1791---1795 (PDF စာစဉ် ၁၄၁) 1796------1800

36 0 0
                                    

#Book141PDF

စာစဉ် - ၁၄၁
https://icedrive.net/s/WtPgFvkQiXt4TzF2agjDabStzPS2

#translator
#ကြွေရွက်ဝါ

အခန်း (၁၇၉၆)(စာစဉ် ၁၄၂- အပိုင်း ၂)
“အခြေအနေများ”
“မင်းတို့နှစ်ယောက် ဂျိနဲ့စီကို သိကြတယ်မလား . . . ကမ္ဘာကြီးရဲ့ အနှိုင်းမဲ့အရှင်သခင် နှစ်ပါးလေ . . .”
“ဒါပေမယ့် သူတို့တွေ ဘာကြောင့် ကမ္ဘာကြီးရဲ့ ပြိုင်ဘက်ကင်းတွေ ဖြစ်လာကြတယ်ဆိုတာကို မင်းတို့ သိလား၊ သူတို့က ဘာလို့ ကောင်းကင်ဘုရင် ၅ ပါးထက်တောင် ပိုအင်အားကြီးလာကြတာလဲ . . .”
“သူတို့က တစ်ဘဝလုံး ပြိုင်ဘက်ကောင်းတွေအနေနဲ့ ရှိခဲ့ကြတယ်၊ တစ်ယောက်ကို တစ်ယောက်လည်း အနိုင်မယူနိုင်ကြဘူး အဲဒါကြောင့်လည်း သူတို့က နှစ်ယောက်လုံး အတူတိုးတက်လာခဲ့ကြတာပဲ . . .”
“သူတို့က တစ်ယောက်ကိုတစ်ယောက် အနိုင်ယူနိုင်ဖို့အတွက် ကြိုးစားခဲ့ကြတယ် အဲဒါကြောင့်လည်း သူတို့ က ကမ္ဘာကြီးရဲ့ အနှိုင်းမဲ့အရှင်သခင်တွေ ဖြစ်လာကြတာ . . .”
“တောင်ပိုင်းအနှိုင်းမဲ့အရှင်သခင်နဲ့ မြောက်ပိုင်းအနှိုင်းမဲ့အရှင်သခင် နှစ်ယောက်လုံးက အင်အားကြီးလွန်း ကြတယ်၊ တကယ်လို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ နည်းနည်းလေး အားနည်းသွားမယ်ဆိုရင် အနှိုင်းမဲ့ အရှင်သခင်နှစ်ယောက် ဖြစ်လာစရာ အကြောင်းမရှိဘူး . . .”
“ငါကိုယ်တိုင်လည်း အဲဒီလို ပြိုင်ဘက်မျိုးကို လိုချင်တာ အဲဒါက ငါ့ဘဝမှာ အရေးကြီးဆုံးအရာပဲ . . .”
“ရဲရှောင်က အဲဒီလို လူပဲ . . .”
သခင်ကြီးဘိုင်မှ ခပ်အေးအေးသာ ပြောလိုက်၏။
“သူက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို အချိန်တိုအတွင်းရောက်အောင် တက်လှမ်းနိုင်ခဲ့တယ်၊ အဲဒီတော့ သူတိုးတက်မှုအတွက် ငါကသူ့ကို အခွင့်အရေးပေးသင့်တာပေါ့၊ သူအားနည်းနေတဲ့အချိန်မှာ ငါကသူ့ကို ဘာလို့ ဖိနှိပ်ရမှာလဲ ဒါဆိုရင် ငါ့ဘက်က မမျှတတော့ဘူးလေ၊ ဒီအခြေအနေက ငါလိုချင်တဲ့အရာမဟုတ်ဘူး . . .”
“ဒါပေမယ့် သူ့ကို ငါကူညီလည်း မကူညီဘူး၊ တကယ်လို့သာ ငါ့ရဲ့အကူအညီအထောက်အပံ့နဲ့ သူမြင့်တက် လာမယ်ဆိုရင် သူက ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်လာနိုင်ပါတော့မလဲ၊ သူ့ဘာသာသူ တိုးတက်အောင် သူလမ်းစ ရှာဖွေရမယ်၊ ငါ့ကိုမီအောင်လိုက်ရမယ်၊ ငါ့ကိုကျော်အောင် လုပ်ရမယ်၊ အဲဒီလို ပြိုင်ဘက်မျိုးကိုပဲ ငါလိုချင်တယ် . . .”
“သူကလည်း ငါ့ကို စိတ်မပျက်စေခဲ့ပါဘူး တကယ်တော့ ငါ့စိတ်ထဲ သူ့ကို အထင်တောင်ကြီးနေမိခဲ့တယ်၊ သူ့လိုလူမျိုးကို ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့မိတာ ငါတောင် ကံကောင်းနေသေးတယ် . . .”
သခင်ကြီးဘိုင်မှ ထိုစကားများပြောချိန် မျက်လုံးများပင် အရောင်တဖျတ်ဖျတ် တောက်ပနေလေသည်။ ရဲရှောင်က သူ့အား ကျေနပ်နေစေသည့် ပုံပါပင်။
ဝမ်အာနှင့် ချူးအာတို့မှာမူ သခင်ကြီးဘိုင်၏ စကားကြောင့် အံ့အားသင့်လျက်ရှိနေကြ၏။
အမျိုးသမီးများ မည်မျှ အတွေးအခေါ်နက်နဲပါစေ ယောက်ျားသားများ၏ အတွေးကို အပြည့်အဝ နားလည် ရန်မှာမူ ခက်ခဲလွန်းလှသည် မဟုတ်ပါလား။
ခဏအကြာတွင်မှ ဝမ်အာက -
“ဆရာ . . . ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာရော ဆရာရဲ့ပြိုင်ဘက် ဖြစ်လာနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူးလား . . .”
ထိုစကားမေးချိန်တွင်မူ သခင်ကြီးဘိုင်၏ ပြုံးနေသော မျက်နှာမှာ ချက်ချင်းပင် တည်သွား၏။ နှုတ်မှလည်း မည်သည့်စကားမှ ထွက်မလာတော့ချေ။
ထို့ကြောင့် ချူးအာမှ အသက်ပြင်းပြင်းရှူလိုက်ရင်း -
“ဆရာ . . . သဘာဝတရားခန်းမက ဆရာမန်၊ ညီနောင်မဟာမိတ်အဖွဲ့၊ ကောင်းကင်ဘုရင်တွေရဲ့ သားတော် တွေ၊ ဖန်သားကောင်းကင်က ဖီးနစ်မျက်လုံးတို့ ပြီးတော့ တောင်ပိုင်းကောင်းကင်က သခင်ယုနဲ့ သခင်ဟန်တို့ . . .”
“အဲဒီလူတွေကရော ဆရာ . . .”
“အဲဒီလူတွေက ဘာဖြစ်လဲ . . .”
သခင်ကြီးဘိုင်မှ မျက်မှောင်ကြုတ်လျက်ဖြင့် မေးလိုက်၏။
“သူတို့က သူ့တို့ရဲ့ အင်အားကြီး ကျောထောက်နောက်ခံတွေကို မှီခိုနေတဲ့ လူငယ်တစ်စုပဲ အဲဒီလိုလူတွေက ဘယ်လိုလုပ် ငါ့ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်မှာလဲ၊ သူတို့က ဒါမျိုး မထိုက်တန်ပါဘူး . . .”
သခင်ကြီးဘိုင်၏ ပြတ်သားသော စကားကြောင့် ဝမ်အာနှင့်ချူးအာတို့နှစ်ယောက်လုံး ဆွံ့အသွားကြ၏။
(ဘယ်လို . . . မန်ဝုဇန်က ငါတို့ရဲ့ အကြီးမားဆုံး ရန်သူမဟုတ်ဘူးလား . . .)
(ဘာလို့ ဆရာက နှစ်ပေါင်း ၁ သောင်းလောက်ကြာအောင် အဆင့်နိမ့်နယ်ပယ်တွေကို သွားခဲ့ရတာလဲ၊ အဲဒီ အချိန်မှာ မန်ဝုဇန် တိုးတက်လာမှာကိုတောင် ငါတို့စိုးရိမ်ခဲ့ရတာ၊ ငါတို့ မုန်တိုင်းအိမ်တော်ဆိုတာကလည်း လျင်လျင် မြန်မြန်နဲ့ကို တိုးတက်လာခဲ့တာ အဲဒီတော့ သဘာဝတရားခန်းမကို ငါတို့အတွက် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ရန်သူလို့ သတ်မှတ်ထားကြတာလေ၊ အရင်က ငါတို့တိုက်ခဲ့တဲ့ တိုက်ပွဲတွေ အစီစဉ်တွေကရော . . .)
(အခုကျ မန်ဝုဇန်က ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူးလား . . .)
“ငါသိပါတယ် . . . ငါမန်ဝုဇန်နဲ့ ပတ်သက်ပြီး အမြင်မှားခဲ့မိတယ် . . .”
သခင်ကြီးဘိုင်မှ ပြောလိုက်၏။
“ဝုရှဲ့ ငါ့ကို သတင်းပို့လာတုန်းက ငါအတွေးတိမ်သွားခဲ့တာပဲ၊ အဲဒီအချိန်တုန်းက မန်ဝုဇန်က ကောင်းကင် ရတနာကို ရသွားခဲ့တယ်လို့ ငါထင်ခဲ့မိတယ်၊ သူသာရရင် သူက ငါ့ရဲ့ပြီးပြည့်စုံတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာမှာ ပဲ၊ အဲဒီတုန်းက ငါတောင် သူနဲ့ယှဉ်ရင် ရှုံးနိမ့်မယ်လို့ ငါခံစားမိခဲ့တယ် ဒါပေမယ့် ဒါကခံစားချက်သက်သက်ပါပဲ . . .”
“ဒါဆို ဒါကအမှန်မဟုတ်ဘူးပေါ့ . . .”
ချူးအာမှ သိလိုဟန်ဖြင့် မေးလိုက်၏။
(ငါတို့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို ရောက်တဲ့အချိန်မှာ ဆရာက အများကြီး ရှာဖွေခဲ့တယ်၊ မန်ဝုဇန်က ကောင်းကင်ရတနာကို ရထားတယ်လို့ အခိုင်အမာ သိထားတယ်လေ အဲဒီတုန်းက ငါတို့ကိုတောင် ပြောပြခဲ့သေးတာပဲ အခုကျ ဘယ်လိုဖြစ်သွားရတာလဲ . . .)
“မန်ဝုဇန်က တစ်စုံတစ်ခုတော့ ရခဲ့တယ် ဒါကအမှန်ပဲ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ကန့်သတ်မှုတွေကို ဖယ်ရှားနိုင် မှာ မဟုတ်ဘူး ပြီးတော့ သူ့ရဲ့တိုးတက်မှုတွေလည်း လျင်မြန်ခဲ့တယ် . . .”
သခင်ကြီးဘိုင်မှ ပြောလိုက်၏။
ဝမ်အာနှင့် ချူးအာတို့မှာမူ မည်သို့မည်ပုံ ပြန်ပြောရမည်မှန်း မသိနိုင်အောင်ပင် ဖြစ်နေကြလေသည်။
“ဒါပေမယ့် မန်ဝုဇန်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး . . .”
“ကောင်းကင်ရတနာဆိုတာ အနှိုင်းမဲ့ ရတနာတစ်ခုပဲ၊ ပိုင်ရှင်ရဲ့ စိတ်အခြေအနေအတိုင်း လိုက်ပြီး ပြောင်းလဲ တယ်၊ သတိကြီးတဲ့လူက ပိုပြီးသတိကြီးသွားတယ် သတိမေ့တတ်တဲ့လူကလည်း သတိရှိသွားတယ်၊ အဲဒါက လူတစ်ယောက်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးလိုက်တာလေ၊ ဒါကကောင်းကင်ရတနာရဲ့ စွမ်းအားပဲ . . .”
“ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ပိုင်ရှင်တောင် သတိပြုမိမှာ မဟုတ်ဘူး၊ ပြောင်းလဲမှုတွေကတော့ တကယ် ကို ပြောင်းလဲတာ ပြောရမယ်ဆိုရင် ပိုင်ရှင်ရဲ့ဘဝတစ်လျှောက်လုံးကို ပြောင်းလဲပေးလိုက်တာပေါ့၊ တစ်နေ့ထက် တစ်နေ့လည်း ပိုပြီးအင်အားကြီးလာလိမ့်မယ်၊ ဒါပေမယ့် မန်ဝုဇန်က အဲဒါကိုရခဲ့တာတောင် နည်းနည်းလေးမှ ပြောင်းလဲမလာခဲ့ဘူး . . .”
သခင်ကြီးဘိုင်မှ လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
“ပြောင်းလဲမှုတွေက မပြောပလောက်လို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့ ဒါမှမဟုတ်လည်း ငါသတိမပြုမိ လောက်အောင်ကို မပြောပလောက်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမယ့် ငါတောင်မှ သတိမပြုမိခဲ့ဘူးဆို ရင် ထူးခြားလောက်အောင် ပြောင်းလဲတာမျိုး မရှိလို့ပဲဖြစ်မယ် . . .”
“မန်ဝုဇန်က အရင်ကထက်တော့ အင်အားကြီးလာတာ ဟုတ်ပါတယ် ဒါပေမယ့် ဒါကကျင့်ကြံမှုအဆင့်ပါပဲ၊ တခြားအရာတွေမှာ တိုးတက်လာတာတော့ မဟုတ်ဘူး၊ ပြောရရင် မန်ဝုဇန်က အနောက်ကောင်းကင်ရဲ့ အသုံးမကျ တဲ့ သခင်လေးတစ်ပါးအဆင့်ပဲရှိတယ် . . .”
သခင်ကြီးဘိုင်မှ ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
“ဒီလို လူတစ်ယောက်က ငါ့ကိုဘယ်တော့မှ ခြိမ်းခြောက်လာနိုင်မှာ မဟုတ်ဘူး၊ သူက ပိုပြီးအားကောင်းလာ တာကလွဲလို့ ကျန်တာ ဘာမှမရှိဘူး၊ သူ့လိုလူမျိုးကို ငါနည်းနည်းလောက် အကြံထုတ်လိုက်တာနဲ့တင် လွယ်လွယ် လေး သတ်ပစ်လိုက်လို့ရတယ် . . .”
“ငါသူ့ကို သတ်ဖို့မစဉ်းစားသေးဘူးဆိုတာ ကောင်းကင်ဘုရင် ၅ ပါးရဲ့ ကတိပြုထားမှုကြောင့်ပဲ၊ နောက်ပြီး သူ့ရဲ့တည်ရှိမှုကလည်း ငါ့ကိုနည်းနည်းလေး တွန်းအားဖြစ်စေတယ် ဒါပေမယ့် အဲဒီတွန်းအားကလည်း ဖြည်းဖြည်း ချင်း နည်းသထက် နည်းသွားတာပါပဲ . . .”
သခင်ကြီးဘိုင်မှ ပြုံးလျက် ပြောလိုက်၏။
“ငါအဆင့်နိမ့်နယ်ပယ်တွေကိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တုန်းက ငါ့ရဲ့ကျင့်ကြံမှုစွမ်းအားတွေကို လျှော့ချပစ်ခဲ့ တယ်၊ ငါကအဲဒီတုန်းက မူလနတ်ဘုရားအဆင့်လေ အနည်းဆုံးတော့ မန်ဝုဇန်ထက် အဆင့်တစ်ဆင့်လောက် ပိုသာ တယ်၊ ဒါကလွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းက အခြေအနေကို ပြောတာနော် . . .”
“မန်ဝုဇန်က တစ်စုံတစ်ခုကို ရခဲ့တဲ့အတွက် သူ့ရဲ့ကျင့်ကြံမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ် အဲဒီလိုနဲ့ သူက မူလသူတော်စင်အဆင့်ရဲ့ ထိပ်ဆုံးအဆင့်ကိုတောင် ရောက်လာနိုင်ခဲ့တယ်လေ၊ သူက မယုံနိုင်လောက်အောင်ကို တိုးတက်ခဲ့တယ် အခုဆိုရင် သူက မသေမျိုးအဆင့်ခုနှစ်ကိုတောင် ရောက်နေပြီ . . .”
“ဆိုလိုတာက ကမ္ဘာပေါ်က နာမည်ကြီးပညာရှင်တွေထက်ကို သူက အင်အားကြီးနေတဲ့ သဘောပဲ၊ ဒီထက် လည်း သူကပိုပြီးတိုးတက်နေဦးမယ်လို့ ငါထင်တယ် ဒါပေမယ့် သူ့ရဲ့လုပ်ရပ်တွေက မှားယွင်းနေတယ် . . .”
“ငါတို့လို တော်ဝင်မျိုးရိုးတွေက ငယ်ငယ်ကတည်းက ဆေးလုံးတွေ၊ နည်းပြဆရာတွေနဲ့ အထောက်အပံ့ပေး ခြင်းကို ခံခဲ့ရတယ်၊ ငါတို့ဘဝ စတင်တဲ့အချိန်ကတည်းက ကျင့်ကြံမှုတွေနဲ့ စခဲ့ရတယ် ဒါပေမယ့် တိုးတက်မှု လျင်မြန်ဖို့ကတော့ ငါတို့လိုအပ်တဲ့အရာ မဟုတ်ဘူး . . .”
“တကယ်တော့ ထာဝရအဆင့်ကိုရောက်ဖို့ဆိုတာ နှစ်ပေါင်း ၁၀၀ ပဲလိုတယ် ဒါပေမယ့် ငါတို့မလုပ်ခဲ့ဘူး ဘာဖြစ်လို့လဲဆိုတော့ ငါတို့တွေ ကျင့်ကြံမှုမှာရော စိတ်အခြေအနေမှာပါ အင်အားကောင်းဖို့အတွက် လိုအပ်နေလို့ပဲ၊ အဲဒါကြောင့် ငါတို့ရဲ့စွမ်းအားတွေကို ချုပ်တီးပြီး ဖြည်းဖြည်းနဲ့မှန်မှန်ပဲ တိုးတက်အောင် လုပ်ခဲ့တယ် . . .”
“ငါတို့ရဲ့ စိတ်စွမ်းအင်ချီဓာတ်တွေ လုံးဝသန့်စင်သွားပြီဆိုမှသာ ငါတို့ရဲ့ စွမ်းအင်တွေကို ဖွင့်ထုတ်လိုက်ပြီး နောက်တစ်ဆင့်ကို တက်ကြရတယ် အဲဒီလိုမှ ငါတို့ရဲ့ ကျင့်ကြံမှုအခြေခံက ခိုင်မြဲတာလေ၊ ဒီလိုလုပ်နေသရွေ့ ငါတို့ ရဲ့ ကျင့်ကြံမှုအဆင့်တွေ ပိုပြီးမြန်မြန်မြင့်တက်လေပဲ၊ အဲဒီလိုပဲ ငါတို့ရဲ့ စိတ်အခြေအနေကလည်း ကျင့်ကြံမှုစွမ်းအား နဲ့အတူ မြင့်တက်လာလိမ့်မယ် . . .”
သခင်ကြီးဘိုင်က မိန်းကလေးနှစ်ဦးအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now