အခန်း (၁၁၃၅)(စာစဉ် ၈၂- အပိုင်း ၁)
“အားဟူရောက်လာပြီ”
“အာ ဟုတ်သားပဲ ငါတို့တွေ တော်တော်လေးကို အတွေးတိမ်ခဲ့ကြတာပဲ၊ ဒီလောက် သိသာတဲ့ အချက် ကိုတောင် ဘာလို့ သတိမပြုမိခဲ့ကြတာလဲ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ နှစ်ဦးလုံး ကျေနပ်ဟန် ဖြင့် ပြောလိုက်ကြသည်။
သို့သော် သူတို့မှာ နားမလည်နိုင်အောင် ဖြစ်နေကြ တုန်းပါပင်။
“ဒါပေမယ့် ရှောင်ဧကရာဇ်က သေသွားပြီ၊ သေရွာ ရောက်ပြီးတဲ့လူက ပြန်မလာနိုင်တော့ဘူး၊ အဲဒီတော့ သူတို့ အစ်ကိုကြီးအတွက် သူတို့ ဘယ်လိုမှကျေအေး ပေးနိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး သူတို့ရဲ့ အစ်ကိုကြီး အကြောင်း ပြောတုန်းကဆို သူတို့ရဲ့ မိဘတွေထက်ကို ပိုပြီး ချစ်တဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေတယ်၊ အဲဒီလို လူမျိုးတွေက ငါတို့ကို ဘယ်လိုလုပ် အလွတ် ပေးပါ့မလဲ . . .”
“ဒါက ပြဿနာကြီး တစ်ခုလုံးရဲ့ အဓိကသော့ ချက်ပဲ၊ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်း လမ်းကိုတော့ ကျုပ်လည်း မစဉ်းစားရသေးဘူး . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ကောင်လေး မင်းသေချာစဉ်းစားကြည့်ပါဦး၊ ငါတို့ က ဉာဏ်တုံးတဲ့ လူတွေဆိုတော့ အခြေအနေကို သေ ချာ နားမလည်နိုင်ဘူး၊ ဒါပေမယ့် မင်းက ငါတို့ထက် ပို ပြီးတော့ စဉ်းစားတတ်မှာပါ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာ ရဲရှောင်အား မျှော် လင့်ချက်ကြီးစွာ ကြည့်ရင်း ပြောလိုက်သည်။
နှစ်ဦးလုံးမှာ ဂိုဏ်း၏ အခြေအနေကို သိသူများပီပီ ၎င်းတို့ဂိုဏ်းထံ၌သာ ထပ်မံ၍ ကပ်ဆိုးကျရောက်ပါက နလန်ထူနိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာ သိ နေသည်။
ထို့ပြင် ၎င်းတို့၏ ဂိုဏ်း၌ ဂိုဏ်းသားပေါင်း သိန်းချီ ရှိသော်လည်း တိုက်ပွဲဝင်နိုင်သည့် လူအင်အားမှာမူ ရာ ဂဏန်းမျှသာ ရှိ၏။
ထိုရာဂဏန်းသော အင်အားမှာ မူလတာအိုအဆင့် ငါးနှင့်အထက်ရှိသော လူများဖြစ်ကြပြီး ထိုလူများရှိနေ ခြင်းကြောင့်လည်း ကျန်ဂိုဏ်းသားငယ်များ ရှိနေရ ခြင်း ဖြစ်သည်။
YOU ARE READING