1291-------1292

133 7 0
                                    

အခန်း (၁၂၉၁)(စာစဉ် ၉၃- အပိုင်း ၃)
“နားမလည်ခြင်း”

ဝုဖမှာ ရဲရှောင်ကို လှောင်ချိုင့်ထဲ ထည့်ပိတ်ထား နိုင်သည်အထိ အစွမ်းထက်လွန်းလှသည်။

သို့သော် သူ ဆုံးရှုံးခဲ့ရသည့် သိက္ခာများအတွက် ရဲရှောင်ကို ဖြည်းဖြည်းချင်း နှိပ်စက်ချင်နေမိသည်။

ဝုဖအဖို့ ပြီးခဲ့သော တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ သည်မှာ စော်ကားခံရမှု တစ်ရပ်ပင် မဟုတ်ပါလား။

ရဲရှောင်မှာမူ စိတ်စွမ်းအင်များကို စုစည်းရင်း မထီမဲ့ မြင် ပြုံးရင်းသာ ရှိနေသည်။

ဝုဖ ဖန်တီးလိုက်သည့် လှောင်ချိုင့်က စိတ်စွမ်းအင် များဖြင့် ပြည့်နေသည့်တိုင် အကောင်းဆုံး လှောင်ချိုင့် တော့ မဟုတ်သေးချေ။

“ဟား ဟား ဟား . . .”

ဝုဖမှ ကျေနပ်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။

“ရဲရှောင် မင်းက တစ်ခါသေဖူးပြီးသွားပြီဆိုတော့ သေခြင်းတရားရဲ့ အရသာကို မင်းမှတ်မိနေဦးမှာပေါ့”

ရဲရှောင်မှ ခနဲ့တဲ့တဲ့ဖြင့် -

“ခင်ဗျားရော ခံစားဖူးလား . . .”

ဝုဖမှ ပခုံးတစ်ချက် တွန့်လိုက်ရင်း -

“သေခြင်းတရားကို ခံစားဖူးတဲ့ လူတွေဆိုတာ အား နည်းတဲ့ လူတွေမှ၊ ဒီကမ္ဘာမှာ ငါ့ကို သေအောင် လုပ်နိုင် တဲ့ ဘယ်သူမှ မရှိသေးဘူး . . .”

“အေး ဘယ်တော့မှ ရှိလာမှာလည်းမဟုတ်ဘူး”

ရဲရှောင်မှ ဟက်ခနဲ ရယ်လိုက်ရင်း -

“အစားကိုသာ ကုန်အောင်စား ခင်ဗျား စကားကြီး စကားကျယ်တွေပြောပြီး စကားအကုန် လာပြောမနေ နဲ့၊ ဒီနေ့ ခင်ဗျား သေခြင်းတရားရဲ့ အရသာကို မြည်း စမ်းခွင့်ရရင် ရမှာပေါ့ . . .”

ထိုစကား မဆုံးခင်မှာပင် ရဲရှောင်မှာ ကျယ်လောင် သော အော်သံကြီးကို ပြုလုပ်လိုက်၏။

“သေစမ်း . . .”

ထိုအသံကြီးနှင့်အတူ စူးရှလှသော ဓားအလင်း တန်းများမှာလည်း တစ်ပြိုင်တည်း ထွက်ပေါ်သွားကြ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now