1133----1134

213 14 1
                                    

အခန်း (၁၁၃၃)(စာစဉ် ၈၁- အခန်း ၁၃)

“ဇန်ယွန်ဖေ့တို့၏ စိုးရိမ်ပူပန်မှု”

ဇန်ယွန်ဖေ့မှ -

“အနိုင်ရရှိတဲ့လူက သေခြင်းတရားနဲ့ သေဆုံးခြင်း ကို ဆုံးဖြတ်တယ်ဆိုတာ သဘာဝတရားကြီးရဲ့ ဥပဒေ သပဲ မဟုတ်လား၊ ငါတို့ ရေခဲလနန်းတော်က မင်းတို့ရဲ့ တိုက်ခိုက်မှုတွေကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ် မိန်းကလေးတို့ . . .”

ဇန်ယွန်ဖေ့မှာ ရေခဲလနန်းတော်၏ အရေးပါသော လူတစ်ဦးဖြစ်၍ မိန်းကလေးနှစ်ဦး၏ ခြိမ်းခြောက်မှုကို ခံရသောအခါ ထိုမိန်းကလေးများ မည်မျှကြောက်စရာ ကောင်းနေပါစေ သူ့ဂိုဏ်းကိုမူ သိက္ခာအကျမခံနိုင်ပေ။

ထို့ကြောင့် မယုတ်မလွန်ဖြင့်သာ ပြန်လည် ပြော လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း စိတ်ထဲတွင်မူ သက်ပြင်းရှည်ကြီး ကိုသာ ချလိုက်မိသည်။

“ကျုပ်ပြောတာ နားထောင်ကြပါဦး . . .”

ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။

“အခြေအနေ တင်းမာတာထက်စာရင် ငြိမ်းချမ်းမှု က  ပိုကောင်းပါတယ်၊ မိန်းကလေးတို့လည်း စိတ်ကို လျှော့ကြပါ၊ ဒီလိုအဆုံးမရှိတဲ့ တိုက်ပွဲတွေအကြောင်း ပြောနေမယ့်အစား အေးအေးဆေးဆေးပဲ စကားပြော ကြတာပေါ့ . . .”

“ကျုပ်ရဲ့ အမြင်မှာတော့ ရေခဲလနန်းတော်ဆိုတာ ကောင်းမွန်တဲ့ ဂိုဏ်းတစ်ခုပါ၊ ရန်ငြိုးရန်စတွေကို ဖယ် ထုတ်လိုက်တာက နှစ်ဖက်လုံး အထိနာတာထက်စာ ရင် ပိုကောင်းမယ် ထင်ပါတယ် . . .”

ရဲရှောင် ထိုသို့ပြောလိုက်သောအခါ လူတိုင်း အံ့ဩ သွားကြပြီး မည်သူမှ စကားဆက်မပြောကြတော့ချေ။

(သူစိတ်လွတ်သွားပြီလား၊ သူက ဘဝင် လေဟပ် နေတာများလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံနေတာများလား . . .)

(ဒီလိုအချိန်မျိုးမှာ အခုလို စကားလုံးတွေကို ဘယ် လိုများ ပြောဝံ့ရတာလဲ၊ သူတို့တွေက ကောင်မလေး တွေရဲ့ အချစ်ဆုံးအစ်ကိုကို သတ်ခဲ့ကြတာလေ၊ အဲဒါ ကို ဘယ်လိုလုပ် ရန်ငြိုးတွေ မရှိဘဲ နေနိုင်မှာလဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now