1145----1146

193 14 1
                                    

အခန်း (၁၁၄၅)(စာစဉ် ၈၂- အပိုင်း ၁၁)

“မင်းသဘောတူလား”

ကျွင့်ယင်းလျန်မှာ ထိုမယုံနိုင်ဖွယ် ကောင်းသည့် အကြောင်းပြချက်ကို ကြားလိုက်ရသောအခါ အံ့ဩ တုန်လှုပ်သွားမိသည်။

ယခင်က ရှောင်ဧကရာဇ် သူမနှင့် တွေ့သည့်အခါ တိုင်း အိန္ဒြေရနေတတ်သည်မှာ မိန်းမများစွာ အနားရှိ နေ၍သာ ဖြစ်နိုင်ကြောင်း တွေးထင်ခဲ့မိသည်။

သူမအဖို့ ထိုအချက်က ဖြစ်နိုင်သည့် အကြောင်းပြ ချက်ဟုလည်း ထင်မှတ်မိခဲ့သည်။

ထို့ကြောင့် သူမဘက်မှပင် အနားမှာသာ နေခွင့်ပြု ပါ၊ မည်သည့် ဂုဏ်ဒြပ်မှ မလိုချင်ကြောင်းကို မိန်းမ တန်မဲ့နှင့် တောင်းဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ အကြောင်းအရင်း ဖြစ်နေမည်ကိုမူ မည် သည့်အခါမှ မထင်မှတ်ခဲ့ဖူးချေ။

‘သန့်စင်သော ယန်ကျင့်စဉ်’
ထိုစကားလုံးကို သူမ ကြားသောအခါ ခေါင်းထဲ၌ မိုက်ခနဲပင် ဖြစ်သွားမိသည်။

သူမတို့ အတူရှိခဲ့သည့် အချိန်များကို ပြန်လည် တွေးမိသောအခါ တကယ်ကိုပင် သတိမပြုမိခဲ့မှန်းကို သတိရသွားလေသည်။

သန့်စင်သော ယန်ကျင့်စဉ်ဆိုသည်မှာ လူပျိုအစစ် အတိုင်း ရှိရန်လိုအပ်ပြီး လူပျိုရည် ဆုံးရှုံးသွားပါက အရာအားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်သည်။

(သူ ငါ့ကို လက်မခံတာလည်း အံ့ဩစရာ မရှိပါဘူး သူက ငါ့ကို ဘယ်လက်ခံနိုင်ခဲ့ပါ့မလဲ . . .)

“အဟမ့် . . .”

“မင်း အခုပြောတာတွေ အားလုံးက အမှန်တွေလို့ ပဲ ထားလိုက်ပါတော့၊ အခုကရော ဘယ်လိုလဲ၊ အဲဒီ သန့်စင်တဲ့ ယန်ကျင့်စဉ်ကို မကျင့်ကြံတော့ဘူးလား”

“ရဲရှောင် ငါ့ကို ပြောဖူးတာတော့ သူ့မှာ ဆရာက တစ်ယောက်ပဲ ရှိတာတဲ့၊ တခြားဆရာတွေ ဆိုတာ မရှိ ဘူး၊ မင်းက အဲဒီကျင့်စဉ်ကို မကျင့်ကြံတော့ဘူးဆိုရင် ဘယ်လိုဖြစ်ပြီး အခု မူလတာအိုအဆင့်ကို ရောက်လာ တာလဲ . . .”

ကျွင့်ယင်းလျန်က မျက်မှောင်ကြုတ်လျက် မေး လိုက်သည်။

ယခု ရှိနေသည့် လူငယ်လေးမှာ သူမ အချိန်တန် ကြာ လိုက်ခဲ့ရသည့် ရှောင်ဧကရာဇ် ဖြစ်မှန်း ရိပ်စား နေမိသည့်တိုင် ကျွင့်ယင်းလျန်မှာ အလျှော့မပေးလို၊ တင်းခံနေတုန်းပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now