေပြီ။ ထို့ကြောင့် ချက်ချင်းပင်

"ဒီနေ့အတွက် ကျည်ဆံရထား လက်မှတ်တွေ အားလုံး ရောင်းပြီးသွားပြီတဲ့။ရိုးရိုးရထား လက်မှတ်ပဲ ရှိတော့တာ။"

စုန့်ယွင်ရန်သည် သူ့ ဘဝ နှစ်ခုစလုံးစာ အတွေ့အကြုံတွင် ရိုးရိုးရထားစီးခြင်းဟူသည့် အတွေ့အကြုံမရှိ။

"တရုတ်ပြည် တောင်ပိုင်းမှ ဒဏ္ဍာရီလာ ရတနာတစ်ပါး" ဇာတ်လမ်း၏ အရေးပါပုံအား ပြန်တွေးမိလိုက် ကာ ခေါင်းငြိမ့်၍ ဆိုလိုက်တော့၏.။

"ရိုးရိုးရထားရတယ်ဆိုတော့လည်း ရိုးရိုးရထားနဲ့သွားကြတာပေါ့ ။"

လက်ထောက်တန်သည် ချီတုံချတုံ ဖြစ်နေဟန်ဖြင့် " မစ္စတာစုန့် ကားဒရိုင်ဘာကို ခေါ်ပြီး အိမ်ပြန်လိုက် ပါ့လားဟင်။ကျွန်တော် တစ်ယောက်တည်း သွားပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်။"

စုန့်ယွင်ရန်သည်ကား သဘောမတူ။

" အဲ့ကို သွားဖို့ နေ့တစ်ပိုင်းစာလုံးတောင် အချိန်ကုန်ပြီးသွားပြီ။ အိမ်ပြန်လိုက်လည်း ဒီကိစ္စကို မတင်မကျ ဖြစ်နေဉီးမှာ။အိမ်ပြန်ပြီး ကျွန်တော် ကောင်းကောင်းအနားယူနိုင်မယ် များ ထင်နေတာ လား?။"

လက်ထောက်တန် ; " ဒါပေမဲ့..."

"မပြောနဲ့တော့ ။ ကျွန်တော်သွားမယ်ဆို သွားမယ်ပေါ့။ ဘာလို့ အဲ့လောက်တောင် စကားများ အရစ်ရှည် နေရတာတုန်းဗျ။"

စုန့်ယွင်ရန်သည် ဆုံးဖြတ်ပြီးဟန်ဖြင့် " ဒီနေရာမှာတင် အချိန်ကြာနေတာနဲ့ ကျုံးရှောင်ဖန်း ထပ်ပြီး ထွက်ပြေးသွားတော့မှာပဲ။ အဲ့လိုတော့ မဖြစ်စေချင်ဘူးမလား?။ အမြန်ဆုံးထွက်မယ့် ရထားကိုကာ မြန်မြန် လက်မှတ် ဖြစ်လိုက်ပါတော့ လက်ထောက်တန်ရယ်။ဘူတာရုံကိုသာ သွားကြပါစို့။"

လက်ထောက်တန်သည် မကြာမတင် အချိန်ကမှ အပြစ်လုပ်ထားသူ ဖြစ်ရာ အရိပ်အခြေကြည့်နေရသေး ဆဲ ကာလတွင်သာရှိသေး၏.။

စုန့်ယွင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း သိသွားသည်နှင့် သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရုံသာ တတ်နိုင်တော့သည်။ကားပါကင် ရှိရာသို့ ထွက်ကာ ရိုက်ကူးရေးလုပ်နေသည့် မြို့ဆီသို့ သွားမည့် လက်မှတ် နှစ်စောင်အား မှာယူလိုက်တော့သည်။

နောက်နာရီ ဝက်အတွင်းတွင် စုန့်ယွင်ရန်သည် လူအုပ်ကြီးထဲတွင် မျက်စိသူငယ် နားသူငယ်ဖြင့် ငါးပိသိပ်ငါးချဉ်သိပ် ဖိခံထားရတော့၏။

နောက်ဆုံးတွင် လက်ထောက်တန် သူ့အား တားရသည့် အကြောင်းရင်းအား သိသွားလေပြီ။

ရထားလက်မှတ်သည်ကား ရထားပါ်တက်သည့် လက်မှတ်သာဖြစ်၏။

သူနှင့်လက်ထောက်တန် နှစ်ယောက်သား မှာ ရထားတွဲနှစ်ခုအား ဆက်ထားသည့် နေရာတွင်သာ နေရာ ရလိုက်သည်။

သူ၏ ရှေ့တွင် တက်သည့် ဆင်းသည့်အချိန်တွင် အဖွင့်အပိတ် လုပ်သည့် လျှောတံခါးရှိနေပြီး သူ၏ နောက်တွင် မျက်မှန်ပင် မြဲအောင် မဝတ်နိုင်တော့သည့် လက်ထောက်တန်ရှိသည်။သူ၏ ညာဘက် ဘေးတွင် လက်ဆွဲအိတ်အကြီးကြီးပါသည့် အမည်မသိ ခရီးသည်တစ်ယောက်ရှိပြီး ဘယ်ဘက်တွင်မူ ကျွက်ကျွက်ညံအောင် ငိုနေသည့် ကလေးတစ်သိုက်ရှိ၏။

ထို့အပြင် ထွက်တော့မည့် ရထားပေါ်သို့ တက်လာရန် တွန်းလှည်းတစ်စင်းတွန်းကာအပြေးလာနေသည့် ရထားစီသူထံမှ " လက်လေး တစ်ဖက်လောက်ကမ်းပေးပါ။ကျေးဇူးပြုပြီး လက်တစ်ဖက်ပဲ ကမ်းပေးပါ" ဟူသည့် အော်ဟစ်တောင်းဆို သံကို ပါကြားလိုက်ရသည်။

ရထားဆီမှ "ပူ...." ဟူသော မြည်သံရှည် ထွက်လာချိန်တွင် စုန့်ယွင်ရန်သည် လူအုပ်ကြီး၏ အတွန်း အတိုက်ဒဏ်ကြောင့် တံခါးနှင့် လူအုပ်ကြားညှပ်ခံလိုက်ရတော့၏။

ညာဘက်ပါးပြင်မှာ တံခါးမှန်နှင့် ကပ်သွားလေရာ ဗလာကျင်း နေသော မျက်လုံးအကြည့်ဖြင့် ရထား သံလမ်းကို သာ စိုက်ကြည့်မိလိုက်တော့သည်။ ထိုအချိန်တွင် သူ၏ အတွေးထဲ၌ စကား တစ်ခွန်းကိုသာ အမှတ်ရနေတော့၏။

ကျုံးရှောင်ဖန်း ဒီအတွက် ငါ့အပေါ် မင်း အကြွေးတင်သွားပြီ ။ပြန်ဆပ်ဖို့သာ ပြင်ထားတော့ ။ ဟူ၍...

"မရှင်းသေးဘူးလား။"

ကျုံးရှောင်ဖန်းသည် တူနှင့် နံရိုးတစ်ချောင်းအား ယူလိုက်ပြီး နာကျင်ကြေကွဲနေသည့် ဟန်နှင့် စကား ဆိုလေ၏.။

"စာချုပ်ထဲမှာ ပါတဲ့ သတ်မှတ်ထားတဲ့ ဆုံးရှုံးမှုအတွက် လျော်ကြေးတွေပမာဏ ကို ပေးဖို့ ငါမတတ်နိုင် ဘူးကွ။ ဂိမ်းထွင်မဲ့ ကိစ္စလေး ပျက်သွားရုံတင် ငါ လုပ်ချင်တာကွ။"

ချင်ကဲသည် အံ့ဩသွားဟန်မရှိ။ သို့သော် ကန်ရေပြင်ကဲ့သို့ နက်ရှိုင်းသည့် လေသံနှင့် " မင်းက တောင်ပိုင်း ဒဏ္ဍာရီ ကို ဆက်ရေးချင်တဲ့စိတ် အခုထိရှိသေးတယ်ပေါ့ ဟုတ်လား?"

ကျုံးရှောင်ဖန်းသည် ခေါင်းငြိမ့်လိုက်ပြီး " အေးပေါ့ဟ ။သေချာပေါက် ဆက်ရေးမှာပေါ့ကွ။ ငါ ဒီဇာတ်လမ်း ကို စိတ်ကူးလာရတာ ဘယ်လောက်တောင် မှ ကြာနေပြီလဲ။အခုဆို အကောင်အထည် ဖော်ခွင့်ရပြီလေကွာ။"

"အဲ့တာ ဆိုလည်း ပြီးအောင် အဆုံးသတ်လိုက်လေ။"

ချင်ကဲသည် တူအားချကာ သူလက်အား လက်သုတ်ပဝါ ယူ၍ သုတ်လိုက်ပြီး " မင်း ဇာတ်လမ်းကို လူတိုင်းက မျှော်လင့်ချက်ကြီးကြီးထားတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။အဲ့တာ သူတို့က မင်းအရည်အချင်းကို သဘောကျလို့ ပြောတာနဲ့ တူတူပဲလေ။ မင်းကို လမ်းတစ်ဝက်တင် လက်လျှော့ ပြေးအောင် လုပ်တဲ့ သဘောမှ မဟုတ်တာ။"

ကျုံးရှောင်ဖန်း ; " ငါ မလုပ်နိုင်ဘူးကွ သူငယ်ချင်းရ။ ဂလက်ဆီက တောင်ပိုင်းဒဏ္ဍာရီ ဇာတ်ကား အတွက် ငွေအများကြီး သုံးတာက ပွဲဦးထွက်ကာစ နာမည်မကြီးသေးတဲ့ သရုပ်ဆောင်လေးကို စပါယ်ရှယ် ဒါရိုက်တာကြီး တစ်ယောက်က " ဟေး. ငါက ဘယ်သူပါ။ မင်းကို ငါ့ဇာတ်လမ်းရဲ့ ခေါင်းဆောင် မင်းသားနေရာ အတွက် ကမ်းလှမ်းချင်တယ် ဆိုပြီး ပြောတာနဲ့ အတူတူပဲကွ.။ ဘယ်သူ က အလန့်တကြား မဖြစ်ဘဲနေမလဲ။ မဟုတ်ဘူးလား?။"

ချင်ကဲသည် ကျုံးရှောင်ဖန်းအား ဘာစကားမှ မပြောဘဲ စိုက်ကြည့်လိုက်၏။

ကျုံးရှောင်ဖန်း ; " ....အိုး။ မင်းလဲ အဲ့လိုကြုံခဲ့ရတာပဲ နှော ?။"

အသားကုန်သွားသော အရိုးအား ပန်းကန်ထဲသို့ ပစ်ထည့်ကာ ဆက်ဆို၏.။

"ဒါပေမဲ့ မင်းနဲ့ငါနဲ့က မှ မတူတာလေကွာ.။ဒီဇာတ်ကားမှာ ဇာတ်လိုက်နေရာ အတွက် မင်းကို အရွေးခံလိုက်ရတုန်းက မင်းက ငါလုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက် အပြည့်ရှိတယ်.။ငါမှာတော့ အဲ့လို ယုံကြည်ချက်မရှိဘူးကွ။ဒီအကြောင်းလည်း ကြားရော ငါကတော့ ရူးချင်ချင်ကို ဖြစ်သွားတာ။"

ချင်ကဲသည် သူ၏ နှုတ်ခမ်းပါးအား တင်းနေအောင်စိ၍ ကျုံးရှောင်ဖန်းအား အကဲခတ်လိုက်ရာ သူသည် ဂလက်ဆီ၏ သူ့အပေါ် ယုံကြည်မှုအား မဝံ့မရဲ ဖြစ်နေချင်း ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။

ဂလက်ဆီ၏ လုပ်ရပ်များမှာ အပြင်လူများ အမြင်တွင် မစဉ်းစား မဆင်ခြင်ဘဲ လုပ်သည်ဟု ထင်ရသော် လည်း သူ(ချင်ကဲ)၏ အမြင်တွင်မူ မှန်ကန်သည်ဟု မြင်၏။သို့သော် သူ့တွင် သက်သေပြစရာ မရှိ။ ကျုံးရှောင်ဖန်းအား သူ၏ အနာဂတ်မှာ ထင်မထားနိုင်လောက်သည့် အောင်မြင်မှု့မျိုး ရလိမ့်မည်ဟူ၍ လည်း သူ ဖွင့်ပြောပြဖို့ရာ မဖြစ်နိုင်။

ကျုံးရှောင်ဖန်းသည် လွန်ခဲ့သည့် တက္ကသိုလ် တက်နေစဉ်လေးနှစ် က နောက်လိုက်ပေါင်းများစွာဖြင့် ယုံကြည်ချက် အပြည့်ရှိသည့် လူငယ်တစ်ဦးဖြစ်ခဲ့သည်။

သို့ရာတွင် ဘဝ တက္ကသိုလ် သို့ရောက်လာခါစ အချိန်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ယခုအချိန်တွင် ကျောင်းတက်စဉ် အချိန်ကကဲ့သို့ သူ့ကိုယ်သူ ယုံကြည်ချက်မျိုးမရှိတော့ပေ။

သူတို့ နှစ်ယောက်၏ စကားစ ပြတ်တော့မည့် အချိန်တွင် ဘေးစားပွဲဝိုင်းရှိ စားသုံးသူ တစ်ယောက်က ခေါင်းလှည့်လာကာ သူတို့အားကြည့်၍ " ခင်များက ဂလက်ဆီ က သရုပ်ဆောင် ချင်ကဲ မလားဟင် ?" ဟု မေးသံအား ကြားလိုက်ရ၏။

ချင်ကဲသည် မေးလာသူအား တစ်ချက်ကြည့်လိုက်ရာ ထိုလူ့မျက်နှာအား ရင်းနှီးသည်ဟု ထင်သော်လည်း မည်သည့်နေရာတွင် တွေ့ခဲ့ဖူးကြောင်းကို စဉ်းစားမရပေ။

ထို အမျိုးသားက သူ့အား ရိုးသား ဖြူစင်သည့် အပြုံးနှင့် " ကျွန်တော်က အရင်တုန်းက ဂလက်ဆီက သရုပ်ဆောင် ပါ.။ ဖိန်ကျိုးလို့ ခေါ်ပါတယ်ဗျ ။"

စုန့်ယွင်ရန် ဟိုတယ်သို့ရောက်လာချိန်တွင် ရှုပ်ပွပေတူး နေပြီ။

ကံကောင်းသည်မှာ အိမ်က ထွက်လာချိန်တွင် ဦးထုပ်တစ်လုံး ဆောင်းခဲ့သည်ဖြစ်ရာ ထိုဦးထုပ်၏ လျှာထိုးအား ဆွဲချထားလိုက်လျှင် သူ၏ အရုပ်ဆိုးနေသည့် မျက်နှာအား ကာကွယ်ထားနိုင်၏။

တဖက်တွင်မူ လက်ထောက်တန်သည်မှာ ထိုမျှ ကံမကောင်း။

ဟိုတယ်၏ ဧည့်ကြိုစားပွဲမှ တစ်သျှူးတောင်းကာ မျက်မှန်ထက်မှ ရေများအား သုတ်ရင်း ဆိုလာလေ သည်။

"ကျွန်တော် ရှောင်ခယ့်ကို လှမ်းခေါ်ထားတယ်.။သူဆင်းလာပြီး ကျွန်တော်တို့ကို လာခေါ်လိမ့်မယ်ဗျ"

စုန့်ယွင်ရန်မှာ ခေါင်းအား အသာလေး ညိမ့်ပြလိုက်၏။ သူကား အရမ်းပင်ပန်းနေလေပြီ။

Lobby သို့ ရှောင်ခယ့် ရောက်လာချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟန်ပင်မဆောင်နိုင်တော့ ဘဲ တောင့်ခနဲ ဖြစ်သွားတော့သည်။

မစ္စတာစုန့်နှင့် လက်ထောက်တန်အား ထိုကဲ့သို့ သော အခြေအနေနှင့် သူ တစ်ခါမှ မမြင်ဖူးသည် ဖြစ်ရာ မနေနိုင်မထိုင်နိုင်ဖြစ်ကာ မေးခွန်းထုတ်မိပြန်၏။

" လမ်းမှာ တစ်ခုခုများ ဖြစ်လာကြတာလားဟင်.?"

"မမေးနဲ့" ဟူ လက်ထောက်တန်က ဆိုကာ " မြန်မြန်လေးသာ သွားရမယ့်နေရာ လိုက်ပို့စမ်းပါကွာ"

ဓါတ်လှေကားမှ စုန့်ယွင်ရန်တို့ ထွက်သည်နှင့် ကြွက်သား အပြည့်ရှိသော ဘော်ဒီဂတ် နှစ်ယောက်က တံခါးတစ်ခု အား စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

စုန့်ယွင်ရန်သည် ဖျစ်ညစ်ကာ အားတင်း၍ စိတ်မပါ လက်မပါ ပြုံးလိုက်ပြီး " ငွေ သုံးရတာ အလဟသ တော့ မဖြစ်ဖူးဘဲ ။ဒီ ဘော်ဒီဂတ် နှစ်ယောက်နဲ့ဆို ချင်ကဲ စိတ်ချလက်ချ နေနိုင်မှာပါလေ."

ရှောင်ခယ့်သည် ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလေ၏ ။

"မစ္စတာစုန့် ။ တကယ်တော့လေ အဲဒါ ကျုံးရှောင်ဖန်း အခန်းခင်ဗျ ."

စုန့်ယွင်ရန် ; "?"

အခြေအနေ အရပ်ရပ်အား ပြန်လည်သုံးသပ်ပြီးနောက် စိတ်ကျေနပ်သွားလေတော့သည်။

ချင်ကဲက သူ့လုံခြုံရေးကိုတောင် ဂရုမစိုက်ဘဲ ကျုံးရှောင်ဖန်းကိုစောင့်ကြည့်ဖို့ ဘော်ဒီဂတ်တွေပို့ထား ပေးတာပါလား.။ အဖေ ဖြစ်သူရဲ့ စီးပွားရေး မထိခိုက်ဖို့အရေး ဒီသားကအတော်လေး အလေးထားနေ တာပါလား။

ထိုအကြောင်းအား သူ စဉ်းစားနေစဉ် ဘေးဘက်ရှိ အခန်းတံခါး ပွင့်လာသည်အား မြင်လိုက်ရ၏.။

ချင်ကဲသည် သူတို့နှစ်ဉီးရောက်လာပြီ ဖြစ်ကြောင်း သိပြီးသား ဖြစ်လေ၏.။ကျုံးရှောင်ဖန်း၏ အခြေအနေ အား အရင်ဆုံးရှင်းပြရန်တွေးထားသော်လည်း စုန့်ယွင်ရန်အား သေချာမြင်ပြီးနောက် ပြောမည်ကြံထား သည့် အတွေးရုပ်သိမ်းလိုက်တော့၏။

သူ့ရှေ့တွင် ရှိနေသော စုန့်ယွင်ရန်မှာ မြင်နေကျဖြစ်သည့် ရှောင်စုန့်နှင့် အလွန်ကွာခြားနေလေသည်။

ချင်ကဲ အရင်တစ်ခါက ဝယ်ပေးထားသည့် ဘေ့စ်ဘော ဉီးထုပ်ကို ဆောင်းထားပြီး ဉီးထုပ်လျှာက မျက်ခုံး အထိ ဖုံးအုပ်ထားလေသည်။မြင်နေရသည့် မျက်နှာတစ်ဝက်လေးက သနားချင့်စဖွယ် ဖြစ်နေလေ၏။ အလုပ်ဒဏ်ကြောင့် ပင်ပန်းနေခြင်းဖြစ်ကြောင်း ထင်ရှားနေလေ၏။

ဝတ်ဆင်ထားသည့် T-shirt မှာလည်း တွန့်ကြေနေကာ တစ်စုံတစ်ယောက်နှင့် ရန်ပွဲဆင်နွဲခဲ့ပုံရပြီး တစ်ဖတ်သတ် ရိုက်ခံထားရပုံပင်ပေါက်နေလေသည်။

သူထွက်လာသည်အား စုန့်ယွင်ရန်မြင်သည်နှင့် ခပ်သွက်သွကပင်လှမ်းမေးလိုက်၏ ။

"ကျုံးရှောင်ဖန်းက ထွက်ပြေးနေချင်တုန်းပဲလား?"

လက်ထောက်တန်သည်လည်း ထိုအရေးအား စိတ်ပူနေသည်ဖြစ်ရာ မစ္စတာစုန့်ဆီမှ ထိုအမေးကြားလိုက် သည်နှင့် သူ့အား စိတ်အားထက်သန် စွာ ကြည့်လိုက်၏။

သို့ရာတွင် ချင်ကဲက " စိတ်မပူပါနဲ့။သူ့ကို ဖိန်ကျိုးက သူ့ကို ဆွဲဆောင်နေပါတယ်။"

စုန့်ယွင်ရန် နှင့် လက်ထောက်တန် "???"

ဘယ်သူ ?

ဖိန်ကျိုး က ဘယ်သူလဲ?

ဪ ကျေးလက်ကားတွေမှာပဲ သရုပ်ဆောင်ဖို့ သင့်တော်တဲ့ ဟို မကောင်းတရောင်း မင်းသားကိုး။

စုန့်ယွင်ရန်မှာ အလန့်တကြား ဖြစ်သွားဟန်ဖြင့် " ဖိန်ကျိုးက သူ့ကို ဆွဲဆောင်နေတယ်လို့ တကယ်ကြီး ပြောလိုက်တာလား?သူက ဂလက်ဆီနဲ့ စာချုပ်ဖျက်ပြီး ထွက်သွားတဲ့ သရုပ်ဆောင်ဆိုတာ ခင်ဗျား မသိဘူးလား။ ခင်ဗျားကို ကျုံးရှောင်ဖန်း စောင့်ကြည့်ပေးထားပါလို့ ပြောထားတာလေ။ဘယ်လိုဖြစ်ပြီး ဖိန်ကျိုးနဲ့ ခင်ဗျား တွေ့ကြတာလဲ?။"

"အပြင်သွားပြီး ထမင်းစားတာလေ။အဲ့မှာ တွေ့မိသွားကြတာ။"

ချင်ကဲသည် သူ့ဆီသို့ လျှောက်လာပြီး သူ၏ ဉီးထုပ်လျှာအား သူ့(ချင်ကဲ) လက်ဖြင့် မကြည့်လိုက်၏.။

"ဉက္ကဌလေး မျက်နှာမကောင်းဘူးနော်.။ညက ကောင်းကောင်း မအိပ်ခဲ့ရဖူးလား?။"

စုန့်ယွင်ရန်မှာ မိန်းမောတွေဝေသွားဟန်ဖြင့် ဝေတေတေဝါးတာတားနှင့်အလိုအလျောက် ပြန်ဖြေလေသည်။

"အင်း..ဟုတ်တယ်"

"ကျုံးရှောင်ဖန် အကြောင်းနောက်ပြီးမှ ကျွန်တော်ရှင်းပြမယ်လေနော်."

လက်ထောက်တန်သည်ကား ထိုအခိုက်အတန့်အား ဖျက်စီးပစ်လိုက်၏။

"ရှောင်ခယ့် ကားပေါ်မှာတုန်းက မင်းကို အခန်းယူခိုင်းထားတယ်လေ.။ငါ့ကို အခန်းသော့ ပေးလိုက်တော့။ မစ္စတာစုန့် အနားယူဖို့လိုနေပြီ။"

"ဟိုတယ်က ဒီနေ့ အဖို့ အခန်းလွတ်မရှိတော့ဘူတဲ့။ ရှောင်စုန့်သာ စိတ်မရှိရင် ကျွန်တော့ အခန်းမှာ သူ သွားနားလို့ရပါတယ်။"

"အဲ့လောက်ကြီး စိတ်ဒုက္ခရောက်စရာ အကြောင်းမရှိပါဘူး။"

ထို စကားအား ပြောလိုက်သူမှာ ချင်ကဲဖြစ်သည်။

မိန်းမောတွေဝေနေရာမှ လွတ်မြောက်လာဟန်မရှိသေးသည့် စုန့်ယွင်ရန်အား ကြည့်ကာ ခပ်ဖြည်းဖြည်း ဆိုလိုက်လေသည်.။

"ကျွန်တော့် အခန်းကိုပဲ သွားကြတာပေါ့."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now