မျက်လုံး သုံးစုံဖြင့် မျှော်လင့်တကြီးကြည့်ခံလိုက်ရသဖြင့် စုန့်ယွင်ရန်မှာ ပင့်ကူ မယ်များ၏ ဂူထဲ ရောက်သွားသည့် ထန်ဘုန်းကြီး ကဲ့သို့ ခံစားလိုက်ရသည်... သူတို့ သုံးဦး ၏ ပင့်ကူမယ်များကဲ့သို့ အကြံဉာဏ်အား သူကြိုတင် မခန့်မှန်းမိလိုက်ပါက စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများ နေရာတွင် သူအား အစားထိုးကာ တည်ခင်းခြင်းအား ကြုံရပေတော့ မည်...
(လုံလောက်ပါပြီလေ... ငါ့ကို ဒီ စားနေကြကြောင်ဖားကြီးတွေ မလှည့်ဖျား နိုင်တာနဲ့တင် ဟုတ်လှပါပြီ ... အခုခေတ်မှာ Shopping mall လို နေရာ တွေကတောင် စစ်မြေပြင်အသွင် ပြောင်းကုန်ပြီပဲ...အချိန်မရွေး နေရာမရွေး အသက် အန္တရာယ် ကျရောက်နိုင်တာပါလားနော်..)
(အင်း... ဥက္ကဌတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့..)
သရဖူအား ဆင်မြန်းခြင်ပါက ထို သရဖူ၏ အလေးချိန်အား ခံနိုင်ရည် ရှိရမည် ဖြစ်ကြောင်း စုန့်ယွင်ရန် နားလည်ထားလေသည်...
သို့သော် ယခုတွေ့ဆုံပွဲအား လာရောက်ရန်အတွက် ချင်ကဲအား ဂုဏ်ပြုရန် ကျင်းသည့် စားသောက်ပွဲအား လွတ်သွားသည့်အကြောင်း စဉ်းစားမိလိုက်ရာ ရှောင်စုန့်၏ ဒေါသများ မြင့်တက်လာတော့၏...
ချင်ကဲသည် သူ့အား အလွန်သဘောကျသည်ဖြစ်သော်လည်း သူသည် အလုပ် နှင့် ချစ်သူကောင်လေးအား ယှဉ်ကာ ရွေးချယ်လာရချိန်တွင် အလုပ်အား ဉီးစား ပေးခဲ့မိသည်... ချင်ကဲ တစ်ယောက် ဘယ်လောက်များများ ဝမ်းနည်း သွားမည်ကို သူ မပြောနိုင်တော့..
အရောင်အဆင်းကင်းမဲ့နေသော ပန်းချီကားတစ်ချပ် အား စုန့်ယွင်ရန် မြင်ယောင် မိလာသည်...
ဂုဏ်ပြုပွဲ ပါတီတွင် ချင်ကဲအား တွေ့သည့် လူတိုင်းက ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားကြပေလိမ့်မည်... ချင်ကဲသည် ဆုံးရှုံးမှု့အား ကြံ့ကြံ့ခံ ကာ အပြန်အလှန် နှုတ်ဆက်စကားများ ဆိုနေပေလိမ့်မည်... သို့သော် မျက်နှာအား တစ်ဖက်သို့ လှည့်လိုက်သည်နှင့် နီရဲနေသည့် မျက်လုံးတစ်စုံ မှာ ပေါ်ထွက်လာပြီး ရှန်ပိန်တစ်ခွက်အား မျက်ရည်စများဖြင့် လောင်းထည့် နေပေလိမ့်မည်...

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...