အခန်း (၁၄၇၂ - က)(စာစဉ် ၁၁၁- အပိုင်း ၁၄)
“နောက်လိုက်မွေးခြင်း”
ချူလျူမှာ ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလျက်ရှိသည်။
“ဟုတ်တယ် မင်းကငယ်သေးတယ်၊ မင်းရဲ့ဘဝခရီးလမ်းက အရှည်ကြီးကျန်သေးတယ်လေ၊ မင်းအတွက် တောက်ပတဲ့အနာဂတ်ကလည်း ဆီးကြိုနေတယ်၊ အဲဒီလိုပဲ အခွင့်အရေးတွေကလည်း အများကြီးရဦးမှာ . . .”
“ဒါပေမယ့် ငါလိုလူမျိုးအတွက်က ဘာမှမရှိဘူး ဘာဆိုဘာမှမရှိဘူး၊ ဘာကြောင့်လဲ ဘာလို့ ငါ့ကိုမသေခင် မှာ နာကျင်ခံစားရအောင်လို့ လုပ်နေတာလဲ၊ ဘာလို့ ငါ့ကိုနာကျင်မှုတွေ လာပေးနေတာလဲ၊ ဘာဖြစ်လို့ ငါ့ကို လာပြီး စော်ကားနေတာလဲ . . .”
“ခင်ဗျားရဲ့ ရူးမိုက်တဲ့ သေကြောင်းကြံစည်မှုကို တားဆီးရတဲ့အကြောင်းအရင်း ကျုပ်မှာရှိတယ်၊ ကျုပ်ပြော တာကို ယုံကြည်ပါ၊ ကမ္ဘာကြီးအတွက် အသုံးမဝင်ဖြစ်နေတဲ့လူကို နာကျင်အောင်လုပ်လို့ရော ကျုပ်အတွက် ဘာ အကျိုးရှိမှာမလို့လဲ၊ ကျုပ်မှာ ခင်ဗျားကို အဲဒီလိုဖြစ်စေဖို့ ရည်ရွယ်ချက်လုံးဝမရှိဘူး . . .”
“ဒါပေမယ့် ကျုပ်မှာ မေးခွန်းတစ်ခုရှိတယ် ကျုပ်သာ ခင်ဗျားကို ကုသပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”
ရဲရှောင်မှ တည်ငြိမ်စွာဖြင့်ပင် မေးလိုက်၏။
“ဘယ်လို မင်းကငါ့ကို ကုသပေးနိုင်တယ်ဟုတ်လား . . .”
“မင်းသာငါ့ကို ကုသပေးနိုင်မယ်ဆိုရင် ဘယ်လိုလဲ ဟုတ်လား . . .”
ချူလျူမှာ ရဲရှောင်၏စကားကြောင့် အံ့ဩတုန်လှုပ်လျက်ရှိနေလေသည်။
ထို့ကြောင့် ထိုစကားများကို ထပ်ခါထပ်ခါ ရေရွတ်လျက်ရှိ၏။
“ကျုပ်ခင်ဗျားကို ကုသပေးနိုင်တယ်၊ ကျုပ်ခင်ဗျားအသက်ကို ကယ်တင်ပေးနိုင်တယ် . . .”
“ခင်ဗျား ကလဲ့စားချေဖို့အတွက်လည်း ကျုပ်လုပ်ပေးနိုင်တယ် . . .”
ရဲရှောင်မှ အေးစက်စက်ပင် ပြောလိုက်သည်။
“အင်း . . . ဒါပေမယ့် ခင်ဗျားကြည့်ရတာ ကျုပ်အကူညီလိုပုံလည်း မပေါ်ပါဘူး၊ ခင်ဗျားကိုယ်ခင်ဗျား လက် လျှော့အရှုံးပေးပြီးသားလေ ဟုတ်တယ်မလား၊ မျှော်လင့်ချက်တွေကို အရှုံးပေးထားတဲ့ လူတစ်ယောက်အတွက် လည်း ကျုပ်လုပ်ပေးတာတွေက အကျိုးရှိမှာမဟုတ်ဘူး . . .”
ထိုစကားကြောင့် ချူလျူမှာ အံ့ဩတုန်လှုပ်သွားသည်။
“သေချာစဉ်းစားကြည့်စမ်းပါ ခင်ဗျားကိုချစ်လို့ တမလွန်မှာစောင့်နေတဲ့ ဂျွန်အာက ခင်ဗျားကိုသာ မြင်လိုက် ရရင် သူသိပ်စိတ်ပျက်သွားမှာ ဒါပေမယ့် ခင်ဗျား စိတ်ဆင်းရဲမှာစိုးလို့ သူက ပျော်ရွှင်ချင်ယောင်ဆောင်နေမှာပေါ့၊ ပြီးတော့ ခင်ဗျား လက်စားပြန်မချေခြင်းကို ဂရုမစိုက်ဘူးလို့လည်း သူကပြောလိမ့်မယ် . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း မြေပြင်ပေါ်သို့ ပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။
ထိုပုလင်းမှာ မြေပေါ်တွင် လှိမ့်ကာလှိမ့်ကာဖြင့် ချူလျူရှေ့သို့ ရောက်ရှိသွား၏။
ချူလျူလည်း သူ့ရှေ့ရှိပုလင်းကိုကြည့်ရင်း မျက်လုံးများ အရောင်ဝင်းလက်သွားလေသည်။
သူ့အဖို့ ယခင်က တစ်ခါမှမခံစားခဲ့ဖူးသည့် အံ့ဩမှုမျိုး ခံစားလိုက်ရခြင်းပါပင်။
ပုလင်းထဲရှိ ဆေးလုံးက သူ့ကို ဆန်းသစ်သော စိတ်ခံစားမှုအသစ်များ ပေးစွမ်းနေသည် မဟုတ်ပါလား။
ထိုဆေးလုံးမှာ တိမ်တိုက်များကြား၌ သက်ရှိတစ်ခုကဲ့သို့ပင် လွင့်မျောလျက်ရှိနေလေသည်။
ထို့ကြောင့် ချူလျူလည်း ထိုဆေးလုံးထံမှ သူ၏အကြည့်များကို မည်သို့မှ မလွှဲနိုင်တော့ချေ။
“ထူးခြားအစွမ်းထက်ဆေး . . .”
ချူလျူ၏ပါးစပ်မှ အလိုလိုပင် ရေရွတ်သွားမိသည်။
ထိုကဲ့သို့သော ဆေးမျိုးနှင့်ဆိုလျှင် သူ့အားဒုက္ခပေးနေသောပိုး ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။
ကောင်းကင်ခြစားပိုးမှာ လူတစ်ယောက်၏ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် ထိုလူမည်မျှထိ အစွမ်းထက်ပါစေ ပိုးကိုရပ်တန့်တားဆီးနိုင်လိမ့်မည် မဟုတ်ပါ။
သို့သော် ကုသရန်ခက်ခဲသည့်တိုင် ကမ္ဘာပေါ်တွင် ကုသ၍မရသည့်ရောဂါအဖြစ် ရှိနေသည်တော့ မဟုတ် ချေ။
ကမ္ဘာပေါ်ရှိဆေးများက သူ့ကိုကယ်တင်နိုင်စွမ်း မရှိသည့်တိုင် အချို့သော အဆိပ်များက သူ့ကို ကယ်တင် နိုင်စွမ်းရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ထူးခြားသန့်စင်သော အဆိပ်ဆေးလုံးကို ထူးခြားအစွမ်းထက် အဆင့်ဖြင့်သာဆိုပါက ကောင်း ကင်ခြစားပိုးကို ရှင်းထုတ်ပေးနိုင်လိမ့်မည်။
တစ်နည်းအားဖြင့် ကောင်းကင်ခြစားပိုးက အဆိပ်ဆေးလုံးကို တွန်းလှန်နိုင်ခြင်းမရှိသည့်သဘောပါပင်။
ထိုပိုးက အားကောင်းလှပြီး ပညာရှင်၏စိတ်ဝိညာဉ်ကို လွှမ်းမိုးသွားနိုင်သည့်တိုင် အဆိပ်ဆေးလုံးနှင့်သာ တွေ့ပါက အရှုံးပေးသွားရမည်ဖြစ်၏။
သို့သော် ထိုသို့သောဆေးလုံးမျိုးက ဒဏ္ဍာရီထဲတွင်သာရှိသည်ကို လူတိုင်းသိကြလေသည်။
ထို့ပြင် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင် မည်သည့်ဆေးပညာရှင်ကမှ ထူးခြားအစွမ်းထက်ဆေး လုံးကို မပြုလုပ်နိုင်ကြတော့ချေ။
ထို့ကြောင့် ယခုကမ္ဘာတွင် ထူးခြားအစွမ်းထက်ဆေးလုံးဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိတော့သည်။
သို့သော် ကံကောင်းစွာဖြင့် ကမ္ဘာပေါ်တွင် ထူးခြားအစွမ်းထက်ဆေးလုံးအချို့ ကျန်ရှိကောင်းကျန်ရှိနေနိုင် သည်။
ထိုဆေးလုံးများမှာလည်း ဈေးကခေါင်ခိုက်နေမည်မှာ သေချာလှပေသည်။
ထို့အတွက်ကြောင့် ထိုကဲ့သို့သော ဆေးလုံးများကိုရနိုင်ရန်မှာ မလွယ်ကူ၊ ခက်ခဲနိုင်သည်။
ချူလျူဖို့ ထိုဆေးလုံးများကို ယခုလိုသေခါနီးအချိန်မဆိုနှင့် သူ၏ယခင်ရွှေရောင်လွှမ်းသော နေ့ရက်များတွင် ပင် ရအောင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ထူးခြားအစွမ်းထက်အဆင့် ဆေးလုံးများကို အလွန်တရာပင် ရှားပါးလွန်းနေသည် မဟုတ်ပါလား။
ထို့ကြောင့် ထူးခြားအစွမ်းထက်အဆိပ်ဆေးလုံးမှာ ပို၍ပင် ရှာဖွေရန် သေချာပေါက် ခက်ခဲနိုင်သည်။
အဆိပ်နှင့်ဆေးက ဆန့်ကျင်ဘက်များသာဖြစ်သော်လည်း အဆိပ်ပညာရှင်များမှာ ဆေးပညာရှင်များသာ ဖြစ်ကြသည်။
သို့သော် ယခုကမ္ဘာတွင် ထူးခြားအစွမ်းထက် အဆိပ်ဆေးလုံးကိုလုပ်နိုင်သည့် ဆေးပညာရှင်ဆိုသည်မှာ မရှိသလောက်ကို နည်းပါးနေချေပြီ။
ထိုသို့သောအခြေအနေတွင် ချူလျူမှာမူ အံ့ဩဖွယ်ဖြစ်ရပ်နှင့် ကြုံတွေ့လိုက်ရလေသည်။
သူ့ဘဝ၏နောက်ဆုံးအချိန်တွင် ထူးခြားအစွမ်းထက်ဆေးလုံးတစ်လုံး ရောက်ရှိလာခဲ့သည် မဟုတ်ပါလား။
ထိုဆေးလုံးက ကောင်းကင်ခြစားပိုးကို ဖယ်ရှားပေးနိုင်သည့် အဆိပ်ဆေးလုံးမဟုတ်သည့်တိုင် သူ့အတွက်မူ လွန်စွာအဖိုးတန်နေလေသည်။
ထိုအခိုက်အတန့်တွင် ချူလျူ၏နားထဲ၌ ရဲရှောင်ပြောခဲ့သည့် စကားများကို ပြန်ကြားယောင်မိသွား၏။
ထိုစကားများအရ ရဲရှောင်ထံတွင် အဆိပ်ဆေးလုံးရှိနေမည်ဟုလည်း တထစ်ချ သူယုံကြည်လိုက်မိသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိပိုးကို ဖယ်ရှားရန်မှာ ရဲရှောင်ထံမှ အကူအညီရနိုင်ပေလိမ့်မည်။
ထိုလူငယ်လေးက သူ့အား အရူးလုပ်နေခြင်းဖြစ်မည်ဟုဆိုနိုင်သော်လည်း ထိုသို့မဖြစ်နိုင်သည်ကို သူ့စိတ်ထဲ အလိုလိုသိနေလေသည်။
သူက ထူးခြားအစွမ်းထက်ဆေးလုံး ထုတ်၍ အရူးလုပ်ရလောက်အောင်ထိ တန်ဖိုးရှိသည့် လူမဟုတ်မှန်း သူ့ ကိုယ်သူ သိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ကမ္ဘာပေါ်ရှိ မည်သူကမှ သူ့ကို အရူးလုပ်နေလိမ့်မည် မဟုတ်ပေ။
ထိုအချိန် ချူလျူ၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တဖန်လင်းလက်လာလေသည်။
ထို့အတူ စိတ်ဓာတ်ကျဆင်းမှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာပြန်သည်။
ထိုခံစားမှုများက သူ့အဖို့ ငရဲမှနေ၍ ကောင်းကင်ဘုံသို့ ချက်ချင်းတက်သွားရသလိုပါပင်။
ချူလျူလည်း သတိပြန်ဝင်သွားပြီး ရဲရှောင်အား မျက်လုံးပြူး မျက်ဆံပြူးဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် ရဲရှောင်မှာမူ တံခါးပေါက်မှ ထွက်ခွာရန် ဟန်ပြင်နေချေပြီ။
“နေ . . . နေ . . . နေပါဦး . . .”
“ကျေးဇူးပြုပြီး . . . ခဏလောက်နေပါဦး . . .”
ချူလျူက ကျယ်လောင်စွာ အော်ဟစ်ရင်း လှမ်းတားလိုက်သည်။
ရဲရှောင်လည်း ထိုအသံကြောင့် ရပ်တန့်လိုက်၏။
အဘိုးကြီး၏ ဇာတ်လမ်းကို ကြားခဲ့ရစဉ်က သူ့စိတ်ထဲ သနားစိတ်ဝင်ခဲ့မိသည်။
သို့သော် ယခုရပ်တန့်လိုက်ခြင်းမှာ ထိုစိတ်တစ်ခုတည်းကြောင့်တော့ မဟုတ်ချေ။
ရဲရှောင်က ယခုနေရာကို သူ့အကြံကြောင့်သာ ရောက်ရှိလာခဲ့ရသည် မဟုတ်ပါလား။
ကျင့်ကြံမှုကမ္ဘာတွင် အင်အားနည်းသူများ အမြဲတစေ အရှုံးကို ရင်ဝယ်ပိုက်ကြရသည်။
ဤသည်က သိုင်းလောက၏စည်းမျဉ်း၊ ဥပေဒသတစ်ခုလိုလည်း ဖြစ်နေလေသည်။
ယခု ချူလျူမှာလည်း ထိုဥပဒေသကြောင့် အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရ၏။
အားနည်းသူသာလျှင် ရှုံးနိမ့်ရသည့် ထိုသံမဏိစည်းမျဉ်းကို မည်သူကများ လွန်ဆန်နိုင်ပါမည်နည်း။
လူအတော်များများ မလွန်ဆန်နိုင်သည်မှာ သေချာသလောက်ပါပင်။
ထိုအချက်ကြောင့် ရဲရှောင်လည်း ချူလျူ၏ အသက်ကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထူးခြားအစွမ်းထက်အဆင့် ဆေးလုံးတစ်လုံးမှာ ရဲရှောင်အတွက် ဘာဆိုဘာမှ မဟုတ်ချေ။
သို့သော် အခြားလူများအတွက်မူ လွန်စွာ တန်ဖိုးကြီးလွန်းနေသည်။
ထို့ကြောင့် ယခုချူလျူပင် ထိုဆေးလုံးကြောင့် စိတ်ကိုမနည်းတည်ငြိမ်အောင် ထိန်းနေရသည် မဟုတ်ပါ လား။
ထို့နောက် ချူလျူလည်း အသက်ပြင်းပြင်းရှူရင်း ရဲရှောင်အနား တဖြည်းဖြည်း တိုးကပ်သွားသည်။
ရဲရှောင်မှာမူ ထိုအချိန်ထိ စကားတစ်ခွန်းမှ မဆိုချေ။
ချူလျူ မည်သို့မည်ပုံ ဆက်လုပ်မည်ကိုသာ စောင့်ကြည့်လျက်ရှိနေသည်။
ချူလျူလည်း ရဲရှောင်အနား ရောက်သွားသည်နှင့် ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်၏။
ထို့နောက် ဦးညွှတ်၍ ရဲရှောင်အား အရိုသေပြုလိုက်ပြန်သည်။
ရဲရှောင်လည်း အသက်ပြင်းပြင်းရှူလိုက်ရင်း -
“ဒါကခင်ဗျားလိုချင်တဲ့အရာလား . . .”
ချူလျူမှာ ပြန်မဖြေ။
နဖူးနှင့် မြေကြီးကို ပြင်းထန်စွာထိ၍ သွေးချင်းချင်းနီသည်အထိသာ အရိုအသေပြုလျက်ရှိနေ၏။
“ခင်ဗျား ကျုပ်ကို ကူညီစေချင်လား . . .”
ရဲရှောင်မှ မေးလိုက်သည်။
“ကူညီစေချင်ပါတယ် . . .”
“ခင်ဗျားခန္ဓာကိုယ်ထဲက ပိုးကို ရပ်တန့်လိုက်ချင်လား ဒါမှမဟုတ် ရန်သူကို ကလဲ့စားချေချင်လား . . .”
ရဲရှောင်မှ လေးနက်တည်ကြည်သော အသံဖြင့် ပြတ်သားစွာ မေးလိုက်ပါတော့သည်။
YOU ARE READING