CH - 47

4.5K 625 12
                                    


"နေသာပြီးသာယာနေတဲ့ နေ့တစ်နေ့မှာ ကျွန်တော်တို့ ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ တာပေါ့ဗျာ... အာကာသယာဉ်က မတော်တဆ တစ်ခု ကြုံခဲ့တာဆိုတော့ ကျွန်တော် လည်း တစ်ကိုယ်လုံး နီးပါး ဒဏ်ရာ ရခဲ့တာပေါ့...ခင်ဗျားကတော့ အဲ့အချိန်မှာ အနှီးထုပ်ထဲက ကလေးလေး အရွယ်ပဲ ရှိသေးတာပေါ့လေ...ဘယ်လိုမှ မတတ်သာတဲ့ အဆုံး ကျွန်တော်လည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတော့တာပေါ့ဗျာ.."

ဆေးရုံခန်းအတွင်း စုန့်ယွင်ရန်၏ ကြည်လင်နေသော အသံလေးက သမိုင်းကြောင်း နောက်ခံ စကားပြောပုံစံနှင့် ပျံ့နှံ့လာလေတော့သည်..။

ရှောင်စုန့်သည် ခေါင်းလေးအား ပြတင်းပေါက်ဆီသို့ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အတိတ်နေ့ရင်များအား မြင်ယောင်နေသကဲ့သို့ ရီဝေဝေလေး ငေးလိုက်လေတော့သည်.။

"လမ်းတစ်ဖက်မှာ ရှိနေတဲ့ လူငယ်လေးဆီသွားပြီး ကျွန်တော့် အစွမ်းနဲ့ မှတ်ဉာဏ်တု ထည့်လိုက်တော့တာပေါ့ဗျာ "မစ္စတာချင် ... ဒီကလေးက ခင်ဗျားရဲ့ ရင်နှစ်သည်းချာ သားလေးပဲ"လို့ ဆိုပြီးတော့ပေါ့"

"...."

ချင်ကဲ သတိပေး စကားဆိုလိုက်လေသည်...

"ကျွန်တော့် အဖေရဲ့ မျိုးရိုးက လု ဗျ... ကျွန်တော့် အမေရဲ့ မျိုးရိုးကမှ ချင် ရယ်"

စုန့်ယွင်ရန် တစ်ယောက် ပြောလက်စ စကားလေး တန့်သွားကာ အားစေးမိသွားလေ တော့သည်..။သူ့ဇာတ်ညွှန်းမှာ ဇာတ်လမ်းအစမှာတင် မသေမသပ်ဖြစ်ပြီး အနာအဆာများ ပြည့်နေသော ဇာတ်ညွှန်း တစ်စောင်ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...။ ထို့ကြောင့် ဇာတ်လမ်းအား ပြန်ဖာတေးရန် စိတ်မဝင်စားတော့ပေ...။

စကားလမ်းကြောင်းအား ချက်ချင်းပြောင်းလိုက်ပြီး "ထားလိုက်ပါတော့.. အပြောင် အပျက် တွေ မပြောတော့ဘူး ... အတည်ပဲ ဆက်ပြောကြစို့...အဲ့စာအုပ်ထဲမှာ ဘာမှထူးထူးခြားခြား မပါဘူးရယ်...ဒီအတိုင်း အနုပညာလောကမှာ ဖြစ်ပျက်နေတဲ့ သာမာန် ကိစ္စလေးတွေ အကြောင်းပဲ ရေးဖွဲ့ထားတာရယ်...ကျွန်တော် တို့ အရင်ဘဝက ကြုံခဲ့တဲ့ အနုပညာလောက က ကိစ္စအားလုံး က အဲ့စာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း ဖြစ်လာတာ ချည်းပဲ.."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now