အခန်း (၁၃၂၁)(စာစဉ် ၉၅- အပိုင်း၅)
“ထွက်ပြေးခြင်း”
တိုက်ပွဲတွင် အရေးနိမ့်နေသော ဝုဖအဖို့ အသတ်ခံ ရတော့မည်ကို သိနေ၍ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
သူအသက်ရှင်နေသရွေ့ ညီဖြစ်သူအတွက် အချိန် မရွေး လက်စားချေနိုင်မည် မဟုတ်ပါလား။
သူ့အနေဖြင့် တိုက်ပွဲကို လူအများ ကြည့်နေလိမ့် မည်ဟု မထင်ထား၍ ရေကုန်ရေခမ်း တိုက်ခိုက်နေရ သော တိုက်ပွဲအပေါ်ကိုသာ အာရုံစိုက်ထားမိခဲ့သည်။
သို့သော် ယခုအခါ လူအများ ကြည့်နေသည်ကို သိ လိုက်ရသောအခါ သူ့အဖို့ ထိုအခြင်းအရာကို လက်မခံ နိုင်တော့ပေ။
အကယ်၍ သူ၏ အဖြစ်အပျက်ကိုသာ လူအများ သိသွားမည်ဆိုပါက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရ သော သူ၏ ဂုဏ်သတင်းကျဆင်းသွားနိုင်သည်။
ထို့ကြောင့် သူ့အနေဖြင့် တစ်ခုတည်းသော ဖြစ် သည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။
ထိုအရာကား အရာအားလုံးကို မြင်တွေ့သွားသည့် မျက်မြင်သက်သေကို လက်စဖျောက်ရန်ပါပင်။
သို့သော် လက်ဝါးရိုက်ချက် မြေပေါ်သို့ မကျခင်မှာ ပင် သူ့အပေါ်သို့ စွမ်းအင်လှိုင်းများ လွှမ်းမိုးမှုများ သက် ရောက်လာသည်ကို ခံစားလိုက်ရ၏။
ဝုဖအဖို့ ရဲရှောင်၏ ထူးခြားသော ကျင့်စဉ်ကြောင့် ရဲရှောင်ကို အနိုင်ယူနိုင်ခြင်း မရှိပေ။
ထို့ပြင် ရဲရှောင်ထံ၌ ထိုကျင့်စဉ်ပင် မဟုတ်၊ အလွန် အစွမ်းထက်သော ရတနာ တစ်ပါးလည်း ရှိနေသည် မဟုတ်ပါလား။
ထိုအခြေအနေတွင် ဝုဖအနေဖြင့် ရဲရှောင်ကို အနိုင် ယူရန်မှာ မဖြစ်နိုင်၊ သေချာပေါက်ပင် ရှုံးနိမ့်သွားနိုင်၏။
သို့သော် ရဲရှောင်နှင့် ရွှမ်ပိုင်တို့မှလွဲ၍ ကမ္ဘာပေါ်ရှိ မည်သူကမှ ဝုဖ၏ လက်ဝါးရိုက်ချက်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဝုဖ၏ လက်ဝါးရိုက်ချက် နီးကပ်လာ သည်နှင့် တောအုပ်အတွင်းရှိ လူများမှာ အသက်အောင့် ထားမိလိုက်ကြသည်။
ထိုလူများမှာ သာမန်လူများ မဟုတ်၍ ဝုဖ၏ လက် ဝါးရိုက်ချက်က မည်မျှထိ အစွမ်းထက်ကြောင်းကို သိ နေကြသည်။
ထိုရိုက်ချက်ကို သူတို့အားလုံး အတူတကွ စုပေါင်း ၍ ခုခံမည်ဆိုလျှင်ပင် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ဦးမည်သာ။
အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် များပါပင်။
(ငါတို့တော့ သေရတော့မယ် . . .)
သို့သော် ထိုအချိန်မှာပင် -
“ဝုဖ ခင်ဗျားကို ဒီလို လုပ်ခွင့်မပေးနိုင်ဘူး . . .”
ရဲရှောင်မှ အော်ဟစ်လိုက်ပြီးနောက် ခေါင်းလောင်း ကြီးကို အရှိန်အဟုန်အပြည့်ဖြင့် ပစ်လွှတ်လိုက်သည်။
ထိုအခါ ခေါင်းလောင်းကြီးမှာ ဝုဖ၏ နောက်ကျော ဘက်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။
အကယ်၍ ဝုဖသာ လူများကိုတိုက်ခိုက်မည်ဆိုလျှင် ခေါင်းလောင်းကြီး၏ ရိုက်ခတ်မှု ခံရနိုင်ပြီး ကျရောက် လာမည့် သက်ရောက်မှုများကိုလည်း ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုရိုက်ချက်ဖြင့်ပင် အသက်ပျောက်သွားနိုင်မည်မှာ အသေအချာပင်။
ထို့ကြောင့် ဝုဖအနေဖြင့် ဒေါသထွက်နေသည့်တိုင် မည်သို့မှ မတတ်နိုင်၍ လက်ဝါးရိုက်ချက်ကို ရပ်တန့် လိုက်သည်။
ထိုအစား ခေါင်းလောင်းကြီးဘက်သို့ လှည့်၍သာ ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
“ဘုန်း . . .”
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဝုဖ သွေးများ အန်ထွက်ကာ တစ်ကိုယ်လုံး ကျင်တက်သွား သလို ခံစားလိုက်ရသည်။
ဝုဖလည်း အချိန်မဆွဲတော့၊ အနက်ရောင် အရိပ် အဖြစ် သူ့ကိုယ်သူ ပြောင်းလဲလိုက်ရင်း တောအုပ်ထဲသို့ ခပ်မြန်မြန် တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။
ဝုဖမှာ ခေါင်းလောင်းကြီးနှင့် ရင်ဆိုင်ရန် ဆုံးဖြတ် လိုက်၍ နောက်ဆုံးတွင် ဒဏ်ရာအပြင်းအထန် ရရှိသွား ခဲ့သည်။
ထိုအချိန်တွင် သူသာ ထွက်မပြေးလိုက်ပါက ထပ်မံ ကျရောက်လာမည့် ရိုက်ချက်များကို မည်သို့မှ ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုစဉ် တောအုပ်အတွင်း ဖြတ်ပြေးလာသော ဝုဖ၏ ရုပ်ရည်သွင်ပြင်ကို လူအများ မြင်တွေ့လိုက်ကြရသည်။
ဖြူရော်သော မျက်နှာထား၊ ရင်ဘတ်နှင့် ပါးစပ်တို့ ၌ သွေးများစွန်းထင်းလျက် အတော်လေးပင် ဒဏ်ရာ ရနေသည့် ပုံပါပင်။
ထို့ပြင် မျက်လုံးများထဲ၌လည်း ရှက်ရွံ့မှုနှင့် ဒေါသ တရားများက အတိုင်းသား ပေါ်လွင်နေ၏။
သို့သော် လူများအဖို့ ဝုဖကို အချိန်ကြာကြာ မမြင် လိုက်ရ။
အကြောင်းမှာ ဝုဖက တောအုပ်ထဲသို့ ခဏလေး အတွင်းမှာပင် တိုးဝင်ပျောက်ကွယ်သွား၍ ဖြစ်သည်။
လူများအနေဖြင့်လည်း ရဲရှောင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ဝုဖတစ်ယောက် အလျင်လိုနေသည် ကို သိထားကြပြီး ဖြစ်သည်။
ထို့ကြောင့်ပင် ဝုဖလည်း ကြည့်နေသော လူများကို ဘာမှမလုပ်နိုင်ဘဲ လျစ်လျူသာ ရှုထားခဲ့ရခြင်း ဖြစ် သည်။
သို့တိုင် လူများ လွတ်မြောက်သွားသော်လည်း သစ် ပင်များ အားလုံးမှာမူ ပျက်စီးကုန်ကြရသည်။
စင်စစ် စွမ်းအင်သက်ရောက်မှုလှိုင်း ခံလိုက်ရသော ဧရိယာ တစ်ဝိုက်ရှိ သစ်ပင်များအားလုံးမှာ ပြာဖြစ်သွား ခြင်း ဖြစ်သည်။
ထို့ပြင် ဝုဖ၏ စွမ်းအင်တစ်ဝက်ပျက်က လူပေါင်း ရာကျော်ကို သွေးများ အန်ထွက်၍ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့သည်။
ကံကောင်းသည့် အချက်မှာ အားလုံးမှာ အဆင့်မြင့် ပညာရှင်များ ဖြစ်နေ၍ မည်သူမှတော့ သေဆုံးခြင်း မရှိ ခဲ့ပေ။
မပြီးဆုံးခဲ့သော စွမ်းအင်တစ်ဝက်တစ်ပျက် လက် ဝါးရိုက်ချက်ကပင် ယခုလောက်ထိ သက်ရောက်မှုကြီး စွာ ဖြစ်စေနိုင်ခဲ့လျှင် အပြည့်အဝသာဆိုပါက မတွေးဝံ့ စရာပင်။
လူများလည်း ဝုဖ၏ လက်ဝါးရိုက်ချက်မှ လွတ် မြောက်သွားပြီးနောက် ရှောင်ဧကရာဇ်အား လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
(ရှောင်ဧကရာဇ်က တကယ့်ကို လူအများပြောကြ သလို သူရဲကောင်းတွေ အားလုံးကို ရယ်မောနိုင်စွမ်း ရှိ တာပဲ . . .)
ထိုအချိန် ရွှေရောင်ခေါင်းလောင်းကြီးမှာ တစ်ပတ် လည်လျက် ရဲရှောင်ရှိရာသို့ ပျံသန်းသွားသည်။
ထို့နောက် ရဲရှောင်၏ လက်ထဲသို့ ရောက်ရှိသွားပြီး သာမန်ခေါင်းလောင်းငယ်လေး တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။
ထိုမှတဖန် ရွှေရောင်မျှော်စင်အဖြစ် ထပ်မံ ပြောင်း လဲသွားကာ လုံးဝကို ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှ ရဲရှောင်လည်း သက်ပြင်းချလိုက်မိသည်။
နောက်ဆုံးတွင် တိုက်ပွဲကြီး ပြီးဆုံးသွားပြီ မဟုတ် ပါလား။
(ငါတကယ်ကို အနိုင်ရခဲ့တာပဲ . . .)
(ငါကကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဝုဖကို အနိုင် ရခဲ့တာပေါ့ . . .)
ရဲရှောင်အဖို့ အနိုင်ရရှိခဲ့သည့်တိုင် ဝုဖအား ပြိုင် ဘက်ကင်း ပညာရှင်ဟု လူအများက သတ်မှတ်ထား၍ သူ့ကိုယ်သူပင် မသေချာသလို ဖြစ်နေသည်။
ထိုအချိန်က ရဲရှောင်ဘက်မှ ဆက်တိုက်ခိုက်ရန် ဟန်ပြင်ခဲ့သည့်တိုင် ဝုဖမှာ ထွက်ပြေးသွားခဲ့သည်။
အကယ်၍ ဆက်၍သာ တိုက်ခိုက်ပါက အနိုင်အရှုံး မှာ ပိုပေါ်လွင်သွားနိုင်ပြီး ရဲရှောင်လည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ပိုရှိသွားနိုင်သည်။
(ချင်းရန်နယ်ပယ်က အစွမ်းထက်ဆုံး ပညာရှင်ကို အနိုင်ယူဖို့က ငါထင်ထားသလောက်တောင် မခက်ခဲပါ လား . . .)
နောက်ဆုံးတွင် ရဲရှောင်လည်း တင်းထားခဲ့သည့် စိတ်များကို လျှော့ချလိုက်တော့သည်။
ထိုအခါ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး တစ် ကိုယ်လုံးလည်း ကျိုးကြေသွားသလိုလည်း ခံစားလိုက် ရသည်။
တိုက်ပွဲတစ်လျှောက် သူ၏ စိတ်များကို တင်းထား ခဲ့ရသည် မဟုတ်ပါလား။
ယခုအခါ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်၍ ဒဏ်ရာများမှ စတင်၍ နာကျင်လာခြင်း ဖြစ်သည်။
သူ့အဖို့ တိုက်ပွဲအတွင်း သေစေလောက်သည့် ဒဏ် ရာများ မရခဲ့သည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။
တကယ်တမ်းတွင် ဟင်းလင်းပြင်ထဲရှိ စွမ်းအင် များနှင့် ငါးအမြုတေ၏ စွမ်းအားများ သူ့ကို ထောက်ပံ့ ပေးနေ၍သာ အသက် မဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ထိုသို့သာ မဟုတ်ပါက သူသေဆုံးနှင့်သည်မှာ ကြာ လှချေပြီ။
ထို့ကြောင့် သူ့အဖို့ ဝုဖအား ရပ်တန့်၍ သတ်ဖြတ် ပစ်ချင်သော်လည်း မလုပ်နိုင်တော့ချေ။
စိတ်သာရှိသည် ခန္ဓာကိုယ်က မလုပ်နိုင်တော့သည့် သဘောမျိုးပါပင်။
ရဲရှောင်ဘက်မှ ဝုဖကို အလွယ်တကူအနိုင်ရခဲ့သည့် ပုံပေါ်သည့်တိုင် တကယ်တမ်းတွင် သူ၏ အထောက် အပံ့များကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဝုဖက ကျင့်ကြံမှုအဆင့်တွင် ရဲရှောင်ထက် ၁ ဆင့် မြင့်ပြီး ဝုရှန် သေဆုံးသွားချိန် မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။
ရဲရှောင်၏ ခရမ်းရောင် ချီဓာတ်များက တတိယ အဆင့်သို့ ရောက်နေပြီဆိုသည့်တိုင် ဝုဖ၏ လက်ရှိ မိစ္ဆာစွမ်းအင်များနှင့်ယှဉ်လျှင် အားနည်းနေသေးသည်။
ဝုဖ၏ မိစ္ဆာစွမ်းအင်များ တိုးလာခြင်းက ရဲရှောင် အတွက် ကံကောင်းမှုဟုလည်း ဆိုနိုင်သလို ကံဆိုးမှုဟု လည်း ဆိုနိုင်သည်။
ဝုဖက ရဲရှောင်ထက် ကျင့်ကြံမှုပိုင်း၌ ပိုမိုသာလွန် သွားသည့်တိုင် ရှေးဦးခရမ်းရောင်ချီဓာတ်များက ထို မိစ္ဆာစွမ်းအင်အတွက် များစွာ သက်ရောက်မှုရှိသော စွမ်းအင်တစ်ခုပင် ဖြစ်ပါတော့သည်။
YOU ARE READING