1189------1190

159 9 1
                                    

အခန်း (၁၁၈၉)(စာစဉ် ၈၅- အပိုင်း ၁၃)

“ဒေါသူပုန်ထခြင်း”

ဟန်ပိုင်ယွဲ့မှာ အသက်ရှင်နိုင်ရန်အတွက် များစွာ ရုန်းကန်ခဲ့ရသည်။

သူလုံခြုံသွားပြီဖြစ်ကြောင်း အသေအချာ သိသည့် အချိန်တွင် သူ့အဖို့ အလွန်ထိတ်လန့်နေမိပြီ ဖြစ်သည်။

မူလတာအို၏ ထိပ်ဆုံးအဆင့် ပညာရှင်သည်လည်း လူသားတစ်ဦးပင် မဟုတ်ပါလား။

သေလုမြောပါး အခြေအနေကို တစ်ကြိမ်လောက် ရင်ဆိုင်ရလျှင် တုန်လှုပ်မည် မဟုတ်သော်လည်း ဆက် တိုက်ပင် ရင်ဆိုင်လိုက်ရသောအခါ အလွန်ကြောက်ရွံ့ သွားကြမည်မှာ သဘာဝပင်။

အရေးကြီးဆုံး အချက်မှာ အငွေ့ဓားမှ သူ့နောက် ကို လိုက်ပါလာသည့်အချိန် သူ၏ မူလတာအို အဆင့် စွမ်းအားများမှာ ပိတ်ဆို့ခံလိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင် လျှို့ဝှက်လှုပ်ရှားမှုများ ကိုလည်း မပြုလုပ်နိုင်တော့ဘဲ အဟန့်အတား ဖြစ်ခဲ့ရ သည်။

စင်စစ် ပြုလုပ်ရန် အချိန်မရှိ၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အငွေ့ဓားနှင့် တိုက်ခိုက်ခဲ့ရသည့် အချိန်တွင် သူ့ ဘက်မှ ပထမဦးဆုံး အကြိမ်သာ တိုက်ခိုက်မှု ပြုလုပ် နိုင်ခဲ့ပြီး နောက်ပိုင်းတွင် သူ့ကိုယ်သူ ကာကွယ်ရင်း နောက်ဆုတ်ရှောင် တိမ်းရင်းဖြင့်သာ အသက်လုခဲ့ရ သည်။

အကယ်၍ အငွေ့ဓားသာ မပျောက်ကွယ်သွားခဲ့ပါ က နောက်ဆုံးတစ်ချက် ခုတ်ပိုင်းခံရလျှင်ပင် သေဆုံး သွားနိုင်မည်မှာ သေချာလှသည်။

အကြောင်းမှာ ထိုအချိန်၌ သူ့အဖို့ ဆက်လက်၍ မလှုပ်ရှားနိုင်တော့ပြီ မဟုတ်ပါလား။

မူလတာအို အဆင့်ကိုး ပညာရှင်ကြီးအနေဖြင့် ထို သို့သော နည်းလမ်းဖြင့်သာ သေဆုံးသွားရမည်ဆိုပါက သိက္ခာကျစရာပင် ဖြစ်နေလိမ့်မည်။

ရဲရှောင်လည်း တိုက်ခိုက်မှုများကို ကြည့်ရင်း အံ့ဩ နေမိလေသည်။

အငွေ့ဓား တိုက်ခိုက်မှုဖြင့်ပင် ထိုလူ၏ အစွမ်းကို မြင်နိုင်နေပေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now