39

4.3K 624 8
                                    


စုန့်ယွင်ရန်သည် အိပ်ယာပေါ်တွင် လှဲကာ ဖုန်းအား မျက်တောက်မခတ်တမ်းစိုက်ကြည့်နေ၏.
စက္ကန့် အနည်းငယ်အကြာတွင် ချင်ကဲထံ မှ ပြန်စာရောက်လာလေသည်
စုန့်ယွင်ရန်သည်  စိတ်သက်သာရာရသွားပြီး good night ဟု စာပြန်ပို့ကာ ဖုန်းအား ဘေးဘက် သို့ ပစ်လိုက်လေတော့သည်.။
တော်သေးတာပေါ့ ချင်ကဲ တစ်ယောက် အသိစိတ် မြန်မြန်ဝင်သွားပြီး ငါ့ကို ဂိမ်းကစားဖို့ တကျီကျီ မပူဆာတော့လို့.။
နို့မို့ဆိုလို့ကတော့ ငါ သူ့ကို မတားနိုင်လောက်ဘူး။
သူနဲ့ လိုက်ပြီးကစားရလို့ကတော့ ဂိမ်းပွဲမှာ ငါ သူ့နောက်က တရွတ်ဆွဲ လိုက်နေရမှာ..သူ့လို ဂိမ်းမာစတာ နောက်ကနေ လိုက်တော့ ကစားဖူးချင်သား…ဒါပေမဲ့ သားဖြစ်သူရဲ့ သက်မွေးဝမ်း ကြောင်းလေး မထိခိုက်ရေး ဒီပါးပါးမှာ တာဝန်ရှိလေတော့ ဆိုဆုံးမသင့်တာ ဆုံးမရမှာပေါ့လေ
အခန်းမီးအား ပိတ်ကာ သူ့ကိုယ်သူ ဂုဏ်ပြုစကားများဆိုကာ စုန့်ယွင်ရန်သည် အမှောင်ထဲ၌ ကျေကျေနပ်နပ်ကြီး ပြုံးနေလေတော့သည်..။
တော်လိုက်တဲ့ ငါလေး သားဖြစ်သူရဲ့ career လေး အနှောက်အယှက်ကင်းစေရေး ကြိုးပမ်းမှုကြီး အောင်မြင်ခဲ့ပြီကွ
နောက်တစ်နေ့တွင် စုန့်ယွင်ရန် အိပ်ယာနိုးလာချိန်၌ ဟော်တယ်မှ check out လုပ်ကာ ရန်မြို့တော် ဆီသို့ ပြန်ဖို့ပြင်လေတော့သည်.။
လက်ထောက်တန်သည်ကား အရင်နေ့ နေ့လည်ခင်းက ပြန်နှင့်ပြီ ဖြစ်လေသည်.။ အဝတ်အစား များအား တစ်ယောက်တည်း ပြန်လည် ထုပ်ပိုးကာ မပြန်သေးမှီ ချင်ကဲအား နှုတ်ဆက်စကား ဆိုလိုက်ပြီး ကောင်းကောင်းမွန်မွန်နေခဲ့ရန်နှင့် အလုပ်အား ကြိုးကြိုးစားစား လုပ်ရန် မှာခဲ့လိုက် သေး၏.။
ချင်ကဲသည် ရှောင်ခယ့်ကား လွှတ်၍ သူ့အား လေဆိပ်သို့လိုက်ပို့စေမည်ဖြစ်ကြောင်း ပြန်ပြော လေသည်.။
စုန့်ယွင်ရန်သည် အချိန်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ချိန်ကျားမင်သည် သူ၏အကြံပြု စကားများ ကြောင့် ချင်ကဲအား ဒုက္ခမပေးလောက်တော့ဟု ခံစားမိလိုက်ကာ ရှောင်ခယ့်အား သူ့ကို လိုက်ပို့ရန် ခွင့်ပြုပေးလိုက်တော့သည်.။
ထို့အပြင် ရှောင်ခယ့်တစ်ယောက် ချင်ကဲအနီးတွင် မရှိလျှင်ပင် ယုံကြည်ကိုးစားနိုင်သော ဘော်ဒီဂတ်နှစ်ဉီးက ချင်ကဲဘေးတွင် ကျန်ခဲ့လေသေးရာ ပြဿနာတစ်စုံတစ်ရာ မဖြစ်လာနိုင်ဟု သူယုံကြည်လေ၏.။
ရှောင်ခယ့်သည် ချင်ကဲထံမှာ ညွှန်ကြားချက်ရသည်နှင့် ဟိုတယ်ဆီသို့ အမြန်ပြန်လာကာ စုန့်ယွင်ရန်အား ကူညီ၍ သူ၏ Suitcase အား ကားပေါ်သို့ တင်ပေးလေသည်.။
ကားထဲတွင် နှစ်ယောက်သား ဝင်ထိုင်ပြီးသည်နှင့် ရှောင်ခယ့်သည် စုန့်ယွင်ရန်အား mineral water တစ်ဗူးလှမ်းပေးလိုက်၏.။
“ကျေးဇူး”
စုန့်ယွင်ရန်သည် ကျေးဇူးတင်စကားဆိုကာ ထိုရေဘူးအား လှမ်းယူလိုက်ချိန် ရေဗူးတွင် ရေခဲတုံးလေးများ ပင် ပါနေသေးသည်ကို တွေ့လိုက်၏.။
ဗူးအား ဖွင့်ကာ ရေတစ်စွတ်သောက်လိုက်ချိန် နွေရာသီ၏ အပူဒဏ်သည်ကား အဝေးသို့ လွင့်သွားကာ အပူငြိမ်း၍ ရေငတ်ပြေသွားလေတော့သည်.။
ခေါင်းအား တငြိမ့်ငြိမ့်လုပ်ကာ ချီးကျူးစကား ဆိုလိုက်၏.။
“မင်းက အတော်လေး ဂရုတစိုက်လုပ်တတ်တာပဲ”
ရှောင်ခယ့်သည် အပြုံးလေးနှင့် ပြန်လည်ရှင်းပြလေသည်.။
“ချင်ကဲက ဂရုတစိုက်လုပ်တတ်တာပါဗျာ.သူကပြောလိုက်တာ လေယာဉ်ကွင်းကို သွားရမယ့် ခရီးက အတော်လေးလှမ်းတယ်တဲ့ လမ်းမှာ သေချာပေါက် ရှောင်စုန့် ရေဆာလိမ့်မယ်တဲ့ .ရေအေးအေးလေး တစ်ပုလင်းယူသွားဆိုပြီး အသေအချာမှာလိုက်တာပါခင်ဗျ..”
စုန့်ယွင်ရန်သည် “အမ်း” ဟူသော အသံကိုသာပြန်ပေးလိုက်ကာ အတွေးထဲ၌ (သေချာတာပေါ့ ဒါကသားတစ်ယောက်ဖြစ်တဲ့ချင်ကဲက ဒီ ပါးပါးဖြစ်တဲ့ ဒီလောင်စုန့် ကို ဂရုစိုက်ရမယ့် သူ့ အလုပ်လေ. ) ဟု ကျေနပ်စွာ ရေရွတ်နေလေသည်.။
ရှောင်ခယ့်သည် ကားအား ဟော်တယ်ဆီမှ ဂရုတစိုက်နှင့်မောင်းထွက်လာကာ ရှောင်စုန့်၏ အပြုအမူမှာ မထူးခြားလာကြောင်း နောက်ကြည့်မှန် တဆင့်မြင်လိုက်ရသည့်အခါ အနည်းငယ် အားငယ်စိတ်ဝင်သွားတော့၏.။
သို့သော် လက်မလျှော့ဘဲ ဆက်လက်၍ “တကယ်တော့လေ ဒီနေ့ ချင်ကဲ ကြည့်ရတာ စိတ်မကြည် နေသလိုပဲ ဒါပေမဲ့ ဥက္ကဌလေးကို ဂရုစိုက်ဖို့တော့ မမေ့ရှာပါဘူး”
“ဘာလို့လဲ..ဒါရိုက်တာကြီး ဆီက အဆူခံရလို့လား” စုန့်ယွင်ရန်သည် မြန်မြန်ပင် ခပ်မတ်မတ် အနေအထားသို့ပြင်လိုက်ကာ အလောတကြီး မေးလိုက်တော့၏.။
ရှောင်ခယ့် ; “ အဆူခံရတာ မဟုတ်ပါဘူးဗျာ .. မနေ့တုန်း ရိုက်ကူးရေးအချိန်အရမ်းကြာပြီးတော့ ကြိုးဆိုင်းပြီး တိုက်ခိုက်ရတဲ့ အခန်းကို အကြာကြီးရိုက်လိုက်ရလို့ ပင်ပန်းနေတာဖြစ်မယ်.. ဒါပေမဲ့ သူရဲ့ သရုပ်ဆောင် Skill ကတော့ ရှယ်ပဲဗျ”
စုန့်ယွင်ရန်သည် ကားနောက်မှီပေါ်သို့ ပြန်မှီချလိုက်ကာ “ရိုက်ကူးရေးမှာ လာပြဿနာ မဖြစ်လို့တော်သေးတာပေါ့ .. မင်း လည်း ပင်ပန်းတယ်ဆိုတာ သိပါတယ်..ဒါပေမဲ့ ရိုက်ကူးရေးပြီးလို့ ညဉ့်နက်မှ ဟိုတယ်ကို ပြန်လာရရင်လည်း ချင်ကဲကို စောစောအိပ်ဖို့ ပြော..သူ အိပ်မအိပ်ကို လည်း သေသေချာချာ စောင့်ကြည့်ဦး.. ညဉ့်နက်သန်းခေါင် သူ့အခန်းထဲမှာ မအိပ်ဘဲ ခိုးပြီး ဂိမ်းမဆော့စေနဲ့”
ရှောင်ခယ့် ; “?”
ဟင် ချင်ကဲက ညဉ့်နက်သန်းခေါင်ကြီးထိ ဂိမ်းကစားတယ်?ငါဖြင့်  တစ်ခါမှ အဲ့အကြောင်း မကြားဖူးဘူး..
ဒါကို ဘာဖြစ်လို့ ဉက္ကဌက ချင်ကဲ ညဉ့်နက်သန်းခေါင် ဂိမ်းကစားနေပါတယ်ဆိုပြီး သေရိုးသေချာ တဲ့ပုံနဲ့ အပိုင်ကြီးပြောနေတာပါလိမ့်.ဘယ်သူက ဥက္ကဌ ကိုချင်ကဲ အကြောင်း မဟုတ်တမ်းတရား လျှောက်ပြော ချွန်တွန်း လုပ်ပြီး သူတို့ကြား သွေးကွဲအောင် လုပ်နေတာပါလိမ့်နော်..
ရှောင်ခယ့်သည် နှုတ်ခမ်းအား ဆတ်ကနဲ့ တွန့်လိုက်ကာ ချင်ကဲချောက်ချ ခံရသည့်အပေါ် မခံမရပ်နိုင် ဖြစ်သွားရှာ၏.။
မနေ့ညက ချိန်ကျားမင်အား ဥက္ကဌရှောင်စုန့် အခန်းအပြင်တွင် တွေ့လိုက်ရပြီး သူနှင့် ဉက္ကဌ ရှောင်စုန့်တို့ ဂိမ်းအတူကစားကြကြောင်း ကြွားလုံး ထုတ်သည့် စကားများ အားကြား လိုက် ရချိန်တွင် ချင်ကဲသည် မည်သည့်စကားမှ မဆိုဘဲ နေသော်လည်း ချင်ကဲနှင့် အနီးကပ်နေရသည့် လက်ထောက်လေး ရှောင်ခယ့်သည် ချင်ကဲ စိတ်မကောင်းဖြစ်သွားကြောင်း သတိပြုမိလိုက်၏.။
ယနေ့ ရိုက်ကွင်းသို့ရောက်ချိန်တွင် ချင်ကဲ၏ စိတ်အခြေအနေမှာ မနေ့ညကထက် ပို၍ ဆိုးဝါး လာပုံရ၏.။ချင်ကဲသည်ကား အကြောင်းအရင်း တစ်စုံတရာ မရှိဘဲ ဒေါသထွက်တတ်သူ မဟုတ် လေရာ ဒေါသထွက်နေသော ချင်ကဲအား မမြင်ရသော်လည်း အခြားသူများနှင့် ဆက်သွယ်ပြော ဆိုချိန်တွင် ပုံမှန်အချိန်ထက် ပို၍ အေးတိအေးစက်ဖြစ်နေ၏.။ သူ၏ ရင်ထဲတွင် အစိုင်အခဲ တစ်ခုအား သယ်ပိုးထားကြောင်း ရှောင်ခယ့်သေချာသိ၏.။
ခန့်မှန်းနေစရာပင်မလို ချိန်ကျားမင်ကြောင့်သာ ချင်ကဲ ထိုကဲ့သို့ ဖြစ်နေခြင်းဖြစ်ပေမည်.။
ရှောင်ခယ့်သည် စီယာတိုင်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တာ အသက်ပင် ရင်းကာ မေးလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး တီးခေါက်ကြည့်ဟန်ဖြင့် “မစ္စတာစုန့်ခင်ဗျ … ချင်ကဲနှင့် ချိန်ကျားမင်ကြားက ပြဿနာကို သိထားသေးလားဗျ”
စုန့်ယွင်ရန်သည်  “သိတယ်လေ”ဟု ပြန်ဖြေပြီးနောက် ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်း နေကြောင်း သတိပြုမိသွားတော့သည်..။
“သိုင်းလောက၏ လမ်းမများ” ဇာတ်ကားသည်ကား စတင်ရိုက်ကူးစ အချိန်သာ ရှိသေးလေ သည်..။ထို့အပြင် ချိန်ကျားမင်သည်ကား မည်သည်ကိုမှ မပြုလုပ်သေးချေ..။သူကျူးလွန်မည့် လုပ်ကြံမှုလျှို့ဝှက်ချက်ကိုလည်း မည်သူမှ မသိသေး။
ပြန်လည်၍ တစိမ့်စိမ့်တွေးတောကြည့်ပြီးနောက် မနေ့က ဘော်ဒီဂတ် နှစ်ဉီး၏ ထူးဆန်းသော အပြုအမူများကိုပါ ပြန်လည် မြင်ယောင်ပြီးနောက် သံသယအချို့ဝင်လာလေတော့သည်.။
“အဲ့ အကြောင်း မင်း ဘယ်သူ့ဆီက ကြားထားတာလဲ” ဟု ပြင်းပြသော သိချင်စိတ်အား ရင်ဝယ် ပိုက်ကာ မေးခွန်းထုတ်လိုက်လေတော့သည်.။
ရှောင်ခယ့် ; “ ချင်ကဲ ကျွန်တော့်ကို ပြောပြထားတာ.. သူတို့နှစ်ယောက်က တက္ကသိုလ်တုန်းက အတန်းဖော်တွေတဲ့..အခုတော့ သူတို့နှစ်ယောက် အတူတူ ဇာတ်ကားတစ်ခုထဲမှာ သရုပ်ဆောင် နေကြရပြီလေ..အမှန်ဆိုရင် ဒီအချက်ကို သုံးပြီး လူထုအမြင်ကို ဆွဲဆောင်လို့ရတယ်မလား.. ဝမ်ချန်းဘက်ကနေပြီးတော့ အဲ့အကြောင်းကိုသုံးပြီး လူသိများအောင် ဖွမယ်လို့ ကမ်းလှမ်းလာ သေးတယ်..ကုမ္ပဏီဘက်က သူတို့နှစ်ယောက် ဆက်ဆံရေး မကောင်းမှန်း ကြိုသိထားလို့ ဟိုဘက်က ကမ်းလှမ်းလာတာတွေ အကုန်လုံးကို ငြင်းလိုက်တာလေ.”
စုန့်ယွင်ရန် ; “ ဘယ်တုန်းက သူ မင်းကို အဲ့အကြောင်း ပြောပြထားတာလဲ”
ရှောင်ခယ့်သည် တစ်ချက်ပြန်၍ စဉ်းစားလိုက်ကာ  “ တော်တော်လေးတော့ ကြာနေပြီဗျ.. သိုင်းကစားဟန်တွေ လေ့ကျင့်ဖို့ သင်တန်းစတဲ့နေ့တုန်းက ပြောခဲ့တာဗျ”
“ဒီလိုကိုး.. သဘောပေါက်ပြီ”
စုန့်ယွင်ရန်သည် ထိုစကားအား ဆိုလိုက်ချိန်တွင် သာမာန်ဆန်သော လေသံနှင့် ဖြေလိုက်သော် လည်း အမှန်တွင်မူ ရုတ်တရက် သိလိုက်ရသော အချက်အလက်အများအပြားကြောင့် အလန့် တကြားဖြစ်ကာ စိတ်နှင့်ကိုယ် မကပ်တော့ပေ.။
သူသည် ဥက္ကဌ တစ်ယောက်ဖြစ်လေရာ သူ့ကုမ္ပဏီရှိ အနုပညာရှင်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အထိ ဂရုစိုက်စရာမလိုလေရာ ဒီအကြောင်းအား သူမသိထားပေ.။
သို့ရာတွင် စာအုပ်ထဲ၌ ဖော်ပြထားသော အကြောင်းအရာများကိုမူ သူသေသေချာချာမှတ်မိ၏.။ WIA မတော်တဆမှု မဖြစ်ခင်အချိန်အထိ ချင်ကဲနှင့် ချိန်ကျားမင်မှာ ရင်းနှီးသည့် သူငယ်ချင်း ဆက်ဆံရေးသာ ရှိ၏.။
ထို့ကြောင့် ရိုက်ကူးရေး မစမှီ အချိန်တွင် ချင်ကဲသည် ထို စကားအားထုတ်၍ပြောဆိုထားသည် မှာ လုံးဝမဖြစ်နိုင်ပေ.။
မဟုတ်မှ လွဲရော
ချင်ကဲကလည်း ပြန်လည်မွေးဖွားလာတဲ့ လူများလား..?!
စုန့်ယွင်ရန်သည် ကြောက်လန့်တကြားနှင့် မြန်မြန်ဆန်ဆန်ပင် “အိပ်ချင်နေလို့ ခဏလောက် အိပ်လိုက်ဦးမယ်” ဟုဆိုကာ ဦးထုပ်၏ လျှာထိုးလေးအား ဆွဲချကာ မျက်လုံးအား ကာလိုက်ပြီး အတွေးရေယာဉ်ကျောထဲကာ အပြင်းအထန်စဉ်းစားလေတော့သည်.။
စုန့်ယွင်ရန်သည် ဟော်တယ်မှ လေယာဉ်ကွင်းသွားရာလမ်း တစ်ဝက်စာ တစ်နာရီခန့်ကြာသော အချိန်အတွင်းတွင်ပင် အကြောင်းအရာအတော်များများအား စဉ်းစားခဲ့လေ၏။
ထို့နောက်တွင် အရင်ဘဝမှ ချင်ကဲ ဖြစ်ခဲ့သော အဖြစ်အပျက်များနှင့် သူ(စုန့်ယွင်ရန်)ပြန်လည် မွေးဖွားပြီးနောက်ပိုင်း ချင်ကဲ၏ သံသယဖြစ်ဖွယ် အပြုအမူများအား ပြန်လည် တွေးတော ကြည့် မိပြန်၏.။
အရင်အချိန်များက ချင်ကဲ၏ အပြုအမူများမှာ သူပြန်လည်မွေးဖွားလာသည့် လိပ်ပြာတောင်ပံ ခတ်သံကြောင့် ချင်ကဲခေါင်းထဲ ရေဝင်သွားကာ ဂလက်ဆီနှင့် လက်မှတ်ထိုးလိုက်ခြင်း ဖြစ်မည် ဟု သူတွေးခဲ့ခြင်းဖြစ်၏.။
(T/N-  လိပ်ပြာတောင်ပံ ခတ်သံ=ကမ္ဘာ့တောင်ဘက်ခြမ်းတွင်ရှိသော လိပ်ပြာတစ်ကောင် တောင်ပံခတ်မက ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် သက်ရောက်မှုကြီး ဖြစ်ပွားကာ မှုန်တိုင်းတိုက် ခတ်နိုင်သည် …ပြောချင်တာကကွာ စုန့်ယွင်ရန် က သူပြန်မွေးဖွားလာပြီး အရင်ဇာတ်ကြောင်း နဲ့ မတူအောင် လုပ်ခဲ့လို့ ချင်ကဲက သူ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးတာ လို့ ထင်နေတာ အဲ့လိုပြောချင် တာ .. နားလည်လားဟင် )
အခု ပြန်ပြီးစဉ်းစားကြည့်မှ ချင်ကဲရဲ့ အပြုအမူတွေ အားလုံးက အရင်ဘဝက အခြေအနေတွေကို ရှောင်လွှဲဖို့ကြိုးစားနေတဲ့ ပိုတူနေတာပဲ..။
သူ့အဖေရဲ့ ချုပ်ကိုင်မှု ကို မခံရအောင် ရှောင်ဖယ်လိုက်တယ်.. ကျုံးရှောင်ဖန်းကို အရင်ဘဝက ထက် စောနေသေးတဲ့ အချိန်မှာ ဇာတ်ညွှန်းရေးဆရာ ဖြစ်လာအောင် လုပ်ပေးတယ်.. “သိုင်းလောက ကလမ်းမများ”ဇာတ်လမ်းမှာ ထပ်ပြီး Audition ပြန်ဝင်ပြီး အရင်ဘဝက ထက် ပိုကောင်းတဲ့ နေရာရအောင် ကြိုးပမ်းတယ်.။ဒီလိုစဉ်းစားကြည့်လိုက်တော့ သူ့အပြုအမူတွေ အကုန်လုံးမှာ လမ်းကြောင်းတစ်ခုရှိနေတာပဲ.။
ဖြစ်ခဲ့သည့် အဖြစ်အပျက်များအား တွေးလေလေ စုန့်ယွင်ရန်သည် သူ့ခန့်မှန်းချက် မမှားနိုင်ဟု ယုံကြည်လေလေ ဖြစ်လာတော့သည်.။
၁၀၀% သေချာပါသည်ဟု တထစ်ချ ဆို၍ မရသေးသော်လည်း အဖြစ်အပျက် များ၏ ကောက်ကြောင်း အရ ချင်ကဲသည်လည်း သူကဲ့သို့ ပြန်လည်မွေးဖွားလာခြင်း ဖြစ်ပေလိမ့်မည်.။
ချင်ကဲက ပြန်မွေးဖွားလာတယ်ပဲထား ဘာအကြောင်းကြောင့် သူက Rebirth ပြန်ဖြစ်လာရတာ ပါလိမ့်..။
ငါဆိုရင် ချင်ကဲ ငါ့ရှေ့မှာ ဒူးထောက်ပြီး ပါးပါးခေါ်တာ မြင်ချင်လို့ Rebirth ပြန်ဖြစ်လာတယ် ဆိုပြီး ပြောလို့ရတယ်… ချင်ကဲကကျတော့…
အော ငါ သဘောပေါက်သွားပြီ..ဒါ့ကြောင့် ချင်ကဲက အလုပ်ကောင်းကောင်း ကြိုးစားဖို့ မစဉ်းစားဘဲ ငါ့ဘေးမှာ တဝဲလယ်လယ် ဖြစ်နေတာကိုး.. အချိန်အတော်ကြာအောင် ငါစဉ်းစား လို့ မရခဲ့တဲ့ အဖြေက ဒါဖြစ်နေတာကိုး..
ချင်ကဲက ငါ့ကို “Happy and White” ရိုက်ကူးရေးမှာ မြင်မြင်ချင်းသဘောကျ သွားတာ မဟုတ်ဘူးပဲ..
ပြောရရင် အဲ့ဒီရိုက်ကူးရေးမှာမှ ငါတို့ ပထမဦးဆုံး စတွေ့ဖူးတာမှ မဟုတ်တာ..
ဒီလိုဆိုရင် ချင်ကဲက ငါ့ကို အရင်ဘဝတည်းက ရင်နဲ့ရင်းပြီး ချစ်နေရှာတာပဲ..
ဒါ့ကြောင့် သူRebirth လည်းဖြစ်လာရော သူ့ အနာဂတ် လမ်းကြောင်းကိုတောင် ဂရုမစိုက်တော့ ဘဲ ဒီလောက်ထင်သာမြင်သာကြီးနဲ့ ငါ့ဘေးကို လာနေတော့တာဖြစ်ရမယ်
အမ်း ငါ့ရဲ့ဆွဲဆောင်မှုက ချင်ကဲအပါ်ကို လက ဒီရေတွေကို ဆွဲဆောင်သလိုကို သက်ရောက် နေတာပါလား..
အော် အရမ်းကို အချစ်ကြီးတဲ့ ကောင်းကင်သားတော်လေးပါလားကွာ
စုန့်ယွင်ရန်သည် ချင်ကဲ ပေးထားသည့် ဘေ့စ်ဘောဦးထုပ်လေးအား ချွတ်လိုက်ကာ သေသေချာ ချာ စေ့စေ့စပ်စပ်ကြည့်လိုက်လေသည်..။ဦးထုပ်ပေါ်၌ ထိုးထားသည့် စာတန်းလေးအားစိုက် ကြည့်နေရင်း ချင်ကဲ ၏ ခံစားချက်အား များအား ကိုယ်ချင်းစာမိကာ ထိုဦးထုပ်လေးအား သာမာန် ဦးထုပ်လေးတစ်ခုမဟုတ်ဘဲ ချင်ကဲ၏ စစ်မှန်သောနှလုံးသားတစ်စုံဟု ထင်မြင်လာ တော့၏.။
ချင်ကဲ သည် ဂလက်ဆီ သို့ ဝင်ရောက်ကာ သူ့အတွက် အကျိုးအမြတ်များ အား ရှာဖွေပေးချင် ဟန်ရှိ၏.။
ချင်ကဲ၏ အပြုအမူများမှာ သူ့အား ပြဿနာ ဖြစ်စေမည့် အရိပ်အယောင် တစ်စက်မှပင် မရှိပေ.။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား တစိမ့်စိမ့်ပြန်လည်တွေးတောရင်း စုန့်ယွင်ရန်နှလုံးသား တစ်ခုလုံး ချိုတရှရှ အရသာလေးထဲ နစ်မြုပ်သွားကာ မျက်နှာလေးထက်တွင် အပြုံးတစ်ပွင့်  ပွင့်ဖူးလာလေတော့သည်.။
“မစ္စတာစုန့်..မစ္စတာစုန့် ခင်ဗျ..?”
ကားအရှေ့ခန်းဆီမှ အသံက စုန့်ယွင်ရန်၏ အတွေးမှတ်ဉာဏ်လေးများအား  နှောက်ယှက်လိုက် လေတော့သည်.။
စုန့်ယွင်ရန်၏ မျက်နှာထက်ရှိ အပြုံးမှာကား မှိန်ဖျော့သွားလေတော့၏.။ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ လေဆိပ်သို့ရောက်နေပြီဖြစ်ကြောင်း သတိပြုမိသွားလေရာ ကားထဲမှ ခပ်ဖြည်းဖြည်း ထွက်လိုက်လေတော့သည်.။
ရှောင်ခယ့် သူ့၏ Suitcase အားထုတ်လာသည်အား တွေ့သောအခါ စုန့်ယွင်ရန်သည် တစ်ချက်ခန့် စဉ်းစားပြီးနောက် ရှားရှားပါးပါး ထောက်ထားညှာတာသည့် စိတ်လေးကား နိုးထလာခဲ့လေပြီ.။
“ရာသီဥတုက ဒီရက်ပိုင်းမှာ အရမ်းအပူပြင်းလာတာ..ရှေးခေတ်ပုံစံ ဝတ်စုံတွေ ဝတ်ပြီး ရိုက်ကူးရေးလုပ်ရတာ အတော်ခက်ခဲမှာ..ချင်ကဲကို ကောင်းကောင်း ဂရုစိုက်ပေး.. နေမကောင်း မဖြစ်စေနဲ့..အထဲထိ လိုက်မပို့နဲ့တော့ ချင်ကဲဆီကိုသာ စောစောပြန်လိုက်တော့”
ရှောင်ခယ့် ခမျာ လိုက်မမှီရှာတော့… 
ဘယ်လေတိုက်လိုက်လို့ မစ္စတာစုန့်ရဲ့သဘောထားက ၁၈၀ ဒီဂရီ ပြောင်းသွားတာပါလိမ့်..
ခေါင်းအား အသာအယာ ငြိမ့်ပြကာ အရဲကိုး၍ မေးလိုက်ပြန်၏..
“အဲ့ဒါဆိုရင် ချိန်ကျားမင် ..?”
စုန့်ယွင်ရန်သည် နားမလည်ဟန်ဖြင့် “ မဟုတ်သေးပါဘူး.. ဘာလို့ မင်းက ဝမ်ချန်းလက်အောက် က အနုပညာရှင်ကို အဲ့လောက်ဂရုစိုက်နေရတာလဲ..ချိန်ကျားမင် တစ်ယောက် ရိုက်ကွင်းမှာ မိစ္ဆာစိတ်ပေါက်ပြီး လျှောက်မလုပ်သေးသ၍ သူ့ကို အရေးစိုက်စရာ မလိုဘူး.နားလည်လား..?”
ရှောင်ခယ့်သည် ရှောင်စုန့်အား စိုက်ကြည့်ကာ အပြုံးကြီးကြီးချိတ်ဆွဲ၍ အားရဝမ်းသာ လေသံ ကြီးနှင့် “နားလည်ပါတယ်ဗျ” ဟု အားပါးတရ ပြန်ဖြေလေသည်..။
စုန့်ယွင်ရန်သည် အဘယ့်ကြောင့်ရှောင်ခယ့်တစ်ယောက်ပျော်ရွှင်သွားသည်ကို နားမလည်နိုင်ရှာ။
အော် ဂလက်ဆီ ကုမ္ပဏီ တည်ထားတဲ့ မြေနေရာက ဖုန်းရွှေ မကောင်းတာနေမှာ.. ဝန်ထမ်းတွေ ရဲ့ ဉီးဆောင်လမ်းပြ လက်ထောက်တန်ကြီးကနေ ရှောင်ခယ့်အထိ တစ်ယောက်တစ်မျိုးမရိုးရ အောင် ထူးထူးဆန်းဆန်းတွေ ပြုမူတတ်ကြသကိုး..။အင်း မြေသန့်မင်္ဂလာလေး ဘာလေးလုပ်ဦး မှ …
စုန့်ယွင်ရန်သည် ထိုအကြောင်းအား လေးလေးနက်နက် ဆက်မတွေးတော့ဘဲ ရှောင်ခယ့်အား နှုတ်ဆက်သည့် အနေဖြင့် ပြုံးပြကာ အိတ်ဆွဲကာ လေယာဉ်ကွင်းဆီသို့ ဝင်သွားလေတော့သည်.။
ရန်မြို့တော်သို့ လေယာဉ်စိုက်ချိန်တွင် ညနေစောင်း အချိန်ပင် ရောက်နေလေပြီ..။
ကုမ္ပဏီဆင်းသည်လည်း နောက်တစ်နာရီအကြာတွင် ရုံးဆင်းချိန်ရောက်တော့မည် ဖြစ်လေရာ ကုမ္ပဏီသို့ မသွားတော့ဘဲ ယာဉ်မောင်းအား ရှီချန်ရပ်ကွက်ရှိ သူ၏ အိမ်သို့သာ လိုက်ပို့ပေးရန် ညွှန်ကြားလိုက်တော့၏.။
အိမ်ထဲသို့ စုန့်ယွင်ရန် ဝင်လိုက်သည်နှင့် စင်္ကြံလမ်းတွင် ချိတ်ဆွဲထားသော အဆောင်လေးက သူ့အားဆီးကြိုနေလေသည်..။
သူသည်ကား  ပိုက်ဆံအိတ် ကိုင်သည့် အလေ့အထမရှိ..ဖုန်းတွင်လည်း အလှဆင် သော့ချိတ် လေးများ တပ်ဆင်ရသည်အား ဝါသနာမပါလေရာ ချင်ကဲဆီမှ ထိုအဆောင်လေး လက်ဆောင် ရချိန်တွင် မည်သည့်နေရာတွင် ထားရမည် မသိဖြစ်နေရာမှ အိမ်မှ ထွက်ချိန်နှင့် အိမ်တွင် နေထိုင်ချိန် နှစ်ချိန်လုံး ဘေကင်းစေရေးအတွက် ထိုလက်ဖွဲ့လေးအား အိမ်အဝင် စင်္ကြံလမ်းတွင် ချိတ်ဆွဲထားလိုက်ချင်းဖြစ်၏.။
လက်ဖွဲ့လှလှလေးကြောင့် စင်္ကြလမ်းလေးမှာ အလှတိုးသွားရုံမက အဆောင်လေးချိတ်ဆွဲထား သည့်နေ့မှစ၍ မတော်တဆမှုလေးအချို့ကြုံလာရသည့်တိုင် သူ အနာတရ ထပ်မဖြစ်တော့ပေ.။
စုန့်ယွင်ရန်သည် စင်္ကြံလမ်းမှ ဖြတ်ချိန်တိုင်း ထိုအဆောင်လေးအား တစ်ချက်သာ  ဖျတ်ခနဲ့ ကြည့်မိလေ့ ရှိသည်.။
ယနေ့တွင်မူ အရင်ရက်များနှင့်မတူ ကွဲပြားခြားစွာ ပြုမူမိလေပြီ.. စင်္ကြံလမ်းထက်ရှိ အဆောင် လှလှလေးအား  အတော်ကြာကြာ စိုက်ကြည့်နေမိလေတော့သည်.။
အပေါ်ထပ်တွင် သန့်ရှင်းရေးလုပ်နေသော အန်တီကြီးခမျာ အောက်ထပ်သို့ ရောက်လာချိန်တွင် အသံမပေးဘဲ ဧည့်ခန့်ထဲတွင် မိန့်မိန့်ကြီးထိုင်နေသည့် စုန့်ယွင်ရန်အား ရုတ်တရက် တွေ့လိုက် ရသောအခါ အလန့်တကြား ဖြစ်သွားရှာ၏.။
အန်တီကြီး သည် ပုံမှန် လုပ်နေကြအတိုင်း သန့်ရှင်းရေး လုပ်ပြီးသည်နှင့် “ယွင်ရန်ရေ.. ညနေစာ ကို အိမ်မှာ စားမှာလား..?အလုပ်ခရီးကနေ ပြန်လာရတာဆိုတော့ ပင်ပန်းနေမှာ.. အဒေါ် ကြက်သားပေါင်း စွပ်ပြုတ်လေး လုပ်လိုက်ရမလား..?”
“ဟုတ်ကဲ့” စုန့်ယွင်ရန် အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် “ ကျွန်တော် omelette.  (ကြက်ဉကြော် ) မစားရတာကြာနေပြီ.. ကျွန်တော့်ကို တစ်လုံးလောက်ကြော်ပေးလို့ ရဉီးမလားဗျ ”
အန်တီကြီးသည်ကား သူ့အား နားမလည်နိုင်သော မျက်ဝန်းကြီးနှင့် စိုက်ကြည့်နေရှာ၏.။
ရှောင်စုန့်လေးပဲ ကြက်ဉ ကို အစားအသောက်စာရင်းကနေ ဖယ်လိုက်တော့ဆို..?။
မပြောတော့ပါဘူးလေ ထားလိုက်ပါတော့မယ် ဘယ်တုန်းကရှောင်စုန့်လေး အပြောနဲ့ အလုပ်ညီခဲ့တာကျနေတာပဲကို..ဟု တွေးကာ မေးခွန်းပင် ပြန်မထုတ်တော့ဘဲ မီးဖိုချောင် ထဲသွားကာ ချက်ကာပြုတ်ကာနှင့် အလုပ်ရှုပ်နေလေတော့၏.
စုန့်ယွင်ရန်သည် သက်တောင့်သက်သာ နားနေရာမှ ဖုန်းလေးအားဖွင့်ကာ ဂိမ်းကစားရန် ပြင်လိုက် လေတော့၏.။
မနေ့ညကချိန်ကျားမင်၏ သူငယ်ချင်းများနှင့် ဂိမ်းကစားခဲ့ကြလေရာ သူတို့နှင့်လည်း ဂိမ်းထဲတွင် သူငယ်ချင်းများ ဖြစ်နေကြလေပြီ.။သူတို့သည်လည်း သူ၏ သရုပ်မှန်အား သိပြီးကြပြီ ဖြစ်လေရာ သူ online ပေါ်သို့ရောက်လာသည်အား မြင်လိုက်ကြသည်နှင့် ဂိမ်းအတူကစားရန် invitation များပို့ကြလေတော့သည်.။
ထို ဖိတ်ကြားချက်အား စုန့်ယွင်ရန် မြင်လိုက်သည်နှင့် လက်ခံသည်ဟူသော ခလုတ်လေးအား နှိပ်တော့မည့် အချိန်တွင် ချင်ကဲ၏ မနေ့ညက ဖိတ်ခေါ်ချက်အား အမှတ်ပြန်ရမိသွားသော အခါ သူ့၏ စိတ်ဝိဉာဉ် တစ်ခုလုံး ကျေနပ်ပီတိ ဂွမ်းဆီထိ ဖြစ်သွားလေတော့သည်.။
အာ..မနေ့ညက ချိန်ကျားမင်နဲ့ငါ ဂိမ်းအတူ ကစားကြတယ်ဆိုတာကို ချင်ကဲသိသွားတာနဲ့ ဖြစ်လိမ့်မယ်နဲ့တယ်..
ဒါနဲ့ပဲ ချိန်ကျားမင် ကို အရှုံးမပေးချင်တာနဲ့ ဂိမ်းကစားဖို့ ငါ့ကို invite လုပ်လိုက်တာပေါ့လေ..?
သဝန်တိုစရာမရှိတာကို ကြံဖန်သဝန်တိုနေတယ်ကွာ ..
စုန့်ယွင်ရန်သည် တဖျစ်တောက်တောက် အနည်းငယ် ရွတ်ပြီးနောက် ချင်ကဲ ခံစားသွားရသည့် အပေါ် စိတ်မကောင်းဖြစ်သွားလေတော့သည်..။
အရင်က ချင်ကဲသည် သူ့အား ကောင်းကောင်းပင် မသိပေးဘဲ အဘယ်ကြောင့် သူ့အပေါ် ချစ်စိတ်ယိုဖိတ်လာသည်ကို ကောင်းကောင်းနားမလည်ခဲ့၍ တစ်ခါတစ်ရံတွင် သူ့အား ချစ်နေသည်မှာ မဖြစ်နိုင်ဟု သံသယဝင်ခဲ့သော်ငြား
ယခု အချိန်တွင်မူ ချင်ကဲသည်လည်း Reborn person ဖြစ်နိုင်သည်ဟု သိလာရသဖြင့်ချင်ကဲမှာ သူ့အပေါ် ထားရှိသော အချစ်ကြောင့် နှစ်ဘဝတိုင်တိုင် ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေခဲ့ရပြီ ဖြစ်ကြောင်း  သတိပြုမိသွားလေတော့သည်..။
ချင်ကဲ၏ အချစ်ဇာတ်လမ်းအား အခြားလူများ ကြားသိသွားပါက ကျောက်တုံးနှလုံးသား ရှိသူပင် နက်နက်ရှိုင်းရှိုင်း ခံစားသွားရပေလိမ့်မည်..
ကြင်နာတတ်သော နှလုံးသားလှလှ အား ပိုင်ဆိုင်ထားသော ရှောင်စုန့်လေး ဆိုလျှင်ဖြင့်…
ဂိမ်းထဲမှ သူငယ်ချင်းများပေးပို့လာသည့် invitation အား ငြင်းပယ်လိုက်ကာ wechat သို့ သွား၍ မနေ့ညက မှတ်တမ်းအချို့အား ပြန်ကြည့်ပြီးနောက် သူ၏ ချင်ကဲအပေါ် ပြောလိုက်သည့် စာကြောင်းမှာ တဲ့တိုးဆန်ကာ အခြားတစ်ယောက်အား နာကျင်သွားစေနိုင်ကြောင်း သတိပြုမိ သွားလေတော့၏.။
ချင်ကဲ ၏ ယနေ့ စိတ်အခြေအနေမှာ ဆိုးဝါးနေကြောင်း ရှောင်ခယ့်၏ စကားအား ပြန်လည် ကြားယောင်မိသည့်နောက်တွင် သူ၏ ငြင်းပယ်မှုကြောင့် ချင်ကဲ နာကျင်သွား၍ ဖြစ်မည်ဟု ကောက်ချက်ချလိုက်လေတော့သည်..။
အကြောင်းအရာ အားလုံးအား ပြည့်ပြည့်စုံစုံ သဘောပေါက်ပြီးနောက်တွင် စုန့်ယွင်ရန် ခမျာ စိတ်မကောင်း ဖြစ်သွားရှာတော့၏.။
ဖုန်းမျက်နှာပြင်အား စိုက်ကြည့်ကာ ချစ်တတ်လွန်းသူ ကောင်းကင်သားတော် ချင်ကဲလေးအား မည်သို့မည်ပုံ စိတ်ချမ်းသာအောင် ပြုလုပ်ပေးရပါမည်နည်းဟု တွေးတောရှာလေတော့သည်.။
သူသည်ကား ချင်ကဲနှင့် သူ့ကြား သားအဖ ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းနေသော်ငြား တစ်ဖက်လူမှာ သူ၏သား ဖြစ်ချင်ပုံမရ.. ထို့အပြင် တစ်ဖက်လူမှာ သူ့အား နှလုံးသား တစ်စုံလုံး ရင်း ၍ နှစ်ဘဝလုံး ချစ်နေရှာသူဖြစ်လေသည်.။သူ(စုန့်)၏ ရည်ရွယ်ချက်မှာ ချင်ကဲ၏ ချစ်ခြင်း တရားကြောင့် ယိုင်လဲသွားမည် မဟုတ်သော်ငြား မိဘများ၏ကောင်းစွာ သင်ကြားပြမှုအား ခံထားရသူ စုန့်ယွင်ရန်မှာ သူ၏ သားဖြစ်သူကိုလည်း ကမ္ဘာကြီးအကြောင်း ကောင်းစွာနားလည် သဘောပေါက်စေရန် သင်ကြားပေးရမည့် တာဝန်ရှိသည်ဟု ခံယူထားလေသည်.။
“ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ..ဒီလို အချစ်ရေးအချစ်ရာကြောင့် စိတ်ထိခိုက်နေရတယ်လို့ ရိုက်ကူးရေးမှာတောင် ပြဿနာရှိနေပြီလားမသိဘူး..ကလေးတွေများ ခက်လိုက်တာနော်..”
စုန့်ယွင်ရန်သည် ဝူတူးဝါးတားနှင့် စိတ်ထင်ရာများအား ရေရွတ်ပြီးနောက် ချင်ကဲ၏ နှလုံးသား ဒဏ်ရာ သက်သာစေရေး အချိန်မှီ ကုသပေးရမည်ဟု တွေးလိုက်လေတော့သည်.။
ထို့နောက် စာတစ်ကြောင်းအား ခပ်ဖြည်းဖြည်းရိုက်ကာ ပို့လိုက်လေတော့၏..
{ ဒီနေ့ ရိုက်ကူးရေးလုပ်ရတာ တအားပင်ပန်းနေလား..?}
တယ်တော်တဲ့ ငါပါလား နိုင်ငံကို ကယ်တင်နိုင်မယ့် လမ်းကြောင်းပေါ် ခြေချနိုင်လိုက်ပြီ..
ဒီစာကြောင်းက သူဌေးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို ကျေပွန်တဲ့ပုံလည်းပေါက်တယ် အသုံးအနှုန်းကလည်း ပြေပြစ်နေရောပဲ..
မကြာမတင်ပင် ချင်ကဲ ထံမှ ပြန်စာရောက်လာ၏..
{အဆင်ပြေပါတယ်ဗျ.. အခု ကျွန်တော် နားဖို့ အချိန်ရပြီလေ..}
အလဲ့ ငါ အချိန်ရွေးလိုက်တာ ကွက်တိ ဖြစ်သွားပြီ..
စုန့်ယွင်ရန်မှာ ချက်ချင်းပင် စာပြန်ပို့လိုက်၏.
{အော..ဪဒါနဲ့လေ ရှောင်ခယ့်ဆီက ကြားလိုက်တယ် ဒီနေ့ စိတ်မကြည်မလင်ဖြစ်နေတယ် ဆို }
ထိုစာကြောင်းအား ပို့ပြီးသည်နှင့် စုန့်ယွင်ရန်သည် မလုံလောက်သေးဟု ခံစားရသဖြင့် ထပ်ပို့ရန် စာသားများ ဆက်ရိုက်လေတော့သည်.
{ တကယ်တော့ မနေ့ကလေ ခင်ဗျားနဲ့ ဂိမ်းအတူတူမကစားဘဲ ချိန်ကျားမင်နဲ့ ကစားလိုက်တာ ကလေ တခြားမဟုတ်ဘူး.. တကယ်တော့ အဲ့လိုကစားရတဲ့ အကြောင်းကလေ..}
စုန့်ယွင်ရန်၏ ရိုက်လက်စ စာကြောင်း အဆုံးမသတ်မှီ ဖုန်း၏ ဘယ်ဘက်ထောင့်ရှိ မျက်နှာ ပြင်ထက်တွင် စာကြောင်းလေးတစ်ကြောင်း ပေါ်လာအား မြင်လိုက်ရလေတော့သည်.။
ချင်ကဲ ; “ သူ လျှောက်ပြောသွားတာ”
စုန့်ယွင်ရန် ; “….”
ငါရှင်းပြမယ့် စာလေးတော့ စောင့်ဦးမယ် မရှိဘူး..ဟမ့်
နောက်တစက္ကန့်ခန့်အကြာတွင် ချင်ကဲထံမှ စာတစ်ကြောင်း ထပ်ရောက်လာလေသည်။
{ ကျွန်တော် လုပ်စရာ အလုပ်လေးရှိနေလို့ … ဥက္ကဌလေး ကောင်းကောင်း အနားယူ လိုက်ပါတော့ဗျာ..}
စုန့်ယွင်ရန်မှာ မယုံနိုင်ဖြစ်သွားလေသည်..
စာ စပို့တဲ့လူက ငါလေ အဲဒါကို စာလေး တစ်ကြောင်းနှစ်ကြောင်း ပို့ပြီး ငါ့ စကားစကို သူက ဖြတ်ပစ် တယ်..အမယ် အမယ် လိုင်းပေါ်ကတောင် ဆင်းသွားပြီ..ဟမ့်
သူ ဒေါသတေွ တအားထွက်နေတာများလား..?
ငါကဖြင့် သူ့ကို ဂရုမစိုက်မိတာကို စိတ်မကောင်းဖြစ်သွားလို့ စာပို့ပြီး စိတ်သက်သာရအောင် လုပ်ပေးမလို့လုပ်နေတာလေ..ဒီအချိုးချိုးလိုက်တာ ငါ့ကိုငါ ပိုပြီး အပြစ်တင်စိတ်ခံစားပြီး သူ့ကို ပိုဂရုစိုက်လာအောင် များ ဗျူဟာခင်းနေတာများလား..?
စုန့်ယွင်ရန်သည် ခေါင်းတခါခါနှင့် ချင်ကဲ၏ ဗျူဟာ ညံ့ဖျင်းမှုအား စုတ်တသပ်သပ် ဖြစ်နေရာမှ စိတ်ဆိုးသွားလေတော့သည်.။
ဒီ ဥက္ကဌရဲ့  စိတ်ရှည်မှု ကလည်း အကန့်အသတ်ရှိတဲ့ Limited edition ပါနော် …ဟမ့်
စုန့်ယွင်ရန်သည် မကျေနပ်ချက်များအား ပွစိပွစိ ရေရွတ်ကာ ဖုန်းအား ကော်ဖီစားပွဲပေါ် မကျေမနပ်နှင့် ပစ်တင်လိုက်လေတော့သည်..။
အခြားတစ်ဖက်တွင်မူ ချင်ကဲသည် ချန်ကျင်း မှ ခေါ်ဆိုလာသည့် ဖုန်းအား ပြန်ဖြေနေလေသည်.။
ချန်ကျင်းသည် အလျင်လိုနေဟန်ဖြင့် “ မင်းနဲ့ ရှောင်စုန့် မလည်းနော် တစ်ချိန်လုံး ဓါတ်ပုံ ရိုက်ခံ နေတာပဲ”
ချင်ကဲ : “ ဟမ်..?”
ချန်ကျင်း : “ ရှောင်စုန့် မနေ့က ရှုတင်ကို ရောက်လာတယ်မလား ..ရိုက်ကူးရေးမှာ သုံးတဲ့ မီးတိုင်တွေနဲ့တောင် ခိုင်းမိမလို ဖြစ်သွားသေးတယ်ဟုတ်..?အဲဒါကြောင့် မင်းသူ့ကို ဆွဲဖယ်ပေး လိုက်ရသေးတယ် မလား..?”
“အဲ့ အကြောင်းကို  ဓါတ်ပုံ ရိုက်သွားကြတာဟေ့”
ချင်ကဲ : “ ကျွန်တော်တို့ တွေ ဘာထွေထွေထူးထူး မှ လုပ်ကြတာမဟုတ်တာ. အဲ့ပုံရိုက်သွား တော့ရော ဘာလုပ်လို့ရမှာလဲ … ကြီးကြီးမားမားကိစ္စ ဖြစ်သွားတာ ရှိလို့လား..?”
ချန်ကျင်း၏ သက်ပြင်းချသံက ဖုန်းတစ်ဖက်မှ ထွက်လာလေတော့သည်.
“ကြီးကြီးမားမားကိစ္စရယ်လို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့ မင်းတို့နှစ်ယောက် က တွန်းလိုက်ဆွဲ လိုက် ဖြစ်နေကြတော့ ကြည့်ရတာတော့ ထူးဆန်းနေတာပေါ့ဟယ်..တော်သေးတာပေါ့ နှစ်ယောက်လုံး က ယောက်ျားလေးတွေ ဖြစ်နေကြလို့..မိန်းကလေးနဲ့ ယောက်ျားလေးသာဆို scandal သေချာပေါက်ထွက်ပြီ..ငါ မင်း ကြည့်ကြည့်ရအောင် Link လှမ်းပို့လိုက်မယ်.. ကိုယ့်ဘာသာ သာ ကြည့်လိုက်တော့..နောက်ဆို အဲ့လိုထပ်မဖြစ်အောင် ဂရုစိုက်နေပေါ့ဟာ..”
ယောက်ျားလေးနှစ်ယောက်ပုံ ဖြစ်နေပေမဲ့ အဲ့ပုံက လိုတာထက်ပိုပြီး သိမ်သိမ်မွေ့မွေ့နဲ့ ကြည်နူးစရာ ကောင်းနေတယ်ဟဲ့..
ထိုစကားကိုကား ချင်ကျင်း စိတ်ထဲမှ ရေရွတ်ပြောဆိုလိုက်ခြင်းဖြစ်၏.။
ဖုန်းချပြီးနောက် ချင်ကဲသည် သံသစိတ်များဝင်ကာ မှက်မှောင်ကြုတ်မိသွားတော့၏.။
“သိုင်းလောက၏ လမ်းမများ”ရိုက်ကူးရေး အဖွဲ့သည် လူစိမ်းများအား ရိုက်ကူးရေးသို့ လုံးဝ ဝင်ခွင့် မပြုသည့် စည်းကမ်းတင်းကျပ်သည့် ရိုက်ကူးရေး အဖွဲ့ဖြစ်၏.။သို့ရာတွင် ရိုက်ကူးရေး လုပ်နေသည့်နေရာမှာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရန် ဖွင့်လှစ်ထားသည့် နေရာ ဖြစ်နေလေရာ ရိုက်ကူးရေး ၏ အပြင်ဘက်မှ အရည်အသွေးမြင့် ကင်မရာကြီးများအား မှန်ဘီလူး ရှည်ရှည်ကြီးများသုံးကာဓါတ်ပုံ ရိုက်နေကြသူများကိုမူ အဖွဲ့သားများက တားမြစ်၍မရနိုင်ပေ.။
ထိုကိစ္စနှင့် ပတ်သက်၍ မသိဟန်ဆောင်ပေးရလေ့ရှိ၏.။ ထိုသို့သော ရိုက်ကူးသူများသည် ဇာတ်လမ်းအား spoilers ပေးနိုင်သည်အထိ အချက်အလက်မရနိုင်ပေ..။ထို့အပြင် ထို ဓါတ်ပုံ များသည်ပင် netizens များကြားကျော်ကြားလာနိုင်ကာဇာတ်လမ်းအားလူသိများစေနိုင်သေး၏။
ဒါပေမဲ့ အဲ့လူတွေက ဘာဖြစ်လို့ ရှောင်စုန့်ပါတဲ့ ပုံကို ရိုက်သွားကြတာပါလိမ့်..?
ချင်ကဲသည် ချန်ကျင်းပို့လိုက်သည့် Link အား ဖွင့်ကြည့်လိုက်ရာ ဓါတ်ပုံတင်ထားသူမှာ Summer ice-cream  ဟု အမည်ရသည့် blogger တစ်ယောက် ဖြစ် လေသည်.။
ပေးထားသည့် Link အား ဆက်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးနှင့် မြင်လိုက်ရသော Post ကြောင့် အံ့ဩမင်သက်သွားလေတော့သည်..။
ထို Post မှာ ဖန် account  တစ်ခုမှ တင်ထားခြင်း ဖြစ်လေသည်..
ထို ဖန် account ရှိတင်ထားသည့်ပုံများမှာကား …
ဒါကြီးက ဘာကြီးလဲ ဟု တွေးကာ ချင်ကဲတစ်ယောက် မူးဝေဝေဖြစ်သွား ရှာလေတော့သည်..
(T/N - ဒါဒါတို့ရေ ချစ်တယ်နော် ဟဲဟဲ စောင့်ပေးကြလို့ ကျေးဇူးပါ
..ဒါဒါ အသစ်လေးတွေကို လည်း တွေ့နေရတယ် လာဖတ်ပေးကြတာ ကျေးဇူးပါ .
. ဒါနဲ့လေ Click ကြပါဦးလို့ ဟီးဟီး )

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now