1211-------1212

141 11 1
                                    

အခန်း (၁၂၁၁)(စာစဉ် ၈၇- အပိုင်း ၇)

“သွေးချောင်းစီးစေသော တိမ်ကြာပန်း”

ပိုင်ရှင်းယွဲ့လည်း နောက်မှ လိုက်ပါလာသော ရန် သူများ၏ လက်နက်များကြောင့် လေများ တိုးဝင်လာ သည်ကို ခံစား လိုက်ရသည်။

လက်ရှိအခြေနေအရ ထွက်ပြေးရန်မှာ ခက်ခဲနေ၍ ပိုင်ရှင်းယွဲ့လည်း သက်ပြင်းသာ ချလိုက်မိတော့သည်။

ရန်သူများအတွင်း၌လည်း မူလတာအို အဆင့်ကိုး ပညာရှင်တစ်ဦး ပါဝင်နေ၍ သူမ မည်မျှကံကောင်းနေ ပါစေ ထိုလူကို အနိုင်တိုက်ရန်မှာ မဖြစ်နိုင်ပေ။

အဆင့်ခြောက်နှင့် အဆင့်ကိုး၏ ကွာခြားချက်မှာ ကြီးမားလွန်းနေသည် မဟုတ်ပါလား။

ထို့ကြောင့် လက်ရှိအခြေနေများအရ သူမတို့နှစ်ဦး အနက် တစ်ဦး စတေးခံမှသာ ကျန်တစ်ယောက်လွတ် မြောက်နိုင်မည့် အခွင့်အရေး ရရှိပေလိမ့်မည်။

သို့သော် ဤသည်မှာလည်း ရာနှုန်းပြည့်မဟုတ်၊ ကံတရားပေါ်တွင် မူတည်နေသေးသည်။

ထို့ကြောင့် ပိုင်ရှင်းယွဲ့လည်း စိတ်ပိုင်းဖြတ်လိုက် ပြီးနောက် ကျယ်လောင်သော အသံဖြင့် -

“ချူးချူး ငါသူတို့ကို အချိန်ဆွဲပေးထားမယ်၊ မင်း သွားလိုက်တော့၊ မြန်မြန်သွား . . .”

(ချူးချူးက ဉာဏ်ကောင်းတယ်၊ သူ့မှာသာ အချိန် နည်းနည်းရမယ်ဆိုရင် ထွက်ပြေးနိုင်မယ့် နည်းလမ်း ရှာဖွေနိုင်မှာပဲ . . .)

(ဟုတ်တယ် သူက ငါ့ထက် ပိုပြီး အသက်ရှင်နိုင် မယ့် အခွင့်အရေး ပိုများတယ် . . .)

သို့သော် သူမ၏နောက်ကျော၌ တပည့်ဖြစ်သူအား စမ်းကြည့်လိုက်သောအခါ မည်သည့်အရာမှ မရှိတော့ သည်ကို တွေ့လိုက်ရသည်။

စင်စစ် ဝရမ်ချူးချူးမှာ ဆရာဖြစ်သူ သူ့အား မရှာ ခင်မှာပင် အောက်သို့ ခုန်ချသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ကျယ်လောင်သော အသံဖြင့် -

“ဆရာ . . .”

“ဆရာ မြန်မြန်သွား၊ ကျွန်မ သေဆုံးမှုကို အကျိုးရှိ အောင် လုပ်ပေးပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now