CH - 75

3.3K 504 4
                                    


ချင်ကဲသည် သူ၏ ချစ်သူလေးက ကလေးလေးတစ်ယောက် ကဲ့သို့ ပြုမူကာ ပို့လိုက်သည့်message အား လက်ခံရရှိချိန်တွင် လေယာဉ်ကွင်း၏ VIP နားနေ ခန်း၌ ရောက်နေပြီ ဖြစ်သည်...

နွေဦးပွဲတော်တွင် လေယာဉ်ကွင်းကြီးသည် လူများ ပျားပန်းခတ်စွာဖြင့် အလွန်အလုပ်များနေသည်...

ခရီးသွားများအား မွေးရပ်မြေ သို့ ပို့ဆောင်ပေးနိုင်ရန်အတွက် လေယာဉ် ထွက်ခွာ တော့မည့် အကြောင်း ကြေညာချက်များ... ဆိုက်ရောက် လေယာဉ် အကြောင်း ကြေညာချက်များဖြင့် ဆူဆူညံညံ ရှိနေ၏...

Message Box မှ အဖြူရောင်နောက်ခံဖြင့် ရှိနေသည့် စာသားများအား ကြည့် ရင်း သနားစဖွယ် ခွေးပေါက်လေးတစ်ကောင်၏ ပုံရိပ်က သူ့အတွေးထဲ ဝင် လာ လေသည်...

ထိုခွေးလေးသည်ကား နှင်းတောထက်၌ စုန့်ယွင်ရန် ဆွဲခဲ့သည့် ခွေးရုပ်​လေး နှင့် တစ်ပုံစံတည်းပင်...

နားရွက်ကြီးနှစ်ဖက်မှာ အောက်သို့ ကုပ်ကျနေပြီး မျက်လုံးလေးများ မှာလည်း တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသဖြင့် ကြေကွဲမှု့ အပြည့်နှင့်ပင်... ထို ခွေးပေါက်လေးသည် ယခုအချိန်တွင် စက္ကူပုံးထဲတွင် ဆောင့်ကြောင့်လေး ရှိနေပြီး "ကျွန်တော်က နာခံတတ်တဲ့ ခွေးလေးပါ... မွေးစားပါနော်" ဟု ပြောချင်နေသလိုပင်...

စုန့်ယွင်ရန်သည် နှစ်သစ်ကူးအား တစ်ယောက်တည်း ဆင်နွှဲရမည် ဆိုသော်ငြား ဗီလာတစ်ခုလုံးတွင် သူတစ်ယောက်တည်း ရှိနေမည် မဟုတ် ကြောင်း သူသိ၏...သို့သော် ချင်ကဲသည် အတန်ငယ်ကြာ စဉ်းစားပြီးနောက်

{ နှစ်သစ်ကူးကို အခြားမြို့မှာ လိုက်ကုန်ဆုံးချင်လား...?}

ထို message အား "ding" ဟု လက်ခံလိုက်ရသော် စုန့်ယွင်ရန်သည် စားပွဲပေါ်တွင် မှောက်အိပ်နေရာမှ ဝုန်းခနဲ ထလိုက်မိတော့သည်...

ဖုန်းထက်မှ အသစ်စက်စက် Message လေးကြောင့် အတန်ငယ် မိန်းမော သွားပြီးနောက် အထပ်ထပ်ခါခါ ပြန်ဖတ်ကာ ထိုmessage ထက်မှ အနှစ်ချုပ် အဓိပ္ပါယ်အား သူ၏ ထက်မြက်လှသည့် ဦးနှောက်မှ ဤ​သို့ ဘာသာပြန် လိုက်လေသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now