1209-------1210

157 8 1
                                    

အခန်း (၁၂၀၉)(စာစဉ် ၈၇- အပိုင်း ၅)

“ကံစွပ်သွားခြင်း”

လူများမှာ တန်ချင်းဖန် ရှိနေ၍ ဘာမှမပြောသည့် တိုင် ၎င်းတို့၏ မျက်လုံးများထဲတွင်မူ သံသယဖြစ်နေ သည့် အရိပ်အယောင်များက ပေါ်လွင်နေပြီဖြစ်သည်။
ထို့ကြောင့် တန်ချင်းဖန်မှာ သက်ပြင်းသာ ချလိုက် တော့၏။
(ငါ့ရဲ့ညီက တော်တော်ကို တုံးတာပဲ၊ ဒီနှစ်တွေထဲ မှာလည်း သူက လုံးဝကို တိုးတက်မလာခဲ့ဘူး ငါသာ သူ့အနား ရှိမနေခဲ့ရင် သူသေခဲ့လောက်တာ ကြာပြီ)
(သူပြောတဲ့ စကားလုံးအနည်းငယ်နဲ့ပဲ သူ့ဘက်က အရေးနိမ့်သွားနိုင်တယ် ဆိုတာကိုလည်း သူမသိဘူး၊ အခုငါက သူ့ရဲ့ မိုက်မဲမှုကြောင့် အများနဲ့ တစ်ယောက် ဖြစ်နေရပြီ . . .)
(တကယ်လို့ ငါလည်း ဒီနေရာကို မရှာဘူးဆိုရင် ငါကပါ ငါ့ညီဘက်က ကာကွယ်ပေးနေတယ်ဆိုပြီး ထင်ကြတော့မယ်၊ ဒါဆိုရင် အပြစ်တွေအားလုံးက ငါ့ အပေါ်ပဲ ပုံကျလာနိုင်တယ်၊ အဲဒီတော့ ငါ့တာဝန်ကို ငါကျေအောင် လုပ်ရတော့မှာပေါ့ . . .)
“ငါတို့ကတစ်ဂိုဏ်းတည်းသားတွေပဲ တစ်ယောက် နဲ့ တစ်ယောက် အမြင်မမှားကြနဲ့ . . .”
တန်ချင်းဖန်မှ တည်ငြိမ်မှုအပြည့်ဖြင့် ပြောလိုက် ၏။
“တန်ချင်းလင် မင်း ဘေးဖယ်နေစမ်း၊ မင်းပြောတဲ့ စကားတွေက အဓိပ္ပာယ်မရှိဘူး၊ ဒါကငါတို့ဂိုဏ်းကြီးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတဲ့ကိစ္စ၊ မင်းတို့မပြောနဲ့ ငါ တို့ ဂိုဏ်းချုပ်ဆိုရင်တောင် လက်တွေ့ကျတဲ့ အစီစဉ် ကို ငြင်းပယ်မှာ မဟုတ်ဘူး၊ အဲဒီတော့ အမှန်တရားက ဘာလဲဆိုတာကို ရှာဖွေကြတာပေါ့ . . .”
တန်ချင်းလင်မှ မကျေမချမ်းဖြစ်သွားကာ -
“အစ်ကိုကြီး . . .”
“မင်း တိတ်တိတ်နေစမ်း . . .”
တန်ချင်းဖန်မှ ညီဖြစ်သူအား မာန်မဲလိုက်၏။
(ဒါက ဂိုဏ်းကြီးတစ်ခုလုံးရဲ့ အနာဂတ်ဆိုတာကို ငါပြောခဲ့ပြီးသွားပြီ၊ ငါတို့ကြားမှာ သေခြင်းနဲ့ ရှင်ခြင်း ပဲ ရှိတော့တယ်၊ အဲဒါတောင် မင်းက သဘောမပေါက် သေးဘူးလား . . .)
(မင်းကိုယ်မင်း ဂိုဏ်းတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ လူလို့ ထင်နေတာလား၊ မင်းကတော့ သတ်ခံရတော့ မယ်၊ မင်းလိုမျိုး ညီရထားလို့ ငါတို့ တစ်မိသားစုလုံးပါ အသတ်ခံရနိုင်တယ် . . .)
တန်ချင်းလင်မှာ အစ်ကိုဖြစ်သူ ဒေါသထွက်နေမှန်း သိ၍ ဘေးသို့သာ ဖယ်ပေးလိုက်တော့သည်။
ထို့နောက် လက်ပိုက်လိုက်ရင်း -
“ငါ့အစ်ကိုပြောတာမှန်တယ်၊ အမှန်တရားက ဘာ လဲဆိုတာကို ငါတို့ ရှာဖွေကြရမယ်၊ ဒီနေရာမှာ မင်းတို့ တွေ ဟိုမိန်းမနှစ်ယောက်ကို ရှာနိုင်မလား ကြည့်ကြ သေးတာပေါ့ . . .”
ဆောင်ကျန်းယွန်မှာ အလျှော့မပေးသေးဘဲ အံကို တင်းတင်းကြိတ်လိုက်ပြီး -
“ပုပ်ရင်ပေါ်မယ် ဟုတ်ရင် ကျော်မှာပဲ၊ ဒါပေမယ့် အပိုစကားတွေ မပြောတော့ဘဲ အမှန်တရားကို စပြီး ရှာကြရအောင် . . .”
တန်ချင်းလင်မှ ခနဲ့တဲ့တဲ့ဖြင့် -
“ဘာလဲ မင်းက မိန်းမနှစ်ယောက်ကို ရွှံ့တောထဲ မှာ ရှာတော့မလို့လား . . .”
ကျန်လူများမှာမူ မည်သည့်စကားကိုမှ ဝင်မပြော၊ နှုတ်ဆိတ်ရင်းဖြင့်သာ ပွဲကြည့် ပရိတ်သတ်များ အဖြစ် ရှိနေကြသည်။
တကယ်တမ်းတွင် တန်ချင်းဖန် အပါအဝင် ရှိနေ ကြသော လူများအားလုံးမှာ မိန်းကလေးနှစ်ဦး ယခု နေရာ၌ မရှိတော့ဟု ယုံကြည်ထားကြသည်။
သို့သော် ၎င်းတို့အဖို့ သေချာသော အဖြေကို ရှာဖွေ ရဦးမည် မဟုတ်ပါလား။
တန်ချင်းဖန်အနေဖြင့်လည်း လက်ရှိတွင် ညီဖြစ်သူ ကို ဂရုဏာဒေါသော ထွက်နေမိသည့်တိုင် အများနှင့် တစ်ယောက် မဖြစ်လိုပေ။
သို့သော် ထိုသို့ အများကို ရွေးချယ်ပြီးကာမှ ယခု နေရာတွင် မိန်းကလေးများ မရှိပါက သူ့ညီကိုနာကျင် အောင် လုပ်မိသလို ဖြစ်သွားလိမ့်မည်။
အစ်ကိုတစ်ဦးအဖို့ ထိုလုပ်ရပ်က ညီဖြစ်သူအပေါ် အဆိုးရွားပင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ထိုသို့မဟုတ်ဘဲ ပြန်ပြောင်း၍ စဉ်းစားကြည့်ပါက မိန်းကလေးများသာ ရှိနေပါက သူ့ညီမှ ထိုမိန်းကလေး များအား ဖွက်ထားပေးသလို ဖြစ်နေလိမ့်မည်။
ထိုသို့ဆိုလျှင် သူ၏ညီအား မည်သူမှ ခွင့်လွှတ်ပေး ကြလိမ့်မည် မဟုတ်ပေ။
ယခုကဲ့သို့ အရေးအကြီးဆုံးအခြေအနေတွင် သူ၏ ခြေထောက်အောက်၌ ပုန်းနေသည့်တိုင် သတိမပြုမိ၍ အခြားလူများ၏ အမြင်၌ မည်သို့ဖြစ်သွားနိုင်ပါနည်း။
ထိုဖြစ်ရပ်က ခွင့်မလွှတ်နိုင်စရာဖြစ်ပြီး တစ်ဂိုဏ်း လုံး၏ ရန်လိုမှုကိုပင် ခံသွားရနိုင်သည်အထိ ကြီးထွား သွားနိုင်သည်။
ထိုစဉ် ဆောင်ကျန်းယွန်မှာ မကျေမချမ်း အသံပြု လိုက်ရင်း သူ၏ စွမ်းအင်များကို ဖြည်းညှင်းစွာ စုစည်း လိုက်သည်။
တကယ်တမ်းတွင် သူ့စိတ်ထဲ၌လည်း မည်သူ့ကိုမှ ရှာတွေ့လိမ့်မည်ဟု မထင်ထားပေ။
သို့သော် သူ့စိတ်ထဲရှိ ဒေါသများကို မည်သူ့အပေါ် တွင်မှ ပုံချနိုင်စွမ်းမရှိ၍ မြေကြီးများပေါ်တွင်သာ ပုံချရ တော့မည် ဖြစ်သည်။
ထို့ကြောင့် ဆောင်ကျန်းယွန်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မြေပြင်ကို ပြင်း ထန်စွာ ရိုက်ချလိုက်သည်။
ထိုအခါ သူ၏ စိတ်စွမ်းအင် ချီဓာတ်များမှာ နဂါး ကြီး နှစ်ကောင်အလား မြေပြင်ထဲသို့ စီးဝင်သွားပြီး တူးနက်ကြီး ဖြစ်သွားတော့သည်။
မည်မျှထိ နက်သည်ဆိုလျှင် ပေ ၃၀၀ ခန့်အထိကို နက်ရှိုင်းသွားခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း တန်ချင်းလင်၏ စိတ်ထဲ တွင် -
(တခြားနေရာမှာ ရှာတုန်းက သူတို့တွေ ပေ ၁၀၀ လောက်ပဲ တူးကြတာ၊ အခု ငါ့နေရာကျမှ ပေ ၃၀၀ လောက်ကို လာတူးနေတာ၊ ဆောင်ကျန်းယွန်ဆိုတဲ့ ဒီ ကောင်က ငါ့ကို ပုတ်ခတ်ဖို့ ကြိုးစားနေတာပဲ . . .)
(ဒါပေမယ့် အောက်မှာက သူတို့ထင်သလို မိန်းမ တွေက ရှိမနေဘူး၊ သူတို့တွေ အချိန်ကုန်တာပဲ အဖတ် တင်လိမ့်မယ် . . .)
သို့သော် ခဏအကြာတွင် ဆောင်ကျန်းယွန်ထံမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။
“ဟင် . . .”
သူလုပ်လိုက်သော ကျင်းကြီးက ပေ ၃၀၀ အနက် ခန့် ရှိပြီး အကျယ်အဝန်းမှာလည်း ပေ ၃၀၀ လောက် ရှိနေ၍ ကြီးမားလှသော ကျင်းကြီးဟု ဆိုနိုင်သည်။
ထို့ပြင် မူလတာအို အဆင့်ခုနှစ် ပညာရှင်ပီပီ သူ၏ အားမှာလည်း ပြင်းထန်လွန်းလှသည်။
လက်ရှိတွင် ဆောင်ကျန်းယွန်မှာ သူလုပ်ခဲ့သည့် ကျင်းကြီးကို ကြည့်ရင်း မျက်နှာတစ်ခုလုံး နီရဲနေပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကတုန်ကယင်ပင် ဖြစ် နေသည်။
ထို့နောက် စကားတစ်လုံး တစ်ပါဒမှ မပြောဘဲ ဝတ်ရုံ တလူလူဖြင့် ကောင်းကင်ထက်သို့ ဖြည်းညှင်း စွာ ပျံသန်းသွားလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအင်များဖြင့် ပြု လုပ်ထားသော ပုစိန်တစ်လက်က သူ့လက်ထဲ၌ ပေါ် လာပြန်သည်။
ထိုပုစိန်ကြီးက အရာအားလုံးကို ရက်စက်စွာ ခုတ် ပိုင်းတော့မယောင်ပါပင်။
လူတိုင်းမှာ အသက်ဝဝရှူလိုက်ပြီး ထိုကြီးမားလှ သော ပုစိန်ကြီး ကျလာမည်ကို ငေးကြည့်နေကြလေ သည်။
သူတို့၏ စိတ်ထဲ၌လည်း ဆောင်ကျန်းယွန်မှ တန် ရှင်းဖန်၏ ညီကို မှားယွင်းစွပ်စွဲလိုက်မိပြီဟု တွေးထင် မိလိုက်ကြသည်။
(သူဘာလုပ်နေတာလဲ ဘယ်သူမှ မရှိဘူးဆိုတာက သေချာနေပြီ မဟုတ်ဘူးလား . . .)
သို့သော် ထိုအချိန်တွင် -
“ဘုန်း . . .”
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပုစိန် ကြီးမှာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
လူများမှာ ထိုမြင်ကွင်းကြောင့် ဆောင်ကျန်းယွန် အား နားမလည်နိုင်သည့် ဟန်မျိုးဖြင့် ကြည့်လိုက်ကြ ၏။
(သူကတော့ မရှုပ်သင့်တဲ့လူကိုမှ သွားရှုပ်မိပြီ၊ သူ အခု ဘာဆက်လုပ်တော့မှာလဲ၊ ဟိုမိန်းမနှစ်ယောက် က ဒီအောက်မှာ ဘယ်လိုလုပ်ရှိမှာလဲ၊ ဒါကြီးကတော့ ရယ်စရာ ဖြစ်သွားပြီ . . .)
သို့သော် ထိုအခြင်းအရာက ၎င်းတို့ထင်သလို ရယ် စရာ ဟာသတစ်ခု ဖြစ်မလာခဲ့ပေ။
ထိုအချိန် တန်ရှင်းဖန်၏ မျက်လုံးများမှာ မီးဝင်း ဝင်းတောက်နေပြီး ပါးစပ်မှာလည်း အဟောင်းသားပင် ဖြစ်နေသည်။
သူမြင်တွေ့နေရသည့် အရာကိုပင် သူမယုံနိုင်သည့် ပုံမျိုးလည်း ပေါက်လျက်ရှိ၏။
သူ့အဖို့ အားလုံးထဲ၌ အစွမ်းထက်ဆုံး ဖြစ်သော် လည်း မြင်နေရသည့် အရာအပေါ် သူကိုယ်တိုင်ပင် အံ့ ဩနေမိ၍ အခြားလူများကို ရှင်းပြရန် မေ့လျော့နေမိ သည်။
တကယ်တမ်းတွင် ယခုနေရာ၌ မိန်းကလေးနှစ်ဦး ရှိနေမည်ကို မည်သူမှ မထင်မှတ်ထားကြပေ။
ထို့ကြောင့် ထိုလူများအဖို့ မိန်းကလေးနှစ်ဦး ရှိနေ သည်ကို အာရုံမခံမိခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့ ကြုံတွေ့ရသည့် အဖြစ်အပျက်များက ထူး ဆန်းလွန်းလှပြီး နောက်ပိုင်းဖြစ်ပျက်လာမည့် ဖြစ်ရပ် များက ပို၍ပင် မမျှော်လင့်စရာကောင်းလှသည်။
ထိုအဖြစ်အပျက်များက မည်သည့် အဖြစ်အပျက် များ ဖြစ်နိုင်ပါမည်နည်း။
တွင်းနက်ကြီးထဲမှ အဖြူရောင် အရိပ်တစ်ခု ထွက် ပေါ်လာပြီး အလင်းတန်းတစ်ခုအလား ကောင်းကင် ထက်သို့ ထိုးတက်သွား၍ပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now