အခန်း (၁၂၁၇)(စာစဉ် ၈၇- အပိုင်း ၁၃)
“ဖျက်ဆီးခြင်း မီးတောက်များ”
ပိုင်ရှင်းယွဲ့မှာ ထူးဆန်းသော မီးတောက်တစ်မျိုး ပြုလုပ်ခဲ့ချိန် အားလုံးမှာ အံ့ဩတုန်လှုပ်ခဲ့ကြရသည်။
သို့သော် အဆင့် ခုနှစ်လူ တိုက်ခိုက်သည့်အချိန် ဝင်ရောက် ကူညီခဲ့ကြခြင်း မရှိခဲ့ပေ။
ရန်သူများမှာ အတွေ့အကြုံရင့်ကျက်၍ ဉာဏ်များ သော လူများပီပီ အခြေအနေတစ်ခုကို စောင့်ကြည့်လို ၍ ထိုသို့ မကူညီခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ သူတို့၏လူသာ တိုက်ပွဲကို အနိုင်သွားပါ က အကောင်းဆုံး ဖြစ်မည်ဆိုသော်ငြား ရှုံးနိမ့်သွားခဲ့ လျှင်မူ ထိုလူ၏ သေဆုံးမှုနှင့်အတူ မီးတောက်များ၏ စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
ထိုရည်ရွယ်ချက်ကြောင့် ရန်သူများမှာ သူတို့၏ လူ ကို မကူညီခဲ့ကြခြင်းပါပင်။
ယခုအခါအခြေအနေများမှာ ပြောင်းလဲသွားခဲ့ပြီး အဆင့်ခုနှစ် လူမှာ ခုခံနိုင်စွမ်းပင် မရှိတော့ချေ။
ပိုင်ရှင်းယွဲ့၏ တိုက်ခိုက်မှုကြောင့် စက္ကန့်ပိုင်း အ တွင်းမှာပင် သေဆုံးရတော့မည်သာ။
ထို့ကြောင့် ကျန်လူများမှာ ပိုင်ရှင်းယွဲ့၏ တိုက် ခိုက်မှု စွမ်းရည်ကို ထိတ်လန့်သွားကြပြီး ဆက်လက်၍ စောင့်မကြည့် ဝံ့ကြတော့သည့်အတွက် စုပေါင်းတိုက် ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
သူတို့အနေဖြင့် အဆိပ်ပြင်းနေသော ပိုင်ရှင်းယွဲ့ကို အမြန်ဆုံး အသေသတ်ပစ်မှသာ ရမည်ဟုလည်း တွေး လိုက်မိကြ၏။
ထိုအချိန် အားလုံး၏ စုပေါင်း တိုက်ခိုက်မှုကြောင့် ပေ ၁၀၀၀ အကွာအဝေး ပတ်ပတ်လည်လောက်တွင် ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
ပိုင်ရှင်းယွဲ့၏ ဓားမှာမူ အဆင့်ခုနှစ်ရှိသော လူထံ သို့သာ တိုးဝင် သွားနေတုန်းဖြစ်ပြီး သူမထံသို့ တိုးဝင် လာသော ဓားအလင်းတန်းများကိုမူ လျစ်လျူရှုထား လေသည်။
ထိုအဆင့်ခုနှစ် လူမှာ ရုတ်တရက် အသံနက်ကြီး ဖြင့် အော်ဟစ်လိုက်ပြီး နဖူးမှပင် သွေးများ စီးကျသွား တော့သည်။
YOU ARE READING