CH - 87

3.5K 434 10
                                    


ဟိုတယ်မှ မထွက်ခွာမှီ အရင်ဘဝမှ သူသိထားခဲ့သည့် လုနန်တင်း အကြောင်း အားလုံးအား ချင်ကဲ ပြောပြခဲ့လေသည်...

စုန့်ယွင်ရန်သည် ဖုန်းယူကာ အကြောင်းတစ်ချက်ခြင်း စီအား ရေးမှတ်လေရာ သူ အရင် သရုပ်ဆောင်ဘဝတွင် တွေ့ကြုံခံစားခဲ့ရသည့် အခက်အခဲ တော်တော် များများနောက်ကွယ်တွင် လုနန်တင်းရှိနေကြောင်း တွေ့ခဲ့ရ​၏.. အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ဆုံးရှုံးခဲ့ရသည့် အခွင့်ကောင်း နှစ်ခု မှာ လည်း ထိုလူနှင့် ချင်ကဲ၏ အရင်အေးဂျင့် ရှုဖိန် တို့ကြောင့် ဖြစ်နေသည်မှာ ဧကန်မုချသာ...

"ဒါဆို မင်း အဲ့ကိစ္စအားလုံးကို သိတယ်ပေါ့" မျက်ခုံးပင့်ကာ မကျေမနပ် ဆိုလိုက်ရင်း " ငါ့ကို အနိုင်ကျင့်နေတာကို မင်း ဒီအတိုင်း ရပ်ကြည့်နေခဲ့တာ ပေါ့ ဟုတ်လား..?"

ထိုသို့သော အပြုအမူအား ဖော်ပြလိုက်သော်လည်း စုန့်ယွင်ရန်သည် သူ၏ မကျေနပ်ချက်အား ယုံကြည်ချက်ရှိရှိ ပြောလိုက်ခြင်း မဟုတ်...

အရင်ဘဝတွင် သူနှင့် ချင်ကဲတို့မှာ ပြိုင်ဘက်များ ဖြစ်ကြလေသည်... ထိုကဲ့ သို့ အပြုအမူကြောင့် အကျင့်မကောင်းသည့် ပြိုင်ဘက်ဟု စွပ်စွဲနိုင်မည် မဟုတ်...? ထိုသည်မှာ စီးပွားရေး အတွက် တိုက်ခိုက်သည့် ပြိုင်ပွဲမျိုးသာ...

သို့သော် ယနေ့တွင် သူသည် အနှီလူအား ဒယ်ဒီဟု အကြိမ်ပေါင်းများစွာ အတင်းဖိအားပေးကာ ခေါ်ခိုင်းခြင်းနှင့် ကြုံတွေ့ထားသည်ဖြစ်ရာ တစ်ဖက်လူအား လက်စားချေ နိုင်သည့် အခွင့်အရေး ရှာလိုက်သည့် သဘောသာ..

မျှော်လင့်မထားသော်လည်း ချင်ကဲသည်ကား လိမ်လိမ်မာမာဖြင့် ဝန်ခံစကား ဆိုလာ၏..

" ကိုယ် တောင်းပန်ပါတယ်... ဒါတွေက ကိုယ့်ရဲ့ အပြစ်တွေပါ.."

အာ... ဒူးထောက်တာ မြန်ချက်ပါလား...

"Happy And White"​ရိုက်ကွင်းတုန်းက သတ္တိတွေ ဘယ်ချောင်ရောက်သွား တာတုန်း...?

စုန့်ယွင်ရန် သည် အလွန်အကျူးဝမ်းမြောက်နေသည့် သူ့မျက်နှာအား မြင်သာ အောင် မပြ...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Onde histórias criam vida. Descubra agora