အခန်း (၁၃၂၅)(စာစဉ် ၉၅ - အပိုင်း ၉)
“ကြောက်မက်ဖွယ် အဖွဲ့အစည်းကြီး”“ဒါအကြံကောင်းပါပဲ ရှောင်ဧကရာဇ် . . .”
“သွားကြတာပေါ့ အတူတူသွားကြတာပေါ့ ကျုပ်တို့ က ဂျိမျိုးနွယ်စုနဲ့ ရင်းနှီးချင်နေတာကြာပြီ အခုတော့ အချိန်ကျလာပြီ အခုလိုမျိုး စီစဉ်ပေးတာ ကျေးဇူးတင် ပါတယ် ရှောင်ဧကရာဇ် . . .”
“ဂျိမျိုးနွယ်စုရဲ့ ဖိတ်ခေါ်မှုကိုလည်း ကျုပ်ကျေးဇူး တင်ပါတယ် . . .”
“ဟုတ်တယ် ဂျိမျိုးနွယ်စုက ရှောင်ဧကရာဇ်ရဲ့ ကြင် နာမှုကို ပြန်တုန့်ပြန်ဖို့အတွက် ဒီလောက်တော့ အကုန် အကျခံသင့်တယ် မဟုတ်လား . . .”
“ရှောင်ဧကရာဇ်နဲ့အတူတူ ငါတို့တွေ အန်ထွက်တဲ့ အထိ သောက်ကြမယ် . . .”
“ငါကပုံမှန်အားဖြင့်တော့ သိပ်ပြီး မသောက်ပါဘူး ဒါပေမယ့် ဒီနေ့တော့ ရှောင်ဧကရာဇ်နဲ့အတူ သောက် ကိုသောက်ဦးမယ် . . .”
“ငါဆိုလည်း ဘာထူးလဲ အရက်နဲ့ မတည့်ဘူးလေ ဒါပေမယ့် ဒီနေ့တော့ အမူးကိုသောက်မယ်ကွာ . . .”
“အန်မထွက်မချင်း ငါမပြန်ဘူး တကယ်တော့ မင်း တို့ သိတဲ့အတိုင်း အန်ပြီဆိုရင် ရပ်လိုက်ပြီး ပြန်သင့် တာလေ ဒါပေမယ့် ငါလုံးဝမပြန်ဘူး . . .”
“ခွက် ၁၀၀၀ လောက် မသောက်မချင်း ဂျိမျိုးနွယ်စု ကနေ ဘယ်သူမှ မပြန်ရဘူးကွာ . . .”
“ဟား ဟား ဟား . . .”
လူအုပ်ကြီးမှာ တစ်ယောက်တစ်ခွန်း ပြောရင်းဖြင့် ပွဲကျသွားကြသည်။
ဂျိဇန်းဖန်မှာလည်း အလွန်အမင်း ပျော်ရွှင်လျက် ရှိ နေသည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် . . .”
“ကျုပ်တို့ဆီကို အခုလို လာရောက်ပျော်ပါးပေးကြ မှာကို ကျေးဇူးတင်ပါတယ်ဗျာ . . .”
“ရှောင်ဧကရာဇ်ကိုရော ကျန်တဲ့လူတွေအားလုံးကို ပါကျေးဇူးတင်ပါတယ် ဒါကကျုပ်တို့ ဂျိမျိုးနွယ်စု အ တွက် တကယ်ကို ဂုဏ်တက်စေမယ့်ကိစ္စပါ . . .”
“အဲဒီအတွက် ကျုပ်တို့မှာ ရှိသမျှ ပိုက်ဆံအားလုံး ကုန်သွားမယ်ဆိုရင်တောင် လူတိုင်းအတွက် အရက် လောက်ငှစေရမယ် . . .”
YOU ARE READING