1187------1188

141 9 1
                                    

အခန်း (၁၁၈၇)(စာစဉ် ၈၅- အပိုင်း ၁၁)

“ကိုယ်ထင်ပြခြင်း”

“သတိထားကြ အာရုံစိုက်ခံရအောင်လို့ မနေကြနဲ့၊ မင်းတို့ကိုယ် မင်းတို့လည်း ကြည့်ဦး ဆူညံနေကြတာပဲ၊ မိုင်ထောင်ချီအကွာအဝေးက လူတွေတောင် မင်းတို့ရှိ မှန်းသိနေကြမှာ၊ ဘာလဲ မင်းတို့ကိုယ်မင်းတို့ သိပ်ပြီး အစွမ်းထက်နေတယ်ထင်နေလို့ လူမြင်အောင် ပြနေကြ တာလား . . .”

အဘိုးကြီးမှ ကြိမ်းမောင်းလိုက်၏။

“ဆူဆူညံညံတွေလည်း မလုပ်ကြနဲ့ကြားလား . . .”

အဘိုးကြီးမှ ထိုသို့ပြောချိန် လူအများမှာ သူ့စကား အား ဦးညွတ်လျက် နားထောင်လျက် နေကြ၏။

“ဆရာကြီးယွမ် . . .”

“ရှေ့မိုင် ၂၀၀၀ မှာ ကောင်းကင်လှေကားရှိတယ်”

မုတ်ဆိတ်မွှေးများဖြင့် လူတစ်ဦးမှပြောလိုက်သည်။

“ကံကောင်းလို့ တိမ်မြူခိုးနန်းတော်က အဲဒီမိန်းမ နှစ်ယောက်က ကောင်းကင်လှေကားဘက်ကို သွားမှာ မဟုတ်ဘူး၊ ဒီလိုမှမဟုတ်ရင် အခြေအနေတွေက ပိုပြီး ရှုပ်ထွေးသွားနိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို ကောင်းကင်လှေကား မရောက်ခင် ဖမ်းမှဖြစ်မယ် . . .”

အဘိုးကြီးမှ တည်ငြိမ်မှုအပြည့်ဖြင့် ပြောလိုက်ပြန် သည်။

“တကယ်လို့ သူတို့တွေသာ ကောင်းကင်လှေကား ကို ရောက်သွားရင် ငါတို့ရဲ့ လျှို့ဝှက်ချက်လည်း ပေါ် သွားနိုင်တယ်၊ အဲဒီမှာက လူတွေအများကြီး ရှိနေကြ တယ်လေ . . .”

“ဟုတ်တယ် . . .”

“ဘာပဲဖြစ်ဖြစ် ဒီမိန်းမနှစ်ယောက်ကို ဖမ်းနိုင်ဖို့ဆို ငါတို့လုပ်နိုင်သမျှ လုပ်ရမှာပဲ၊ သူတို့တွေ ကောင်းကင် လှေကားအနား ရောက်သွားလို့ မဖြစ်ဘူး . . .”

. . .

ညအမှောင်ထဲ၌ ဖြစ်၏။

ရုတ်တရက် ဓားအလင်းတန်းများ ပျိုးခနဲ ပြက်ခနဲ လင်းလက်သွားပြီး ကောင်းကင်ကြီးတစ်ခုလုံးပင် လင်း ထိန်သွားသည်။

ထိုဓားအလင်းတန်းများက ပိတ်ပိတ်မှောင်နေသည့် မဟူရာ ကောင်းကင်ကြီးအား နှစ်ခြမ်းခွဲပစ်တော့မလို ပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now