အခန်း (၁၅၇၁)(စာစဉ် ၁၂၄- အပိုင်း ၃)
“ကံဆိုးမိုးမှောင်ကျခြင်း”
ရဲရှောင်နှင့် ရဲယန်ဒွမ်အား နှိုင်းယှဉ်ရင်း အဘိုးကြီးများအားလုံးမှာ သက်ပြင်းသာချနေမိကြ၏။
ရဲရှောင်က ရည်မှန်းချက်ကြီးမားရုံသာမက ဉာဏ်အမျှော်အမြင်ကြီးမားသော လူတစ်ဦးဖြစ်သည်။ ထို့ပြင် မည်သည့်အခါမှလည်း အကြောင်းမဲ့ စွန့်စားမျိုးမပြုလုပ်ဘဲ သတိလက်လွတ်မနေတတ်ချေ။
ထို့ကြောင့် သူလုပ်သမျှ ကိစ္စကြီးငယ်တို့မှာ လူတိုင်းအား အံ့အားသင့်စေခဲ့ပြီး လူတိုင်း လက်ခံနိုင်သော အတိုင်းအတာ၊ အနေအထားသာ ဖြစ်ခဲ့သည်။
သို့သော် ရဲယန်ဒွမ်မှာမူ အရည်အချင်းရှိသော လူတစ်ဦးအဖြစ် ဟန်ဆောင်နေပြီး မဖြစ်နိုင်သော အိမ်မက် များကိုလည်း ပုံဖော်ရန် ကြိုးစားနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် နှစ်ဦးကြားရှိ အရည်အချင်းများကို နှိုင်းယှဉ်မိ လျှင် နှိုင်းယှဉ်သူသာလျှင် နာကျင်နေရ၏။
အကယ်၍ နှိုင်းယှဉ်မှုမရှိလျှင်မူ ထိုသို့ နာကျင်ရလိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင် အဘိုးကြီးများ၏ စိတ်ထဲ ရဲယန်ဒွမ်နှင့်မတွေ့ခင် ရဲရှောင်အား အရင်တွေ့ခဲ့ရ၍ မချိတင်ကဲ ခံစားနေရခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ဆရာဂွမ်တစ်ယောက်တည်းသာလျှင် ဝမ်းနည်းစိတ်ပျက်နေခြင်း မဟုတ်၊ အခြားသော အဘိုးကြီးများလည်း ထို့အတူပင် ဖြစ်နေ၏။
ဆရာဆောင်၊ ဆရာယန်နှင့် ဆရာဂျုတို့မှာ အတွေးပေါင်းစုံနှင့်အတူ နောင်တတရား ရင်ဝယ်ပိုက်ရင်း နှုတ်ဆိတ်လျက်သာရှိနေကြသည်။ ထိုအချိန် ကျန်အဘိုးကြီး သုံးဦးမှာလည်း ရီဝေသော မျက်လုံးများဖြင့် တစ်နေ ရာရာသို့ ကြည့်ကာ ငေးမှိုင်နေကြလေသည်။
မည်သို့ပင်ဖြစ်စေကာမူ လက်ရှိအချိန်တွင် သူတို့အဖို့ ပြဿနာအား ဖြေရှင်းမှသာဖြစ်ပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များက ဆိုးကျိုးများသာ ဖြစ်စေနိုင်သည် မဟုတ်ပါလား။
ထို့နောက်တွင် ဆွေးနွေးတိုင်ပင်ပြီးနောက် ဆရာချီမှ သက်ပြင်းချလိုက်ရင်း -
“ငါတို့တွေ ဒီအခြေအနေကနေ ခေါင်းရှောင်လို့ မဖြစ်နိုင်ဘူး အဲဒီတော့ ငါပဲအရင်ဦးဆုံး လုပ်လိုက်ပါ့မယ် ဒါပေမယ့် ငါ့မျိုးနွယ်စုက ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ဒေါသတွေကို ဟန့်တားနိုင်ပါ့မလားဆိုတာ ငါအတပ်တော့ မပြောနိုင်ဘူး . . .”
ဆရာချီမှာ တာဝန်ယူရန် ပြောဆိုပြီးနောက် သက်ပြင်းသာချလိုက်တော့၏။ ထိုအခိုက်အတန့်တွင် သူ၏ ပုံစံက အလွန်အမင်း စိတ်ဓာတ်ကျ ဝမ်းနည်းနေသည့် ပုံစံမျိုးပင် ပေါက်နေပါတော့သည်။
. . .
ဖရိုဖရဲမြို့တော်ကြီးမှာ များစွာ ပြောင်းလဲသွားခဲ့ပြီး အဆုံးမဲ့ပင်လယ်ကြီး တစ်ခုလုံးကိုပင် အံ့အားသင့်စေ ခဲ့၏။
ညီနောင်မဟာမိတ်အဖွဲ့မှာ အဆုံးမဲ့ပင်လယ်ထဲရှိ အင်အားအကြီးဆုံး အဖွဲ့အစည်း ၁၀ ခုအနက် တတိယ မြောက်နေရာတွင် ရပ်တည်နေသော အင်အားစုတစ်ခုဖြစ်သည်။ သူ၏အထက်တွင် သဘာဝတရားခန်းမနှင့် မုန် တိုင်းအိမ်တော်သာလျှင် ရှိတော့သည်။
သို့သော် ညီနောင်မဟာမိတ်အဖွဲ့က အင်အားကြီးသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်ကိုမူ လူတိုင်း သိကြလေသည်။ ထို့ပြင် မုန်တိုင်းအိမ်တော်နှင့် သဘာဝတရားခန်းမတို့၌ ထိပ်တန်းပညာရှင် များစွာ ပိုရှိနေသော် လည်း ညီနောင်မဟာမိတ်အဖွဲ့က ၎င်းတို့ထက် လူအင်အား ပိုမိုသာလွန်နေသည်။
ညီနောင်မဟာမိတ်အဖွဲ့က တစ်ကိုယ်တော်ပညာရှင်များစွာဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုပင် မဟုတ်ပါလား။ ထိုသို့ တစ်ကိုယ်တော်ပညာရှင်များစွာဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်းကြီးဖြစ်၍ ကျန်အင်အားစု နှစ်ခုထက် စည်းလုံးမှုအပိုင်းတွင် အားနည်းလှသည်။
ထို့ကြောင့်လည်း ညီနောင်မဟာမိတ်အဖွဲ့က အဆင့်သုံးနေရာ၌သာ ရပ်တည်နေခြင်းဖြစ်သည်။ သို့သော် တကယ့်အမှန်တရားမှာမူ ညီနောင်မဟာမိတ်အဖွဲ့ကိုယ်တိုင်က ထိုအဖွဲ့အစည်းကြီး ၂ ခု၏နောက်၌ ရပ်တည်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်တွင် ညီနောင်မဟာမိတ်အဖွဲ့က ခြေတစ်လှမ်းနောက်ဆုတ်ပေးခဲ့ပြီး သဘာဝတရားခန်းမ အား အင်အားအကြီးဆုံး အင်အားစုအဖြစ် အဆုံးမဲ့ပင်လယ်တွင် ရပ်တည်စေခဲ့သည်။
ထို့နောက်တွင် မုန်တိုင်းအိမ်တော်က ဖရိုဖရဲမြို့အတွင်း နယ်မြေဧရိယာ လေးပုံတစ်ပုံခန့် ရယူသွားသည့် အချိန်တွင်လည်း ညီနောင်မဟာမိတ်အဖွဲ့က နောက်ဆုတ်ကာ ဒုတိယနေရာကို ပေးလိုက်ပြန်သည်။
ညီနောင်မဟာမိတ်အဖွဲ့၏ ထိုလုပ်ရပ်က အံ့ဩစရာတော့ မရှိပေ။ ရဲစစ်သည်တော်များကိုပင် လွှတ်ပေးခဲ့ သည့် အဖွဲ့အစည်းကြီးတစ်ခုပင် မဟုတ်ပါလား။
တကယ်တမ်းတွင် ညီနောင်မဟာမိတ်အဖွဲ့က ထိုကဲ့သို့ နောက်ဆုတ်ပေးနေခြင်းမှာ စစ်ပွဲကြီး မဖြစ်ချင် သေးသောကြောင့်ဖြစ်သည်။ အများသူငှာ၏အမြင်တွင် ၎င်းတို့၏ ညှိနှိုင်းလုပ်ဆောင်တတ်သည့် ထိုစိတ်ကို အား နည်းသည်ဟု ထင်မြင်ကောင်း ထင်မြင်နိုင်ပေသည်။
တစ်နည်းအားဖြင့် ညီနောင်မဟာမိတ်အဖွဲ့၏ စေ့စပ်ချင်လိုသည့် စိတ်များက အမြဲတစေ အရှုံးပေးရမည့် ပုံစံမျိုးသာ ဖြစ်နေ၏။ ယခုအခါတွင်လည်း ညီနောင်မဟာမိတ်အဖွဲ့၏ ရာနှင့်ချီသော စီးပွားရေးလုပ်ငန်းများက ပျက်စီးသွားရပြီ မဟုတ်ပါလား။
ထို့ကြောင့် နှလုံးအေးကာ အပြုံးနှင့်သာ ဆက်ဆံတတ်သည့် အဖွဲ့အစည်းကြီးမှာ မည်သို့ဆက်လုပ်ပါမည် နည်း။ ဖရိုဖရဲမြို့အတွင်းရှိ လူတိုင်းမှာလည်း ထိုကိစ္စအား အထူးတလည်ပင် စောင့်ကြည့်နေကြလေသည်။
အကယ်၍ ညီနောင်မဟာမိတ်အဖွဲ့ကသာ ယခင်အတိုင်း နောက်ဆုတ်ပေးလိုက်ပါက ၎င်းတို့၏သိက္ခာနှင့် အဆင့်အနေအထားများ ပို၍ပင် ကျဆင်းသွားနိုင်သည်။ မည်မျှထိဆိုလျှင် မြို့၏အောက်ဆုံးအဆင့်သို့ပင် ရောက် ရှိသွားနိုင်ပေလိမ့်မည်။
ထိုသို့သာဖြစ်သွားပါက လူတိုင်း၏ မခန့်လေးစားမှုကိုသာရနိုင်ပြီး တံတွေးခွက်ထဲ မျောရပေလိမ့်မည်။ ထို့ကြောင့် ယခုအကြိမ်တွင် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် အရှုံးပေးပြီး နှလုံးအေးရန် မဖြစ်နိုင်တော့ချေ။
ဆရာကြီးရဲ၏ မျိုးဆက်သစ် ဦးဆောင်သော ရဲစစ်သည်တော်များကို ရင်ဆိုင်ရန်သာ ရွေးချယ်ရမည်ဖြစ် သည်။ တကယ်တမ်းတွင် ဤသည်မှာလည်း ကြီးမားသော ပြဿနာတစ်ခုသာ ဖြစ်နေသည်။
တိုက်ပွဲကြီး စတင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သာ ရှုံးနိမ့်သွားပါက ဖြိုခွဲခံလိုက်ရနိုင်သည် မဟုတ် ပါလား။ ရဲမျိုးနွယ်စုက သိုင်းလောကမှ နှစ်ပေါင်း ၁ သိန်းကြာအောင် ပျောက်ကွယ်သွားခဲ့၍ ယခုလို ပြန်ပေါ်လာ သည့်အချိန်တွင် မည်သူ့ကိုမှ ချမ်းသာပေးမည် မဟုတ်မည်မှာ အသေအချာပါပင်။
ထို့ကြောင့် လူတိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့ မည်သို့မည်ပုံလုပ်မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေ ကြပါတော့သည်။
. . .
တစ်နေ့တွင် သိုင်းလောက၌ ကြီးမားလှသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုဖြစ်ရပ်မှာ အခြားမဟုတ်၊ ဖရိုဖရဲမြို့၏ မြို့လယ်ခေါင်တွင် ကြီးမားလှသော အလံကြီးတစ်ခု လွှင့်ထူ ထား၍ ဖြစ်သည်။ ထိုအလံပေါ်တွင် စာလုံးအချို့ရှိနေလေသည်။
‘ကမ္ဘာပေါ်က ညီအစ်ကိုများ’
လူတိုင်းမှာ ထိုအလံပေါ်ရှိ စာလုံးများကို မြင်တွေ့လိုက်ရသောအခါ အံ့ဩသွားကြလေသည်။
ရဲမျိုးနွယ်စုက သိုင်းလောကအတွင်း နှစ်ပေါင်း ၁ သိန်းကြာအောင် ပျောက်ကွယ်သွားခဲ့သလို ညီနောင် မဟာမိတ်အဖွဲ့မှာလည်း ထိုအလံအား မလွှင့်ထူထားခဲ့သည်မှာ ထိုနှစ်ပမာဏလောက်ပင် ကြာမြင့်ခဲ့ချေပြီ။
လက်ရှိအချိန်တွင် ဖရိုဖရဲမြို့တော်အတွင်းရှိ ညီနောင်မဟာမိတ်အဖွဲ့၏ဂိုဏ်းခွဲမှ ပညာရှင်များအားလုံးမှာ အဆိုပါ အလံကြီးအောက်တွင် မတ်တပ်ရပ်လျက်ရှိနေကြသည်။ ထိုအချိန်တွင် လေပြင်းများမှာလည်း တိုက်ခတ် လျက်ရှိနေ၍ အလံကြီးမှာ ဝံ့ကြွားစွာဖြင့် တလူလူလွင့်ပျံနေသည်။
လူများမှာမူ လက်နက်များကိုယ်စီ ကိုင်ဆောင်လျက် ဆုံးဖြတ်ချက်ပြတ်သားစွာ ချထားသည့် မျက်နှာများ ဖြင့် ရှိနေကြ၏။ အင်အားအရာဖြင့်မူ လူပေါင်း ၇ သောင်းကျော်ခန့်ရှိလေသည်။
ထိုအင်အားဖြစ်စေရန်အတွက် ညီနောင်မဟာမိတ်အဖွဲ့က မြို့တွင်းရှိ ၎င်းတို့၏လူများကို စုရုံးစေခဲ့ခြင်း ဖြစ်သည်။ မည်မျှထိဆိုလျှင် ဆိုင်ခန်းများတွင်ပါ တာဝန်ကျနေသော လူများကို ပြန်လည်ခေါ်ယူစေခဲ့ခြင်းဖြစ်၏။
ထိုလူများအားလုံးမှာ ‘ကမ္ဘာပေါ်ရှိ ညီအစ်ကိုများ’ ရေးထိုးထားသည့် အလံကြီးအား ကာကွယ်လျက်ရှိနေ ကြသည်။ ရဲစစ်သည်တော်မှလူများမှာ ထိုအလံကြီးအား အောက်သို့ဆွဲချရန် ကြိုးစားနေသည့်ကြားမှ ကာကွယ် ထားကြခြင်းဖြစ်၏။
ရဲစစ်သည်တော်များနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့မှာ ၁ ရက်အတွင်း ၁၀ ကြိမ်ထက်မနည်း တိုက်ပွဲဝင်ခဲ့ ကြပြီး မည်သူမှလည်း လက်မလျှော့ကြသေးချေ။
ထိုအချိန် ရဲယန်ဒွမ်မှာမူ လေထဲတွင် တလူလူလွင့်နေသေးသော အလံကြီးအားကြည့်ရင်း ဒေါသယမ်းပုံ ကျလျက်ရှိနေသည်။
(မျိုးမစစ်ကောင်တွေ၊ တော်တော်ကို စိတ်ကြီးဝင်နေတဲ့ကောင်တွေပဲ . . .)
(ဘာမှကျောထောက်နောက်ခံမရှိဘဲ၊ ဘာအင်အားမှမရှိဘဲနဲ့ ရဲမျိုးနွယ်စုကို ဆန့်ကျင်ဝံ့တယ်ဟုတ်လား)
(တကယ့်ကို မျိုးမစစ်ကောင်တွေ . . .)
“အဲဒီအလံကို သွားစမ်းချကြစမ်း . . .”
ထိုအခိုက်အတန့်တွင် သူ၏အကြံအစည်အား မျိုးနွယ်စုကြီး ၇ စုက ကန့်ကွက်ခဲ့သည်ကို ပြန်လည်၍ မြင် ယောင်သွားမိသည်။ ထိုအချိန်က အဘိုးကြီးများ၏ ဆူပူကြိမ်းမောင်းခြင်းကိုခံခဲ့ရပြီး သူ့စိတ်ထဲ၌လည်း စော်ကား ခံခဲ့ရသလိုမျိုး ခံစားခဲ့ရ၏။
ထို့ကြောင့် ယခုအချိန်တွင် သူ့ရင်ထဲရှိ ဒေါသများအား ပေါက်ကွဲပစ်ရန် အခွင့်အရေးရရှိလာချေပြီ။ အနိုင် ရရှိမှုကသာလျှင် သူ့အား ဂုဏ်သိက္ခာတက်စေကာ အဘိုးကြီးများ၏ အမြင်ကြည်လင်မှုကို ရနိုင်စေမည် မဟုတ်ပါ လား။
သိုင်းလောကအတွင်း လူများအဖို့ တိုက်ပွဲအနိုင်ရရှိခြင်းကသာလျှင် ဂုဏ်သိက္ခာကို မြင့်တက်နိုင်စေလိမ့် မည်။
(ခင်ဗျားတို့က ကျုပ်ကိုမယုံဘူး ကောင်းပြီ ကျုပ်စကားကို တည်အောင်လုပ်ရသေးတာပေါ့ ခင်ဗျားတို့ကို ကျုပ်ရဲ့အင်အားအစစ်အမှန်ကိုပြမယ် . . .)
(အဆုံးမဲ့ပင်လယ်ထဲက တတိယအင်အားအကြီးဆုံး အင်အားစုကြီးကို ကျုပ်အလဲထိုးပြတာကို ခင်ဗျား တို့ စောင့်ကြည့်နေလိုက်ကြ၊ အဲဒီအခါကျရင်တော့ ခင်ဗျားတို့ ကျုပ်ကိုဘာပြောမလဲဆိုတာ သိချင်မိသေးရဲ့ . . .)
(ကျုပ်မျိုးနွယ်စုကိုလည်း ကျုပ်သတင်းပို့ပြီးသွားပြီ သူတို့တွေ ကျုပ်ဆီ လူတွေထပ်လွှတ်ပေးလိမ့်မယ်၊ သူတို့တွေက ၇ ရက်အတွင်း ရောက်လာကြမှာ အဲဒီတော့ သူတို့မရောက်ခင်မှာ ကျုပ်ဘက်က တစ်ခုခုလုပ်ပြထား မှဖြစ်မယ် မဟုတ်လား . . .)
(ကျုပ်ရဲ့မျိုးနွယ်စုက ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းခွဲတစ်ခုကိုတောင် မတိုက်ခိုက်ဝံ့ဘူးဆိုတာ သိရင် ကျုပ်ရဲ့သက်ကြီးပညာရှင်တွေက ကျုပ်ကို ဘယ်လိုထင်ကြမလဲ . . .)
ရဲယန်ဒွမ်က ထိုသို့သော အတွေးမျိုးရှိ၍ ညီနောင်မဟာမိတ်အဖွဲ့အား တိုက်ခိုက်နေခြင်းဖြစ်သည်။
“တိုက်ခိုက်ကြ . . . အဲဒီကောင်တွေရဲ့ အလံကို အောက်ပြုတ်ကျသွားအောင် ဆွဲချကြစမ်း . . .”
“သတ်ကြ . . .”
အမိန့်သံဆုံးသည်နှင့် သောင်းနှင့်ချီသော စစ်သည်တော်များမှာ နေရာအနှံ့မှ မြားများပစ်လွှတ်လိုက်သည့် ပမာ ညာသံများပေး၍ တိုးဝင်သွားကြလေသည်။
ထို့ကြောင့် ထိုနေရာတစ်ခုလုံး၌ ရုတ်တရက် သွေးညှီနံ့များဖြင့် လှိုင်လှိုင်ထသွားပါတော့သည်။
YOU ARE READING