1277------1278

164 8 1
                                    

အခန်း (၁၂၇၇)(စာစဉ် ၉၂- အပိုင်း ၃)
“ခေါင်းစည်းအဆင့် အစစ်အမှန်”

ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ နှစ်ဦးလုံး သားဖြစ်သူ၏ စကားကို ကြားသည်နှင့် အစပိုင်းတွင် ဒေါသထွက်ချင် ယောင်ဆောင်လိုက်ကြသည်။

ထို့နောက်တွင်မှ ရဲနန်ရှန်က -

“မင်းကိုယ်မင်း အသက်ဘယ်လောက်ရှိပြီလို့ ထင် နေတာလဲ၊ အချစ်အကြောင်းကိုရော ဘယ်လောက်ထိ မင်းက သိနေလို့လဲ . . .”

“နားထောင် ငါတို့တွေက မင်းကျင့်ကြံမှု နယ်ပယ် မှာ အခက်တွေ့မှာကို အဖြစ်မခံစေချင်ဘူး ဒါပေမယ့် မင်းမှာ ရှေ့ဆက်သွားနိုင်မယ့် အခွင့်အရေး ရှိရမယ်၊ ငါတို့တွေ မင်းကို ဘယ်လောက်ပဲ မသွားစေချင်ဘူးလို့ ပြောပြော မင်းကို ခွင့်တော့ပြုရမှာပဲ၊ ဒါမှသာ မင်းက အထက်နယ်ပယ်ကို တက်လှမ်းနိုင်မှာ . . .”

“မင်းအမေနဲ့ ငါ့ရဲ့ ဘဝမှာ အခက်အခဲတွေ အများ ကြီးနဲ့ ကြုံခဲ့ပြီးပြီ၊ အဲဒါကြောင့် သာမန်ဘဝမှာပဲ ငါတို့ က နေထိုင်ချင်တော့တာ ဒါပေမယ့် ငါတို့ရဲ့ သားက ဒီ ထက်မြင့်မားသွားမှာကိုတော့ တားဆီးမှာ မဟုတ်ဘူး၊ မင်းကို တားလိုက်ရင် ငါတို့က တာဝန်မဲ့ရာ ကျသွားမှာ ပေါ့ မဟုတ်ဘူးလား . . .”

ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ နှစ်ဦးလုံး သားဖြစ်သူကို ပြုံးလျက် ကြည့်နေကြသည်။

သားဖြစ်သူ ထွက်ခွာသွားမည့်အတွက် ဝမ်းနည်း နေမည့် ပုံစံမျိုးလည်း မရှိကြပေ။

တကယ်တမ်းတွင် သူတို့ စိတ်ထဲ၌ အထက်နယ် ပယ်သို့ သားဖြစ်သူ တက်လှမ်းနိုင်ရန်မှာ နှစ်ရာချီ ကြာ မြင့်ဦးမည်ဟု တွေးထင်နေကြသည်။

ထို့ကြောင့် သူတို့နှင့် အချိန်အကြာကြီး အတူရှိနိုင် ဦးမည်ဟု ထင်လိုက်၍လည်း စကားလမ်းကြောင်း လွှဲ ကာ နှစ်သိမ့်လိုက်ကြခြင်း ဖြစ်သည်။

သနားစဖွယ် မိဘနှစ်ပါးမှာ သားဖြစ်သူ မကြာခင် ထွက်ခွာသွားကြတော့မည်ကို မသိကြချေ။

အကယ်၍ ထိုနေ့ရက်သာ ရောက်ရှိလာပါက သူတို့ ရင်ထဲရှိ နာကျင်မှုများကို မခံစားနိုင်မည်မှာ အသေချာ ပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now