အခန်း (၁၆၁၆)(စာစဉ် ၁၂၇- အပိုင်း ၈)
“နှိပ်စက်ခြင်း”
ရဲရှောင်က ဆရာရှောင်အား ကြည့်လိုက်ရင်း -
“ခင်ဗျား ဘယ်လောက်မာကြောလဲ ကျုပ်သိချင်သေးတယ်၊ ခင်ဗျား ဘယ်လောက်ထိ ခေါင်းမာနိုင်မလဲဆို တာလည်း ကျုပ်သိချင်မိသေးရဲ့၊ ခင်ဗျား ကျုပ်ကို တောင်းပန်မယ်ဆိုရင်တော့ ကျုပ်က စဉ်းစားရမှာပေါ့ . . .”
“ရဲရှောင် . . .”
ဆရာရှောင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
“ဒီစော်ကားမှုရဲ့ အဆုံးသတ်က ဘာလဲ၊ မင်းငါ့ကို ထိန်းချုပ်နိုင်နေပြီပဲ အခုမင်း မေးစရာရှိတာကိုသာ မေး လိုက်တော့၊ မင်းသိချင်တာမှန်သမျှ ငါပြောပြမယ် . . .”
ရဲရှောင်က အေးစက်စက်သာ ပြုံးလိုက်ရင်း -
“ဆရာရှောင် . . . ခင်ဗျားသာ အစောကြီးကတည်းက အခုလိုပြောခဲ့ရင် ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူး၊ ကျုပ် ပါးစပ်ကနေ စကားတွေအများကြီး ပြောခဲ့ရတာ ဘယ်လောက်တောင် ပင်ပန်းရတယ်မှတ်လဲ . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း ဆရာရှောင်၏ လက်သည်းအတွင်းသို့ အပ်တစ်ချောင်းကို ထိုးစိုက်လိုက် ၏။
“အား . . .”
ဆရာရှောင် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး တီကိုဆားနှင့်တို့လိုက်သည့်ပမာ လူးလွန့်သွားသည်။
သူ၏လက်မှ နာကျင်မှုက နှလုံးသားအတွင်းထဲသို့ ထိုးဖောက်သွားသလိုပင် ခံစားလိုက်ရသည် မဟုတ်ပါ လား။ ထို့ပြင် အပ်မှာလည်း လက်သည်းခွံကြားတွင်ရှိနေ၍ နာကျင်မှုက မည်သို့အတိုင်းအဆရှိနိုင်ပါမည်နည်း။
မျိုးနွယ်စုကြီးတစ်စုမှ သခင်လေးတစ်ပါးဖြစ်သော ဆရာရှောင်အဖို့ ထိုသို့သော နာကျင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးချေ။ သူ့အဖို့ ပြင်ဆင်မှုကလည်း မရှိထား၍ နာကျင်မှုများမှာ အဆုံးမသတ်နိုင်အောင်ပင် ဖြစ်သွားရ၏။
ရဲရှောင်လည်း ရုန်းကန်အော်ဟစ်နေသော ဆရာရှောင်အား အေးစက်စက် လှမ်းကြည့်လိုက်ရင်း -
“ဘာလဲ . . . အပ်တစ်ချောင်းဒဏ်ကိုတောင် ခင်ဗျားက မခံနိုင်ဘူးပေါ့၊ ဒါကတော့ တော်တော်လွန်သွားပြီ၊ အဲဒါဆိုရင်လည်း ဘာလို့ခေါင်းမာတဲ့လူတစ်ယောက်ပုံစံမျိုး ဟန်ဆောင်နေခဲ့ရတာလဲ၊ ရယ်စရာကောင်းလိုက်တာ”
ရဲရှောင်လည်း တစ်ဖက်သို့လှည့်လိုက်ပြီးနောက် ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ ထို့နောက် ခြေတစ်ဖက်အား ဟန်ပါပါ ချိတ်လိုက်ရင်း ဆရာရှောင်အားကြည့်ကာ -
“အခုသေချာနားထောင် . . . ကျုပ်ကို နှစ်ခါပြန်မေးရအောင်လုပ်ရင် ခင်ဗျား ဒါမျိုးထပ်ခံစားစေရမယ်၊ ကျုပ် ကို လိမ်မယ်ဆိုရင်လည်း နာကျင်မှုက ဘယ်လောက်ဆိုးတယ်ဆိုတာကို ခင်ဗျားသိမှာပါ၊ ခင်ဗျား ဒီလိုရူးရူးမိုက်မိုက် လုပ်လိမ့်မယ်လို့ ကျုပ်မထင်ဘူး၊ ဟုတ်တယ်မလား . . .”
“သေချာမှတ်ထား ကျုပ်ပြောခဲ့သလိုပဲ ကျုပ်ခွင့်မပြုမချင်း ခင်ဗျား သေလို့ရမှာ မဟုတ်ဘူး . . .”
ရဲရှောင်က အေးအေးလူလူသာ ပြောနေသော်လည်း ထိုစကားလုံးများက ဆရာရှောင်၏ နားထဲ၌မူ သံရည် ပူများ လောင်းချခံနေရသကဲ့သို့ ခံစားနေရ၏။ ဆရာရှောင်အဖို့ မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်နေရသလိုပင် ခံစားနေရ ခြင်းဖြစ်သည်။
ရဲရှောင် သူ့အား စိုက်ကြည့်လိုက်သည့်အချိန်တွင်မူ နေစရာပင်မရှိတော့ချေ။ လက်ရှိအချိန်တွင် ဆရာရှောင် ၏ နှလုံးသားထဲ၌ အကြောက်တရားများက လွှမ်းမိုးနေပြီ မဟုတ်ပါလား။ ထိုအကြောက်တရားများကိုလည်း တွန်းလှန်လိုသည့်တိုင် ဆရာရှောင် မည်သို့မှ မတွန်းလှန်နိုင်တော့ချေ။
ထို့ပြင် သူ၏စိတ်စွမ်းအင်များကို စီးဆင်းရန်ကြိုးစားလိုသော်လည်း လက်သည်းကြားထဲရှိ အပ်အား မနှုတ်ဝံ့ ဖြစ်နေရသည်။ မည်သည့်အရာမှ မလုပ်ဝံ့၍ ဆရာရှောင် အတော်လေးပင် ဆောက်တည်ရာမရဖြစ်နေမိ၏။
စင်စစ် သူလုပ်ရန်ကြိုးစားလိုက်ပါက ပိုမိုနာကျင်မည်ကို စိုးရိမ်နေသောကြောင့်ပါပင်။
ရဲရှောင် သူ့အား ယခုကဲ့သို့လုပ်နေခြင်းက အဖြေမှန်ကို လိုချင်၍လည်းဖြစ်နိုင်သကဲ့သို့ သူ့အား နှိပ်စက်ရ သည်ကို ပျော်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
“ပထမမေးခွန်း . . . ခင်ဗျားရဲ့ နောက်ကြောင်းရာဇဝင်၊ ခင်ဗျားရဲ့ မျိုးနွယ်စုအကြောင်း၊ ခင်ဗျားရဲ့ အနေ အထား အဲဒါတွေအားလုံးကို ကျုပ်သိချင်တယ်၊ ခင်ဗျားနဲ့ ပတ်သက်တဲ့အရာမှန်သမျှ ပြောပြ . . .”
ရဲရှောင်က ဆရာရှောင်အား ရက်စက်မှုများပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ငါ့နာမည်ကရှောင် . . . ကောင်းကင်စည်းချက်မျိုးနွယ်စုကပဲ . . .”
“ငါ့ညီအစ်ကိုတွေထဲမှာ ငါကတတိယမြောက်၊ ငါတို့မျိုးနွယ်စုရဲ့ ၂၇ ဆက်မြောက် မျိုးဆက်ပဲ . . .”
“ငါကမျိုးနွယ်စုထဲမှာ ပါရမီရှိတဲ့ လူငယ်တစ်ယောက်၊ သက်ကြီးပညာရှင်တွေ အားလုံးကလည်း ငါ့ကိုပိုပြီး သဘောကျကြတယ် အဲဒါကြောင့် တခြားလူတွေထက်ပိုပြီးငါ့ကို အခွင့်အရေးတွေပေးကြတယ် . . .”
“ပုလွေမှုတ်တဲ့နေရာမှာ အောင်မြင်မှုတွေရလာတဲ့နောက်ပိုင်းမှာ ငါကမ္ဘာအနှံ့လှည့်လည်ခဲ့တယ်၊ အဲဒီလို လှည့်လည်သွားလာရင်းနဲ့ပဲ ငါ့ရဲ့အစွမ်းအစတွေ တိုးတက်အောင်လုပ်ခဲ့တယ်၊ နောက်တော့ လူတွေ ငါ့ကိုသဘောကျ လာကြတယ်၊ တဖြည်းဖြည်းနဲ့ ငါလည်းနာမည်ကြီးလာခဲ့တယ်၊ နောက်ဆုံးမှာ တော်ဝင်မျိုးနွယ်စုက လူတွေတောင် ငါ့ကို သဘောကျလာကြတယ် . . .”
လက်ရှိအချိန်တွင် ဆရာရှောင်၏ မာန်မာနတရားများမှာ စိုးစဉ်းမျှပင် မရှိတော့ချေ။ ရဲရှောင် သိလိုသမျှကို မခြွင်းမချန် အကုန်လုံး ပြန်ဖြေနေပြီ မဟုတ်ပါလား။
ရဲရှောင်လည်း ငြိမ်သက်၍သာ နားထောင်နေပြီး ဆရာရှောင်၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်၍ ထပ်မမေးတော့ချေ။ သူ့စိတ်ထဲ၌ ဆရာရှောင်တစ်ယောက် စိတ်ပျက်အားလျော့နေကြောင်းကိုလည်း ကောင်းစွာ သိနေ၏။
အကယ်၍ သူ့ဘက်မှသာ မျိုးနွယ်စုများအကြောင်း ထပ်မေးပါက ဆရာရှောင် ဖြေချင်မှဖြေပေတော့မည်။ ထို့ကြောင့် ထပ်မမေးတော့ရန် ရဲရှောင် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
တကယ်တမ်းတွင်လည်း သူ့အနေဖြင့် ကောင်းကင်စည်းချက်မျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို ဂရုမစိုက် ပေ။ သူနှင့်မသက်ဆိုင်သော အရာများပင် မဟုတ်ပါလား။
“ခင်ဗျားက ကျုပ်ကို ဘာလို့မုန်းတီးနေတာလဲ . . .”
ရဲရှောင်က သူနှင့်ဆိုင်သောအကြောင်းကိုသာ မေးလိုက်၏။
“ဘာလို့လဲဆိုတော့ . . .”
ဆရာရှောင် ဆက်မပြော၊ တွေဝေတုန့်ဆိုင်းနေသည့် ပုံပါပင်။ ထို့ပြင် အလွန်အမင်း ဒေါသထွက်နေဟန် လည်းရှိ၏။
ထို့နောက် ရုတ်တရက် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်ပြန်ရင်း -
“မပြောဘူး . . . မပြောဘူး . . .”
“အား . . . ရဲရှောင် ငါ့ကိုသတ်လိုက် . . . ငါ့ကိုသတ်လိုက်တော့ . . .”
“ကောင်းပြီလေ . . . ခင်ဗျား တောင်းဆိုတဲ့အတိုင်းပဲ . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း ဆရာရှောင်ထံသို့ ပြေးသွားလေသည်။ ထို့နောက် သူ၏လက်ကို တွေဝေ မှုမရှိ ဆန့်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ကျယ်လောင်လှသော အရိုးကျိုးသံကြီးတစ်ခုက ထိုနေရာတစ်ခုလုံး ကို ဖုံးလွှမ်းသွားတော့သည်။
“အား . . .”
ဆရာရှောင် ဆောက်တည်ရာမရ အော်ဟစ်လိုက်၏။ သူ၏ညာဘက်လက်တစ်ခုလုံးမှာ တစစီဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
သို့တိုင် ရဲရှောင်က ရပ်တန့်ခြင်းမရှိ၊ ဆရာရှောင်၏ ပခုံးများကို ထပ်မံ၍ တရစပ်ပင် ထိုးနှက်လိုက်၏။ ထို့ နောက်မှသာ ရပ်တန့်ပေးလိုက်လေသည်။
ဆရာရှောင်လည်း နာကျင်မှုကြောင့် အရူးကြီးတစ်ယောက်ပမာပင် အော်ဟစ်နေရ၏။ နောက်ဆုံးတွင်မူ ပြင်းထန်လှသော ဝေဒနာများကြောင့် သတိလစ်မေ့မြောသွားတော့သည်။
သို့သော် နာကျင်မှုကြောင့် ချက်ချင်းပင် ပြန်နိုးလာပြီး တဖန်ပြန်လည်၍ သတိလစ်သွားပြန်သည်။ ခဏ အကြာ သတိပြန်လည်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် ရဲရှောင်၏ အေးစက်စက် မျက်နှာကိုသာ ပြန်လည်မြင်တွေ့လိုက်ရပြန်သည်။
“ကျေး . . . ကျေး . . . ကျေးဇူးပြုပြီး . . . ငါ့ကိုမနှိပ်စက်ပါနဲ့တော့ . . .”
“ငါ့ကို လွတ်လပ်ခွင့်ပေးပါ . . . တောင်း . . . တောင်း . . . တောင်းပန်ပါတယ် . . .”
မာန်မာနကြီးလွန်းခဲ့သော ဆရာရှောင်က ရဲရှောင်အား တောင်းပန်စကားဆိုလိုက်၏။
ရဲရှောင်မှာမူ ထိုစကားများအား မကြားရသည့်အလား မထူးခြားသည့် ဟန်မျိုးဖြင့်သာ ရှိနေလေသည်။ ထို့နောက် မပြောမဆိုဖြင့် သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ဆရာရှောင်၏ လည်ပင်းကို ရိုက်ချပစ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ဆရာရှောင်၏ မျက်လုံးများ ပြာထွက်သွား၏။
(ပြီးသွားပြီလား . . . နောက်ဆုံးတော့ ငါသေပြီထင်တယ် . . .)
သို့သော် ဆရာရှောင်၏ ထိုဆန္ဒမှာ မပြည့်ရှာ၊ ရဲရှောင်က သူ၏ပါးစပ်အတွင်းသို့ ဆေးလုံးတစ်လုံး ထိုးထည့် လိုက်သည် မဟုတ်ပါလား။
ထို့ကြောင့် သေချင်နေသော ဆရာရှောင်မှာ ကံဆိုးစွာဖြင့် ပြန်လည်သတိပြန်ရလာရ၏။ ထို့နောက်တွင် ဆေးလုံး ၂ လုံးက ထပ်မံ၍ ဝင်လာပြန်သည်။
ထိုအခါ ထူးခြားလှသော စွမ်းအင်များက ပင်လယ်အတွင်း စီးဆင်းသွားသည့် မြစ်ပမာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ ခဏအကြာတွင် ဆရာရှောင်တစ်ယောက် အံ့ဩသွားရတော့သည်။
အကြောင်းမှာ သူ၏ကျိုးနေသော အရိုးများအားလုံးက လျင်မြန်စွာပင် ပြန်ဆက်သွားပြီး ၁ နာရီအတွင်းမှာ ပင် အကောင်းပတိပြန်ဖြစ်သွားကြောင့်ဖြစ်၏။
ပြီးခဲ့သော အချိန်ခဏလေးအတွင်းက နာကျင်မှုများကို သူကောင်းစွာ မှတ်မိနေသေးသည့်တိုင် လက်ရှိ အချိန်တွင်မူ သူ၏ခန္ဓာကိုယ်ကြီးမှာ လုံးဝပြန်ကောင်းသွားပြီဖြစ်သည်။
(ဒါကဘယ်လိုဆေးလုံးမျိုးလဲ၊ ဘာလို့ ဒီလောက်ထိ မြန်မြန်ပြန်ကောင်းလာရတာလဲ . . .)
(ဘာလို့ ရဲရှောင်က ငါ့ကို ဒီလိုဆေးလုံးမျိုးတွေ တိုက်ရတာလဲ . . .)
တွေးနေရင်းဖြင့် ဆရာရှောင် တုန်လှုပ်သွားပြီး ရဲရှောင်အား လှမ်းကြည့်မိလိုက်သည်။
“ဘယ်လိုလဲ ခံစားလို့ကောင်းတယ်မလား . . .”
ရဲရှောင်၏ စကားအဆုံးတွင် ဆရာရှောင် တံတွေးသာမြိုချမိလိုက်တော့သည်။ ခံစားခဲ့ဖူးသည့် နာကျင်မှုများ က သူ၏အာရုံထဲမှ ပျောက်ကွယ်မသွား၊ လတ်ဆတ်နေသေးသည် မဟုတ်ပါလား။
“ကောင်းပြီ . . . ဆေးသောက်ပြီးပြီဆိုတော့ ခင်ဗျားလည်း နေလို့ကောင်းနေလောက်ပြီ၊ ကျုပ်တို့တွေ ထပ် လုပ်ကြမလား၊ ကျုပ် ထပ်လုပ်မယ့်အရာတွေကို ခင်ဗျား သဘောကျမယ် ထင်ပါတယ် . . .”
စကားဆုံးသည်နှင့် ရဲရှောင်က ဆရာရှောင်၏ လက်ချောင်းများကို ဖမ်းဆုပ်ကာ ထပ်မံ၍ အပ်ထိုးထည့် လိုက်ပြန်သည်။
နာကျင်လွန်း၍ ဆရာရှောင် ငယ်သံပါအောင်ပင် အော်ဟစ်လိုက်၏။ ထို့ကြောင့် ထိုအော်သံကြီးက ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်မတတ် ဖြစ်တည်သွားစေပါတော့သည်။
YOU ARE READING