အခန်း (၁၆၀၆)(စာစဉ် ၁၂၆- အပိုင်း ၁၂)
“သတ်ဖြတ်ရန် လုံလောက်သည့် အပြစ်များ”
မန်ယုဂျန်က ရယ်မောလိုက်ရင်း သက်တော်စောင့်အား လျစ်လျူရှုလိုက်၏။
ယခင်က မန်ယုဂျန်၏အဆင့်မှာ မူလသူတော်စင်အဆင့်နှစ်ဖြစ်သော်လည်း ဧကရာဇ်ခန်းမတွင် ရှိနေခဲ့သည့် တစ်လျှောက် သူ၏ကျင့်ကြံမှုမှာ မူလသူတော်စင်အဆင့်ငါးထိအောင်ပင် တိုးတက်သွားခဲ့လေသည်။
ထို့ကြောင့် လက်ရှိအခြေအနေက ယခင်နှင့်မတူတော့ဟု ဆိုနိုင်သည်။ သို့သော် သူ၏အဆင့်အစစ်အမှန်ကို အခြားလူများ သိစေရန် အဘယ့်အတွက်ကြောင့် ပြောပြနေရပါမည်နည်း။
အကယ်၍ မန်ယုဂျန်သာ သာမန်အခြေအနေမျိုးဆိုပါက မူလသူတော်စင်အဆင့်လေးရှိသော ရှုကျောင်းရှန် ကို မည်သို့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ လေပြင်းများရှိနေသည့်တိုင် များစွာအားနည်းနေဦးပေမည်။
သို့သော် သူ၏ကြိုးစားအားထုတ်မှုကြောင့် လက်ရှိအချိန်တွင် ရှုကျောင်းရှန်ထက် သာလွန်သွားချေပြီ။ ထို့ ကြောင့်လည်း ရန်သူခေါင်းကို အလွယ်တကူ ဖြတ်ပစ်နိုင်လိုက်ခြင်းပါပင်။
အမှန်တကယ်တမ်း ဆိုရလျှင် မန်ယုဂျန်ပင်လျှင် သူ့လုပ်ရပ်ကို သူကိုယ်တိုင် အံ့ဩနေမိလေသည်။
“ခင်ဗျားရဲ့ လေပြင်းလက်က အလယ်အလတ်အဆင့်ကိုရောက်နေပြီထင်တယ် အထင်ကြီးစရာပဲ . . .”
သက်တော်စောင့်တစ်ဦးမှ ပြောလိုက်၏။
“မင်းက အမြင်စူးရှသားပဲ၊ မင်းတို့အားလုံးကို ငါတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ် . . .”
မန်ယုဂျန်က လက်ကိုနောက်ပစ်လိုက်ရင်း ခပ်ကြွားကြွားပင် ဆိုလိုက်သည်။
“ဆရာက တော်လိုက်တာ . . .”
သူ၏လူများကလည်း ဆရာဖြစ်သူ မန်ယုဂျန်ကိုကြည့်ကာ ချီးကျူးစကား ဆိုလိုက်ကြသည်။ ထို့အတူ ကျန်လူများမှာလည်း လက်ခုပ်လက်ဝါးများတီး၍ အားပေးလိုက်ကြပြန်လေသည်။
“ဟုတ်တယ် . . . အထင်ကြီးစရာပဲ ဒါပေမယ့် ကျုပ်တို့အားလုံးက သိုင်းလောကရဲ့ စည်းမျဉ်းတွေအားလုံးကို လိုက်နာရမှာပဲလေ၊ သူသေကိုယ်သေ တိုက်ခိုက်တယ်ဆိုပေမယ့် သိုင်းလောကမှာ သံမဏိစည်းမျဉ်းတစ်ခုရှိတယ်၊ ခင်ဗျားတိုက်ခိုက်တဲ့အချိန်မှာ တစ်ဖက်လူရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးခဲ့တယ် ဒါကလွန်လွန်းမနေဘူးလား . . .”
သက်တော်စောင့်တစ်ဦးမှ မန်ယုဂျန်အားကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မန်ယုဂျန် . . .”
“ခင်ဗျားက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာပဲ . . .”
ထိုစကားကြောင့် မန်ယုဂျန် အံ့အားသင့်သွား၏။ ရန်သူ၏ ဝိညာဉ်နှင့် ပတ်သက်လျှင် သူမည်သည့်အရာကိုမှ လုပ်ခဲ့ခြင်းမရှိသည်မှာ အမှန်ပင် မဟုတ်ပါလား။
သို့သော် သက်တော်စောင့်ဖြစ်သူကလည်း ခိုင်ခိုင်မာမာဖြင့် ပြောဆိုနေလေသည်။ အဘယ့်အတွက်ကြောင့် ထိုသို့ အတိအကျ လာပြောနေရပါသနည်း။
မန်ယုဂျန်လည်း အေးစက်စက် ပြုံးလိုက်ရင်း -
“ဒါကဘာသဘောလဲ ဒီမှာလာပြီး ဥပဒေသအကြောင်းတွေ ပြောချင်နေတာလား . . .”
သက်တောင်စောင့်ဖြစ်သူမှ ခေါင်းခါယမ်းလိုက်ရင်း -
“သိုင်းလောကမှာ ဒါကကျုပ်အလုပ်တော့မဟုတ်ဘူး ဒါပေမယ့် ခင်ဗျား သေချာပေါက်ကို အပြစ်ပေးခံရမယ်၊ ခင်ဗျားလုပ်ခဲ့တာအတွက် ခင်ဗျား အပြစ်ပေးခံရမှာပဲ . . .”
ထိုအချိန်မှာပင် အခြားလူတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာလေသည်။
“မင်းတို့ကိစ္စ မဟုတ်ဘူးဆိုမှတော့ ဘာလို့ဒီမှာအချိန်ဖြုန်းနေမှာလဲ၊ ဘာလို့ လေကုန်ခံပြီး အပိုတွေ ပြောနေ တာလဲ၊ ငါကဧကရာဇ်ခန်းမရဲ့ တရားစီရင်ရေးခေါင်းဆောင်ပဲ . . .”
“မင်းတို့က ငါတို့နေရာကိုလာပြီး ငါတို့ကိုဆန့်ကျင်တယ် အဲဒီတော့ ဧကရာဇ်ခန်းမရဲ့ကိုယ်စား ငါ့မှာမင်းတို့ ကို အပြစ်ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ငါယူဆတယ် . . .”
စင်စစ် ထိုသို့ပြတ်သားစွာ ပြောလိုက်သည့်လူမှာ ဘူရှန်းပင်ဖြစ်၏။ ဘူရှန်းဖန်မှာ ဧကရာဇ်ခန်းမ၏ အာဏာ ပါးကွက်သားကြီးတစ်ဦးလည်း ဖြစ်လေသည်။
သက်တောင်စောင့်နှစ်ဦးလည်း အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။ ဘူရှန်းဖန်မှာ ခရမ်း ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဟိတ်ဟန်အပြည့်၊ တည်ငြိမ်မှုအပြည့်ဖြင့် ရှိနေသည်။
သို့သော် သက်တော်စောင့်များက ခနဲ့တဲ့တဲ့ ပုံစံမျိုးဖြင့် ကြည့်လိုက်ရင်း -
“ခင်ဗျားက နာမည်ကျော် တစ်ကိုယ်တော် ပညာရှင်တစ်ယောက်ပဲ ဒါပေမယ့် ခင်ဗျားမှာ ကျုပ်တို့ကို ဒီလို ပြောနိုင်တဲ့ အခွင့်အရေးမျိုးရှိလို့လား . . .”
အဆိုပါ သက်တော်စောင့်များမှာ ရှုညီနောင်ထက်များစွာ အင်အားကြီးကြသည့် မူလသူတော်စင်အဆင့် ပညာရှင်များပင် ဖြစ်ကြသည်။ ထို့ကြောင့် ဘူရှန်းဖန်ကို ၎င်းတို့ကြည့်လိုက်ရုံဖြင့် မူလသူတော်စင်အဆင့်သုံးသာ ရှိသေးသည်ကို သိလိုက်ကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ဘူရှန်းဖန်က ၎င်းတို့ထက် အားနည်းလွန်းနေသေးပေသည်။ သက်တော်စောင့်နှစ်ဦး ဖြစ်သည့် ထိုလူများက မူလသူတော်စင်အဆင့်ခုနှစ် ပညာရှင်များပင် မဟုတ်ပါလား။
“ဘူရှန်းဖန် . . . မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ ငါတို့ကို ဒီလိုပြောဖို့ ဘယ်အရာက သတ္တိတွေပေးနေတာ လဲ၊ ရာရာစစ . . .”
သက်တော်စောင့်နှစ်ဦးအနက် ပိန်ပိန်လူတစ်ဦးမှ အေးစက်စက်ဖြင့် မေးလိုက်သည်။
“ဘူရှန်းဖန် . . . မင်းကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ပါဦး၊ မင်းက ဒီမှာ သေချင်နေပြီထင်တယ် . . .”
ကျန်သက်တော်စောင့်တစ်ဦးမှလည်း ဘူရှန်းဖန်အားကြည့်ကာ ပြောလိုက်ပြန်သည်။
(ရှုညီနောင်က သေသွားကြပြီ ဒါကငါတို့နဲ့မဆိုင်ဘူး၊ ငါတို့ရဲ့ သခင်လေးက သူတို့ကို တခြားနေရာကနေ ငှား လာတာ အဲဒီအတွက် ဂရုစိုက်စရာမရှိဘူး၊ သူတို့က ငါတို့အတွက် အဲဒီလောက်အရေးမကြီးဘူး . . .)
(ဒါပေမယ့် ဘူရှန်းဖန်က ဒီမှာရှိတဲ့အခြေအနေတွေကို မေ့လျော့နေပုံရတယ်၊ သူက ငါတို့ကို ဘယ်လိုတောင် ပြောဝံ့ရတာလဲ . . .)
“ပြောဝံ့တယ် ဟုတ်လား . . . ဟား ဟား ဟား . . .”
ဘူရှန်းဖန် ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။
“ဘာလို့ ငါကမပြောဝံ့ရမှာလဲ မင်းတို့နှစ်ယောက်က ငါ့လေးစားမှုကိုရဖို့ ထိုက်တန်လို့လား . . .”
ဘူရှန်းဖန်က ရှေ့သို့တိုးရင်း ပြောလိုက်၏။ ထိုသို့တိုးလိုက်သည့်အချိန်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွား သလိုပင် ဖြစ်တည်သွားသည်။ လူတိုင်း၏ရင်ထဲ၌လည်း ထိုသို့ခံစားမိလိုက်ကြလေသည်။
ထို့ကြောင့် လူများစွာ၏ အမြင်အာရုံများ ဝေဝါးသွားသလိုပင် ခံစားလိုက်ကြရ၏။ ထိုအခြင်းအရာကြောင့် သက်တော်စောင့်နှစ်ဦးလည်း ထိတ်လန့်သွားဟန်ဖြင့် နောက်သို့ဆုတ်လိုက်ရင်း -
“စကြာဝဠာနောက်ပြန်လှည့်ခြင်းလား . . .”
“ဘူရှန်းဖန် . . . မင်း . . . မင်းက မူလသူတော်စင်အဆင့်ခုနှစ်တောင် ရောက်နေပြီပေါ့ . . .”
ဘူရှန်းဖန်က မည်သည့်စကားမှမဆို၊ ပြုံးရုံသာပြုံးလိုက်၏။ ထို့နောက် လက်ကိုဝေ့ယမ်းလိုက်သည့်အချိန် ဓားတစ်လက် ရုတ်ချည်း ပေါ်လာလေသည်။
“ဧကရာဇ်ခန်းမက လူတွေက ကိုယ့်အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားထာ သဘောကျကြတယ်လေ၊ ဆရာမန်တောင် အဲဒီလိုလုပ်တယ်ဆိုမှတော့ ငါလည်းအဲဒီလိုပဲပေါ့၊ ငါဘယ်လောက် အင်အားကြီးလဲဆိုတာသိချင်ရင် လက်တွေ့လေ့လာကြည့်လိုက် အခုကတော့ ငါ့အလှည့်ပဲ . . .”
“ဪဒါနဲ့ မင်းတို့ရဲ့အလှည့်လည်းဖြစ်တယ်၊ ကဲကြာတယ် လာခဲ့ကြ . . .”
ဘူရှန်းဖန်က ဓားကိုကိုင်လျက် ပြုံးကာ ပြောလိုက်သည်။ သူ၏ ထိုအပြုံးက ရေခဲတမျှ အေးစက်လွန်းလေ သည်။
“ငါ့ရဲ့နှုတ်ဆက်ဓားက ဒီမှာပဲ မကြာခင် မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြရတော့မယ်”
ဘူရှန်းဖန်၏ ခြိမ်းခြောက်စကားများကြောင့် သက်တော်စောင့်နှစ်ဦးအနက် တစ်ဦးမှ ရှေ့သို့တက်လိုက်ရင်း-
“ဘူရှန်းဖန် . . . မင်းရဲ့စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ဒီလောက်ထိ တော့ လေမကြီးသင့်ဘူး၊ အပြောကတော့ လွယ်တယ် ဒါပေမယ့် မင်း တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် အရည်အချင်းရှိဖို့တော့ လိုလိမ့်မယ် . . .”
“မင်းဘာတွေ တတ်မြောက်ထားလဲ ငါ့ကိုပြစမ်းပါဦး၊ မင်းရဲ့ နှုတ်ဆက်ဓားကရော ဘယ်လောက်ထိအစွမ်း ထက်လဲဆိုတာ ငါဖြင့် သိချင်လိုက်တာ . . .”
ဘူရှန်းဖန်က သက်တော်စောင့်ဖြစ်သူအား အေးစက်စက်လှမ်းကြည့်လိုက်ပြီးနောက် -
“ငါကဧကရာဇ်ခန်းမရဲ့ အာဏာပါးကွက်သားတစ်ယောက်ပဲ အဲဒီတော့ မင်းသေမယ်ဆိုတာကိုတော့ ငါ သေချာသိတယ်၊ ဒီတိုက်ပွဲမှာ ဘာအကြောင်းပြချက်မှ မလိုဘူးဆိုတာကိုလည်း ငါသိတယ် ဒါပေမယ့် မင်းဘာလို့ သေရတယ်ဆိုတာကိုတော့ မင်းကိုသိစေချင်သေးတယ် . . .”
“မင်းလုပ်ခဲ့တာအရာ ၃ ခုရှိတယ်၊ ပထမအချက် မင်းက ငါတို့ရဲ့ခေါင်းဆောင်ရဲ့ သိက္ခာတရားကို စိန်ခေါ်ခဲ့ တယ်၊ ဒုတိယအချက် မင်းက ငါတို့ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားခဲ့တယ်၊ တတိယတစ်ချက် မင်းက ငါတို့ ဧကရာဇ်ခန်းမကို မလေးမစားလုပ်တယ်၊ အဲဒါကြောင့် မင်းလိုလူက သေဖို့ထိုက်တန်တယ် . . .”
“ဧကရာဇ်ခန်းမရဲ့ အာဏာပါးကွက်သား ဘူရှန်းဖန်ဆိုတဲ့ငါ ဧကရာဇ်ခန်းမမှာ စည်းမျဉ်းတွေကို ချမှတ်မယ်၊ ငါကတရားမျှတမှုကို ကမ္ဘာကြီးအတွက် ဆောင်ကျဉ်းပေးမယ် . . .”
ဘူရှန်းဖန်က ရန်သူများအားကြည့်ကာ တည်ငြိမ်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူ၏ စကားများအား ကြားလိုက်ရသူတိုင်းအဖို့ ထိတ်လန့်တုန်လှုပ်မိနေကြပါတော့သည်။
YOU ARE READING