#ကဲတခြားစာစဉ်ကနာမည်ကြီးဇာတ်ကောင်ကြီးစပါလာပြီနော်ဘယ်သူများဖြစ်မလဲ
အခန်း (၁၃၀၇)(စာစဉ် ၉၄- အပိုင်း ၅)
“အိပ်မက်လော အစစ်အမှန်လော”
ခရမ်းရောင် ချီဓာတ်များက ရဲရှောင်၏ ခန္ဓာကိုယ် အတွင်း ရောက်သွားသည်နှင့် အရှိန်အဟုန်ပြင်းစွာပင် သူ၏ ပါးစပ်၊ နှာခေါင်း၊ နားများနှင့် ချွေးပေါက်များထဲ သို့ တစ်ဆင့် စီးဆင်းသွားကြသည်။ထိုခရမ်းရောင် ချီဓာတ်များက အဆုံးမရှိတော့မည့် အလား စီးဆင်းနေကြခြင်း ဖြစ်သည်။
ထိုသို့ စီးဆင်းမှုကြောင့် ခန္ဓာကိုယ်ရှိ ဒဏ်ရာများ မှာလည်း ချီဓာတ်များ ဝင်ရောက်ပြီးနောက် တဖြည်း ဖြည်းချင်း ပြန်သက်သာသွားကြသည်။
ထိုအချိန် အားဟူမှာမူ ရဲရှောင်၏ ရင်ဘတ်ပေါ်၌ မလှုပ်မယှက် ထိုင်နေတုန်းပါပင်။
အားဟူက ရဲရှောင်၏ ကျိုးနေသော နံရိုးများပေါ်၌ အမြီးကို တင်ပါးအောက်၌သိမ်းကာ ထိုင်ခုံသဖွယ် ငုတ် တုပ်ထိုင်နေခြင်း ဖြစ်သည်။
ရှေ့ခြေနှစ်ချောင်းမှာလည်း တစ်ခုနှင့်တစ်ခု ယှက် ၍ ရှိနေသဖြင့် လူတစ်ဦး တရားထိုင်နေသည်နှင့်ပင် တူ နေပါသေးသည်။
ထို့ကြောင့် ကြောင်တစ်ကောင် ဆိုသည်ထက် ရှဉ့် တစ်ကောင်နှင့်ပင် ပို၍ တူနေသည်။
တစ်ခါတစ်ရံတွင် သူ၏ ရှေ့ခြေဖြင့် မေးစေ့အား ကုတ်ရင်း အဘိုးကြီးတစ်ဦး အတွေးနယ်ချဲ့နေသည့် ပုံ မျိုးဖြင့် ရှိနေတတ်သည်။
တစ်ခါတစ်ရံ လည်ပင်းကို ကုတ်ကာ တစ်စုံတစ်ခု ကို စိုးရိမ်နေသည့် ပုံမျိုးဖြင့် ရှိနေတတ်ပြန်သည်။
အချိန်နာရီများ တရွေ့ရွေ့ ကုန်ဆုံးပြီး နောက်ဆုံး တွင် သေမလိုဖြစ်နေသော ရဲရှောင်၏ မျက်နှာပေါ်၌ သွေးရောင်များ ပြန်လွှမ်းလာသည်။
ထိုအခါမှ အားဟူလည်း စိတ်သက်သာရာ ရဟန် ဖြင့် အမြီးကို ဝေ့ယမ်းရင်း တစ်ချက်အော်ဟစ်လိုက် သည်။
“ညောင် . . .”
ရဲရှောင် သတိလစ်မေ့မျောနေသည်မှာ မည်မျှ ကြာ သွားမှန်းကို မသိတော့ချေ။
YOU ARE READING