အခန်း (၁၅၅၁)(စာစဉ် ၁၂၂- အပိုင်း ၆)
“ငါမစွန့်ခွာနိုင်ဘူး”
ဆရာယန် ခြေတစ်လှမ်းလှမ်းပြီးနောက် သူ၏လူနှစ်ထောင်ကျော်ခန့်မှာ လိုက်ပါသွားကြလေသည်။
ဘူရှန်းဖန်၊ မန်ယုဂျန်နှင့်လဲ့ဒုန်ချန်တို့မှာမူ ထိုလူများ ထွက်ခွာသွားသည်အားကြည့်ရင်း ဒေါသအမျက်ချောင်း ချောင်း ထွက်နေကြ၏။ ရက်အတန်ကြာနေခဲ့ဖူးကြသည့် လူများဖြစ်ကြ၍ ယခုကဲ့သို့ လုပ်သွားသည်ကို မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် အမှားလေးတစ်ခုအတွက်ကြောင့်နှင့် တစ်ဖက်နှင့်တစ်ဖက်က ဆန့်ကျင်ဘက် ဖြစ်သွားကြချေပြီ။
သို့သော် ဆရာယန်ကိုယ်တိုင်မှာလည်း စိတ်မကောင်းဖြစ်နေသည့်ပုံရှိလေသည်။ ထို့ကြောင့် ရဲရှောင်ထံသို့ လေးကန်သော ခြေလှမ်းများဖြင့် သွားလိုက်ပြီး မျက်လွှာချကာ -
“ဧကရာဇ်ရဲ . . . ငါတောင်းပန်ပါတယ် . . .”
ရဲရှောင်က ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ထိုအပြုံးက အပြင်ပန်း၌ဖြစ်ပေါ်နေသော အပြုံးတစ်ခုသာဖြစ်ပြီး သူ့စိတ်ထဲ မည်သို့ခံစားနေရမည် ကိုမူ မည်သူမှ သိနိုင်မည် မထင်ပါ။
“ဆရာယန် ဂရုစိုက်ပါ . . .”
ဆရာယန်လည်း ခေါင်းညိတ်ပြလျက် သက်ပြင်းသာချလိုက်၏။ ထို့နောက် လေးလံသော ခြေလှမ်းများကို သယ်ဆောင်ရင်း ထွက်ခွာသွားတော့သည်။
အဆုံးသတ်တွင် ယန်မျိုးနွယ်စုက ဧကရာဇ်ခန်းမထံမှ နှုတ်ဆက်ထွက်ခွာသွားချေပြီ။ ထိုအခိုက်အတန့်တွင် လူပေါင်း ၁ သောင်းကျော်ခန့်မှာ အခြေအနေများကို စောင့်ကြည့်နေကြပြီး နှုတ်ဆိတ်လျက်သာရှိနေကြသည်။
တိုက်ခိုက်ရေးခန်းမမှ လူများမှာမူ ထွက်ခွာသွားသော လူများ၏ ကျောပြင်အား ငေးကြည့်ရင်း ဒေါသများ ထွက်နေကြလေသည်။
ထိုသို့ဖြင့် ဆရာယန်ထွက်ခွာသွားပြီးနောက် ဆရာဂျုမှာ ဒုတိမြောက်လိုက်ပါသွား၏။ သို့သော် ဆရာဂျုမှာ လည်း မျက်နှာမသာမယာဖြင့် သက်ပြင်းများ အကြိမ်ကြိမ်ချလျက်သာရှိနေသည်။ နောက်ဆုံးတွင် ဆရာဂျုလည်း ထွက်ခွာသွားပြီဖြစ်၍ သူ၏လူများမှာလည်း ခေါင်းငိုက်စိုက်လျက်သာ လိုက်ပါသွားကြ၏။
ထိုအခိုက်အတန့်တွင် ရဲယန်ဒွမ်က ရဲရှောင်၏ မျက်နှာအရိပ်အကဲအား အကဲခတ်လျက်သာရှိနေသည်။ မည် သို့ပင်ဖြစ်စေကာမူ ရဲရှောင်ကိုယ်တိုင်လည်း ယခုအခြေအနေအပေါ် စိတ်ဓာတ်ကျနေမိလေသည်။ ထို့ကြောင့် သူ၏ မျက်နှာထက်၌ ထိုအရိပ်အယောင်များက အနည်းနှင့်အများ ထင်ဟပ်ပေါ်လွင်လျက်ရှိ၏။
ရဲယန်ဒွမ်မှာလည်း ထိုမြင်ကွင်းအားကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် စိတ်ထဲ ကျေနပ်သွားမိသည်။
“ဧကရာဇ်ရဲ . . . ဒီလူတွေအားလုံး ထွက်ခွာသွားတာကိုကြည့်ပြီး စိတ်ထဲ ဘယ်လိုခံစားနေရမလဲဆိုတာ သိ ချင်လိုက်တာ . . .”
ရဲရှောင်က ခေါင်းခါယမ်းလိုက်ရင်း -
“ဘာမှ ထူးထူးခြားခြား ခံစားမိတာ မရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါမပိုင်ဆိုင်တဲ့လူတွေကို ငါသွားခွင့်ပြုရမှာ ပဲလေ၊ ဒါကမှန်ကန်တဲ့လုပ်ရပ်ပဲ မဟုတ်လား . . .”
“ဧကရာဇ်ရဲက တော်တော်ကို ပွင့်လင်းတာပဲ . . .”
ရဲယန်ဒွမ်က ရဲရှောင်အားကြည့်ကာ ချီးကျူးစကားဆိုလိုက်သည်။
“မင်းဝမ်းမနည်းဘူးလား၊ စိတ်ဓာတ်မကျဘူးလား အခုဆို မင်းလူတွေက ထွက်ခွာသွားပြီလေ . . .”
ရဲရှောင်က ပြုံးရင်း ခေါင်းကိုသာ အသာအယာခါပြလိုက်သည်။ သို့သော် သူ၏မျက်လုံးများအတွင်းတွင်မူ စိတ်ပျက်မှုများကို မြင်တွေ့နိုင်ပေသည်။
“မင်းမျက်နှာဖုံးတစ်ခုကို ကြာကြာတပ်ထားတဲ့အခါမှာ အဲဒါက မင်းရဲ့မျက်နှာလို ဖြစ်သွားလိမ့်မယ် . . .”
ရဲယန်ဒွမ်က မည်သည့်စကားမှမဆိုဘဲ လက်နောက်ပစ်လျက်သာ ကြည့်နေ၏။
ထိုအချိန် ဆောင်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သူ ဆရာဆောင်မှာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်ပုံပါပင်။ သို့သော် နောက်ဆုံးတွင် ဆရာချင်၏ တိုက်တွန်းမှုကြောင့် သူသည်လည်း ထွက်ခွာသွားရတော့သည်။
“ဆောင် . . .”
ဆရာဂွမ်မှ ရုတ်တရက် ထအော်လိုက်၏။ သူ၏ ထိုအော်သံက ပုံမှန်လိုမဟုတ်၊ အက်ကွဲကွဲပင် ဖြစ်နေသည်။
ဆရာဆောင်လည်း ဆရာဂွမ်၏အော်သံကြောင့် နောက်သို့မသာမယာဖြင့် လှည့်ကြည့်လိုက်သည်။ ဆရာဂွမ် မှာလည်း ကတုန်ကယင်ဖြင့် ဆရာဆောင်အား ပြန်၍ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် ဆရာဂွမ်၏ မျက်နှာထက်၌ အရေးအကြောင်းများက ပို၍ပင် ထင်ရှားလာသလိုပါပင်။
“ဂွမ် . . . ငါတို့တွေ မှားခဲ့ကြတယ် . . .”
ဆရာဆောင်မှ လေးကန်သော အသံကြီးဖြင့် ပြောလိုက်၏။ သို့သော် ဆရာဂွမ်၏မျက်နှာကို စိုက်မကြည့်ဝံ့ ဘဲ မျက်လွှာချလျက်သာရှိနေသည်။
ထို့နောက် တစ်ဖက်သို့ပြန်လှည့်လိုက်ရင်း -
“အခုသွားဖို့ အချိန်ကျပြီ . . .”
“မဟုတ်ဘူး . . .”
ဆရာဂွမ်မှ ရုတ်တရက် ထပ်မံအော်ဟစ်လိုက်ပြန်သည်။
“ငါတို့မမှားဘူး ဒီလိုတွေဖြစ်လာလဲဆိုတာ ငါလည်းမသိတော့ဘူး ဒါပေမယ့် သွေးကျောက်စိမ်းပြားက ဘယ် တော့မှ မှားမှာမဟုတ်ဘူးလေ . . .”
“ငါတို့တွေ အတူတူကြိုးစားခဲ့ကြတယ် အခုမှ တစ်ယောက်ယောက်က ပေါ်လာပြီး ငါတို့အမှားတွေလို့ပြော တယ်၊ ငါတို့က အဲဒါကို ဘာလို့နားထောင်ကြရမှာလဲ . . .”
ဆရာဂွမ်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။
“သွေးကျောက်စိမ်းပြားဆိုတာ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့အရာလေ၊ ငါတို့မျိုးနွယ်စုကိုလည်း ဒီလိုပဲညွှန်ကြား ထားတာ အဲဒီတော့ ငါတို့မှားတာမဟုတ်ဘူး၊ တစ်ခုခုကသာ မှားယွင်းနေတာ . . .”
ဆရာဆောင်မှ တည်ငြိမ်သောအသံဖြင့် -
“ဂွမ် . . . အပိုတွေလုပ်မနေနဲ့တော့ အမှန်တရားက မင်းရဲ့မျက်စိရှေ့ကိုရောက်နေပြီ၊ မင်းဒါကိုငြင်းလို့မရဘူး၊ သခင်လေးချန်ချင်က ကြီးမြတ်တဲ့ ရဲမျိုးနွယ်စုကပဲ၊ ငါတို့ရဲ့ ဘိုးဘေးတွေကလည်း ဒါကိုအသိအမှတ်ပြုပြီးသွားပြီ၊ ငါတို့တွေအားလုံးလည်း အသိအမှတ်ပြုမှဖြစ်လိမ့်မယ်၊ မရူးမိုက်စမ်းပါနဲ့ . . .”
“မဟုတ်ဘူး . . . ငါမယုံဘူး . . .”
ဆရာဂွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
“သွေးကျောက်စိမ်းပြားက ငါတို့ကို ဘယ်လိုသက်သေပြခဲ့လဲ ဒါကမှားနေလို့လား . . .”
“အေး . . . သွေးကျောက်စိမ်းပြားက အသိအမှတ်ပြုပြီးသွားပြီ၊ ဆရာချန်ချင်းက ကြီးမြတ်တဲ့ ရဲမျိုးနွယ်စုက ပဲ၊ သူက မျိုးနွယ်စု ၇ စုလုံး စောင့်နေရတဲ့လူပဲ . . .”
ဆရာချင်က မျက်မှောင်ကြုတ်လျက်ပြောလိုက်၏။
“သခင်လေးယန်ဒွမ်နဲ့ ပတ်သက်တဲ့အရာအားလုံးက သူက ကြီးမြတ်တဲ့ ရဲမျိုးနွယ်စုက ဖြစ်တယ်ဆိုတာကို သက်သေပြပြီးသွားပြီ၊ ဒါကအမှန်တရားပဲ . . .”
“ငါ့မျိုးနွယ်စု ဘိုးဘေးတွေဆီကနေ ဘာသတင်းမှမကြားရသေးဘူး အဲဒီတော့ သူ့အမိန့်မပါဘဲ ငါဒီကနေ လုံးဝထွက်မသွားနိုင်ဘူး . . .”
ဆရာဂွမ်မှ ထွက်ခွာသွားရန်အား ခပ်ပြတ်ပြတ်ပင် ငြင်းဆိုလိုက်၏။
“မင်းကဘာလို့ ဘိုးဘေးတွေဆီကနေ အကြောင်းကြားတာကို စောင့်နေတာလဲ . . .”
ဆရာချင်မှ စိတ်မရှည်တော့သည့် အသံဖြင့် ဆရာဂွမ်အားကြည့်ကာ ပြောလိုက်သည်။
“ဂွမ် . . . ငါတို့အားလုံး အမှန်တရားကို သိနေပြီ အဲဒါကို မင်းက ဘာလို့ဒီလောက်ထိ ခေါင်းမာနေရတာလဲ”
“ခေါင်းမာတယ် ဟုတ်လား . . . ငါကငါ့နှလုံးသားဆန္ဒအတိုင်း လိုက်နာနေတာ၊ ငါ့မှာငါ့စည်းမျဉ်းနဲ့ငါရှိပြီး သားကွ . . .”
ဆရာဂွမ်က အခြားလူများကိုပါကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
“သွေးကျောက်စိမ်းပြားရဲ့ ပြောင်းလဲမှုကို မင်းတို့ပဲ သတိပြုမှုသွားလို့ ငါ့ကိုဒါမျိုးလုပ်ခိုင်းခဲ့တာလေ၊ မင်းတို့ ပဲ ဒီကောင်လေးကို ကူညီပေးဖို့ ငါ့ကို ပြောခဲ့ကြတာမလား . . .”
“ဒီကောင်လေးကို ငါတို့ရဲ့ တူသားတစ်ယောက်လို စောင့်ရှောက်ပေးရမယ်လို့ မင်းတို့ပါးစပ်က ပြောခဲ့ကြ တာလေ၊ သူ့ကို ကူညီပြီး ဂရုစိုက်ပေးရမယ်လို့ ဘယ်ကောင်တွေရဲ့ ပါးစပ်က ပြောခဲ့ကြတာလဲ . . .”
“ဂွမ်မျိုးနွယ်စုက ပထမဆုံး လှုပ်ရှားရမယ်လို့ မင်းတို့ပဲ ပြောခဲ့ကြတာ မဟုတ်ဘူးလား၊ ကောင်လေးရဲ့ အဖွဲ့ အစည်းထဲ အဖွဲ့ဝင်အဖြစ် ဝင်ပါရမယ်ဆို . . .”
“အခုငါဒီမှာရောက်နေပြီလေ ငါတင်မဟုတ်ဘူး ငါ့မျိုးနွယ်စုတစ်ခုလုံးကိုပါ ဒီမှာမြုပ်နှံထားတာ၊ ဒါကို မင်းတို့ ကောင်တွေက အခုမှ ဘာထဖြစ်ကြတာလဲ . . .”
ဆရာဂွမ်၏ ထိုအော်သံများထဲတွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ပါဝင်နေသလို ဝမ်းနည်းမှုများ လည်း ဖြည့်စွက်ပါဝင်နေလေသည်။
“ဧကရာဇ်ခန်းမကြီး တစထက်တစ ဖွံဖြိုးလာတာကို ငါ့မျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့တယ်၊ အခုဒီနေ့လိုမျိုး ကြီးမားတဲ့ အင်အားစုကြီးဖြစ်လာတာကို ငါမြင်တွေ့ခဲ့ရတယ် . . .”
“မူလနတ်သမီးအဆင့်နှစ်ပဲရှိသေးတဲ့ ရဲရှောင်က နှစ်ဝက်အတွင်း မူလနတ်ဘုရားအဆင့်ခြောက်ထိရောက် လာတာကို ငါမြင်တွေ့ခဲ့ရတယ် . . .”
“သူအခက်အခဲတွေကို ဖြတ်ကျော်တာကို ငါမြင်တွေ့ခဲ့ရတယ်၊ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ချုပ်ကိုင်မှု ကနေ ရုန်းထွက်နိုင်တာကို ငါမြင်တွေ့ခွင့်ရခဲ့တယ်၊ ဧကရာဇ်ခန်းမကြီး ဘယ်လိုဘယ်ပုံ ဖွံ့ဖြိုးလာတယ်ဆိုတာကို ငါသိခွင့်ရခဲ့တယ် . . .”
“ဒီအရာတွေအားလုံးကို ငါမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်၊ သူ့ရဲ့ရိုးသားမှုတွေ သူ့ရဲ့အားအင်တွေ၊ သူ့ရဲ့ ဝမ်း နည်းမှုတွေ အကုန်လုံးကို ငါခံစားမိခဲ့တယ်၊ လူငယ်လေးတစ်ယောက်က ဒါမျိုးလုပ်နိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မယုံကြည်ခဲ့မိဘူး . . .”
“အဆုံးသတ်မှာ ငါအထင်ကြီးမိခဲ့တယ် သူ့အတွက် ပျော်လည်းပျော်ရွှင်ခဲ့မိတယ်၊ ငါတို့လူမှန်နဲ့ ဆုံခဲ့ပြီလို့ ငါအမြဲတွေးပြီး အမြဲကျေနပ်ခဲ့ရတယ်၊ ငါတို့ရွှေကြာပန်း ၇ ပွင့် ပြန်လည်မြင့်တက်နိုင်မယ့် အခွင့်အရေးပဲလို့လည်း ငါတွေးခဲ့တယ် . . .”
“ငါသူ့ကိုစောင့်ကြည့်ခဲ့တယ် ဂရုစိုက်ခဲ့တယ်၊ အချိန်ပြည့် သူ့အတွက် စိုးရိမ်ပြီး သူနဲ့ထပ်တူ ပျော်ရွှင်မှုတွေကို ဝေမျှပေးခဲ့တယ်၊ ငါမွေးထားတာ မဟုတ်ပေမယ့် ငါမွေးထားသလိုမျိုး ငါ့ကလေး တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက် သွားတာကိုကြည့်ရင်း ငါကျေနပ်နေခဲ့မိတယ်၊ အဲဒီခံစားမှုက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲဆိုတာကို မင်း တို့ကောင်တွေ နားလည်ရဲ့လား . . .”
“ငါအဲဒီခံစားချက်တွေကို အခုထိ ခံစားမိနေတုန်းပဲ၊ ဒီနေရာအတွက် ငါအရာအားလုံး ပေးဆပ်ခဲ့တယ်၊ ငါ ဒီနေရာကို ငါ့စိတ်နှလုံးသားနဲ့ထပ်တူ မြတ်နိုးတယ်၊ ငါဒီအတိုင်းလေးပဲ ဆက်သွားစေချင်တယ် . . .”
“ဒါပေမယ့် အခုတော့ ဘာဖြစ်လဲ မင်းတို့ကောင်တွေက ဒါကိုအမှားတစ်ခုလို့ပြောတယ် ပြီးတော့ ငါ့ကိုဒီက နေ စွန့်ခွာခိုင်းပြီး တခြားအဖွဲ့ထဲပါစေချင်နေပြန်ပြီ . . .”
ဆရာဂွမ်က နှလုံးသွေးထဲမှပင် ဖြစ်ပေါ်လာသော ဒေါသတရားများဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
“မင်းတို့ကောင်တွေ အကုန်လုံးက အရူးတွေလား အနည်းဆုံးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် မတွေး တတ်ဘူးလား၊ ငါပြန်ရောက်လာတဲ့အခါတိုင်း ဒီနေရာကအကြောင်းတွေကို ပြန်ပြောပြတဲ့အချိန်တုန်းက မင်းတို့ အားလုံး ငါနဲ့ထပ်တူ ပျော်ရွှင်ခဲ့ကြတယ်မဟုတ်လား . . .”
“အဲဒီတုန်းက မင်းတို့ပါးစပ်က ဘာတွေပြောခဲ့ကြလဲ ဟမ် ပြောကြစမ်းပါဦး ဘာတဲ့ . . . သူက ရဲမျိုးနွယ်စုရဲ့ မျိုးဆက်သစ်ဆိုတာ တကယ်အမှန်ပါပဲ၊ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတယ်ဆိုတာတွေ ပြောခဲ့ကြတယ်လေ အခုကျ မင်းတို့က မင်းတို့မဟုတ်တဲ့အတိုင်း ပြောင်းလဲသွားကြပြီပေါ့၊ ဘယ်လိုတောင် ပြောင်းလဲလိုက်နိုင်ကြတာလဲ၊ ငါဖြင့်ယုံတောင် မယုံနိုင်ဘူး . . .”
“ဒါကသစ္စာဖောက်တာပဲ ဒါကဂုဏ်သိက္ခာမဲ့တာပဲ၊ ဖြစ်ကိုမဖြစ်သင့်တာ . . .”
ဆရာဂွမ်က ဒေါသတကြီးအော်ဟစ်ပြီးရင်း အော်ဟစ်လိုက်၏။
ထိုအချိန် သူ၏အသံမှာလည်း လူတိုင်း၏နားများအား ပေါက်ကွဲလုမတတ်ပင် ကျယ်လောင်နေပါတော့ သည်။
YOU ARE READING