အခန်း (၁၅၄၂ - က)(စာစဉ် ၁၂၁- အပိုင်း ၆)
“တစ်ခွက်တစ်ဖလား သောက်ကြခြင်း”
မဟူရာရေဂိုဏ်းမှာ အရေးနိမ့်နေပြီဖြစ်၏။ ၎င်းတို့၏ အနေအထားက နေရောင်အောက်တွင်ရှိနေသည့် ရေခဲ လွှာလေးများကဲ့သို့ပင် ဖြစ်နေလေသည်။ အချိန်တိုအတွင်းမှာပင် ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလား။
အစက တိုက်ပွဲတွင် မဟူရာရေဂိုဏ်းဘက်မှ မူလနတ်ဘုရားအဆင့်ပညာရှင်အယောက် ၆၀၀ နီးပါးခန့်ပါဝင် ခဲ့ကြသော်လည်း ယခုအခါတွင် အားလုံး သေဆုံးကုန်ကြလေပြီ။ ထို့ကြောင့် လက်ရှိတိုက်ပွဲအတွင်း ရုန်းကန်နေ သောလူမှာ အယောက် ၃၀ ပင် မပြည့်တော့ချေ။
နောက်ဆုံးတွင် ထိုလူများအားလုံးကိုလည်း ဧကရာဇ်ခန်းမမှ လူများမှာ ပိတ်ဆို့ ဝန်းရံထားလိုက်နိုင်ကြ၏။ ထို့ကြောင့် ယခုအချိန်တွင် မဟူရာရေဂိုဏ်းအနေဖြင့် မည်သည့်အရာမှ မတတ်နိုင်ကြတော့ချေ။ ၎င်းတို့၏ ကျန်လူ များမှာလည်း အလောင်းများအဖြစ် ပြောင်းလဲသွားကြပြီ မဟုတ်ပါလား။
“ဘယ်လိုဖြစ်လို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်သွားရတာလဲ . . .”
မန်ယုဂျန်က နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။
(ဧကရာဇ်ခန်းမက ဒီရန်သူတွေကို ဒီလောက်လျင်လျင်မြန်မြန်နဲ့ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး . . .)
တိုက်ပွဲအစတွင် မန်ယုဂျန်၏စိတ်ထဲ ယခုတိုက်ပွဲအား အနိုင်တိုက်နိုင်လျှင်ပင် ကံကောင်းလှပြီဟု ထင်မှတ် မိခဲ့သည်။ မဟူရာရေဂိုဏ်းဆိုသည်က သိုင်းလောကအတွင်း အင်အားကြီးဂိုဏ်းတစ်ခုပင် မဟုတ်ပါလား။
ထို့ကြောင့် ဧကရာဇ်ခန်းမ၌ ဒဏ်ရာများအား ကုသပေးနိုင်သော ဆေးကောင်းများရှိနေသည့်တိုင် မဟူရာရေ ဂိုဏ်းက ဧကရာဇ်ခန်းမအား ရင်ဆိုင်နိုင်စွမ်းရှိသော ဂိုဏ်းတစ်ခုပင်ဖြစ်၏။ တစ်နည်းအားဖြင့် ဧကရာဇ်ခန်းမအဖို့ ယခုတိုက်ပွဲတွင် မဟူရာရေဂိုဏ်းအား မည်သို့မှ အသာစီးမရနိုင်သည့် သဘောပါပင်။
သို့သော် အဆုံးသတ် ကန့်လန့်ကာချလိုက်သည့်အချိန် ပေါ်ထွက်လာသည့် အမှန်တရားမှာမူ သူ့အား အံ့ဩသင့်စေခဲ့၏။ တကယ်တမ်းတွင် ထိုသို့အံ့ဩခဲ့ရသည်က သူပင်မဟုတ်၊ မဟူရာရေဂိုဏ်းမှ လူများပင် အံ့ဩ တုန်လှုပ်ခဲ့ရခြင်းဖြစ်သည်။
(ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ . . .)
(ဘာလို့ ဒီလောက်အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရတာလဲ မဖြစ်နိုင်လိုက်တာ . . .)
“အဓိပ္ပာယ်မရှိလိုက်တာ . . . အရှက်မဲ့လိုက်တာ . . .”
ဒေါသတကြီး အော်ဟစ်လိုက်သည့် အသံတစ်ခုကြောင့် အတွေးနယ်ချဲ့နေသော ရဲရှောင်၊ သတိပြန်ကပ်သွား ၏။ စင်စစ် ထိုအသံကား မဟူရာရေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ နူလျန်၏ အသံပင်ဖြစ်သည်။ နူလျန်မှာ ရလာဒ်အား မယုံနိုင်ဟန်ဖြင့် မျက်လုံးအပြူးသားရှိနေလေသည်။
“ဘယ်သူလဲ . . . ဘယ်သူလဲ . . . လူလုံးထွက်ပြလိုက်စမ်းပါ . . . မျိုးမစစ်ကောင်တွေ . . .”
“ဒီလိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက သိက္ခာမရှိတဲ့လုပ်ရပ်ကွ . . . .”
“ထွီ . . . အရှုံးသမားတွေ တကယ်ကို စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူတွေ၊ ခွေးကောင်တွေ သတ္တိရှိ လူလုံး ထွက်ပြလိုက်စမ်းပါ . . .”
နူလျန်အဖို့ ထိုသို့ ကြိတ်မနိုင်ခဲမရ အော်ဟစ်နေခြင်းမှာ သူ့ကိုယ်သူ အကြံကောင်းလှပြီဟု တွေးထင်ခဲ့ခြင်း ကြောင့်ဖြစ်၏။အစိမ်းရောင်ဝံပုလွေဂိုဏ်းနှင့် ကင်းမြီးကောက်ဂိုဏ်းတို့အား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ကာ ဧကရာဇ်ခန်းမထံသို့ စေလွှတ်ခဲ့သည် မဟုတ်ပါလား။
ထိုဂိုဏ်းနှစ်ခုအား ရှေ့ပြေးစေလွှတ်ပြီးနောက် ၎င်းတို့က နောက်ဆုံးမှရောက်လာကာ ဧကရာဇ်ခန်းမအား ဖျက်ဆီးရန် ကြံရွယ်ခဲ့ခြင်းဖြစ်၏။ အကယ်၍ ထိုအကြံအစည်သာ အထမြောက်ခဲ့ပါက အဆုံးမဲ့ပင်လယ်တွင် ၎င်းတို့ မဟူရာရေဂိုဏ်းက ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
တကယ်တမ်းတွင်လည်း နူလျန်အဖို့ သူ့ဘက်မှ အခြေအနေများ မသေချာသေးဘဲ အစီအစဉ်များကို မစဝံ့ခဲ့ ပေ။ ထိုသို့ဆိုသည့်တိုင် နောက်ဆုံးတွင် ရလာဒ်က သူလိုချင်သည့်အတိုင်းဖြစ်မလာ၊ အထင်နှင့်အမြင် တက်တက်စင် အောင် ကွာနေခဲ့၏။
သူတို့အဖို့ အောင်မြင်မည်ဟု တွေးထင်ထားခဲ့သော်လည်း ဧကရာဇ်ခန်းမအား အနိုင်မယူနိုင်ခဲ့သလို နယ်မြေ များကိုလည်း သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ချေ။ ထိုအစား ၎င်းတို့၏ မဟူရာဂိုဏ်းသာ ဖျက်ဆီးခံလိုက်ရလေသည်။
ထို့ကြောင့် နူလျန်အဖို့ ဆောက်တည်ရာမရ၊ အရူးကြီးပမာ စိတ်ဓာတ်ပျက်ပြားနေရချေပြီ။ သို့သော် မဟူရာ ရေဂိုဏ်း၏ ဂိုဏ်းချုပ်ပီပီ အခြားလူများထက် အခြေအနေများကို ပိုမိုသဘောပေါက်ပြီး ယခုအခြေအနေ၏ ထူးခြား မှုကိုလည်း သတိပြုမိခဲ့၏။
တိုက်ပွဲပြင်းထန်နေချိန်က နူလျန်တစ်ယောက် တိုက်ပွဲအား မျက်ခြေမပြတ် စောင့်ကြည့်နေပြီး သူ့လူများ စေလွှတ်နိုင်ရန် အသင့်ပြင်ခိုင်းထားလျက်ရှိသည်။ သို့သော် သူ့အဖို့ အံ့ဩစရာကောင်းသည်များကို မြင်တွေ့ခဲ့ရလေ သည်။
ထိုမြင်ကွင်းက အခြားမဟုတ်၊ ဧကရာဇ်ခန်းမ၏ သင်္ကေတများပါရှိသည့် ခရမ်းရောင်ဝတ်ရုံဝတ် ပညာရှင် အချို့အား မြင်တွေ့လိုက်ရခြင်းပင်ဖြစ်၏။ ထိုလူများမှာ တိုက်ပွဲအတွင်း တစ္ဆေများကဲ့သို့ပင် လှုပ်ရှားခဲ့ကြလေသည်။
အစပိုင်းတွင်မူ ၎င်းတို့ကို မြင်တွေ့ခဲ့ရခြင်း မရှိပေ။ ၎င်းတို့ဂိုဏ်းဘက်မှ မူလသူတော်စင်အဆင့်ပညာရှင် များအား တိုက်ပွဲအတွင်း စေလွှတ်လိုက်မှသာ ထိုလူများက စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။
အတိအကျဆိုရလျှင် ဘူရှန်းဖန်ထံသို့သွားသော ပထမဆုံး မူလသူတော်စင်အဆင့် ပညာရှင်ကိုမူ မည်သည့် အရာကိုမှ မလုပ်သေးဘဲ အခြားသော မူလသူတော်စင်များကိုသာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်၏။
ထိုလူများမှာ အရိပ်ပမာပင် လျင်မြန်စွာ လှုပ်ရှားခဲ့ကြ၍ ၎င်းတို့ မည်သို့ပြုမူခဲ့ကြသည်ကို မည်သူမှ မသိရှိခဲ့ ကြပေ။ ထို့ကြောင့် အဆိုပါလူများ လှုပ်ရှားတိုင်း မဟူရာရေဂိုဏ်းမှလူများအဖို့ သေမင်းအား စောင့်နေရသလိုပါပင်။
ထိုကဲ့သို့ မူလသူတော်စင်အဆင့် ပညာရှင်များကိုပင် သတ်ဖြတ်ရန် လွယ်ကူခဲ့သဖြင့် အခြားလူများအဖို့ ပို၍ ပင် လွယ်ကူနိုင်ပါသေးသည်။ ထိုသို့ဖြင့် ဧကရာဇ်ခန်းမ အနိုင်ရရှိလာခါနီးအချိန်တွင် ထိုလူများမှာ ထူးဆန်းစွာဖြင့် ပျောက်ကွယ်သွားကြပြန်သည်။
သို့သော် နူလျန်မှာမူ ထိုလူများအနက်မှတစ်ယောက်မှာ တိုက်ခိုက်ပြီးနောက် ခရမ်းရောင် မီးခိုးများကြားမှ ပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရလိုက်၏။
အဆိုပါ လျှို့ဝှက်ဆန်းကျယ်သော လူများကြောင့်သာမဟုတ်လျှင် ဧကရာဇ်ခန်းမအဖို့ ယခုတိုက်ပွဲအား နိုင်နိုင်စရာအကြောင်း လုံးဝမရှိပေ။ ၎င်းတို့ပေါ်လာသည်နှင့် တိုက်ပွဲရလာဒ်က ပြောင်းလဲသွားခဲ့ရသည် မဟုတ်ပါ လား။
ဧကရာဇ်ခန်းမ၌ ဘူရှန်းဖန်ရှိနေသည်ဆိုသော်ငြား မဟူရာရေဂိုဏ်းက ဘူရှန်းဖန်နှင့် ရင်ဆိုင်နိုင်ရန်အတွက် မူလသူတော်စင်အဆင့်ပညာရှင် တစ်ယောက်ထက်မက စေလွှတ်နိုင်စွမ်း ရှိလေသည်။ မဟူရာရေဂိုဏ်းက အင်အား ကြီးဂိုဏ်းတစ်ခုပင် မဟုတ်ပါလား။
ထို့ကြောင့် ဧကရာဇ်ခန်းမအကြောင်း သိရှိထားသူများလည်း ဖြစ်၏။ ထိုသိထားသမျှ အရာအားလုံးနှင့် ၎င်း တို့၏ အစီအစဉ်များပေါင်းစပ်ကာ ဧကရာဇ်ခန်းမအား ဆန့်ကျင်နိုင်ရန် ကြိုတင်ကြံစည်ထားခဲ့ကြလေသည်။
ထို့အတွက်ကြောင့် ယခုတိုက်ပွဲတွင် ဧကရာဇ်ခန်းမအဖို့ ရှုံးနိမ့်ရန်သာ ရာခိုင်နှုန်းများနေသည်။ သို့သော် ထို လျှို့ဝှက်ဆန်းကျယ်သည့် လူများကြောင့် အခြေအနေများမှာ လုံးဝကို ပြောင်းလဲသွားခဲ့ရ၏။
မဟူရာရေဂိုဏ်းမှာ အရှုံးနှင့်သာ ရင်ဆိုင်လိုက်ရသည် မဟုတ်ပါလား။ ထို့ကြောင့် နူလျန်၏ရင်ထဲတွင်လည်း အမုန်းတရားများ၊ အာဃာတများဖြင့်သာ ပြည့်နှက်နေလေတော့သည်။
အကယ်၍ ဧကရာဇ်ခန်းမအနေဖြင့် ယခုလောက်အထိ အင်အားကြီးနေမည်ဆိုပါက သူ့ဘက်မှ ယခုကဲ့သို့ သတိလက်လွတ် လုပ်မိလိမ့်မည် မဟုတ်ပေ။ သို့သော် လျှို့ဝှက်ဆန်းကျယ်သည့်လူများ ရုတ်တရက် ပေါ်လာခြင်းက မယုံနိုင်လောက်အောင်ပင် အံ့ဩဖွယ်ကောင်းလွန်းနေသည်။
ထို့ကြောင့် နူလျန်၏စိတ်ထဲ ဧကရာဇ်ခန်းမက မသမာသောနည်းလမ်းများ သုံးသည်ဟု ထင်မှတ်လိုက်မိ၏။
(ဒါကတော့ မဟုတ်သေးဘူး . . .)
“လူလုံးပြလေ . . . အားလုံးထွက်လာခဲ့ကြ . . .”
“လူသတ်သမားတွေ . . . တော်တော်ကို အကြံပက်စက်တဲ့ကောင်တွေ . . .”
နူလျန်မှာ ဆောက်တည်ရာမရ၊ အရူးကြီးတစ်ယောက်ကဲ့သို့ပင် အော်ဟစ်လျက်ရှိ၏။
သူ့အဖို့ ရာနှင့်ချီသော ပညာရှင်များ၏ ခေါင်းဆောင်ဖြစ်ခဲ့သည့်တိုင် လက်ရှိအချိန်တွင်မူ ရေခမ်းငါးပမာဖြစ် နေရပြီ မဟုတ်ပါလား။ တိုက်ပွဲတွင် မဟူရာရေဂိုဏ်းမှ ခေါင်းဆောင်ပိုင်းများစွာ သေဆုံးသွားခဲ့ကြ၍ မည်သူက မပြို လဲဘဲ နေပါမည်နည်း။
သို့သော် ရဲရှောင်က မျက်မှောင်ကြုတ်လျက် နူလျန်အား ကြည့်လိုက်ရင်း -
“ဒီလူ ဘာတွေအော်နေတာလဲ၊ တော်တော်ကို ပါးစပ်သရမ်းတဲ့လူ . . .”
“ကြာတယ် . . . သူ့ကို အပြတ်ရှင်းလိုက်တော့ . . .”
အစပိုင်းတွင် ရဲရှောင်စိတ်ထဲ နောက်ကွယ်မှ ဉာဏ်နီဉာဏ်နက်ကောင်းကောင်းဖြင့် ကြိုးကိုင်ခဲ့သည့်လူအား တွေ့လိုစိတ် ပြင်းပြခဲ့မိ၏။ သို့သော် ယခုအခါတွင်မူ ထိုလူမှာ စိတ်ပိုင်းဆိုင်ရာအရ အားနည်းသော လူတစ်ဦးဖြစ်နေ ကြောင်း တွေ့လိုက်ရလေသည်။
ထို့ပြင် ထိုကဲ့သို့သော လူမျိုးကိုမှ ရဲရှောင်အဖို့ ရှုံးနိမ့်ရလျှင် ရှက်ဖွယ်လိလိပင် ဖြစ်နေရလိမ့်မည်။ တစ်နည်း အားဖြင့် ရဲရှောင်စိတ်ထဲ နူလျန်အား ဉာဏ်နည်းသော လူတစ်ဦးဟုသာ တွေးထင်နေပါတော့သည်။
YOU ARE READING