နွေဦးပွဲတော်နှင့် ပတ်သက်၍ စုန့်ယွင်ရန် အမြဲလိုလို အမှတ်တရ ရှိသည့် အရာများမှာ မီးရှူးပန်းများ ပစ်ဖောက်ကာ ကစားခြင်း ဖြစ်၏...
မီးရှူးပန်းများနေရာတွင် သူ့ကိုယ်သူ အစားထိုး၍ ညဉ့်နက်သန်းခေါင်ယံ၌ ပစ်လွှတ်ခြင်းအမှု့အား ပြုရင်း နှစ်ဟောင်းအား ချန်ထားကာ နှစ်သစ်ကို ကြိုဆိုရလိမ့်မည် ဟူသော အတွေးမျိုး ရှောင်စုန့်တွင် ယောင်လို့ပင် မရှိဘူးခဲ့...
လက်ကောက်ဝတ်အား ချည်နှောင်ထားသည့် ပုဝါစသည် အချိန်တချို့ ကြာသော် လျော့ရဲလာလေသည်...သို့သော် ရှောင်စုန့်သည်ကား ကိုယ်နေ ဟန်ထားမပြောင်းဘဲ ချင်ကဲ၏ လည်ပင်းအား နောက်ဆုံးသော အားကိုးရာ ကေက်ရိုးမျှင်လေးသဖွယ် ဖက်တွယ် ထားမြဲပင်...
စုန့်ယွင်ရန်လေး လုံးလုံးလျားလျား မိန်းမောနေလေပြီ...
မည်သူက မည်သူ့အား နှစ်သစ်ကူး လက်ဆောင်ပေးနေသည်ကိုပင် သူ မပြော နိုင်တော့... ထိစပ်နေသည့် နှုတ်ခမ်းနှစ်စုံ ထက်မှ အသံများ သွားအချင်းချင်း ထိခတ်သံ များအား နားဆင်ရုံဖြင့် သူတို့နှစ်ဦးကြား ကြားလေသွေး၍ပင် မရတော့အောင် နီးကပ်နေပြီ ဖြစ်ကြောင်း သိနိုင်နေလေသည်.... ရောထွေးနေ သည့် နှစ်ဉီးသား၏ အသက်ရှုသံများ...ဆုပ်ကိုင်ကာ လှုပ်ရှားနေသည့် ထားသည့် လက်ဖဝါးပြင်ကျယ်ကြောင့် ထွက်လာသည့် အသံနှင့် ပူပြင်းလာ သည့် အခြေအနေတို့ နောက် စိတ်ကျေနပ်သည့် ဟစ်ကြွေးညည်းညူလေး ရုတ်တရက် ပေါ်ထွက်လာလေပြီ....
များမကြာမီပင် ပြင်းထန်စွာလှုပ်ရှားနေသည့် အခြေအနေများ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏....
စုန့်ယွင်ရန်၏ မျက်လုံးလေးများမှာ အနီရောင် သို့ပြောင်းသွားကာ စကားပြော ရန်ပင် အားမရှိရှာတော့...
သူ့ ခေါင်းလေးအား ချင်ကဲ လည်ပင်းထံ ပွတ်သပ်နေလေသည်မှာ အစာဝဝ စားလိုက်ရသည့် ခွေးလေးက သခင်အား ချွဲနေသည်နှင့် တစ်ပုံစံတည်းပင်...
"အဲ့လိုကြီး ခေါင်းနဲ့ မပွတ်နဲ့တော့ကွာ..."
ချင်ကဲသည် ခေါင်းအား လှည့်ပစ်လိုက်ရင်း မီးစပွားတော့မည့် အခြေအနေ အား ထိန်းချုပ်ထားရသဖြင့် ပုံမှန်ထက် အက်ရှနေသော လေသံဖြင့်

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...