အခန်း (၁၄၉၉ - က)(စာစဉ် ၁၁၅- အပိုင်း ၁၀)
“မီးခိုးရောင်နေကာဓားဂိုဏ်း”
နောက်တစ်နေ့ နံနက်တွင် တောအုပ်ကြီးတစ်ခုလုံးမှာ အံ့ဩဖွယ်ကောင်းအောင် ကြီးမားကျယ်ပြန့်သွားလေ သည်။
ထို့အတူ လေတိုက်တိုင်းလည်း အနီရောင်သစ်ရွက်များက ကခုန်နေသည့်အလား လှုပ်ရှားယိမ်းနွဲ့လျက်ပင် ရှိနေသည်။ ထိုအနီရောင်သစ်ရွက်များကြောင့် မသိပါက ဖရိုဖရဲမြို့တစ်ခုလုံးပင် အနီရောင်တောက်နေသလိုပါပင်။ ထို့ကြောင့် အလွန်လှပသော မြင်ကွင်းဟုပင် ဆိုရပါတော့မည်။
. . .
သစ်ပင်များမှာ အခိုင်ခံ့ဆုံး နံရံကြီးများကဲ့သို့ပင် ဖြစ်တည်လာကြ၏။ သစ်ပင်ကြီးများ၏ ပင်စည်များပင် အချင်းချင်း ထိတိုက်နေကြ၍ ထိုနေရာတစ်ခုလုံးကို ကာရံထားသလို ဖြစ်တည်နေသည် မဟုတ်ပါလား။
ထို့အတွက်ကြောင့်လည်း သေခြင်းနှင့်ရှင်ခြင်းခန်းမအတွက် နံရံများတည်ဆောက်ရန် တွေးတောထားသော ရဲရှောင်အတွက် အဆင်ပြေသွားသည်ဟုဆိုရမည်။ သစ်ပင်သစ်ကိုင်းကြီးများနှင့် ပင်စည်ကြီးများမှာ အချင်းချင်း ထိ ကပ်နေပြီး သစ်ရွက်များမှာလည်း အုံ့ဆိုင်းလျက်ရှိနေလေသည်။
ထိုသို့ နံရံများကဲ့သို့ ဖြစ်ပေါ်နေသော သစ်ကိုင်းများနှင့် အမိုးကဲ့သို့ ဖြစ်တည်နေသော အရွက်များကြောင့် ရဲရှောင်အဖို့ နံရံများကိုဆောက်ရန် လိုပါတော့မည်လော။ ထိုသစ်ပင်များကြောင့် ပုရွက်ဆိတ်တစ်ကောင်ပင် ဝင်နိုင် လိမ့်မည် မဟုတ်ပေ။
နဂိုက အတွင်းအပြင် ဝင်ထွက်နိုင်သည့် နေရာများရှိနေသည့်တိုင် ထိုနေရာများမှာ တဖြည်းဖြည်းဖြင့် နေရာ လပ်မရှိအောင် စေ့သွားကြလေသည်။ ထို့ကြောင့် ထိုနေရာရှိလူများအဖို့ အဝင်အထွက်ပြုလုပ်လိုလျှင် ဝင်ပေါက် တစ်ခုသာ ရှိတော့သည်။ ထိုနေရာက မေပယ်ပင်ကြီးနှစ်ပင်ကြားရှိ နေရာသာဖြစ်၏။
ထိုသစ်ပင်ကြီးနှစ်ပင်မှာ ကြီးမားလွန်း၍ ဝင်ပေါက်ရှေ့တွင် ကြီးမားလှသော ဘီလူးကြီးနှစ်ကောင် ချထား သကဲ့သို့ မားမားမတ်မတ်ဖြင့် တည်ရှိနေလေသည်။
ထို့ကြောင့် ထိုနေရာက ရဲရှောင်၏ ကြီးမားသော မဟာစီမံကိန်းကြီးအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့တော့သည်။ သို့သော် သူ၏နေရာကိုလုံခြုံစိတ်ချရန်အတွက် ထိုမျှနှင့်မလုံလောက်ဘဲ အခြားသော အရာများကို စီမံရဦးပေမည်။
သို့တိုင် ရဲရှောင်စိတ်ထဲ ထိုကိစ္စများနှင့်ပတ်သက်လျှင် သူမဟုတ်သည့် အခြားလူများကို မလုပ်ခိုင်းလိုပေ။ အနည်းငယ်သော မှားယွင်းမှုလေးကပင် သူ၏အကြံအစည်ကို ပျက်စီးသွားနိုင်သလို သူ့အသက်ကိုပင် ပါသွားစေနိုင် သည် မဟုတ်ပါလား။
ရဲရှောင်အဖို့ မိစ္ဆာဝိညာဉ်နက်နှင့် ဘိုင်လုံတို့ကို ယုံကြည်သည့်တိုင် ၎င်းတို့မှာ အစီအရင်များလုပ်သည့်နေရာ တွင် အကုန်အတိအကျ ဖြစ်နေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူရင်းများကိုပင် မလုပ်ခိုင်းလိုသော ရဲရှောင်၏ အကြံအစည်များက မည်မျှထိ ကြီးမားနေကြောင်း တွေးကြည့်ပါလေ။
ထိုသို့သော အကြံအစည်မျိုးရှိနေသော ရဲရှောင်အတွက် နံရံများကဲ့သို့ ဖြစ်တည်နေသည့် သစ်ပင်ကြီးရှိနေ သည်မှာလည်း ဂုဏ်ယူဖွယ်ရာပင် ဖြစ်နေသည်။ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ မည်သူကမှ သူလုပ်နိုင် သလို မလုပ်နိုင်လောက်ဟုလည်း ယုံကြည်နေမိ၏။ မည်မျှထိဆိုလျှင် ကောင်းကင်ဘုရင် ၅ ပါးပင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။
(ကောင်းကင်ဘုရင် ၅ ပါးဟုတ်လား သူတို့တွေမှာ ရေဟင်းလင်းပြင်ဆိုတာရှိမှာမလို့လား . . .)
(သူတို့မှာ သစ်သားဟင်းလင်းပြင်ရောရှိမှာလား၊ ရွှေဟင်းလင်းပြင်နဲ့ ဆေးတောင်ကြီးရောရှိမှာတဲ့လား . . .)
(သူတို့က ငါ့လောက် ပြည့်စုံမှာ မဟုတ်ပါဘူး . . .)
ရဲရှောင်လည်း သူ့တွင်ပိုင်ဆိုင်သည့်အရာများကို ဂုဏ်ယူမှုအပြည့်ဖြင့် တွေးနေမိပါတော့သည်။
. . .
ရဲရှောင်အဖို့ ဟင်းလင်းပြင်ကြီးကို ပိုင်ဆိုင်ထားရသည့်အတွက် ကျေနပ်နေမိလေသည်။ ထို့အတူ နှစ်ပေါင်း တစ်ထောင်သက်တမ်းနီးပါးရှိသည့် မေပယ်ပင်ကြီးများကိုလည်း ပိုင်ဆိုင်ထားရပါသေးသည်။
ထိုသို့သော သစ်ပင်မျိုးများမှာ ကမ္ဘာပေါ်တွင် ရှားပါးနိုင်သည့်တိုင် ပင်စည်များမှာမူ မာကြောမှုမရှိကြပေ။ ထို့ကြောင့် မူလနတ်သမီးအဆင့်သုံးသာရှိသေးသော ရဲရှောင်ပင်လျှင် သစ်ပင်ကြီးများကို ဖြတ်တောက်နိုင်စွမ်းရှိနေ သည်။
သို့သော် အချိန်တော့ အနည်းငယ် ပေးရချေမည်။ သူဖြတ်တောက်ရမည့် သစ်ပင်များက များစွာရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် သစ်ပင်ကြီးများကြား၌ အစီအရင်ပြုလုပ်လိုသော ရဲရှောင်အဖို့ အားဟူအား ကနဦးစေလွှတ်၍ သေချာအောင် စစ်ဆေးကြည့်ခိုင်းခဲ့၏။ အကယ်၍ ထိုသို့သာ မစေလွှတ်ခဲ့ပါက မှန်ကန်မှုရှိမရှိမှာ မသေချာလှပေ။
နောက်ဆုံးတွင် ရဲရှောင်လည်း သစ်ပင်ပင်စည်များအကြား သစ်ခေါင်းပေါင်း ၁၀၈ ခုကို ပြုလုပ်လိုက်တော့ သည်။ ထို့နောက် ရှေးဦးခရမ်းရောင်ချီဓာတ်များကို ထိုသစ်ခေါင်းများအတွင်း ထည့်သွင်း၍ ဆက်သွယ်စေလိုက်၏။
တဖန် လူခေါင်းအရွယ် ဖရိုဖရဲခရမ်းရောင်သလင်းကျောက် ၁၀၈ ခုကို အဆိုပါသစ်ခေါင်းများအတွင်း ထည့် သွင်းမြုပ်နှံလိုက်ပြန်သည်။
ထိုမျှမကသေး . . .
တောအုပ်၏အလယ်တွင် ထိုနေရာတစ်ခုလုံးကို ကာကွယ်ပေးနိုင်မည့် ဖရိုဖရဲခရမ်းရောင်သလင်းကျောက် အပိုင်းအစကြီးတစ်ခုကို မြုပ်နှံလိုက်ပြန်သည်။ ထိုခရမ်းရောင်သလင်းကျောက်ကြီးကို မြုပ်နှံလိုက်ချိန်က စွမ်းအင် လှိုင်းများမှာ ကောင်းကင်နှင့်မြေပြင်ကြား ရုတ်တရက် ပေါ်ထွက်လာကြ၏။
သို့သော် ထိုစွမ်းအင်လှိုင်းများက ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၍ မည်သူမှပင် သတိမထားမိလိုက် ကြပေ။
စင်စစ် ရဲရှောင် ပြုလုပ်လိုက်သည်မှာ မဟာကြယ်အစီအရင်ပင်ဖြစ်၏။ ယခုအခါတွင် ထိုအစီအရင်ကြီးမှာ လုံးဝပြည့်စုံစွာ အောင်မြင်သွား၍ ထိုသို့စွမ်းအင်လှိုင်းများ ထွက်ပေါ်သွားကြခြင်းဖြစ်သည်။
ထို့ပြင် အစီအရင်ကို ပြုလုပ်သည့်အချိန်ကလည်း သစ်ခေါင်းများအတွင်းရှိ ဖရိုဖရဲခရမ်းရောင်သလင်း ကျောက်များမှာ ထိခိုက်မှုအလျဉ်းမရှိသွားကြပေ။ ထို့ကြောင့် အစီအရင်ကြီးမှာ ချွတ်ချော်မှု အနည်းငယ်မှမရှိဘဲ အောင်မြင်သွားသည်ဟုပင် ဆိုရပေမည်။
ထိုမျှပြည့်စုံသော အစီရင်ကြီးရှိနေ၍ ယခုတောအုပ်ကြီးအား မူလသူတော်စင်အဆင့်ပညာရှင်များပင် ကျော် ဖြတ်နိုင်ခြင်း မရှိနိုင်ဟု ရဲရှောင်စိတ်ထဲ အပြည့်အဝယုံကြည်နေမိ၏။ မည်မျှထိဆိုလျှင် သူ့တောအုပ်ထဲရှိ သစ်ပင်များ ၏ သစ်ကိုင်းများကိုပင် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပါ။
တကယ်တမ်းတွင် မဟာကြယ်အစီအရင် ထိုမျှလောက်ထိ ပြည့်စုံသွားခြင်းမှာ ရှေးဦးခရမ်းရောင်ချီဓာတ်နှင့် ဖရိုဖရဲခရမ်းရောင်သလင်းကျောက်တို့ကြောင့်ပင် ဖြစ်၏။ ထိုနှစ်ခု၏ စွမ်းအင်များကြောင့်သာ ကောင်းကင်ထက်ရှိ ကြယ်များနှင့် ဆက်သွယ်နိုင်စွမ်းရှိသွားခြင်းဖြစ်သည်။
ထို့ကြောင့် ကြယ်များဖြင့် ဆက်သွယ်ထားသည့် အစီအရင်ရှိနေသည့် ယခုတောအုပ်ကြီးကို ဖြိုဖျက်ရန်မှာ ကောင်းကင်ထက်ရှိ ကြယ်များကို ဖြိုဖျက်ခြင်းလောက်ကို ခက်ခဲမည်သာ။ မည်သူကများ ထိုမျှလောက်ထိ လုပ်နိုင် ပါမည်နည်း။
စင်စစ် ရဲရှောင်က ယခုအစီရင်ကို ဆေးတောင်ကြီး၏ ၅ လွှာမြောက်တွင် တွေ့ရှိခဲ့ရသည့် အစီရင်စာအုပ် တစ်အုပ်ထဲမှ သင်ယူတတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်ကို တစ်အုပ်လုံး အလွတ်ကျက်မှတ်ပြီးသည့်နောက် တွင် ရဲရှောင်က ဖျက်ဆီးပစ်လိုက်၏။
အဆိုပါ မဟာအစီအရင်များ၏ သော့ချက်ဆိုသည့်စာအုပ်ကို သူရရှိခဲ့ချိန် သူကိုယ်သူ အလွန်ယုံကြည်ချက် ရှိလာခဲ့သည်။ မည်မျှထိဆိုလျှင် စကြာဝဠာအတွင်းရှိ မည်သည့်နေရာကိုမဆို သွားနိုင်စွမ်းရှိသလိုကို ယုံကြည်ချက် ရှိလာခဲ့ခြင်းဖြစ်၏။
ထို့ပြင် စာအုပ်ကိုဖတ်ပြီးနောက်လည်း သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာမိလေသည်။
(ဒီစာအုပ်ကိုရေးခဲ့တဲ့လူက ဘယ်သူများလဲ . . .)
(ငါသာသူနဲ့ဆုံတွေ့နိုင်ခဲ့မယ်ဆိုရင် သူ့ကိုငါ့ဆရာအဖြစ် သတ်မှတ်လိုက်မယ်၊ ရေးထားတာတွေက တကယ် ကို ပြောင်မြောက်တာပဲ၊ ဒီလိုအရည်အချင်းရှိတဲ့လူ ရှိနေတယ်ဆိုတာ ယုံကြည်ဖို့တောင် ခက်ခဲလွန်းတယ်၊ မသိရင် သူက ကမ္ဘာကြီးရဲ့ နတ်ဘုရားတစ်ပါးလိုပဲ . . .)
မှန်ပေသည်။ ထိုလူက တကယ့်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။
ထိုမျှကြီးမြတ်လှသော ပုဂ္ဂိုလ်မျိုး၏ အစီအရင်ကိုပြုလုပ်ထားသည့် ရဲရှောင်၏တောအုပ်ကြီးက မည်မျှထိ လုံခြုံနေမည်ကို တွေးကြည့်ပါလေ။ သို့သော် ရဲရှောင်က ထိုမျှနှင့် မကျေနပ်သေး။
အစီအရင်ကိုပြုလုပ်သည့်အချိန် ခရမ်းရောင်သလင်းကျောက် အစိတ်အပိုင်းများစွာကို ထုတ်ယူ၍ အစီအရင် အတွင်းတွင် ပါဝင်သော သေစေနိုင်သည့် အစီအရင်အချို့ကို ပြုလုပ်ခဲ့ပါသေးသည်။
ထိုအစီအရင်များမှာ သေခြင်းတရားအစီအရင် ၁ ခု၊ နဂါးသတ်ဖြတ်ခြင်း အစီအရင် ၂ ခု၊ လူသုံးယောက် သတ်ဖြတ်ခြင်း အစီအရင် ၃ ခုနှင့် ဆင်သတ်ဖြတ်ခြင်း အစီအရင် ၄ ခုဖြင့် စုစုပေါင်း အစီအရင်ပေါင်း ၉၉ ခုကိုပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ထိုအစီအရင်များက တောအုပ်အတွင်း ကျူးကျော်ဝင်ရောက်လာမည့် လူများအားလုံးကို အလွတ်မပေးဘဲ သတ်ဖြတ်ပစ်နိုင်စွမ်းရှိကြသည်။ အစီအရင်ပေါင်း ၉၉ ခုပင် ရှိနေသည့် တောအုပ်ကြီးထံမှလည်း မည်သူကများ လွတ်မြောက်နိုင်ပါမည်နည်း။
အကယ်၍ တစ်စုံတစ်ယောက်မှ အစီအရင်တစ်ခုကို တိုက်ခိုက်လိုက်ပါကလည်း အခြားသောအစီရင်များမှ တစ်ပြိုင်နက်တည်း ဒုက္ခပေးမည် ဖြစ်ပါတော့သည်။
YOU ARE READING