အခန်း (၁၅၇၆)(စာစဉ် ၁၂၄- အပိုင်း ၁၀)
“ရန်သူအဖြစ်ကြေညာခြင်း”
ညီနောင်မဟာမိတ်အဖွဲ့က ခေါင်းဆောင်နှစ်ယောက်ကိုသာ ယခုကိစ္စအတွက် စေလွှတ်ခဲ့၏။ လာရောက် သည့် လူနှစ်ဦးထဲတွင် ရှန်ဂွမ်လင်းရှောင်က ဉာဏ်ပညာအရှိဆုံးဖြစ်သည်။
ထို့ကြောင့် ရဲယန်ဒွမ်သာ ဉာဏ်ပညာကြီးမြတ်မည်ဆိုပါက ရှန်ဂွမ်လင်းရှောင် ပေါ်လာကတည်းက ပါးပါး နပ်နပ် ကိုင်တွယ်နိုင်ပေလိမ့်မည်။
ရှန်ဂွမ်လင်းရှောင်မှာမူ ရောက်ရှိလာကတည်းက သူ၏ညီအငယ်ဆုံးအား တားဆီးပေးခဲ့သည့်အလုပ်ကို ဦးစွာပြုလုပ်ခဲ့သည်။ ထို့နောက် ရဲယန်ဒွမ်အား စကားပြောဆိုခဲ့ပြီး ဆရာကြီးရဲအပေါ် လေးစားမှုပြသပေးခဲ့လေ သည်။
ထို့ကြောင့် ထိုအချိန်က ရဲယန်ဒွမ်သာ ပါးနပ်သည့်လူဆိုပါက အခြေအနေများမှာ ကောင်းမွန်သွားနိုင်ပေ သည်။ သို့သော် ရဲယန်ဒွမ်က မာန်မာနထောင်လွှားသူဖြစ်သောကြောင့် အခြေအနေများမှာ အေးအေးဆေးဆေး မဖြစ်ခဲ့ဘဲ အရာအားလုံး ပျက်စီးသွားရတော့သည်။
သူပြောခဲ့သည့် စကားလုံးတိုင်းက ရှန်ဂွမ်လင်းရှောင်အား ပုတ်ခတ်စော်ကားခဲ့သလို ဖြစ်တည်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ရှန်ဂွမ်လင်းရှောင်အဖို့ သည်းခံချင်သည့်တိုင် ညီနောင်မဟာမိတ်အဖွဲ့မှ လူများစွာ သေဆုံးခဲ့ရ၍ ထပ်မံ၍ နောက်မဆုတ်ပေးလိုတော့ပေ။
ရဲယန်ဒွမ်က ရှန်ဂွမ်လင်းရှောင်အား သိုင်းလောက၏စည်းမျဉ်းများကို ပြောဆိုခဲ့သည်။ ထို့အတွက်ကြောင့် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် ရွေးချယ်စရာမရှိတော့ချေ။ ထိုကဲ့သို့ဖြစ်အောင်လည်း ရဲယန်ဒွမ်က ပြုလုပ် လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင်မူ ရဲစစ်သည်တော်များနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့မှာ ကမ္ဘာ့ရန်များ ဖြစ် တည်သွားကြချေပြီ။
တကယ်တမ်းတွင် ရှန်ဂွမ်လင်းရှောင် ပြောသည်မှာလည်း မှန်ကန်နေသည်။ အကယ်၍ ၎င်းတို့ ညီနောင် မဟာမိတ်အဖွဲ့သာ သိုင်းလောက၏စည်းမျဉ်းများကို လိုက်နာခဲ့ပါက ယခုကဲ့သို့ အဆုံးသတ်ရလိမ့်မည်မဟုတ်။ ထို့အတူ လူများစွာလည်း သေကျေပျက်စီးရလိမ့်မည် မဟုတ်ပေ။
စင်စစ် ရဲယန်ဒွမ်မှာမူ သိုင်းလောက၏စည်းမျဉ်းများကို လိုက်နာခဲ့ခြင်း မဟုတ်ချေ။ သူ၏ မသင့်လျော် သော အပြုအမူအတွက် သိုင်းလော၏စည်းမျဉ်းဆိုသည့် စကားလုံးနှင့် အကာအကွယ်ယူလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် မည်သို့ဆက်လုပ်ရပါမည်နည်း။ အကယ်၍ ရဲယန်ဒွမ်မှ ထို စည်းမျဉ်းများကို လိုက်နာမည်ဆိုလျှင် ညီနောင်မဟာမိတ်အဖွဲ့မှလည်း လိုက်နာမှဖြစ်ပေလိမ့်မည်။
ထိုအချိန် ရဲယန်ဒွမ်ဘက်မှ လူတစ်ယောက်မှ -
“ကျုပ်တို့က အင်အားကြီးတယ်၊ ကျုပ်တို့မှာ အင်အားကြီးတဲ့လူတွေ အများကြီးရှိတယ် ဒါပေမယ့် သူတို့ ဘက်မှာတော့ အခုချိန်မှာ အင်အားကြီးတဲ့လူက နှစ်ယောက်ပဲရှိတာ၊ အဲဒီတော့ ရန်သူတွေဖြစ်နေတဲ့ ကျုပ်တို့က ဘာလို့ထပ်ပြီး မသတ်နိုင်ရမှာလဲ၊ တကယ်လို့ သူတို့နှစ်ယောက်ကိုသာသတ်လိုက်ရင် သူတို့ရဲ့ အဖွဲ့အစည်းကြီး လည်း အားနည်းသွားမှာပဲ . . .”
“ဟုတ်တယ် . . . ရှန်ဂွမ်လင်းရှောင်က အင်အားကြီးတဲ့လူတစ်ယောက်ဆိုတော့ သူ့လိုလူမျိုးနဲ့ အနာဂတ် မှာ ရင်ဆိုင်ရတာ ပိုပြီးအန္တရာယ်များတယ်၊ အခုကတည်းက ရှင်းပစ်လိုက်တာ ပိုကောင်းမယ် . . .”
“ကျုပ်တို့ သူတို့ကို အနိုင်မတိုက်နိုင်ဘူးဆိုရင်တောင် ဆရာကြီး ၇ ယောက်က ကျုပ်တို့ကို ကူညီပေးကြ မှာပဲ၊ ဒါဆိုလွယ်လွယ်လေးဖြစ်သွားနိုင်တယ် . . .”
လူအများ၏ဆန္ဒမှာ တစ်ယောက်တစ်ခွန်းဖြင့် ပွက်လောရိုက်သွားလေသည်။
ထိုအခိုက်အတန့်တွင် ရဲယန်ဒွမ်၏ မျက်လုံးများမှာလည်း တဖျတ်ဖျတ် ဝင်းလက်သွား၏။ သူ၏စိတ်ထဲ၌ လည်း ထိုကဲ့သို့ အတွေးမျိုးတွေးထားပုံပါပင်။
“အရေးမပါလိုက်တာ . . .”
ဆရာချင်က သည်းမခံနိုင်တော့၍ ဒေါသတကြီး အော်ဟစ်လိုက်၏။
“ပါးစပ်ပိတ်ထားကြစမ်း . . . ခွေးမသားတွေ . . .”
ရှန်ဂွမ်လင်းရှောင်နှင့် ပန်ဇုယန်တို့မှာမူ မထူးမခြားနားသည့် ပုံစံမျိုးဖြင့် ရန်သူများအား အေးစက်စက်သာ စိုက်ကြည့်နေလေသည်။ ၎င်းတို့အားသတ်ရန် တာဆူနေကြသည့် လူအုပ်ကြီး၏အသံကိုလည်း မကြားရသည့် အလားပါပင်။
ရဲယန်ဒွမ်မှ မျက်မှောင်ကြုတ်လိုက်ပြီး -
“ဒါကရန်သူတွေကိုသတ်ဖို့ အခွင့်အရေးပဲ ဘာလို့ ကျုပ်တို့က မလုပ်နိုင်ရမှာလဲ . . .”
ဆရာချင်က ရဲယန်ဒွမ်အား စိတ်ချင်းဆက်သွယ်ပြီး ဒေါသတကြီးဖြင့် -
“အရူးပဲ . . . သူတို့ကို ဘယ်သူလို့ မင်းထင်နေတာလဲ . . .”
“ရှန်ဂွမ်လင်းရှောင်ဆိုတာ တကယ့်ကို ဉာဏ်အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်၊ အဲဒီလို လူတစ်ယောက် က ဒီနေရာကို စွန့်စားပြီးလာမှာမဟုတ်ဘူး၊ သူ့မှာတခြားအကာအကွယ် အစီအစဉ်မရှိဘဲ ဒီကိုလာပါ့မလား နည်း နည်းပါးပါး စဉ်းစားဦး၊ ဒီကိုလာတယ်ဆိုကတည်းက သူ့မှာအစီစဉ်ရှိပြီးသား၊ အခုနေသာ ငါတို့သူတို့ကို တိုက်ခိုက် လိုက်မယ်ဆိုရင် ဖရိုဖရဲမြို့တော်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ် . . .”
ရဲယန်ဒွမ်မှ တုန်လှုပ်သွားဟန်ဖြင့် -
“တကယ်ပဲလား . . . သူက အဲဒီလောက်တောင် တော်တယ်ပေါ့ . . .”
ထိုအချိန် ဇုဇီ၏အသံထွက်ပေါ်လာလေသည်။
“ဆရာ . . .”
“ပြော . . .”
“ဒီနေ့ ကျုပ်တို့ ညီအစ်ကိုပေါင်း ၃၅၄၈၇ ကို ဆုံးရှုံးခဲ့ရပါတယ်၊ ၁၃၂၉၁ ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရထားကြပါတယ် . . .”
ဇုဇီက အလွန်အမင်း စိတ်ထိခိုက်နေသည့်ပုံစံမျိုးဖြင့် ပြောလိုက်၏။
“အလောင်းတွေအကုန်လုံးကို စခန်းကိုပြန်သယ်၊ သူတို့ကို ကောင်းမွန်တဲ့နေရာမှာ မြှုပ်နှံပေးရမယ် . . .”
“ဒါပေမယ့် သူတို့အတွက် ငါတို့ကလဲ့စားချေမပေးနိုင်သေးမချင်း ဂူဗိမ္မာန်ကို မလုပ်ပေးကြနဲ့ ဒါတွေပြီးမှ သာ သူတို့ကို အမှတ်ရစေနိုင်မယ့် ဂူဗိမ္မာန်တွေကို လုပ်ပေးရမယ် . . .”
“ညီနောင်မဟာမိတ်အဖွဲ့က လူတွေအားလုံး ဖရိုဖရဲမြို့တော်ကထွက်မယ်၊ ဒီမြို့က ငါတို့လေးစားရတဲ့မြို့ မဟုတ်တော့ဘူး . . .”
ထိုသို့ပြောလိုက်သည့် ရှန်ဂွမ်လင်းရှောင်၏ အသံကြီး လွန်စွာ ကျယ်လောင်လှသည်။
“ကောင်းပါပြီ ဆရာ . . .”
ရှန်ဂွမ်လင်းရှောင်လည်း ပြတ်သားသော စကားများကို ဆိုပြီးသည်နှင့် ကောင်းကင်ထက်သို့ ပျံတက်သွား ၏။ ထို့နောက် မြေပြင်ပေါ်ရှိ အလောင်းများကို လှမ်း၍ကြည့်လိုက်ပြန်သည်။
ထိုအလောင်းများကို ညီနောင်မဟာမိတ်အဖွဲ့က လူများက သူ၏ အမိန့်ကြောင့် ၎င်းတို့၏ သိုလှောင် လက်စွပ်များအတွင်း ထည့်ကာ ပြန်လည်ယူဆောင်ရန် စီစဉ်နေကြလေသည်။
ရဲဂွမ်လင်းရှောင်က ထိုမြင်ကွင်းအားကြည့်၍ ကျယ်လောင်သော အသံကြီးဖြင့် -
“ငါတို့က ကမ္ဘာပေါ်က ညီအစ်ကိုတွေ . . .”
မြေပြင်ထက်ရှိ ညီနောင်မဟာမိတ်အဖွဲ့မှလူများမှာလည်း သံပြိုင်ဆိုသလိုပင် -
“ကျုပ်တို့ အတူတကွ တိုက်ခိုက်ကြမယ် . . .”
“ငါတို့တွေ အတူတကွ တိုက်ခိုက်ကြမယ် . . .”
ရှန်ဂွမ်လင်းရှောင်လည်း ထိုသို့လိုက်ပါအော်ဟစ်ပြီးနောက် ညီဖြစ်သူဘက်လှည့်ကာ -
“သွားကြစို့ . . .”
ပန်ဇုယန်လည်း ကျယ်လောင်စွာ တစ်ချက်အော်ဟစ်လိုက်ပြီးနောက် အစ်ကိုဖြစ်သူ၏နောက်မှ လိုက်ပါ သွားတော့သည်။ ကျန်သော ညီနောင်မဟာမိတ်အဖွဲ့မှ လူများမှာလည်း ခေါင်းဆောင်နှစ်ဦး၏နောက်သို့ တွေဝေ ခြင်းအလျဉ်းမရှိ ထပ်ကြပ်မခွာ လိုက်ပါသွားကြ၏။
“ရှန်ဂွမ် . . . ခင်ဗျား ဒီလိုပဲ ထွက်သွားတော့မလို့လား . . .”
ရဲယန်ဒွမ်က ရှန်ဂွမ်လင်းရှောင်အား စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
ရှန်ဂွမ်လင်းရှောင်က အေးစက်စက်ဖြင့် -
“အဆုံးမဲ့ပင်လယ်ထဲမှာ ဘယ်နေရာပဲဖြစ်ဖြစ် ငါစိတ်ရှိသလို သွားလာနိုင်တယ်၊ ငါ့ကိုဘယ်သူမှ ဟန့်တား နိုင်တယ်ဆိုတာ မရှိဘူး . . .”
“ဘာလဲ သခင်လေးရဲ . . . မင်းကဆန့်ကျင်ချင်လို့လား . . .”
ရဲယန်ဒွမ်က တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း အဘိုးကြီးများ၏ စူးရှသော မျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရလေသည်။ ထို့ကြောင့် ပြုံးရုံသာပြုံးလိုက်ပြီး -
“ခင်ဗျားကို ယုံကြည်ရမယ်လို့ထင်ပါတယ် . . . ကောင်းပြီလေ နှုတ်ဆက်ပါတယ် ကျုပ်တို့ထပ်ဆုံကြသေး တာပေါ့ . . .”
ရှန်ဂွမ်လင်းရှောင်မှာမူ ရဲယန်ဒွမ်အား မည်သည့်စကားမှမဆို၊ ခနဲ့တဲ့တဲ့သာပြုံးရင်း အေးစက်စက်စိုက် ကြည့်နေ၏။ သူ၏ထိုအကြည့်များက ရဲယန်ဒွမ်အား ငတုံးတစ်ကောင်အဖြစ် ကြည့်နေခြင်းပါပင်။
“ဒါပေါ့ သခင်လေးရဲ . . . နောက်ထပ် တွေ့ကြရဦးမှာပါ . . .”
“ငါတို့သေချာပေါက်ကို ထပ်တွေ့ကြမှာ . . .”
ထို့နောက် ရှန်ဂွမ်လင်းရှောင်လည်း သူ့လူများကို ဦးဆောင်ကာ တောင်ဘက်မုဒ်ဝမှ ထွက်ခွာသွားတော့ သည်။ သို့သော် ညီနောင်မဟာမိတ်အဖွဲ့မှ လူများအားလုံးမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံတင်းတင်း သာကြိတ်ထားလျက်ရှိကြသည်။
ထိုအခိုက်အတန့်တွင် ရဲစစ်သည်တော်များနှင့် မျိုးနွယ်စု ၇ စုမှ လူများမှာ စစ်ပွဲ၏အငွေ့အသက်များကို ခံစားလိုက်ကြရပါတော့သည်။
. . .
ညီနောင်မဟာမိတ်အဖွဲ့မှလူများ ထွက်ခွာသွားချေပြီ။
ပန်ဇုယန်မှ အစ်ကိုကြီးဖြစ်သူအားကြည့်ကာ သူနားမလည်နိုင်သည့် မေးခွန်းအား မေးလိုက်သည်။
“အစ်ကိုကြီး . . . ကျုပ်တို့ ဘာလို့မတိုက်ခိုက်ရတာလဲ၊ ကျုပ်တို့ သူတို့ကို အဲဒီနေရာမှာပဲ အဆုံးသတ်ပေး လိုက်လို့ရတယ်လေ၊ ဘာလို့ ကျုပ်တို့က နောက်ပြန်ဆုတ်လာရတာလဲ၊ ကျုပ်တို့ ညီအစ်ကိုတွေက အကြောင်းမဲ့ သေသွားရတာ အဲဒီကောင်တွေ လက်ချက်ကြောင့်လေ . . .”
ရှန်ဂွမ်လင်းရှောင်က ရှေ့သို့လျှောက်နေရင်းမှ ညီဖြစ်သူအား စိတ်ဖြင့် ဆက်သွယ်၍ -
“ဖရိုဖရဲမြို့တော်က သူတို့နေရာ . . .”
“အဲဒီတော့ရော ဘာဖြစ်လဲ . . . ဘာကိုဂရုစိုက်ရမှာလဲ . . .”
ပန်ဇုယန်မှ ဒေါသတကြီးဖြင့် ပြောလိုက်၏။
“သူတို့အားလုံးကို ကျုပ်လွယ်လွယ်လေးနဲ့ သတ်ပစ်လိုက်လို့ရတယ် . . .”
“မင်းကအရူးပဲ . . . ဟုတ်တယ် မင်းပြောသလိုပဲ ငါတို့တွေ အဲဒီရဲစစ်သည်တော်တွေကို အပြတ်ရှင်းပစ်နိုင် တယ်၊ အဘိုးကြီး ၇ ယောက်ဆိုတာလည်း အဲဒီလောက်ထိ အစွမ်းထက်ကြမှာ မဟုတ်ဘူး၊ ရဲယန်ဒွမ်ကိုလည်း လက်တစ်ဖက်ဝေ့ယမ်းလိုက်ရုံနဲ့ သတ်ပစ်လိုက်လို့ရတယ် . . .”
“ဒါပေမယ့် ဘာဖြစ်လို့လဲသိလား . . .”
ရှန်ဂွမ်လင်းရှောင်မှ ညီဖြစ်သူအားကြည့်ကာ မေးလိုက်ပါတော့သည်။
YOU ARE READING