အခန်း (၁၁၅၁)(စာစဉ် ၈၃- အပိုင်း ၃)
“နမော်နမဲ့နိုင်မှု”
“ငါ့ရဲ့ နှလုံးသားထဲမှာ မင်းက အလှပဆုံး အမျိုး သမီးတစ်ယောက်ပဲ . . .”
“အခု စကားတွေ အများကြီး မပြောနဲ့တော့နော်၊ အနားယူလိုက်တော့ စိတ်ကိုလည်း တည်ငြိမ်အောင် ထား၊ ငါတို့ အတူနေဖို့ အချိန်တွေ အများကြီး ရှိပါ သေးတယ် . . .”
ရဲရှောင်မှ ကျွင့်ယင်းလျန်အား နွေးထွေးမှုအပြည့် ဖြင့် ပြောလိုက်သည်။
“ဟင့်အင်း မဟုတ်ဘူး . . .”
“ကျွန်မမှာ ပြောစရာ စကားတွေ အများကြီး ရှိနေ သေးတယ်၊ အဲဒီစကားတွေကို ကျွန်မ မေးကို မေးရ မယ်၊ တကယ်လို့ ကျွန်မသာ မမေးလိုက်မိရင် အဟွတ် အဟွတ် ကျွန် ကျွန်မ မေးခွန်းပေါင်းများစွာနဲ့ မသေ ချင်ဘူး . . .”
ကျွင့်ယင်းလျန်မှ မေးခွန်းများ ဆက်မေးချင်ဟန် ဖြင့် ပြောလိုက်သည်။
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ကောင်းပြီ ကောင်းပြီ အရင်ဆုံး မင်းရဲ့ စွမ်းအင် တွေကို စီးဆင်းအောင် ငါလုပ်ပေးမယ် အဲဒါမှ မင်းရဲ့ အခြေအနေက တည်ငြိမ်လာမှာ . . .”
သို့သော် ကျွင့်ယင်းလျန်က ရဲရှောင်အား စကား အပြောမခံဘဲ ကြားဖြတ်မေးလိုက်ပြန်သည်။
“ကျွန်မက တကယ်ပဲ လှလားဟင် . . .”
ထိုသို့ ပြောနေရင်း သူမ၏ အခြေနေက ဆိုးရွား သထက် ဆိုးရွားလာလေသည်။
“ဒါပေါ့ . . .”
“ဒါဆို ရှင်ကျွန်မကို ဘာလို့ ကြိုက်တာလဲ . . .”
“အဲ အဲဒါကတော့ . . .”
“မင်းကိုကြိုက်ဖို့က အကြောင်းပြချက်လိုလို့လား”
ရဲရှောင် ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွား သည်။
“အဲဒါဆို ကျွန်မကို ချစ်ရော ချစ်လား . . .”
“ဒါပေါ့ ချစ်တာပေါ့ . . .”
ရဲရှောင်မှ တွေဝေမှုမရှိဘဲ ချက်ချင်းပင် အဖြေပြန် ပေးလိုက်သည်။
“ရှင့်ကိုယ်ရှင် သိပ်ပြီးတွန်းအားပေးမနေပါနဲ့ ရှင် ကျွန်မကို မချစ်ဘူး မဟုတ်လား . . .”
YOU ARE READING