ဆွေးနွေးမှု့များ ပြီးစီးသည့်နောက် Video Call အားချကာ စုန့်ယွင်ရန်သည် အိမ်ထဲတွင် အေးအေးသက်သာ လမ်းပတ်လျှောက်တော့၏..
အိပ်ခန်းတွင်းမှ ခွက်၍ ဒုတိယထပ်ရှိ ၆ မီတာုမြင့်သော ပြူ တင်းပေါက်ကြီးတွင် ရပ်၍ နေဝင်ချိန်အား ခံစားလိုက်၏..
သူ၏စိတ်အခြေအနေကား အတော်ပင် ကောင်းမွန် နေလေ၏..သိုင်းပညာရှင်များက ယင်နှင့်ယန် နှစ်မျိုးလုံး၏ သွေးကြောများ ဖွင့်လှစ်နိုင်သွားသကဲ့သို့ သူသည်လည်း သိထားသော အနာဂတ်မှ အကြောင်းအရာများကို အသုံးချ ကာ ငွေရှာနိုင်ရုံမက ကိုယ့်စိတ်ကူးအကြံဉာဏ် များကို သုံးကာပင် ငွေရှာလမ်းကြောင်းအား ရှာနိုင်လာလေပြီ..။
ဖြစ်ပေါ်လာနိုင်သော ပြဿ နာများ နှင့် အန္တရာယ်များမှာ နှစ်ဆနှုန်းအထိ တက်သွားသော်လည်း သူ့သည် အရည်အချင်းရှိသော ဥက္ကဌစင်စစ် ဟု ပထမဦးဆုံး ခံစားလိုက်ရ၏..။
အောက်ထပ်မှ တံခါးမြည်သံက သူ့အတွေး များအား နှောက်ယှက်လိုက်တော့၏..
မီးဖိုချောင်တွင် သန့်ရှင်းရေးလုပ်နေသော အဒေါ်ကြီးက ခပ်မြန်မြန်ပင် တံခါးဆီ သွားကြည့်လိုက်၏..ထို့နောက် ဧည့်ခန်းဆီ ပြန်လာကာ " ယွင်ရန်ရေ...မစ္စတာချင်က သားကို လာရှာတယ်.."
စုန့်ယွင်ရန်သည် အောက်ထပ်သို့ ဆင်းနိုင်လောက်သည်ထိ မသက်သာသေးသဖြင့်
" သူ့ကို အပေါ်ထပ် တက်ဖို့ ပြောပေးပါ"ချင်ကဲ အပေါ်ထပ်ရောက်လာချိန်တွင် စုန့်ယွင်ရန်သည် အိပ်ယာထဲသို့ ပြန်ရောက်နေလေပြီ..
သူသည် အိပ်ယာခေါင်းရင်းတွင် ထိုင်နေပြီး ဒူးပေါ်တွင် laptop အား တင်ထားကာ မျက်မှောင်ကြုတ်လျှက် ကီးဘုတ်အား တဖြောက်ဖြောက်မြည်အောင် ရိုက်နေတော့၏..
နေမကောင်းသော အချိန်တွင်ပင် နားမနေနိုင် ဘဲ အလုပ်လုပ်နေသော ထက်မြက်သည့် ဥက္ကဌ အသွင် ပေါက်နေသည်..ဥက္ကဌကောင်းပုံရိပ်အဖြစ် မြင်ရန်ကား နဖူးပေါ်တွင် ဝေ့ဝဲကျနေသော ဆံပင်ပျောပျော့လေးများ...လျော့တိလျော့ရဲ ဖြစ်နေသော ညဝတ်ချည်သားအင်္ကျီပွပွ...အိပ်ယာနံဘေးတွင် ပွထနေသော မုန့်ထုပ်များနှင့် ဖျော်ရည် ဘူးများကိုကား ထည့်မတွက်ရန်တော့ လိုသည်...

ANDA SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romantikaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...