1641......1650

86 3 0
                                    

အခန်း (၁၆၄၁)(စာစဉ် ၁၂၉- အပိုင်း ၆)
“ဆုံးဖြတ်လိုက်ခြင်း”
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“ကျေးဇူးတင်ပါတယ် နဂါးဘုရင်ကြီး . . .”
ခရမ်းရောင်နဂါးဘုရင်မှလည်း ရယ်မောလိုက်ပြီး -
“ဧကရာဇ်ရဲ . . . မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်နှိမ့်ချနေတာပဲ တကယ်တော့ မင်းက မင်းလုပ်နိုင်တာထက် ကို ပိုပြီးလုပ်ခဲ့တာပါ၊ ငါကတော့ မင်းအပေါ် တစ်ကြိမ်တစ်ခါ အကြွေးတင်သွားပြီ . . .”
ထိုစဉ် ဖီးနစ်ဘုရင်မမှလည်း ပြုံးလျက် -
“ဟုတ်ပါတယ် . . . ချိဟူနဲ့ ကျွန်မကြားက အရာအားလုံးကိုလည်း အဆုံးသတ်လိုက်ပါပြီ . . .”
“ကျေးဇူးတင်ပါတယ် ဧကရာဇ်ရဲ . . .”
မျိုးနွယ်စု ခေါင်းဆောင်နှစ်ဦးမှာ ထိုသို့ပြောပြီးနောက် ဥများထံသို့ လျှောက်သွားကြလေသည်။
စင်စစ် ဆိုင်ရာဆိုင်ရာ ဥများကို စစ်ဆေးနေကြခြင်းပင်ဖြစ်၏။ ထို့နောက်တွင် နဂါးဘုရင်မှာ နဂါးဥလေးကို စစ်ဆေးရင်း ပျော်ရွှင်နေသလို ဖီးနစ်ဘုရင်မမှာလည်း သူမ၏ ဖီးနစ်ဥကို စစ်ဆေးရင်းဖြင့် ပျော်မဆုံးပင် ဖြစ်နေကြ လေသည်။
တကယ်တမ်းတွင် မျိုးနွယ်စုနှစ်ခုမှာ အင်အားကြီးကြသော်လည်း လူဦးရေ အနည်းငယ်သာလျှင်ရှိကြသည်။ နဂါးမျိုးနွယ်စုနှင့် ဖီးနစ်ဘုရင်မတို့မှာ ကလေးရရှိရန်အတွက် လွန်စွာ ခက်ခဲလှသည် မဟုတ်ပါလား။
ခရမ်းရောင်နဂါးဘုရင်နှင့် ရွှေရောင်ဖီးနစ်ဘုရင်မတို့ကဲ့သို့ တော်ဝင်အဆင့်မျိုးဆိုလျှင် ကလေးရရှိရန် ပို၍ပင် ခက်ခဲနိုင်ပါသေးသည်။ ထို့ကြောင့် ၎င်းတို့မျိုးနွယ်စုနှစ်ခု၏ သမိုင်းတွင် ခရမ်းရောင်နဂါးဘုရင် ၂ ပါးနှင့် ရွှေရောင် ဖီးနစ်ဘုရင်မ ၃ ပါးသာလျှင်ရှိခဲ့ဖူး၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်သည်မှာ အနည်းငယ်သာရှိကြောင်း သိသာ လှပေသည်။
ထို့ကြောင့် လက်ရှိ နဂါးဘုရင်နှင့် ဖီးနစ်ဘုရင်မတို့မှာ ယခု ကလေးငယ်များကို ၎င်းတို့၏နေရာတွင် အမွေ ဆက်ခံစေလိုကြလေသည်။ သို့သော် အခြေအနေမှာမူ မဖြစ်နိုင်သလောက်နီးပါးပါပင်။
အကြောင်းမှာ အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်ဖြစ်လာရန်အတွက် နဂါးလေးထံ၌ အတွေ့အကြုံ များစွာ လိုအပ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ထီးနန်းကို မရမချင်းလည်း အခက်အခဲများစွာကို ကျော်ဖြတ်ရဦးမည် ဖြစ်၏။
ထို့ကြောင့် ထီးနန်းရရန်က အရည်အချင်း၊ ပါရမီ၊ ဉာဏ်အမျှော်အမြင်နှင့် ကံတရားများပေါ်တွင် မူတည်နေ ခြင်းဖြစ်သည်။ ထိုအချက်များမရှိပါက ထီးနန်းကို အုပ်စိုးနိုင်ရန်က မဖြစ်နိုင်ချေ။
ဖီးနစ်ငှက်များမှာလည်း ထို့အတူပင်ဖြစ်၏။ ဖီးနစ်မျိုးနွယ်စုမှ မွေးဖွားလာသော ဖီးနစ်များမှာ ထိပ်ဆုံးသို့ မရောက်ခင်မှာပင်‌ သေဆုံးကုန်ကြလေသည်။
သို့သော် ယခုအခါ ရဲရှောင်၏ကယ်တင်ပေးမှု၊ ထူးခြားသော ခရမ်းရောင်ချီဓာတ်များနှင့် သဘာဝကြယ်ကိုးခု တို့ကြောင့် ကလေးများမှာ ထီးနန်းရနိုင်ချေ များသွားပြီဖြစ်၏။ ထို့ပြင် လူ့လောကသို့ ရောက်ရှိပြီဆိုကတည်းက ကောင်းကင်အသက်မီးဓာတ်ကိုလည်း ပိုင်ဆိုင်ခွင့်ရဦးမည်ဖြစ်သည်။
ထို့ကြောင့် နဂါးဘုရင်နှင့် ဖီးနစ်ဘုရင်မတို့ နှစ်ယောက်လုံးမှာ စိတ်လှုပ်ရှားလျက်ပင် ရှိနေကြလေသည်။
(ငါတို့မျိုးဆက်တွေ အဓွန့်ရှည်ကြတော့မှာပေါ့ . . .)
ထိုစဉ် ချိဟူမှ ပြုံးလျက် -
“ကျုပ်အားလုံးကို နှုတ်ဆက်ပါတယ်၊ ကျုပ်ကို ခွင့်လွှတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် . . .”
“ကျုပ်နေလို့ထိုင်လို့ မကောင်းတော့ဘူး ကျုပ်အခုသွားတော့မယ် . . .”
ပြောပြောဆိုဆိုဖြင့် ချိဟူလည်း တစ်ဖက်သို့လှည့်လိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သူ၏ပုံစံမှာ ယခင်ထက် နှစ်ပေါင်းထောင်ချီ၍ ပိုအိုမင်းနေသည့် အသွင်မျိုး ဖြစ်နေလေသည်။ ခြေလှမ်းများ ကလည်း လေးကန်လျက်ရှိပြီး မည်သို့မှ အရောင်ခုနှစ်မျိုးအရှင်သခင်တစ်ပါးနှင့် မတူတော့ချေ။
ရွှေကြာပန်းခုနှစ်ပွင့်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းသာချလိုက်ကြတော့၏။ ထိပ်သီးပညာရှင် တစ်ဦးက ယခုအခါ အသုံးမဝင်သော အဘိုးကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီ မဟုတ်ပါလား။
တကယ်တမ်းတွင်လည်း ချိဟူမှာ အရောင်ခုနှစ်မျိုး အရှင်သခင်များကြားတွင် နောက်ဆုံးဖြစ်နေပြီး အဆင့် မတက်နိုင်တော့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူ၏အခြေအနေကို ပြောင်းလဲ လို ပြောင်းလဲနိုင်ငြား နဂါးနှင့်ဖီးနစ်မျိုးနွယ်စုတို့ကို အနှောက်အယှက်ပေးခဲ့မိ၏။
သို့သော် ထိုအခြေအနေမှာလည်း မအောင်မြင်ခဲ့ဘဲ လူငယ်တစ်ဦး၏ ကယ်တင်ခြင်းကိုသာ ခံခဲ့ရလေသည်။ ထိုလူငယ်လေးကပင် သူ၏ပြဿနာများကို ဖြေရှင်းပေးခဲ့ပြန်သည်။
ထို့ကြောင့် ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များက သူ့အတွက် သိက္ခာကျစရာများသာ ဖြစ်နေသည်။ သမိုင်း တွင် သူ၏ဂုဏ်သိက္ခာ၊ သူနှင့်ပတ်သက်သည့် အကြောင်းအရာများမှာလည်း ကျန်ရစ်နိုင်တော့မည် မဟုတ်ပေ။
ထိုအစား လက်ရှိအချိန်တွင် သေလုမျောပါး အဘိုးကြီးတစ်ဦးပင် ဖြစ်တည်နေချေပြီ။ ထို့နောက်တွင်မူ သိုင်းလောကတွင် ချိဟူအား ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ချေ။
ယွဲ့ယုယုလည်း ချိဟူ၏နောက်ကျောကိုကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ -
“ချိဟူ . . .”
ချိဟူလည်း ခေါ်သံကြောင့် နောက်သို့ လှည့်ကြည့်လိုက်၏။
ထိုအခါ ယွဲ့ယုယုမှ ရှေ့သို့ တိုးလိုက်ပြီး -
“ကျုပ်တို့တွေ သိလာခဲ့တာ နှစ်ပေါင်းသောင်းချီကြာနေပြီ၊ ကျုပ်တို့က မိတ်ဆွေတွေလို့ မပြောနိုင်ပေမယ့် တူညီတဲ့ အခြေအနေကို အတူတူဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား၊ ကျုပ်တို့အားလုံးက အသက်တွေကြီးနေကြပါ ပြီ၊ ခင်ဗျား ကျုပ်နေရာကို လာမလည်ချင်ဘူးလား၊ ကျုပ်ရဲ့ အဖော်အဖြစ်ပေါ့ . . .”
ချိဟူလည်း အံ့ဩသွားပြီးနောက် ယွဲ့ယုယုအား လှမ်းကြည့်မိလိုက်သည်။ ယွဲ့ယုယုမှာလည်း သူ့အား စိုက် ကြည့်လျက်ရှိနေလေသည်။
ခဏအကြာတွင်မှ ချိဟူက ပြုံးလိုက်ရင်း -
“ကျေးဇူးတင်ပါတယ် . . . ဆရာယွဲ့ . . .”
“ကျုပ်က တစ်ဘဝလုံး အထီးကျန်ခဲ့ပြီးသားပါ၊ ကျုပ်မှာ မိတ်ဆွေဆိုတာ ထပ်မလိုတော့ပါဘူး၊ ကျုပ်ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ကျုပ်တစ်ယောက်တည်းပဲ ရှိနေချင်တယ် . . .”
ထို့နောက် ချိဟူလည်း တစ်ဖက်သို့လှည့်၍ ထွက်ခွာရန် ဟန်ပြင်လိုက်ပြန်သည်။
ယွဲ့ယုယုမှာမူ မျက်နှာမသာမယာဖြင့် သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။ ချိဟူက မိတ်ဆွေရှိရန် ထပ်မလိုတော့ဟု ဆိုလိုက်သည် မဟုတ်ပါလား။
သို့သော် ချိဟူ အဘယ့်ကြောင့် ထိုသို့ပြောသည်ကို ယွဲ့ယုယု ကောင်းစွာ သိနေသည်။ ချိဟူမှာ မကြာခင် သေဆုံးရတော့မည်ဖြစ်၍ သူ့ကြောင့်နှင့် မည်သူ့ကိုမှ ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုသောကြောင့်ဖြစ်၏။
ထိုအချက်ကြောင့်သာ ချိဟူက ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ ယွဲ့ယုယုအဖို့ ယခုကဲ့သို့သော အခြေအနေ တွင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ချိဟူမှာလည်း ထို့အတူပါပင်၊ ခေါင်းငိုက်စိုက်ဖြင့် သက်ပြင်းသာချလိုက်၏။ သူ့အနေဖြင့် အမှားလုပ်ခဲ့မိခြင်း ကြောင့် ဆိုင်ရာဆိုင်ရာ လူများအပေါ်တွင် တောင်းပန်ရမည်ဖြစ်သည်။
သို့သော် သူ့အနေဖြင့် အသက်ရှင်ရန်က အချိန် ၃ နှစ်မျှသာ ကျန်တော့၍ တောင်းပန်ရန်လည်း ဝန်လေးနေမိ သည်။ မကြာခင်သေဆုံးရတော့မည့် လူတစ်ဦးအဖို့ ထပ်မံတောင်းပန်နေရခြင်းက သိက္ခာများပို၍ကျဆင်းနိုင်သည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ရဲရှောင်ပြောလိုက်သည့် စကားများက သူ့ရင်ကို ထိမှန်စေခဲ့လေသည်။
“နဂါးနဲ့ ဖီးနစ်တို့က ခင်ဗျားဆီလာရင်တော့ ခင်ဗျား တောင်းပန်ရမယ် . . .”
“ကျုပ် အားစိုက်ထုတ်ထားမှုတွေကို အလဟဿမဖြစ်ပါစေနဲ့ . . .”
ရဲရှောင်မှ ချိဟူအားကြည့်ကာ ပြောလိုက်သည်။
“ငါ့မှာက အသက်ရှင်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့ဘူး၊ ငါဘာမှ မတတ်နိုင်တော့ဘူးလေ . . .”
ချိဟူမှ နာကျင်ဟန်ဖြင့် ရဲရှောင်အားကြည့်ကာ ပြန်ပြောလိုက်သည်။
“ဟုတ်တယ် . . . ခင်ဗျားမှာ အချိန် ၃ နှစ်ပဲကျန်တော့တယ် ခင်ဗျား သေရတော့မယ်၊ အဲဒီ ၃ နှစ်အတွင်းမှာ ခင်ဗျား ကျုပ်အတွက် တစ်ခုခုလုပ်ပေးစေချင်တယ် . . .”
ရဲရှောင်မှ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
“ကျုပ်က ခင်ဗျား အကူအညီကို လိုအပ်ရုံပါပဲ . . .”
“ကျုပ်က အားနည်းတယ်၊ ကျုပ်အဖွဲ့အစည်းကလည်း အားနည်းတယ်၊ ကျုပ်အဖွဲ့အစည်း တိုးတက်ဖို့ဆိုရင် အချိန် ၃ နှစ်လောက် လိုအပ်တယ်၊ ဧကရာဇ်ခန်းမမှာ အစစ်အမှန် အစွမ်းထက်ပညာရှင်မျိုး မရှိသေးဘူးလေ၊ အဲဒါ က ကျုပ်တို့အတွက် အကြီးမားဆုံး အားနည်းချက်ဖြစ်နေတာပဲ၊ နောက်ပြီး သေခြင်းနဲ့ရှင်ခြင်းခန်းမမှာ သုံးနှစ် လောက်နေပြီးရင် ခင်ဗျား အသက်ရှင်ဖို့ အခွင့်အရေးရလာမှာပါ . . .”
“ဘာလို့များ အသက်ကို အလဟဿ စတေးခံချင်နေရတာလဲ . . .”
“ထိပ်ဆုံးကိုရောက်ဖို့ အခွင့်အရေးလေး နည်းနည်းလောက်ပဲ ရှိမယ်ဆိုရင်တောင် ခင်ဗျား ဒီအခွင့်အရေးကို ရအောင် ဖမ်းဆုပ်ရမှာပဲ မဟုတ်ဘူးလား၊ ဘာလို့များ လွယ်လွယ်နဲ့ အရှုံးပေးချင်နေရတာလဲ . . .”
“အရာရာကို ကိုယ့်ဘက်က ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင်တောင် ခင်ဗျား အသက်ရှင်နေတဲ့ ၃ နှစ်အတွင်း မှာ တတ်နိုင်သလောက် ဖြေရှင်းသွားရမှာပဲ မဟုတ်ဘူးလား၊ မသေခင်မှာ လုပ်စရာရှိတာကို လုပ်သွားရမယ်လေ”
ထိုနောက်ဆုံး စကားလုံးများမှာ ချိဟူ၏ ရင်အစုံအား ထိမှန်သွားလေသည်။ ထို့ကြောင့် ချိဟူလည်း ခိုင်မာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့၏။
“၃ နှစ် . . .”
“ငါ့ရဲ့သက်တမ်း ၃ နှစ်အတွင်းမှာ မင်းနဲ့အတူတူနေပေးပါ့မယ် . . .”
ချိဟူမှ ခေါင်းညိတ်လျက် ပြောလိုက်၏။
“၃ နှစ်ပြီးရင်တော့ ငါသေသေရှင်ရှင် မင်းတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူးပေါ့ . . .”
ချိဟူ ထိုသို့ပြောလိုက်သည့် စကားလုံးများမှာ ရဲရှောင်၏ နားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေလေသည်။
(ငါကဘာမှမဟုတ်တာအတွက်နဲ့ တကယ်ပဲ သေရတော့မှာလား . . .)
(သေခြင်းနဲ့ ရှင်ခြင်းခန်းမဆိုတာ ငါ့ရဲ့မျှော်လင့်ချက်ပဲ . . .)
(ငါအသက်ရှင်နေထိုင်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီအတွင်းမှာ သူက ငါ့အတွက်လုပ်ပေးချင်စိတ်ရှိတဲ့ တစ်ဦးတည်း သော လူတစ်ယောက်ပဲ . . .)
ချိဟူလည်း သေခြင်းနှင့်ရှင်ခြင်းခန်းမကြီးအားကြည့်ကာ တွေးနေမိ၏။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံး များမှာလည်း အရောင်တဝင်းဝင်း တောက်ပလျက်ပင် ရှိနေလေသည်။
(ဒီနေရာက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတယ် . . .)
(ဒီနေရာကို လာနှောက်ယှက်ဝံ့တဲ့လူ၊ ထိပါးဝံ့တဲ့လူမှန်သမျှကို ငါ့အသက်နဲ့ရင်းပြီး တိုက်ခိုက်ရမှာပဲ . . .)
ချိဟူတစ်ယောက် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း တွေးနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now