1299------1300

137 9 0
                                    

အခန်း (၁၂၉၉)(စာစဉ် ၉၃- အပိုင်း ၁၁)
“အစီအစဉ် ဆွဲခြင်း”

ဝုဖမှ အေးစက်စက်ဖြင့် -

“မင်းတို့မှာ ၁၅ မိနစ်ပဲ အချိန်ရတာနော်၊ အဲဒီတော့ စကားပြောရင်းနဲ့ အချိန်ဖြုန်းမနေကြနဲ့ . . .”

“ရှင်ပြောတဲ့ ၁၅ မိနစ်က ဒီလိုမျိုးလား . . .”

ယွဲ့ရှောင်မှ ဒေါသသံဖြင့် အော်ပြောလိုက်သည်။

“အခုလိုမျိုး ရှင့်ရဲ့ စိတ်စွမ်းအင် ချီဓာတ်တွေကို ကျွန်မတို့အပေါ် ဖုံးလွှမ်းထားမှတော့ ဒါကတိုက်ခိုက်မှု စတင်လိုက်တဲ့ သဘောပဲ မဟုတ်ဘူးလား . . .”

“ဝုဖ ဒီလိုလှည့်ကွက်တွေလုပ်ပြီး ရှင့်ရဲ့ ဂုဏ်သိက္ခာ ကို ကျဆင်းခံချင်နေတာလား . . .”

ဝုဖမှ ဂရုမစိုက်ဟန်ဖြင့် -

“ငါမင်းတို့ကို ၁၅ မိနစ် အချိန်ပေးပြီးသွားပြီလေ ဒါပဲ၊ ဒါကအချိန်ခဏလေးနော် အဲဒါတောင် မင်းတို့က ငါ့ကို အော်ဟစ်ရင်း အချိန်ဖြုန်းချင်နေကြတယ် . . .”

“ဒါပေမယ့် ငါဂရုမစိုက်ပါဘူး မင်းတို့က သေတော့ မယ့် လူတွေလေ၊ ငါသိချင်တာက မင်းတို့ရဲ့ နောက်ဆုံး အချိန်မှာ ဒီလိုအရည်မရ အဖတ်မရတွေပြောပြီး အချိန် ကုန်ဆုံးစေချင်နေတာလား ဆိုတာကိုပဲ . . .”

ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ ဒေါသထွက်လွန်း၍ ဝုဖ ကို လည်ပင်းပြေးညှစ်ပစ်ချင်သည့် စိတ်များပင် ပေါက် နေကြချေပြီ။

“ယွဲ့ရှောင် ယွဲ့ဟန် . . .”

ရဲရှောင်မှ ညီမများကို ဟန့်တားလိုက်ပြီး အားလုံး ကို စုစည်းကာ ပုလင်းတစ်လုံးစီ ပေးလိုက်၏။

ဝုဖမှာမူ စိတ်စွမ်းအင်များကို ဖြန့်ကျက်ထား၍ ရဲရှောင် ပေးလိုက်သည်က အသီးများ မဟုတ်ကြောင်း သိနေသည်။

ရဲရှောင်အနေဖြင့် ဝုဖနှင့် ဝုရှန်တို့က အသီးများ အတွက် ရောက်လာခြင်းဖြစ်၍ အသီးများကို မည်သို့မှ ထုတ်ပေးလိမ့်မည် မဟုတ်ပေ။

အကယ်၍ အသီးများကိုသာ ထုတ်ပေးလိုက်ပါက အသီးများကို မစားခင်မှာပင် အမွှာညီအစ်ကိုက သေ ချာပေါက်ပင် လုယူသွားနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now