1741---------1750

34 0 0
                                    

အခန်း (၁၇၄၁ - က)(စာစဉ် ၁၃၈- အပိုင်း ၂)
“အဆိပ်လုံးများ”
ရဲရှောင်စိတ်ထဲ ထိုသို့ အရှက်မဲ့စွာဖြင့် တွေးတောလျက်ရှိ၏။ သို့သော် တစ်ချိန်တည်းမှာလည်း သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်နေမိသည့် အရာတစ်ခု ရှိနေသည်။
တောင်ခြေတွင် ကျင့်ကြံမှုပြုလုပ်နေသော အဆိပ်ဘုရင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် အဆိပ်ဘုရင်အား ပေါ်မလာစေချင်သေးပေ။
ထို့ပြင် အဆိပ်ဘုရင်က ယခင်ထက် များစွာ တိုးတက်မှုရှိလာပြီဆိုသည့်တိုင် ယခုကဲ့သို့ ဖားပြုပ်နှင့် လူများ အကြား ပြင်းထန်လှသော တိုက်ပွဲအတွင်း ဝင်ရောက်ရန်မှာ အားနည်းလွန်းနေသေးသည်။
မတော်တဆ လက်ဝါး ရိုက်ချက်ကြောင့်ပင် အသက်ပါသွားနိုင်သည် မဟုတ်ပါလား။ ထိုမျှမက ဖားပြုပ်ကြီး ကလည်း အဆိပ်ဘုရင်အား တစ်ချက်တည်းဖြင့် အလွယ်တကူ အသေသတ်ပစ်နိုင်ပေသည်။
အဆိပ်ဘုရင်မှာမူ ပထမဆုံးအကြိမ် တောင်အတွင်းသို့ဝင်၍ အဆိပ်များကို စုပ်ယူခဲ့ချိန် ၈ ရက်တိုင်တိုင်ပင် ကြာမြင်ခဲ့လေသည်။ သို့သော် ယခုအကြိမ်တွင် ၁ ရက်မျှသာရှိသေး၍ အဆိပ်ဘုရင်တစ်ယောက် သေချာပေါက်ပင် ထွက်မလာနိုင်သေးချေ။
ထို့ကြောင့် မည်သို့ဖြစ်နေပါစေ အဆိပ်ဘုရင်ပေါ်လာရန်မှာ အချိန် ၇ ရက်ခန့်ပင် ကြာမြင့်ဦးပေမည်။ ထိုရက် များအတွင်း မြောက်ပိုင်းကောင်းကင်ဘုရင်၏ စစ်သည်တော်များက ဖားပြုပ်ကြီးကို အနိုင်ယူနိုင်ပါစေဟု ရဲရှောင် စိတ်ထဲ တွေးနေမိ၏။
ရဲရှောင် တွေ့မိသလောက် စစ်သည်တော်များအတွင်း၌ ထိပ်တန်းပညာရှင်များပင် ပါဝင်နေ၏။ ထိုအထဲတွင် ခရမ်းရောင်ဝတ် အဘိုးကြီးမှာမူ ထိုလူများထက် မယုံနိုင်လောက်အောင် အင်အားကြီးမားနေသည်။
အတိအကျဆိုရလျှင် အဘိုးကြီးထံမှ ဖိအားများက ချိဟူထံထက်ပင် ပိုမို၍ ပြင်းထန်နေခြင်းဖြစ်သည်။ ထို အချက်ကိုကြည့်ရုံဖြင့် မသေမျိုးအဆင့်ပညာရှင်ဖြစ်နိုင်ကြောင်း သိသာလှ၏။
ထို့ပြင် အဘိုးကြီးက မြောက်ပိုင်းကောင်းကင်ဘုရင်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် အဘိုးကြီး၏ဘေးနားရှိ လူများမှာလည်း ထာဝရအဆင့် ထိပ်တန်းပညာရှင်များပင် ဖြစ်နိုင်၏။ ထိုလူ များ၏ ကျင့်ကြံမှုအဆင့်များကို ရဲရှောင်တစ်ယောက် မတွေ့မမြင်နိုင်ဘဲ ဖြစ်နေသည် မဟုတ်ပါလား။
(ဒီလိုအစွမ်းထက်လူတွေနဲ့ စစ်သည်တွေအများကြီးက ဖားပြုပ်တစ်ကောင်ကိုတောင် မနိုင်နိုင်ကြဘူးလား၊ ဒါဆိုရင်တော့ မြောက်ပိုင်းကောင်းကင်ဘုရင်က ရှက်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ရပြီ . . .)
ရဲရှောင်စိတ်ထဲ တိုက်ပွဲအခြေအနေကို လွန်စွာ သိချင်နေမိပြီဖြစ်၏။ ထိုအချိန် အဘိုးကြီးမှာမူ အစီအစဉ်များ ချလျက်ရှိနေသည်။
“နဂါးသတ် အစီအရင်ကို လုပ်ကြ . . .”
အဘိုးကြီးမှ အားမာန်အပြည့်ပါသော အသံကြီးဖြင့် အမိန့်ပေးလိုက်၏။
ထိုအမိန့်သံဆုံးသည်နှင့် စစ်သည်တော်များမှာလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ထူးဆန်းသော အစီအရင်ကို ပြုလုပ်ရန် ဟန်ပြင်လိုက်ကြသည်။
ထို့နောက်တွင် ဖားပြုပ်ကြီးအား ထောင့်သုံးထောင့်မှ တြိဂံပုံစံမျိုးနေရာယူ၍ ထိုထောင့်တစ်ထောင့်ချင်းစီမှ တိုက်ခိုက်မှုများကို ပြုလုပ်လိုက်ကြတော့သည်။ ထို့ကြောင့် ပညာရှင်များနှင့် ဖားပြုပ်ကြီးကြားက တိုက်ပွဲမှာ အလွန် ပြင်းထန်လျက်ပင် ရှိနေသည်။
ဖားပြုပ်ကြီးမှာ ကြီးမားလှသည့်တိုင် တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသော ပညာရှင်များ၏ တိုက်ခိုက်မှု ကြောင့် အထိအခိုက်၊ အနာတရဖြစ်မည်မှာမူ သေချာလှ၏။ ထို့ပြင် တစ်ဖက်မှ လူများမှာ အလှည့်ကျ တိုက်ခိုက်နေ ကြခြင်းဖြစ်၍ ပင်ပန်းနွမ်းနယ်မှုလည်း ရှိကြလိမ့်မည် မဟုတ်ပေ။
ထိုသို့ဖြင့် လူများမှာ ထူးဆန်းသော အစီအရင်ဖြင့် ဖားပြုပ်ကြီးကို ၂ နာရီနီးပါးခန့်ကြာအောင် တိုက်ခိုက်မှု ပြုလိုက်ကြတော့သည်။ ထိုအချိန်အတွင်း ပထမအုပ်စုမှ လူ ၁၂ ယောက်ခန့် ဆုံးရှုံးသွားရ၏။
သို့သော် ပထမအုပ်စု ဒဏ်ရာရသည်နှင့် ဒုတိယအုပ်စုမှ ချက်ချင်းပင် နေရာယူကာ ဦးဆောင်တိုက်ခိုက်ကြ လေသည်။ ထိုအခိုက်အတန့်တွင် ပထမအုပ်စုမှာ နောက်သို့ ဆုတ်ခွာသွားကြပြီး အနားယူလိုက်ကြ၏။
ထို့ကြောင့် စစ်သည်တော်များအနက် လူ ၇ ထောင်ကျော်ခန့်မှာ ဖားပြုပ်ကြီးအား အလှည့်ကျ တိုက်ခိုက်နေ ကြသည်ဟု ဆိုနိုင်သည်။ မည်မျှထိဆိုလျှင် ၁ စက္က့န်မျှပင် အနားမပေးဘဲ ဖားပြုပ်မိစ္ဆာကြီးအား တိုက်ခိုက်နေကြ ခြင်းဖြစ်၏။
ထိုသို့ဖြင့် အဆက်မပြတ် တိုက်ခိုက်နေကြသည်မှာ ၂ ရက်တိုင်တိုင်ပင် ကြာမြင့်ခဲ့လေသည်။ ထို့ကြောင့် တိုက်ပွဲကြီးမှာ အလွန်ပြင်းထန်သော တိုက်ပွဲဟုပင် ဆိုနိုင်သည်။
ထို့အတူ ရနံ့ဆိုးမြူခိုးတောင်ကြီးမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး တောင်ကြီး၏ ထိပ်ပိုင်းမှာလည်း လုံးဝကို ပျက်စီးသွားရပြီဖြစ်၏။ ထို့ကြောင့် မူလရှိသည့်အမြင့်ထက် ပေ ၅ သောင်းခန့်ပင် နိမ့်ကျသွားရချေပြီ။
အလုံးစုံ ပျက်စီးခြင်းနှင့်အတူ ဖားပြုပ်ကြီးမှာလည်း ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်ပြီး နာကျင်မှုကြောင့် ကျယ်လောင်စွာပင် အော်ဟစ်ငြီးတွားလျက်ရှိ၏။ ဖားပြုပ်ကြီး မည်မျှထိ ကြီးမားကြံ့ခိုင်နေပါစေ ၎င်းမှာလည်း အကန့်အသတ်နှင့်ရှိနိုင်သည် မဟုတ်ပါလား။
လူသားများ၏ တရစပ် တိုက်ခိုက်မှုကြောင့် ဖားပြုပ်ကြီးအဖို့ မည်သို့ခံနိုင်ပါတော့မည်နည်း။ ထို့ကြောင့် အားနည်းသထက်သာ အားနည်းလာလေသည်။
ခရမ်းရောင်ဝတ် အဘိုးကြီးပြောသကဲ့သို့ ဖားပြုပ်ကြီး၏ တိုက်ခိုက်မှုမှာ ရိုးရှင်းလှသည်။ ၎င်း၏ ပါးစပ်မှ  အဆိပ်ရည်များ စွန့်ထုတ်ခြင်း သို့တည်းမဟုတ် လျှာဖြင့် ရစ်ပတ်ခြင်းကိုသာ ပြုလုပ်နိုင်လေသည်။ ထိုထက်ပို၍ အခြားမည်သည့်အရာကိုမှ မပြုလုပ်နိုင်ချေ။
သို့သော် ဖားပြုပ်ကြီးမှာ ကြီးမားကြံ့ခိုင်လှ၍ တိုက်ပွဲမှာ ရှည်ကြာခဲ့ရလေသည်။
“အားဟူ . . . မင်း ဒီကောင်ကြီးကို နိုင်လား၊ တခြား သားရဲတွေကိုလုပ်ခဲ့သလို လွယ်လွယ်လေး အနိုင်ယူနိုင် လား၊ ငါ့ကိုပြောစမ်းပါ . . .”
ရဲရှောင်မှ အားဟူအား မေးလိုက်၏။
ထို့ကြောင့် အားဟူလည်း ရဲရှောင် ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး တိုက်ပွဲအခြေအနေကို ကြည့်ကာ -
“ညောင် . . .”
“ဒီကောင်ကြီးက ဝိညာဉ် ၁၂ ခုထဲက တစ်ကောင် မဟုတ်ဘူး၊ ကျုပ် အဆင့်နှစ်ဆင့်လောက်ကို တက်မယ် ဆိုရင်တော့ ဒီလိုကောင်မျိုးကို အလွယ်တကူ နိုင်နိုင်ပါတယ်၊ တကယ်တော့ နှစ်ဆင့်တောင် မဟုတ်ဘူး တစ်ဆင့် လောက်ပဲ ပိုမြင့်ရင်တောင် ဒီလိုကောင်မျိုးကို နိုင်တယ် . . .”
အားဟူမှ ဖြစ်မလာသေးသည့် အရာများကို မည်သို့ကြွားဝါနေပါစေ ယခုအချိန်တွင်မူ မနိုင်နိုင်သေးသည့် အဓိပ္ပာယ်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
“တော်စမ်းပါကွာ . . . အပိုတွေလျှောက်ပြော၊ မင်းမလုပ်နိုင်ဘူးလို့သာ ပြောလိုက်စမ်းပါ . . .”
“အဆင့်တစ်ဆင့်တွေ နှစ်ဆင့်တွေ လာပြောမနေနဲ့၊ အခုချိန်မှာ ချက်ချင်းကြီး မင်းပြောနေတဲ့ အဆင့်တွေ တက်မှာမှ မဟုတ်တာ . . .”
ရဲရှောင်က အားဟူအားကြည့်ကာ မကျေမချမ်းဖြင့် ပြောလိုက်၏။
“ကြွားဝါတာ၊ အအိပ်မက်တာ၊ အစားသောင်းကျန်းတာ အဲဒါတွေက မင်းရဲ့အမူအကျင့်တွေပဲ အဲဒါတွေက လွဲပြီး ကျန်တာ မင်းမတတ်နိုင်ဘူးမလား . . .”
ရဲရှောင်၏ စော်ကားမော်ကား စကားကြောင့် အားဟူ ဒေါသအကြီးအကျယ်ပင် ထွက်သွားလေသည်။
(ငါကဒီစကြာဝဠာမှာ ပြိုင်ဘက်ကင်းပဲ၊ ကောင်းကင်နဲ့ မြေကြီးကိုတောင် ဆက်သွယ်နိုင်တယ် . . .)
(ဒါတောင် ငါ့လို သားရဲမျိုးကို ဒီလို စော်ကားဝံ့တယ်ပေါ့၊ ငါ့ဘက်က ဘာမှမတတ်နိုင်ဘူးဆိုတာ ဘာသဘော လဲ၊ သူသာ ဒီလောက် အားမနည်းဘူးဆိုရင် ဒီလိုကောင်မျိုးကို အလွယ်တကူ နိုင်တာပေါ့၊ လွယ်တာမှ သိပ်သိပ်ကို လွယ်နေမှာ၊ အဲဒါတောင် အခု ငါ့ကို အပြစ်လာတင်နေသေးတယ်ပေါ့ . . .)
“ထားလိုက်ပါတော့ . . . ဒီကောင်ကြီးကို ဘာလို့ ကံတရားဖားပြုပ်လို့ ခေါ်တာလဲ မင်းသိလား . . .”
ရဲရှောင်က အားဟူအားကြည့်ကာ မေးလိုက်ပြန်သည်။
“ကံတရားဆိုတဲ့စကားလုံးက တစ်ခုခုကို ရည်ညွှန်းနေသလိုပဲ . . .”
“ညောင် . . .”
အားဟူလည်း သခင်ဖြစ်သူအား မကျေမချမ်းဖြင့် ကြည့်လိုက်ပြီးနောက် လက်ဟန်ခြေဟန်ဖြင့် မေးသမျှ မေးခွန်းများကို ဖြေကြားလိုက်တော့သည်။
“ကံတရားဖားပြုပ်ဆိုတာ တကယ်တော့ အရူးနာမည်တစ်ခုပဲ . . .”
“သားရဲတွေနဲ့ ကံတရားဆိုတာ ဘာမှပတ်သက်မှုမရှိဘူး၊ ရှင်းရှင်းပြောရရင် ဒါကနတ်အဆိပ်ဖားပြုပ်ပဲ ဖြစ် သင့်တာ၊ အဆိပ်သတ္တဝါတွေရဲ့ ဘုရင်တစ်ပါးပေါ့ . . .”
“ဒီဖားပြုပ်မှာ ထူးခြားတဲ့အရာတစ်ခုရှိတယ် အဲဒါက သူ့ရဲ့အမြုတေပဲ၊ ဒီနတ်အဆိပ်ဖားပြုပ်က အသက် လည်း အရမ်းရှည်တယ်၊ တခြားသားရဲတွေနဲ့ယှဉ်ရင် ဒီလိုဖားပြုပ်မှာက အမြုတေဆိုတာ ရှိခဲတယ် . . .”
“ဒါပေမယ့် အမြုတေရှိတဲ့ ဖားပြုပ်ကလည်း ရတနာတစ်ပါးလိုပဲ၊ အဲဒီ အမြုတေကိုသာ စားလိုက်မယ်ဆိုရင် စားလိုက်တဲ့လူက ဘယ်လောက်ပဲ ဒဏ်ရာရရ၊ ဘယ်လောက်ပဲ အားနည်းအားနည်း သူ့ရဲ့သက်တမ်းကို ၂ ဆ ပိုပြီး ရှည်လျားသွားစေလိမ့်မယ် . . .”
“သက်တမ်းကို ၂ ဆရှည်စေမယ် ဟုတ်လား . . .”
ရဲရှောင်မှ ခေါင်းခါယမ်း၍ စိတ်ပျက်လက်ပျက် ပုံစံမျိုးဖြင့် ပြောလိုက်၏။
“ဒါကဘာမှလည်း မဟုတ်သလိုပဲ . . .”
အားဟူလည်း ရဲရှောင်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်ရင်း -
“ခင်ဗျားက ဒီလောက်တောင် တုံးအရလား ဒါမှမဟုတ် ကျုပ်ပြောတာကိုများ နားမလည်လို့လား . . .”
“ထားလိုက်ပါတော့ . . . ခင်ဗျားကို အခု ကျုပ်အကောင်းဆုံး ဥပမာတစ်ခုပေးလိုက်မယ်၊ တစ်ချို့အရာတွေ ကျတော့ အရူးတစ်ယောက်ကို ရှင်းပြရတာ အရမ်းခက်ခဲတယ်လေ အဲဒီတော့ အခု ကျုပ်ကပဲ စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်တော့မယ် . . .”
“အခု လူတစ်ယောက်ရဲ့ သက်တမ်းကိုပဲ ကျုပ်တို့အရင်ပြောကြရအောင်၊ ထားပါတော့ ခင်ဗျားရဲ့ သက်တမ်း က နှစ် ၁၀၀ ပဲဆိုပါစို့၊ အဲဒီ နှစ် ၁၀၀ ထက်ပိုပြီး တစ်စက္ကန့်တောင် ခင်ဗျား အသက်ပိုရှည်နိုင်မှာ မဟုတ်ဘူး၊ ဒီမတိုင် ခင်လည်း သေချင်သေနိုင်တာပေါ့ ဒါပေမယ့် နှစ် ၁၀၀ ဆိုတာက ခင်ဗျားအသက်ရှင်ရမယ့် အကန့်အသတ်ပဲ . . .”
“တကယ်လို့ ခင်ဗျားသာ ၂ ဆ ပိုင်ဆိုင်နိုင်မယ်ဆိုရင် နှစ်ပေါင်း ၂၀၀ ရှင်နိုင်မှာလေ၊ ဒါကလည်း ခင်ဗျားရဲ့ အသက်က နှစ်ပေါင်း ၁၀၀ ဆိုတဲ့ အခြေအနေကို ပြောတာ . . .”
“ကဲ . . . ခင်ဗျားရဲ့အသက်က နှစ် ၁ သန်းဆိုရင်ရော၊ ချိဟူကိုပဲ စဉ်းစားကြည့် သူက သူ့ဘဝရဲ့ နောက်ဆုံး အခြေအနေကို ရောက်နေပြီ၊ တကယ်လို့ သူသာ ဒီဖားပြုပ်ရဲ့အမြုတေကို စားလိုက်မယ်ဆိုရင် သူ့အတွက် ဘဝသစ် တစ်ခု ရလိုက်သလိုကို ဖြစ်သွားမှာ . . .”
“နောက်တစ်ချက်ပြောရရင် ထာဝရအဆင့်၊ မသေမျိုးအဆင့်၊ အနှိုင်းမဲ့အဆင့်တို့က ထိပ်တန်းအဆင့်တွေရဲ့ နာမည်ပဲ၊ လူတွေရဲ့ အသက်ဆိုတာ အကန့်အသတ်နဲ့ရှိတယ်၊ သေခြင်းတရားကနေ ဘယ်သူမှ မလွတ်မြောက်နိုင် ဘူး၊ ဒီလိုမှမဟုတ်ရင် ကမ္ဘာပေါ်မှာ သင်္ချိုင်းဆိုတာ ဘယ်ရှိပါ့မလဲ . . .”
“စကြာဝဠာကြီးကို ဖြိုခွဲနိုင်ပြီး ကမ္ဘာသစ်တွေကို ဖန်တီးနိုင်တဲ့ လူအချို့ရှိကြမှာပဲ၊ အဲဒီလူတွေရဲ့ အဆင့်က ပြောမပြနိုင်လောက်အောင်ကို မြင့်မားတယ်၊ သူတို့က မိုးကောင်းကင်ကြီး တည်ရှိနေသရွေ့ အသက်ရှင်နိုင်ကြတယ် ဒါပေမယ့် ဒီကမ္ဘာကြီးပေါ်မှာ အဲဒီလိုလူတွေ မရှိကြတော့ဘူးလေ . . .”
“ဒီအစွမ်းထက်တဲ့ လူတွေက သာမန်လူတွေထက် အသက်ပိုရှည်ကြတယ်၊ သူတို့ကို လူတွေက မသေနိုင်ဘူး လို့ပဲ ပြောကြတာပေါ့ ဒါပေမယ့်  ဒါကလည်း သူတို့အတွေးပါ၊ ကျုပ်တို့ဆိုတာက ထာဝရအသက်ရှင်နိုင်တယ်ဆိုတာ ထက် အများကြီး ဝေးကွာနေသေးတယ် . . .”
“ထပ်ပြီးပြောရမယ်ဆိုရင် မြောက်ပိုင်းကောင်းကင်ဘုရင်က ချိဟူလိုမျိုးပဲ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ အဲဒီတော့ အခုနေသာ သူဒီဖားပြုပ်ရဲ့ အမြုတေကို စားလိုက်ရင် နောက်ထပ်နှစ်ပေါင်းရာချီပြီး အသက် ရှည်နိုင်ဦးမယ်၊ ဒါကသူ့အတွက် ဆုလာဘ်ကြီးတစ်ခုပဲ မဟုတ်ဘူးလား . . .”
အားဟူက သခင်ဖြစ်သူအား ရှည်လျားစွာဖြင့် ရှင်းပြလိုက်၏။
ထိုအခါမှ ရဲရှောင်လည်း ဉာဏ်အလင်းပွင့်သွားပြီး အရာအားလုံးကို သဘောပေါက်သွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now