CH- 54.1

3.4K 559 2
                                    

စုန့်ယွင်ရန်၏ အာရုံအားလုံးမှာ ထို အချိန် ထိ game live ပေါ်တွင်သာ နစ်မြှုပ်နေခြင်း ဖြစ်လေ၏....
ချင်ကဲ၏ အမေးစကားကြောင့် ရှောင်စုန့်ကြောင့်  သွေးဆောင့်တိုးသွားလေရာ စိတ်မကြည်မလင် ဖြစ်လာလေသည်...

ဒေါသထွက်သွားသည့် ရှောင်စုန့်မှာ ချင်ကဲ တစ်ယောက် အတင့်ရဲလာသည့်အပေါ် မကျေမနပ် ဖြစ်လာတော့၏..

သူ့အား ယခု ချင်ကဲ ပြောသည့် လေသံမျိုးနှင့်  ပြောရဲသူမှာ စုန့်ကျီဒုန် သာ ရှိလေသည်...
ထိုသည်မှာလည်း လွန်ခဲ့သော ၁၀ နှစ် ကရှောင်စုန့်တစ်ယောက် ကာတွန်းစာအုပ်အား ကျောင်းဖတ်စာ စာအုပ်ထဲ ထည့်ကာ ခိုးဖတ်သည်ကို မိသွားစဥ်အချိန်က  ဖြစ်၏..

တစ်ဆက်တည်း ဆိုသလို သူ့အား ထိုလေသံနှင့် ပြောရဲသူမှာ သူ အဖေ ဟု ခေါ်ရသည့် မွေးသဖခင် စုန့်ကျီဒုန် ဖြစ်ကြောင်းအား သတိထားမိလိုက်လေရာ ရုတ်ခြည်းပင် ဒေါသမီးတောက်ထဲ ဆီလောင်းထည့်လိုက်သလို ဖြစ်သွားလေပြီ...

" ခင်ဗျားပြောတာ ဘာအဓိပ္ပါယ်လဲ .?"

စုန့်ယွင်ရန်မှာ ဒေါသထွက်ထွက်နှင့် ဖုန်းအား အလောတကြီး ဆက်ပြော၏...
" ကျုပ်လည်း လူကြီး ဖြစ်နေပါပြီ... ဂိမ်း live လေး ကြည့်ဖို့အရေးကို ခင်ဗျားဆီက ခွင့်ပြုမိန့် တောင်းစရာ လိုသေးတာလား ..ဟမ်...!?"

ချင်ကဲ : "..... "

သူ ပြောလိုက်သည့် မကျေမနပ်စကားအား ဤ ကဲ့သို့သော် အပြောမျိုးဖြင့် တမူထူးခြားစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ချင်ကဲ မထင်ထားပေ...

သူ့၏ အင်္ကျီအား လက်တစ်ဖက်ဖြင့် ကြယ်သီးဖြုတ်ကာ အဝတ်အစား လဲရင်း " ဥက္ကဌလေးနဲ့ ချိန်ကျားမင်က အတော်လေးရင်းနှီးကြတာလား.?"

ထိုအခိုက်၌ စုန့်ယွင်ရန် ဂိမ်းထဲ ရောက်နေသည့် စိတ်လေး မူလအခြေအနေသို့ ပြန်ရောက်လာလေပြီ... တစ်ဆက်တည်း ဆိုသလိုပင် သူ လိုချင်နေသည့် အချက်အား တူးဆွနိုင်တော့မည့် အခြေအနေ ရောက်ချိန်နီးပြီ ဟုလည်း သတိပြုလိုက်မိ၏..

" ရင်းနှီးလှချည်ရဲ့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ သူက သူ့ရဲ့ live broadcast ကို လာကြည့်ပါဦးတဲ့ ... သူ ဒီလမ်းကိုလျှောက်အောင် ဆွဲဆောင်လမ်းပြ ခဲ့တဲ့သူက ကျွန်တော် ဆိုတော့ သူ အောင်မြင်နေတာကို အားပေးပါဦးဆိုတာနဲ့လေ ..."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now