1771---------1780

30 0 0
                                    

အခန်း (၁၇၇၁)(စာစဉ် ၁၄၀- အပိုင်း ၅)
“သူသိနေတယ်”
အဘိုးကြီး ခုနှစ်ဦးလုံးမှာ ငယ်ရွယ်ကြတော့သည့် အရွယ်များ မဟုတ်ကြချေ။ ထို့ကြောင့် အသက်အရွယ် ကြီးရင့်မှုကြောင့် နာမကျန်းဖြစ်ကြသည်မှာ ကျိုးကြောင်းဆီလျော်လှသော်လည်း တစ်ပြိုင်နက်တည်း နေမကောင်း ဖြစ်ကြခြင်းမှာမူ အံ့ဩဖွယ်ကောင်းလွန်းလှသည်။
သို့သော် လက်ရှိအချိန်တွင်မူ ထိုယုတ္တိမတန်သည့် နာမကျန်းဖြစ်ခြင်းက အဘိုးကြီးများအားလုံးထံတွင် စုပြုံ ဖြစ်တည်သွားချေပြီ။
“တကယ်တော့ ဧကရာဇ်ရဲက ကံကောင်းတဲ့ လူတစ်ယောက်ပဲ ပြီးတော့ သူက တကယ်လည်း တော်တယ်၊ ဒါပေမယ့် သူက သိပ်ကိုငယ်ရွယ်လွန်းသေးတယ် . . .”
ဆရာယန်က သက်ပြင်းချ၍ ပြောလိုက်၏။
“ငါတို့တွေ ဧကရာဇ်ခန်းမထဲဝင်ဖို့ လူအများကြီးလွှတ်ခဲ့ကြတယ် ဒါပေမယ့် အဲဒါကို သူမသိခဲ့ဘူး၊ ဒီထက် ပိုပြီး သူသတိရှိခဲ့သင့်တယ် ဟူး . . . လူငယ်တွေများ ခက်ပါ့ . . .”
“သူက မသိဘူးတဲ့လား . . . သူက သိပ်ငယ်လွန်းတယ်တဲ့လား . . .”
ဆရာဂွမ်မှ ဆရာယန်အားကြည့်ကာ ပြောလိုက်သည်။
“ယန် . . . ငါမင်းကို တစ်ခုလောက်ပြောပါရစေဦး၊ မင်းလူတိုင်းကို အထင်သေးလို့ရနိုင်တယ်ဆိုပေမယ့် အဲဒီ ကောင်လေးကိုတော့ မင်းသွားအထင်မသေးသင့်ဘူး၊ သူ့လိုလူမျိုးက သူ့လူတွေရဲ့နောက်ကြောင်းရာဇဝင်ကို မသိဘူး ဆိုတာက ထူးဆန်းမနေဘူးလား . . .”
“ဟုတ်တယ် ဂွမ်ပြောတာမှန်တယ်၊ ငါရထားတဲ့ သတင်းအရဆိုရင် ငါတို့မျိုးနွယ်စု ခုနှစ်စုက လူတွေအများ ကြီး ဧကရာဇ်ခန်းမထဲကို ရောက်နေကြပြီ ပြီးတော့ သူတို့တွေက အဖွဲ့အစည်းထဲမှာ အရေးပါတဲ့နေရာကို ယူထား ကြတယ်ဆိုတာ မင်းသိတယ်မလား . . .”
“မင်းစဉ်းစားကြည့်လေ . . . မျိုးနွယ်စုအတူတူက လူတွေက အုပ်စုတစ်ခုတည်းမှာ မရှိကြဘူး၊ သူတို့တွေက မတူညီတဲ့ခေါင်းဆောင်တွေ လက်အောက်မှာပဲ ရှိနေကြတယ် အဲဒီလိုအခြေအနေကြောင့် သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့တောင် ခက်ခဲနေကြတာလေ . . .”
“အဲဒီတော့ ရဲရှောင်က ငါတို့လူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒါကို မင်း ငြင်းနေမယ်ဆိုရင်တော့ မင်းခေါင်းထဲမှာ ချီးတွေနဲ့ပြည့်နေလို့ပဲ . . .”
ဆရာယွဲ့မှ ဆရာယန်အား မာန်မဲလိုက်၏။
အခြားအဘိုးကြီးများမှာမူ ဆရာဂွမ်အား ကြည့်လိုက်ကြပြီး -
“မင်းလူတွေထဲက တစ်ယောက်က ကြယ်ခုနှစ်စင်းထဲက တစ်စင်းဖြစ်နေပြီ၊ နောက်တစ်ယောက်ကလည်း ယူနစ်တစ်ခုရဲ့ ခေါင်းဆောင်ပဲ၊ ကျန်တဲ့လူတွေကတော့ ပုံမှန်ပေါ့လေ . . .”
“အဲဒီတော့ ဂွမ်မျိုးနွယ်စုထဲက တစ်ယောက်က ယူနစ်တစ်ခုရဲ့ခေါင်းဆောင်နဲ့ ကြယ်ခုနှစ်စင်းထဲက တစ်ပွင့် ဖြစ်နေပြီ၊ ယွဲ့မျိုးနွယ်စုက ယူနစ်နှစ်ခုရဲ့ခေါင်းဆောင်၊ ဆောင်မျိုးနွယ်စုက ယူနစ်တစ်ခုရဲ့ခေါင်းဆောင် . . .”
ဆရာဂျူမှ ပြောလိုက်၏။
“ကျန်တဲ့ မျိုးနွယ်စုလေးခုကတော့ ဘာမှမဖြစ်သေးဘူး . . .”
ဆရာဂွမ်မှ ပျော်ရွှင်ဟန်ဖြင့် -
“ဒါငါလုပ်လို့ရနိုင်တဲ့အရာ မဟုတ်ဘူးလေ၊ မင်းတို့မရတာ မင်းတို့က ငါတို့လောက် ဧကရာဇ်ခန်းမနဲ့ မနီးစပ် လို့ ဖြစ်မှာပေါ့ ဟမ့် . . .”
ဆရာချင်မှာမူ စိတ်အလိုမကျဟန်ဖြင့် -
“ဘာဆိုင်လို့လဲ . . .”
“ဟုတ်တယ်လေ . . . ဆောင်နဲ့ငါက ဧကရာဇ်ခန်းမကို အစောပိုင်းကတည်းက အများကြီး ထောက်ပံ့မှုပေးခဲ့ တယ်၊ အဲဒီတော့ သူက ငါတို့ကို ယုံကြည်တယ်လေ ပြီးတော့ ယွဲ့မျိုးနွယ်စုက ဘိုးဘေးကြီး ယွဲ့ယုယုဆိုရင်လည်း ဧကရာဇ်ရဲနဲ့ အဆက်အသွယ်ရှိခဲ့တယ်၊ ဧကရာဇ်ရဲကိုလည်း တစ်ခါအကာအကွယ်ပေးခဲ့ဖူးတယ် အဲဒါကြောင့် သူက ယွဲ့မျိုးနွယ်စုကို ကောင်းကောင်းဆက်ဆံခဲ့တာပဲ . . .”
ဆရာဂွမ်မှ ချက်ကျလက်ကျ ထောက်ပြပြောဆိုလိုက်၏။
“ယန် . . . အဲဒါတောင် အခုထိ ဒီကောင်လေးကို တုံးအတဲ့လူလို့ မင်းထင်နေတုန်းပဲလား၊ ငါတို့လုပ်သမျှကို ဘာမှမသိဘူးလို့ ထင်နေတာလား၊ သူလိုလူမျိုးက ငါတို့လူတွေအကြောင်း နကန်းတစ်လုံးမှ မသိဘူးလို့ မင်းထင်နေ တာလား . . .”
“သူသာ အဲဒီလောက်ထိ တုံးအနေမယ်ဆိုရင် ရဲယန်ဒွမ်နဲ့ ဘာထူးတော့မှာလဲ၊ သူက ဧကရာဇ်ခန်းမက လူ တစ်ယောက်ချင်းစီရဲ့အကြောင်းကို သိတယ်ကွ၊ သူက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ မဟုတ်ဘူးလား၊ ဒါကို သူက လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထားထားတယ်ဆိုတာ ငါတို့ကို လေးစားလို့ပဲ၊ ငါတို့ကို လေးစားမှုပြလိုက်တာ”
ဆရာဂွမ်မှ ထပ်မံထောက်ပြပြောဆိုလိုက်၏။
“စဉ်းစားကြည့်စမ်းပါ . . . လူတွေဆိုတာ သေခြင်းနဲ့ရှင်ခြင်းခန်းမကို ဝင်ချင်လွန်းလို့ တစ်ပိုင်းသေနေကြတာ၊ အဲဒီထဲမှာ သူကငါတို့ကလေးတွေကို ဘာလို့လက်ခံလိုက်တာလဲ အဖြေက ရှင်းရှင်းလေးပဲ ငါတို့ရဲ့ကလေးတွေက ဧကရာဇ်ခန်းမကို သစ္စာရှိမယ်ဆိုတာ သူသိလို့ပဲ . . .”
“သူက တကယ့်ကို ဘုရင်တစ်ပါးပဲ ပြီးတော့ သူက ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်တတ်တဲ့ လူ တစ်ယောက်၊ သူလိုလူမျိုး ကမ္ဘာမှာ ရှိနိုင်မယ် မထင်ဘူး . . .”
ဆရာဂွမ်က အဆုံးသတ်ပြောလိုက်၏။
ကျန်အဘိုးကြီးများမှာမူ ဆရာဂွမ်၏ ‘ကြီးကျယ်မြင့်မြတ်သော အလုပ်များကို လုပ်တတ်သည့် ဘုရင်တစ်ပါး’ ဟူသော စကားကို ကြားလိုက်ရ၍ အံ့အားသင့်သွားကြသည်။
ရဲရှောင်က မျိုးနွယ်စုခုနှစ်စုမှ လူများကို လက်ခံလိုက်ခြင်းမှာ ရွှေကြာပန်းခုနှစ်ပွင့်အပေါ် လေးစားမှုပြလိုက် ခြင်းဖြစ်ပြီး ကြင်နာတတ်သော နှလုံးသားရှိခြင်းကြောင့်ဖြစ်၏။
ထို့ပြင် လက်ခံလိုက်သော လူများကို အုပ်စုမတူ တကွဲတပြားထားသည်ကို ကြည့်ခြင်းအားဖြင့်လည်း ဉာဏ် အမျှော်အမြင်ရှိကြောင်း သိသာလှပေသည်။
အဘိုးကြီးခုနှစ်ဦးမှာလည်း ဉာဏ်အမျှော်အမြင်ကြီးရင့်သူများဖြစ်ကြ၍ ရဲရှောင်၏ အစီအစဉ်ကို သိနေကြ လေသည်။
မျိုးနွယ်စုခုနှစ်စုက ၎င်းတို့၏လူများကို ဧကရာဇ်ခန်းမထံသို့ စေလွှတ်လိုက်သည့်အခါ ရဲရှောင်က မည်သည့် အရိပ်အယောင်မျှမပြဘဲ အေးအေးလူလူဖြင့်သာ စီမံခန့်ခွဲခဲ့လေသည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည် မဟုတ်ပါလား။
မျိုးနွယ်စုခုနှစ်မှာမူ ရဲရှောင်သိနေသည်ကိုမသိဘဲ သူတို့၏လူများကို တိတ်တဆိတ် စေလွှတ်ခဲ့ကြ၏။ မည်မျှ အထိလျှို့ဝှက်သည်ဆိုလျှင် တစ်ယောက်စေလွှတ်ခဲ့သည်ကိုပင် တစ်ယောက်က မသိခဲ့ခြင်းဖြစ်သည်။
သို့သော် ပါးနပ်သည့် ရဲရှောင်မှာမူ ထိုအခြင်းအရာကို သတိပြုမိခဲ့လေသည်။ ထို့မျှမက ဖြေရှင်းရန်အတွက် နည်းလမ်းများစွာကိုလည်း စီမံခဲ့သေး၏။ မည်မျှထိ ပါးရည်နပ်ရည်ရှိသည်ကို စဉ်းစားကြည့်ပါလေ။
“တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ . . .”
ဆရာဆောင်မှ သက်ပြင်းချရင်း ရေရွတ်လိုက်၏။
“ငါတို့တွေ ဒီကိစ္စကို ဘိုးဘေးကြီးခုနှစ်ယောက်ဆီ တင်ပြရမယ် . . .”
ဆရာဂွမ်မှ -
“ငါတို့တွေ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုပေမယ့် ငါတို့ရဲ့ ဆုံးဖြတ်ချက်က ရွှေကြာပန်းခုနှစ်ပွင့်ရဲ့ စည်းမျဉ်းတွေ နဲ့ ဆန့်ကျင်နေတယ်၊ ငါတို့တွေ ကိုယ့်ဘိုးဘေးတွေကိုတော့ မလေးမစားလုပ်လို့ မဖြစ်ဘူးလေ . . .”
“ငါတို့တွေ သစ္စာဆိုထားတာကို ဖျက်လိုက်ရင်ရော ဘာဖြစ်မလဲ၊ ငါတို့တွေ အပြစ်တင်ခံရမှာလား အဲဒါထက် ပိုအရေးကြီးတဲ့အချက်က ရဲမျိုးနွယ်စုက ယုံကြည်စိတ်ချလို့ရတယ်လို့ ငါတော့မထင်ဘူး . . .”
ဆရာယွဲ့မှ သက်ပြင်းရှည်ကြီးချလျက်ပြောလိုက်၏။
“ဧကရာဇ်ရဲနဲ့ယှဉ်ရင် ရဲမျိုးနွယ်စုဆိုတာက . . . ဟူး . . . ငါတော့ ရဲမျိုးနွယ်စု ပြိုကွဲသွားမှာတောင် ကြောက်မိတယ် . . .”
“အဲဒါကို ငါတို့လည်းသိတယ်လေ ဒါပေမယ့် ဘိုးဘေးကြီးခုနှစ်ယောက်က သစ္စာဆိုထားကြတာ အဲဒီတော့ သူတို့အတွက်က အသက်ရှင်ဖို့ထက် သူတို့ရဲ့ကတိသစ္စာကိုတည်ဖို့ ပိုဂရုစိုက်မှာပဲ . . .”
ဆရာချင်မှ မချိပြုံးပြုံးလိုက်ရင်း -
“ဒီလိုမှမဟုတ်ရင် ငါတို့တွေ ဒီကိစ္စကို ဖုံးကွယ်ထားစရာ မလိုလောက်ဘူး . . .”
“ဧကရာဇ်ခန်းမက အင်အားကြီးလာပြီ၊ ပိုပြီးတော့ကို အင်အားကြီးလာဦးမှာ သူတို့တွေ အကူအညီလိုနေတဲ့ အချိန်တုန်းက ငါတို့တွေ အကူအညီမပေးခဲ့ဘူး၊ အခု သူတို့တွေ အကူအညီမလိုတော့တဲ့အချိန်မှာတောင် ငါတို့က သွားတိုက်ခိုက်လိုက်ရင် . . . ဒါကမလုပ်သင့်တဲ့အရာပဲ ငါတို့တွေ ဆုံးဖြတ်ချက်မြန်မြန်ချမှဖြစ်မယ် . . .”
ဆရာဂွမ်မှ -
“သေချာတဲ့အချက်တစ်ခုတော့ရှိတယ် ရဲရှောင်က ပြန်တိုက်လာတဲ့အချိန်ကျရင် သူက ရဲစစ်သည်တော်တွေ နဲ့ ရဲယန်ဒွမ်ကိုပဲ ဦးတည်မှာပဲ . . .”
“ရဲယန်ဒွမ်ဆိုလို့ သူ့အကြောင်း ငါပြောရဦးမယ်၊ ရဲစစ်သည်တော်တွေက တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ပြောတယ် ဒါပေမယ့် ရဲရှောင်က အဲဒီလူတွေကို ကယ်တင်ခဲ့တယ်ဆိုပဲ ပြီးတော့ ရဲစစ်သည်တော် တွေဘက်က ထိပ်တန်းပညာရှင်အယောက် ၁၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ခဲ့တယ်လို့လည်း ကြားတယ်၊ သူက တကယ့်ကို အင်အားကြီးနေပြီ . . .”
“ဟုတ်တယ် . . . သူက ရဲစစ်သည်တော်တွေကို အနိုင်ယူနိုင်ပြီလို့ ထင်နေပြီ အဲဒါကြောင့် သူက အဲဒီလူတွေ ကို ကယ်တင်ပေးခဲ့တာ . . .”
“ဒါကအချက်ပြမှုတစ်ခုပဲ သူက သွေးနဲ့စစ်ကြေညာလိုက်တာပဲ ပြီးတော့ သူက ရဲယန်ဒွမ်ကို တိုက်ခိုက်မယ် လို့လည်း ပြောသေးတယ်၊ ဒီလိုအခြေအနေမှာ ငါတို့တွေ ရွေးချယ်မှုလုပ်မှဖြစ်တော့မယ် . . .”
ဆရာဆောင်မှ သက်ပြင်းချလျက် ပြောလိုက်၏။
“ငါတို့တွေ ဒီအချိန်မှာ တွေဝေနေမယ်ဆိုရင် ဒါမှမဟုတ် ငါတို့တွေ ရဲယန်ဒွမ်ဘက်က ရပ်တည်နေမယ်ဆိုရင် ရဲရှောင်က ငါတို့လူတွေကို ပြန်လွှတ်လာလိမ့်မယ် . . .”
“ကောင်းပြီ . . . အဲဒီလိုသာဆိုရင်တော့ ဧကရာဇ်ခန်းမနဲ့ ငါတို့ကြားက ဆက်နွယ်မှုက ပြတ်ပြီပေါ့၊ ငါတို့ ကြိုးစားခဲ့သမျှ အလကားဖြစ်သွားမှာ၊ ငါတို့ကလေးတွေကလည်း သူတို့ရဲ့ အနာဂတ်ကို ဆုံးရှုံးသွားရမှာ . . .”
ဆရာဂွမ်မှ မျက်နှာမသာမယာဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now