1143---1144

209 15 1
                                    

အခန်း (၁၁၄၃)(စာစဉ် ၈၂- အပိုင်း ၉)

“သက်သေပြခြင်း”

ပထမအကြိမ်တွင် ကျွင့်ယင်းလျန်အဖို့ ရန်သူများ ဆင်ထားသည့် ထောင်ခြောက်အတွင်း သက်ဆင်းရလု နီးပါး ဖြစ်ခဲ့ရသည်။

ယခုအခါတွင်လည်း ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့၏ သားဖြစ်နေမည် ဆိုလျှင်ပင် သူမအား ထောင်ခြောက် ဆင်ထားသည် ဆိုပါက ရဲရှောင်အား သတ်ဖြတ်ပစ် မည်သာ။

သူမအနေဖြင့် ရှောင်ဧကရာဇ် အယောင်ဆောင် ထားသော လူတစ်ယောက်ကို မည်သို့မှ ဂရုစိုက်နေ စရာ အကြောင်းမရှိပေ။

ထိုသို့ အယောင်ဆောင်ခြင်းက သူမ သည်းမခံနိုင် သည့် အရာတစ်ခုလည်း ဖြစ်၏။

ရဲရှောင်လည်း သက်ပြင်းရှည်ကြီးကိုသာ ချလိုက် ပြီး သူမ မယုံကြည်မှန်းကို သဘောပေါက်သွားသည်။

ထို့ကြောင့်ပင် ဆက်လက်၍ -

“အဲဒီနှစ်ကပေါ့ ချင်းရန်နယ်ပယ်ရဲ့ ကောင်းကင် လှေကား ပေါ်လာတုန်းက လူတိုင်းက အဲဒီကို အခွင့် အရေး ရလိုရငြား သွားခဲ့ကြတယ်လေ၊ အဲဒီနေရာမှာပဲ ကျွင့်ယင်းလျန်နဲ့ ရှောင်ဧကရာဇ်တို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြတယ် . . .”

ကျွင့်ယင်းလျန် ဟက်ခနဲပင် ရယ်လိုက်ရင်း -

“အဲဒီအကြောင်းကို လူတော်တော်များများ သိကြ တာပဲ ဘာထူးဆန်းလို့လဲ၊ အဲဒါနဲ့ သက်သေပြလို့ရမယ် ထင်နေတာလား . . .”

ရဲရှောင်မှ ဆက်လက်၍ -

“သူတို့တွေ တိုက်ခိုက်ခဲ့ကြတယ် နာရီအားဖြင့် ၆ နာရီ နီးပါးလောက်ကို ကြာခဲ့ကြတယ်လေ . . .”

ကျွင့်ယင်းလျန်မှာ ရဲရှောင်အား အေးစက်စက်ပင် စိုက်ကြည့်လျက် ရှိသည်။

သူမ၏ လက်မှလည်း ဓားကို ဆုပ်ကိုင်မြဲ ဆုပ်ကိုင် ထားဆဲပါပင်။

“နောက်ဆုံးတော့ ရှောင်ဧကရာဇ်က သူ့ရဲ့ ရယ် မောခြင်း လက်သီးရှစ်ကွက် တိုက်ကွက်၊ တိမ်တိုက် အထက် ပျံသန်းခြင်း တိုက်ကွက်ကို သုံးပြီး သူ့ရဲ့ဓားနဲ့ ကျွင့်ယင်းလျန်ကို တိုက်ခိုက်ခဲ့တော့ ကျွင့်ယင်းလျန် လည်း ရှုံးနိမ့်ခဲ့ရတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now