1137----1138

187 13 0
                                    

အခန်း (၁၁၃၇)(စာစဉ် ၈၂- အပိုင်း ၃)

“ရွှေရောင်လင်းယုန်ကြီး ရောက်လာပြီ”

အားဟူ ရုတ်တရက် ပျောက်သွား၍ မိန်းကလေး နှစ်ဦးမှာ ချက်ချင်းပင် ရှာဖွေလိုက်ကြသည်။

သို့သော် မတွေ့တော့၍ ရဲရှောင်ကို တရပ်စပ်ပင် မေးခွန်းများ ထုတ်နေတော့သည်။

ရဲရှောင်ထံမှ ဖြေရှင်းချက် မရမချင်းလည်း ကျေ နပ်ကြမည့်ပုံ မပေါ်ကြချေ။

ရဲရှောင်မှ ပခုံးတွန့်ပြလိုက်ရင်း -

“ကြောင် ဘယ်သွားလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ၊ ဒီတိုင်းပဲ ထွက်ပြေးသွားတာလေ၊ မင်းတို့ လည်း သူဘယ်လောက် မြန်တယ်ဆိုတာကို သိသားနဲ့၊ မင်းတို့တောင် ဖမ်းဖို့ ဒီလောက်ကြာနေရင် ငါက ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ . . .”

ရဲရှောင် ပြောသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိ သည့်တိုင် မိန်းကလေးများမှာမူ ရဲရှောင်အား သင်္ကာမ ကင်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတုန်းပါပင်။

ထိုမျက်လုံး၊ ထိုအကြည့်များကြောင့် ရဲရှောင် စိတ် ထဲ အားဟူကို ထုတ်ပေးချင်သည့် စိတ်များ တဖွားဖွား ပင် ဖြစ်ပေါ်လာမိသည်။

ထို့ကြောင့် ရှေးဦးခရမ်းရောင် ချီဓာတ်များကိုသာ လည်ပတ်စီးဆင်းစေလိုက်ပြီး သူ၏ စိတ်ဆန္ဒများကို ချိုးနှိမ်ပစ်လိုက်ရသည်။

ထိုသို့ဖြင့် မိန်းကလေးနှစ်ဦးမှ သူ့အား နားပူနားစာ လုပ်နေချိန်တွင် ကယ်တင်ရှင် ရောက်လာခဲ့သည်။

“ရွှစ် ရွှစ် ရွှစ် . . .”

ကောင်းကင်ထက်မှ ရုတ်တရက် ထူးဆန်းသည့် အသံများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ဖြာကျလာသည်။

ထိုအခြင်းအရာကြောင့် ရဲရှောင် ကြောင်းငေးသွား မိသည်။

(ရွှေရောင် လင်းယုန်ကြီးများလား၊ သူဘယ်လိုဖြစ် လို့ ဒီလောက်မြန်မြန် ထွက်လာရတာလဲ . . .)

မိန်းကလေးများလည်း ရွှေရောင်အလင်းတန်းများ ကို မြင်လိုက်သောအခါ အံ့ဩတုန်လှုပ်သွားလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now