အခန်း (၁၅၄၄ - က)(စာစဉ် ၁၂၁- အပိုင်း ၁၁)
“ရဲမျိုးနွယ်စုရောက်ရှိလာခြင်း”
ဆရာဂွမ်တစ်ယောက် ဧကရာဇ်ခန်းမအတွင်း လှည့်လည်ကြည့်ရှုလျက် ရှိသည်။ သူ၏စိတ်များမှာမူ လေးလံ လျက်ရှိနေပြီး စိတ်မကြည်မလင်ဖြစ်နေမိသည်။
သို့သော် တွေ့သမျှလူတိုင်းက သူ့အား လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်ကြ၏။ လူများမှာ လေ့ကျင့်ရေး ကွင်းပြင်၌ လေ့ကျင့်နေသူများရှိသကဲ့သို့ အချို့လူများမှာလည်း ၎င်းတို့၏ အခန်းထဲ၌သာ ကျင့်ကြံမှုများ ပြုလုပ် လျက် ရှိနေကြသည်။
စင်စစ် ပညာရှင်များအားလုံးက ကန့်သတ်ချက်များကို ချိုးဖျက်၍ ပညာရှင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေကြခြင်းပါပင်။
မည်မျှထိဆိုလျှင် တံခါးစောင့်များအပါအဝင် လူတိုင်း စိတ်အားတက်ကြွလျက် ရှိနေကြခြင်းပါပင်။ အပေါက် စောင့်နေကြရသည့်တိုင် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင် ချီဓာတ်များကို လက်လွတ်မခံဘဲ ရနိုင်သမျှ စုစည်း နေကြသည် မဟုတ်ပါလား။
တကယ်တမ်းတွင် ဧကရာဇ်ခန်းမအတွင်းရှိ ပြိုင်ဆိုင်မှုစနစ်ကြောင့် လူတိုင်းမှာ ထိုသို့ စိတ်အားတက်ကြွနေ ကြခြင်းဖြစ်သည်။ အရည်အချင်းရှိသည့် မည်သူမဆို ဧကရာဇ်ခန်းမ၏ ကြိုက်ရာနေရာကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိ၍ မည်သူက စိတ်အားမတက်ကြွဘဲ နေနိုင်ပါမည်နည်း။
ထို့ကြောင့် လူတိုင်းမှာ အခွင့်အရေးရှိသည်ကို သိရှိထားကြလေသည်။ ထို့ကြောင့်ပင် ပိုမို၍ ကြိုးစားချင် စိတ်များ ဖြစ်ပေါ်နေကြခြင်းပင်ဖြစ်၏။
အဆင့်မြင့်မြင့်ကို တက်လှမ်းနိုင်ကြသူများအဖို့ ဂုဏ်ယူစွာဖြင့်ပင် လူအများ၏ လေးစားမှုကို ခံယူကြရ၏။ ရှုံးနိမ့်ရသူများမှာ ရှက်ရွံ့စိတ်ကြောင့် နောက်တစ်ကြိမ် အောင်မြင်မှုရစေရန်အတွက် အပြင်းအထန်ကို ကြိုးစားကြ မည် ဖြစ်လေသည်။ လူတိုင်းမှာ ထိပ်ဆုံးသို့ ရောက်ချင်နေကြသည်မှာ သဘာဝပါပင်။
“ဒီလို စိတ်အားထက်သန်မှုမျိုးနဲ့ဆို ဧကရာဇ်ခန်းမရဲ့ အနာဂတ်က ထွန်းလင်းတောက်ပနေတော့မှာ . . .”
ဆရာဂွမ်တစ်ယောက် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
“ငါ့ဘဝမှာ အင်အားစုတွေ တည်ထောင်တာ ပြိုကွဲတာတွေ အများကြီး မြင်တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ အင်တိုက်အားတိုက်အရှိဆုံးနဲ့ အလားအလာအရှိဆုံး အဖွဲ့အစည်းပဲ၊ အခြားဘယ်အင်အားစုထက် မဆို သာလွန်နေတာပဲ . . .”
“ရဲရှောင်က အားနည်းပေမယ့် တစ်ခါတရံ ဒါကလည်း သူ့အတွက် အခွင့်အရေးပဲ၊ သူ့နောက်လိုက်တွေနဲ့ အတူ သူလည်း အင်အားကြီးလာမယ်၊ သူ့ကိုသစ္စာစောင့်သိတဲ့ လူတွေက သူနဲ့အတူ အမြဲရှိနေပြီး သူတိုးတက်ဖို့ အတွက် အကူအညီပေးကြမှာ၊ အချိန်ကြာလာတာနဲ့အမျှ အဲဒီလူတွေက သူ့ရဲ့ အယုံကြည်ရဆုံး လူတွေပဲ . . .”
ဆရာဂွမ် သက်ပြင်းချရင်း ရေရွတ်လိုက်ပြန်သည်။
“ရဲရှောင်က အဝေးကြီးကို ကြိုတင်တွက်ဆနိုင်စွမ်းရှိတယ်၊ သူ့ကိုယ်သူ ယုံကြည်မှုရှိပြီး အရည်အချင်း ပြည့်ဝတဲ့ လူတစ်ယောက်ပဲ၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ အောင်မြင်မှုတွေ ရလာမယ်ဆိုတာ မလွဲဧကန်ပဲ၊ ဒါပေမယ့် ရုတ်တရက်ကြီး ဆိုသလိုပဲ သူကငါတို့ထင်ထားတဲ့လူ မဟုတ်ဘူးတဲ့၊ သူက မဟုတ်ခဲ့ဘူးပေါ့ . . .”
ဆရာဂွမ်တစ်ယောက် စိတ်ဓါတ်ကျဆင်း နေပါတော့သည်။
. . .
အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးမှာ ပြုံးလျက် ရှိနေ၏။ ထိုလူငယ်မှာ ထိုင်ခုံတစ်ခုံ တွင် ထိုင်ရင်း လက်ဖက်ရည်ခွက်ကိုလည်း ကိုင်ထားပါသေးသည်။
အဆိုပါလူငယ်၏ ဝတ်ရုံမှာ စွတ်စွတ်ဖြူ၍ ချောမောခန့်ညားသော မျက်နှာသွင်ပြင်မျိုးရှိ၏။ အရပ်ရှည်ရှည်၊ ဆံပင် ရှည်ရှည်နှင့် ခန္ဓာကိုယ် ခပ်သွယ်သွယ်ရှိသော လူငယ်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်ခွက် ကို ကိုင်ထားရင်း ပြုံးနေသည်မှာ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေပါသေးသည်။
“သခင်လေး . . . သူတို့တွေ တစ်ခုခုကို သတိပြုမိသွားပုံပဲ . . .”
အခန်းထဲ၌ အဘိုးကြီးတစ်ဦးလည်း ရှိနေပြီး ထိုအဘိုးကြီးမှ လူငယ်ကို ပြောလိုက်ခြင်း ဖြစ်သည်။ အဘိုးကြီး သည်လည်း ပြုံးလျက်ရှိနေ၏။
“၁ လ အတွင်း သူတို့က တိုက်ပွဲ ၈ ခုကို အနိုင်ယူခဲ့တယ်၊ အခုတော့ သူတို့တွေ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို သဘောပေါက်သွားကြပြီပေါ့၊ တကယ့်အရူးတွေပဲ . . .”
ဝတ်ရုံဖြူဝတ် လူငယ်မှ ပြုံးရင်း ပြောလိုက်သည်။
“သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ . . . ဒီလိုမျိုးကျတော့လည်း ပျော်ဖို့ကောင်းတာပေါ့။ ကျုပ်တို့တွေ တစ်ခါမှ မကြုံဖူးသေးတဲ့ ကိစ္စမျိုးပဲ မဟုတ်လား . . .”
အဘိုးကြီးမှ -
“ဟုတ်တာပေါ့ . . . ကျုပ်တို့တွေ ဒီလိုမျိုး မကြုံတွေ့ရဖူးဘူး . . .”
လူငယ်မှ ပြုံးလိုက်ပြန်ရင်း -
“ချင် . . . ခင်ဗျားထင်လား . . . ခင်ဗျားသိပါတယ်၊ ဧကရာဇ်ခန်းမ တစ်ခုလုံးဆို . . .”
အဘိုးကြီးချင်မှ ဝေခွဲရခက်ဟန်ဖြင့် -
“လွယ်လွယ်ကူကူတော့ မပြီးလောက်ဘူး ထင်တာပဲ . . .”
လူငယ်မှ ပြုံးလိုက်ပြီးနောက် ယုံကြည်ချက် ရှိဟန်မျိုးဖြင့် -
“ရက်စက်လှတဲ့ သိုင်းလောကကြီးမှာ ကျင်လည်နေရတဲ့ တစ်ကိုယ်တော် ပညာရှင်များအဖို့ သူတို့အသက် ကို သူတို့တန်ဖိုးအထားဆုံးပဲ မဟုတ်လား၊ မှန်ကန်တဲ့ ရွေးချယ်မှု မလုပ်နိုင်တဲ့ လူတွေကတော့ တုံးအတဲ့ အရူးတွေပဲ ဖြစ်မှာပေါ့။ အသက်ရှင်ဖို့အတွက်ပဲ ရွေးချယ်ကြမှာလေ . . .”
“ဒီလိုလူ အများစုက နောက်ဆုံးမှာ လက်လျှော့သွားကြမယ်လို့ ကျုပ်ထင်တယ် . . .”
လူငယ်မှ မထူးခြားသလို ဟန်မျိုးဖြင့် ပြောလိုက်လေသည်။
(ဒီလူတွေကလား . . . သူတို့က အသုံးမဝင်တဲ့ လူတွေပဲ၊ ငါ့လူတွေအဖြစ် ငါ့အဖွဲ့ထဲ ဝင်ရတာကိုတောင် သူတို့က ကောင်းကင်ဘုံကို ကျေးဇူးတင်ရမှာ . . .)
အဘိုးကြီးချင်မှာမူ မတူညီစွာ တွေးနေမိလေ၏။
(အသက်ရှင်ဖို့အတွက် ရွေးချယ်ကြမှာပဲ ဟုတ်လား . . . သိုင်းလောကထဲက ဒီလိုလူတွေအတွက် အရေးကြီး ဆုံးက သူတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့နှလုံးသားပဲ၊ မင်းပြောနေတဲ့ လူတွေက သိုင်းလောကထဲကလူတွေ၊ ဒီလိုလူတွေမှာ သစ္စာရှိမှုနဲ့ ဂုဏ်သိက္ခာမရှိဘူးဆိုရင် ကိုယ့်အကျိုးစီးပွားအတွက် လုပ်ချင်သလို လုပ်နေကြတဲ့ နန်းတွင်းက မှူးမတ် တွေနဲ့ ဘာထူးတော့မှာလဲ . . .)
(ဒီလို ဂုဏ်သိက္ခာကို စွန့်လွှတ်ရတဲ့လူတွေ မင်းအဖွဲ့ထဲ ရောက်လာရင်လည်း အသုံးမဝင် ဖြစ်မှာပဲ။ ဟို သခင်လေး ရဲရှောင်က အရည်အချင်းရှိတဲ့လူပဲ၊ မင်းလိုမျိုး ကြီးမြတ်တဲ့ မျိုးနွယ်စုကြီး တစ်ခုခုက လူတစ်ယောက် လိုပေါ့။ တကယ်တော့ သူကတောင် ပိုသာသေးတယ် . . .)
ထိုနေ့ညတွင် ရဲရှောင်တစ်ယောက် သေခြင်းနှင့်ရှင်ခြင်းခန်းမ အတွင်းမှ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သူနှင့်အတူ ဘူရှန်းဖန်လည်း ပါလာလေ၏။
ရဲရှောင်၏ မျက်နှာအမူအယာကိုကြည့်ရင်း တစ်ခုခုဖြစ်နေမှန်းကို ဘူရှန်းဖန်တစ်ယောက် သိနေလေသည်။ သို့သော် ရဲရှောင်ကို ကြည့်ရုံသာ ကြည့်နေ၍ ဘာမျှမပြောဘဲ ဆိတ်ဆိတ်သာ နေနေ၏။
ရဲရှောင်လည်း လမ်းလျှောက်နေရာမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -
“ဘူ . . . ခင်ဗျားရဲ့ နှုတ်ဆက်ဓားရော၊ ကျုပ်ကိုပေးလေ၊ ကျုပ်တတ်နိုင်သလောက် မြန်မြန် ပြင်ပေးမယ်။ ဒီနေ့မှာကို ပြီးသွားနိုင်ပါတယ် . . .”
ဘူရှန်းဖန်မှ ရယ်မောလိုက်ရင်း -
“အလျင်လိုစရာ မလိုပါဘူး . . . ငါတို့ သဘောတူထားတယ်လေ၊ မမှတ်မိဘူးလား၊ ငါ့ဘက်က မင်းကို သစ္စာမခံမချင်း ငါ့ဓားကို ပြင်ပေးစရာမှ မလိုတာ၊ အဲဒါကြောင့်မို့ မလိုသေးပါဘူး . . .”
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“ကျုပ်နောက်နေတာ မဟုတ်ပါဘူး . . . ကျုပ်ခင်ဗျားဓားကို ပြင်ပေးချင်လို့ပါ။ ဒါကသဘောတူညီမှုနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က ကူညီပေးချင်ရုံပါပဲ . . .”
ဘူရှန်းဖန်မှ ပြုံးလိုက်ရင်း -
“ငါသိပါတယ် . . . ဒါပေမယ့် ငါစောင့်ချင်သေးတယ်။ အလျင်မလိုသေးပါဘူး . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ဒါဆိုလည်း ကောင်းပြီ . . . ခင်ဗျား ပြင်ချင်တဲ့ အခါကျရင် ကျုပ်ဆီကို လာခဲ့ပါ။ ကျုပ်ကတိပေးတယ်၊ ကျုပ်ခင်ဗျားအတွက် ပြင်ပေးပါ့မယ် . . .”
ဘူရှန်းဖန်မှ လေးလေးနက်နက် လေသံဖြင့် -
“ကောင်းပါပြီ . . .”
“အခု ကျုပ်တို့လူတွေ ဘယ်နှယောက် ရှိနေပြီလဲ . . . ကျုပ်တို့ရဲ့ ပိုင်နက်ကရော ဘယ်လောက် ကျယ်ပြန့် သွားပြီလဲ။ ခင်ဗျားသိလား ဘူ . . .”
အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ရဲရှောင်မှ မေးလိုက်၏။ သူ၏ မျက်လုံးများမှာလည်း ညအမှောင် ထဲတွင် အရောင်တဖျတ်ဖျတ် လက်နေလေသည်။
“တိုက်ခိုက်ရေးခန်းမ . . . ဓားတစ်လက်၊ သူရဲကောင်းနှစ်ဖော်၊ ခုနစ်စဉ်ကြယ်နဲ့ ငါမပါဘဲနဲ့ကို စုစုပေါင်း လူ ၂၂၀၀ ရှိတယ်”
ဘူရှန်းဖန်မှ ကောင်းစွာ သိထားဟန်ပါပင်။
“ငါအပါအဝင် မူလသူတော်စင်အဆင့် ပညာရှင် ၅ ယောက်၊ အဲဒီလူတွေက ငါရယ်၊ မန်ယုဂျန်နဲ့ သူ့မိန်းမ၊ ဂုလင်းရှောင်၊ ရန်ဇိစီနဲ့ လူသစ်လေး လန်ပိုင်ဖူတို့ပဲ . . .”
“ငါတို့မှာ မူလနတ်ဘုရားအဆင့် ၈ အထက် ပညာရှင် ၁၂၇ ယောက်၊ အဆင့် ၈ နဲ့ အဆင့် ၅ ကြားက စုစုပေါင်း ၆၀၀ ကျော်ရှိတယ်၊ ကျန်တာတွေကတော့ မူလနတ်ဘုရားအဆင့် ၂ နဲ့ အဆင့် ၅ ကြားတွေပေါ့။ ငါတို့ထဲက အားအနည်းဆုံးလူဆိုတာ မူလနတ်ဘုရားအဆင့် ၂ ပဲ . . .”
ရဲရှောင်မှ မချိပြုံးပြုံးလိုက်ရင်း -
“ခင်ဗျားက ကောင်းကောင်း မှတ်မိတာပဲ . . . အနည်းဆုံးတော့ ကျုပ်ထက်ကို သာသေးတယ်”
ဘူရှန်းဖန်မှ ပြုံးလိုက်ရင်း -
“ဒါကငါတို့ရဲ့ အဖွဲ့အစည်းလေ၊ အကုန်သိမှ ဖြစ်မှာပေါ့ . . .”
ထို့နောက် ဘူရှန်းဖန်မှပင် ဆက်လက်၍ -
“ဪဒါနဲ့ . . . ငါပြောသွားတဲ့ လူတွေထဲမှာ မန်ယုဂျန်တို့ရဲ့ လေပြင်းတောင်က လူတွေမပါသေးဘူး။ အဲဒီလူတွေပါဆို စုစုပေါင်း လူ ၈၀၀၀ နီးပါးလောက် ရှိမယ်။ ဒါပေမဲ့ မန်ရဲ့လူတွေက အားနည်းကြတယ်။ အများစုက မူလနတ်ဘုရားအဆင့် ၂ အောက်တွေပဲ . . .”
“ငါတို့ရဲ့ပိုင်နက်က ညီနောင်မဟာမိတ်အဖွဲ့ဆီက ဝယ်ခဲ့တာရယ် ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ သိမ်းယူခဲ့တာတွေ ပေါင်းလိုက်မယ်ဆို အရင်ကထက် ၃ ဆ လောက်ကို ပိုကျယ်ပြန့်သွားတယ်။ တစ်ဆက်တည်း ဧရိယာတွေအပြင် အဝေးက တချို့နေရာတွေကလည်း ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ တချို့နေရာတွေကတော့ အတိအကျ မသတ်မှတ်ရသေးဘူး။ အားလုံးကို စနစ်တကျ ဖြစ်စေဖို့အတွက်ကတော့ အချိန်နည်းနည်းလိုမယ် . . .”
“ဧကရာဇ်ခန်းမရဲ့ အနာဂတ်ကို ဘယ်လိုထင်လဲ . . .”
ရဲရှောင်မှ မေးလိုက်ပြန်သည်။
“အနေအထားတစ်ခုနဲ့ အချိန်တစ်ခုရောက်လာရင် ငါတို့က မြင့်တက်လာမှာပဲလေ . . .”
ဘူရှန်းဖန်မှ ပြောလိုက်သည်။
“ဧကရာဇ်ခန်းမက ငါ့ဘဝ မြင်ဖူးသမျှ အင်အားစုတွေထဲမှာ အလားအလာ အရှိဆုံးနဲ့ အရည်အသွေး အရှိဆုံး အင်အားစုပဲ။ ကမ္ဘာကြီးရဲ့ အင်အားကောင်းတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာမှာ သေချာတယ် . . .”
“မှန်တာပေါ့ . . .”
ရဲရှောင်မှ သက်ပြင်းချရင်း ပြောလိုက်သည်။
“အနေအထားတစ်ခုနဲ့ အချိန်တစ်ခုရောက်လာဖို့ပဲ လိုတာ . . .”
“ငါတို့မှာ အဲဒီအရာ ၂ ခုလုံး ရှိနေတာပဲလေ . . .”
ဘူရှန်းဖန်မှ လေးနက်မှုအပြည့်ဖြင့် ပြောလိုက်၏။
ရဲရှောင်လည်း ထိုစကားအား ပြုံးရင်းသာ ခေါင်းညိတ်ထောက်ခံလိုက်ပါတော့သည်။
YOU ARE READING