1257-------1258

189 11 0
                                    

အခန်း (၁၂၅၇)(စာစဉ် ၈၉- အပိုင်း၁၁)
“သားရဲများ၏ တိုက်ပွဲ”
မြောက်ဘက်တွင် ပေ ၆၀ ကျော်ခန့်ရှိသည့် ဝံပုလွေကြီးများ ရှိနေသည်။
ထိုဝံပုလွေများမှာလည်း ရက်စက်ပြီး ကြမ်းကြုတ် သော ပုံစံမျိုးဖြင့် ရှိနေကြသည်။
သို့သော် အသေအချာ ကြည့်လိုက်သောအခါ ပို၍ ကြောက်မက်ဖွယ် ကောင်းသော အရာကို ရန်သူများ တွေ့လိုက်ကြရသည်။
ဟန်ပိုင်ယွဲ့မှာ သစ်ပင်များအားလုံးကို ရှင်းလင်းခဲ့ ၍ လူတစ်ရပ်စာလောက် ရှိသည့် သစ်ငုတ်တိုများသာ ကျန်ရှိခဲ့သည်။
အဆိုပါ သစ်ငုတ်တိုများမှာ လူသုံးယောက်ဖက်စာ လောက်ကို ကြီးမားကြလေသည်။
သို့သော် ဝံပုလွေခေါင်းဆောင်မှ ထိုသစ်ငုတ်ပေါ် ခြေချလိုက်ချိန်တွင် ကြီးမားလှပါသည် ဆိုသည့် သစ် ငုတ်ကြီးမှာ တို့ဟူးတုံးပမာ ကွဲကြေသွားလေသည်။
ထိုသို့ နင်းပြီးနောက် ဝံပုလွေအုပ်ကြီးမှာ ရပ်တန့် ခြင်း မရှိဘဲ ဆက်၍ ပြေးလွှားလာကြပြန်သည်။
ထိုသို့ဖြင့် သစ်ငုတ်တိုများမှာ တစ်ခုပြီး တစ်ခုဆို သလို အက်ကွဲကုန်ပါတော့သည်။
သို့သော် ဝံပုလွေများမှာ သစ်ငုတ်တိုများကို အာရုံ စိုက်ခြင်း မရှိဘဲ အစိမ်းရောင် တောက်နေသော မျက် လုံးများဖြင့်သာ ရန်သူများကို အငမ်းမရ ကြည့်နေကြ သည်။
(ဟင်း အရသာရှိလိုက်မယ့်ဖြစ်ခြင်း . . .)
(တကယ်ကို အရသာရှိမှာ . . .)
(ငါတို့တွေ လူသားမစားရတာ ဘယ်လောက်ကြာ ပြီလဲ၊ သူတို့ကိုလည်း ကြည့်စမ်းပါဦး အားလုံးက ထိပ် တန်းပညာရှင်တွေချည်းပဲ၊ ငါတို့တော့ စားသောက်ပွဲ ကြီး ကျင်းပရမယ့် အချိန်ရောက်ပြီ . . .)
တောင်ဘက်တွင်မူ သားရဲကြီးများ မရှိသည့် ပုံပါ ပင်။
ထို့ကြောင့် ရန်သူများမှာ တောင်အရပ်သာလျှင် သူ တို့အတွက် လွတ်လမ်းဖြစ်နိုင်သည်ဟု တွေးလိုက်ကြ သည်။
သို့သော် အသေအချာ ကြည့်လိုက်သောအခါ ရန် သူများမှာ ကျောရိုးထဲထိ စိမ့်အောင်ပင် ကြောက်ရွံ့မှု ကို ခံစားလိုက်ကြရသည်။
တောင်ဘက်၌ အခြားအရပ်များကဲ့သို့ သားရဲကြီး များ မရှိသော်လည်း ကြွက်များ ရှိနေခြင်းကြောင့် ဖြစ် သည်။
အခြားလူများ၏ အမြင်၌ မူလတာအို အဆင့်ကိုး ပညာရှင်များ ဖြစ်လင့်ကစား ကြွက်များကို ကြောက်ရ ပါသလောဟု ထင်မြင်ကောင်း ထင်မြင်နိုင်သည်။
သို့သော် ယခု သူတို့ မြင်တွေ့နေရသော ကြွက်များ မှာ သာမန်ကြွက်များ မဟုတ်။
အရွယ်အစား တူညီပြီး အနက်ရောင် အမွှေးအမျှင် များ ရှိကာ ချွန်ထက်သော သွားများရှိသည့် ကြွက်များ သာ ဖြစ်၏။
ထိုသို့သော ကြွက်များကို မည်သို့ မကြောက်ဘဲ နေပါမည်နည်း။
ကြွက်များမှာ အဆင့်အရမ်း မမြင့်ဘဲ အဆင့်လေး လောက်သာ ရှိသော်လည်း ပြဿနာမှာ အရေအတွက် အလွန် များပြားနေခြင်း ဖြစ်သည်။
ထောင်ဂဏန်းလော၊ သောင်းဂဏန်းလော၊ သိန်း ဂဏန်းလော။
ထိုမျှလောက်ထိကို အရေအတွက် အတိအကျမသိ နိုင်တော့ခြင်း ဖြစ်သည်။
ရန်သူများမှာ ကြွက်ပင်လယ်ကြီးကို ကြည့်ရင်း အသည်းတယားယားပင် ဖြစ်သွားကြသည်။
(ရှောင်ဧကရာဇ်က ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဘယ်က သားရဲတွေကို ရှာလာနိုင်တာလဲ၊ ဒါကတော်တော်ကို ကြောက်စရာ ကောင်းသွားပြီ . . .)
(ဒီဟာက သဘာဝတရားကြီးနဲ့ ဆန့်ကျင်နေတာ မဟုတ်ဘူးလား၊ နောက်ပြီး ကြွက်တွေကရော ဘယ် တုန်းက ဝိညာဉ်သားရဲတွေ ဖြစ်ကုန်တာလဲ . . .)
(ဒီကြွက်တွေ ဘယ်လောက်အစွမ်းထက်လဲဆိုတာ တော့ ငါမသိဘူး၊ ဒါပေမယ့် သေချာတာကတော့ ဒီ လောက် ပမာဏနဲ့ဆိုရင် ဘယ်ပညာရှင်ကိုမဆို တစစီ ဖြစ်သွားနိုင်မှာပဲ . . .)
(ငါတို့အတွက် အိပ်မက်ဆိုးလား ဘာလို့ ဒါတွေပဲ ဖြစ်နေရတာလဲ . . .)
ဝတ်ရုံနက်နှင့် လူများမှာ တွေးရင်း ငိုချင်လာသလို ပင် ဖြစ်သွားကြသည်။
(ဘာတွေဖြစ်ကုန်တာလဲ၊ ဘာလို့ ဒီလို ကြောက် စရာကောင်းတဲ့ မြင်ကွင်းမျိုးတွေကို မြင်နေရတာလဲ၊ နောက်ပြီး ဒီလောက်များတဲ့ ဝိညာဉ်သားရဲတွေကရော ဘယ်ကနေ ရောက်လာတာလဲ၊ ကောင်းကင်ဘုံက ကျ လာကြတာလား . . .)
ရန်သူများမှာ လိဝူလျန်နှင့် မိန်းကလေးနှစ်ဦးအား အသာစီးရခဲ့ကြသော်လည်း ယခုအခါ အခြေအနေများ မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းသော သားရဲပေါင်းများ စွာ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။
သူတို့အနေဖြင့် သားရဲများသာ မရှိပါက မည်သည့် လမ်းကမဆို လွတ်မြောက်အောင် ထွက်ပြေးသွားနိုင် စွမ်း ရှိကြသည်။
သို့သော် ယခုအခါ ခေါင်းဆောင်ဖြစ်သူမှ ထွက် ပြေးရန် အမိန့်ပေးလျှင်ပင် သားရဲများ လက်မှ လွတ် အောင် ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။
“ဧကရာဇ် ရှောင်ဧကရာဇ် . . .”
ရန်သူခေါင်းဆောင်မှ စိုးရိမ်တကြီးဖြင့် ခေါ်လိုက် သည်။
“ဒါကနားလည်မှုလွဲနေတာပါ၊ ငါတို့တွေက မင်း ရဲ့ မိတ်ဆွေတွေကို ဆန့်ကျင်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဒီ ပြဿနာက မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးထိ ဖြစ်စရာ မလိုပါဘူး . . .”
ရဲရှောင်မှ အေးစက်စက် ပြုံးလိုက်ရင်း -
“ဪ ဟုတ်လား . . .”
“ငါတို့ရဲ့ တာဝန်က ချင်းဟွာနန်းတော်ရဲ့ သစ္စာ ဖောက် ယွဲ့ဂေါင်ရွှဲ့နဲ့ ရဲမျိုးနွယ်ခေါင်းဆောင် ရဲနန်ရှန် ကို သတ်ရုံပါပဲ . . .”
“ဒီကိစ္စအတွက်နဲ့ ငါတို့တွေ ရှောင်ဧကရာဇ်နဲ့ နား လည်မှု မလွဲချင်ပါဘူး၊ အခု မင်းကိုယ်တိုင် ပေါ်လာမှ တော့ ငါတို့တွေက မင်းကို လေးစားမှု ပြပေးရမှာပေါ့၊ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီး ဒီအတိုင်းပဲ ထားလိုက် ကြရအောင် . . .”
ထိုလူမှာ သူပြောလိုက်သည့် စကားက မဖြစ်နိုင် မှန်း သိသောကြောင့် ထပ်မံ၍ -
“ငါတို့တွေကို လွှတ်ပေးတာနဲ့ မင်းမိတ်ဆွေတွေ အတွက် မင်းတောင်းတာ မှန်သမျှ ငါတို့ပေးပါ့မယ်”
ထိုစကားအရ ရန်သူများမှာ အသက်သာ ရှင်ရမည် ဆိုပါက ဘာမဆို လုပ်ကြတော့မည့် ပုံပါပင်။
ထို့ပြင် အမှန်တကယ်လည်း ကြွယ်ဝချမ်းသာကြ မည့်ပုံ ရှိ၏။
ရဲရှောင်အနေဖြင့် ထိုမျှထိ အင်အားကြီးသော အဖွဲ့ ကြီးအား ဆန့်ကျင်ရန် ရွေးချယ်လိုက်ခြင်းမှာ မှန်ကန် သော ဆုံးဖြတ်ချက်တော့ မဟုတ်ချေ။
ထို့ကြောင့် ရဲရှောင်လည်း -
“မင်းတို့က ငါ့ကို ဒီလို စဉ်းစားခွင့်ပေးလာမှ‌တော့ ငါလည်း မင်းတို့ကို အခွင့်အရေးတစ်ခု ပေးရတာပေါ့၊ အဲဒါက မင်းတို့အတွက် အခွင့်အရေး ဖြစ်သလို ငါ့ အတွက်လည်း အခွင့်အရေးပဲ . . .”
ထိုစကားကြောင့် အခြားလူများမှာ အံ့ဩသွားကြ လေသည်။
(ဟင် ဘယ်လိုဖြစ်သွားတာလဲ . . .)
(သူ့စိတ်ကို တကယ်ပဲ ပြောင်းလဲတော့မလို့လား)
လိဝူလျန်လည်း ရဲရှောင်အား ကြည့်လိုက်ရင်း -
(သူဘာတွေ လုပ်နေတာလဲ၊ ဒုတိယဘဝ ရောက် ပြီးကတည်းက သူက ဉာဏ်နီဉာဏ်နက်တွေ ပိုများ လာသလိုပဲ၊ တကယ့်ကို ဉာဏ်နီ ဉာဏ်နက်များတဲ့ ကောင် . . .)
ဟန်ပိုင်ယွဲ့မှာမူ အေးစက်စက် မျက်နှာထားဖြင့် သာ ရှိနေသည်။
သူ့စိတ်ထဲတွင်မူ ရဲရှောင်မှ မည်သူ့ကို အလွတ်ပေး လိမ့်မည် မဟုတ်ကြောင်း ယုံကြည်နေမိ၏။
ထို့ကြောင့် ရဲရှောင်၏ အခြေအနေကို စောင့်ကြည့် ရန်သာ ဆုံးဖြတ်ထားလိုက်တော့သည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာလည်း ထို့အတူပါပင်၊ အစ်ကိုဖြစ်သူကို အပြည့်အဝ ယုံကြည်ထား၍ စကား  တစ်ခွန်းမှ ဝင်မပြောဘဲ ရှိနေကြသည်။
ထိုစဉ် ရဲရှောင်မှ -
“မင်းတို့ပေးမယ့် အရာတွေက ငါလိုချင်တဲ့ အရာ တွေ မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့က ဘာမဆို ပေးပါ့ မယ် ပြောနေမှတော့ မေးခွန်းနည်းနည်းလောက် မေး ရတာပေါ့၊ မင်းတို့က ငါ့ကို ဖြေပေးရမယ် အေး အဲဒီ အဖြေက အမှန်ဆိုရင်တော့ မင်းတို့ကို ငါလွှတ်ပေး လိုက်မယ် . . .”
ထိုစကားကြောင့် ခေါင်းဆောင်ဖြစ်သူမှ စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ရင်း -
“ရှောင်ဧကရာဇ် မင်းက တကယ်ကို သူရဲကောင်း ကြီးပဲ၊ ကောင်းပြီ မင်းကြိုက်တာ မေးပါ ငါသိသမျှကို အကုန်ဖြေပေးပါ့မယ် . . .”
ထို့ကြောင့် ရဲရှောင်မှ -
“မင်းတို့ အခု အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်း ရဲ့ နာမည်က ဘာလဲ၊ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ၊ အဖွဲ့အစည်းရဲ့ နေရာကရော ဘယ်နားမှာ လဲ၊ နောက် မင်းတို့အဖွဲ့အစည်းထဲမှာ အဖွဲ့ဝင် ဘယ် လောက်များများရှိလဲ၊ အဖွဲ့ခွဲတွေရဲ့ ခေါင်းဆောင်တွေ ကရော ဘယ်သူတွေလဲ . . .”
ရဲရှောင်မှ ထိုမေးခွန်းကို မေးလိုက်ချိန် တိတ်ဆိတ် မှုသာ ကြီးစိုးသွားပြီး မည်သူမှ ပြန်မဖြေချေ။
ခဏအကြာတွင်မှ ခေါင်းဆောင်ဖြစ်သူမှာ အက်ကွဲ ကွဲအသံဖြင့် ရယ်မောလိုက်ရင်း -
“ဟား ဟား ကောင်းတယ် သိပ်ကောင်းတယ် သိပ် ကို ကောင်းတဲ့ ကြိုးစားမှုပဲ . . .”
“မင်းက ငါတို့ကို ဒါတွေ ဖြေပေးရင် လွှတ်ပေးမယ် ပေါ့ ဟုတ်လား၊ မင်းက ဒါတွေကို ကြားချင်တယ်ဆိုမှ တော့ ငါတို့က ဘာမှပြောစရာ မလိုတော့ဘူး၊ တိုက် ခိုက်ကြရုံပဲ ရှိကြတာပေါ့ ငါတို့လည်း ပြန်ဆုတ်ခွာနေ စရာ မလိုတော့ဘူး၊ ဘာလို့ ငါတို့က အကောင်းဆုံး မတိုက်ခိုက်နိုင်ရမှာလဲ . . .”
“မင်းတို့ရဲ့ ပြဿနာက ဘာလဲ မင်းတို့တွေက ငါ့ မေးခွန်းကို ဖြေဖို့ထက် အလောင်းတောင် မကျန်ဘဲ သားရဲတွေ စားတာကိုပဲ ခံချင်တယ်ပေါ့၊ မင်းတို့တွေ က ဒီလို မေးခွန်းလေးတွေဖြေပြီး အသက်မရှင်ချင်ကြ ဘူးလား . . .”
ထိုသို့ မေးလိုက်ချိန် ရဲရှောင်၏ အကြည့်များက စူး ရှလွန်းလှပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
(ဒီအဖွဲ့အစည်းကြီးက ဒီလူတွေအပေါ်မှာ အတော် လေးကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ၊ ဒီလူတွေက ငါမေး တာကို ဖြေဖို့ထက် သေဖို့ကိုပဲ ရွေးချယ်ကြတယ် . . .)
“ညီအစ်ကိုတို့ ငါတို့တွေ ကျောချင်းကပ်ပြီး တိုက် ခိုက်ကြရအောင်၊ ပြီးရင် အတူတူ ထွက်ပြေးကြမယ်၊ ငါတို့တွေ ဒီနေရာက လွတ်တာနဲ့ အသက်ရှင်ဖို့ အခွင့် အရေးရပြီ . . .”
ရန်သူခေါင်းဆောင်မှာ ရဲရှောင်နှင့် ပြောနေရင်းမှ သူ့လူများဘက်သို့ လှည့်ကာ လက်သီးလက်မောင်း တန်း၍ ပြောလိုက်သည်။
ထိုအခါ ဂိုဏ်းနှစ်ခုမှ ဝတ်ရုံနက်ဝတ် လူများပင် စိတ်အားတက်ကြွလာကြလေသည်။
လက်ရှိတွင် သူတို့အဖို့ တိုက်ခိုက်ခြင်းကသာလျှင် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်ကိုလည်း သိနေ ကြသည်။
အကယ်၍ တိုက်ခိုက်ရင်းဖြင့် သူတို့ သေဆုံးသွား လျှင်လည်း ဂိုဏ်းအတွက် အန္တရာယ်မရှိနိုင်၍ ပို၍ပင် ကောင်းနေသေးသည် မဟုတ်ပါလား။
“ကောင်းပြီလေ မင်းတို့က သေဖို့လမ်းကို ရွေးချယ် မှတော့ ငရဲကို သွားပေတော့ . . .”
“တက်ကြ . . .”
ညှိနှိုင်းမရသည့် အဆုံးတွင် ရဲရှောင်လည်း ကျယ် လောင်သော အသံကြီးဖြင့်သာ အမိန့်ပေးလိုက်တော့ သည်။
ထိုအခါ အဖြူရောင် အရိပ်မှာ ကောင်းကင်ထက်၌ ထပ်မံ လင်းလက်သွားပြီး သားရဲကြီးများ၏ အော်သံ များမှာလည်း ဆူညံစွာ ထွက်ပေါ်လာကြသည်။
ထို့နောက် ထိုအရပ်လေးမျက်နှာမှ သားရဲများမှာ အလယ်တွင် ရှိနေသော ရန်သူများအား ဝင်တိုက်ကြပါ တော့သည်။
ထို့ကြောင့် ရဲရှောင်၊ လိဝူလျန်နှင့် အခြားလူများမှာ ဘာမှလုပ်စရာပင်မလို၊ အသာအယာပင် ရပ်ကြည့်နေ ကြလေသည်။
ရန်သူများနှင့် သားရဲကြီးများ၏ တိုက်ပွဲမှာ ဝရုန်း သုန်းကားဖြင့် ပြင်းထန်လွန်းလှသည်။
ထိုသားရဲကြီးများ၏ လက်မှ လွတ်မြောက်လာကြ သော ရန်သူများမှာ ထိပ်တန်းပညာရှင် ၅ ဦး၏ တိုက် ခိုက်မှုကို ထပ်မံ ခံကြရလေသည်။
“လေးယောက် ငါးယောက်လောက်ကို အသက်ရှင် အောင် ချန်ထား . . .”
ရဲရှောင်မှ သူ့လူ ၄ ယောက်ကို အော်ဟစ်၍ ပြော လိုက်ပါတော့သည်။
. . .
သားရဲကြီးများကြောင့် တိုက်ပွဲမှာ သိပ်ပင် မကြာ လိုက်ချေ။
ရန်သူများဘက်မှ မူလတာအို အဆင့်ကိုး ပညာရှင် ၁၀၀ ကျော်တို့မှာလည်း သားရဲများ၏ ချွန်ထက်လှ သော သွားများကြားတွင် ဇီဝိန်ချုပ်သွားရတော့သည်။
သို့တိုင် အချိန်အားဖြင့် အမွှေးတိုင် တစ်တိုင်စာခန့် သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း ကြွက်အကောင်ရေ ၁၀၀၀ နီး ပါး အသတ်ခံရပြီး၊ ငွေရောင်အကြေးခွံမြွေ ၂ ကောင်၊ ကျားဘုရင် ၁ ကောင်နှင့် ဝံပုလွေ ၃ ကောင်တို့ ဆုံးရှုံး ခဲ့ရသည်။
ရန်သူများဖြစ်သည့် ဝတ်ရုံနက်ဝတ် လူများမှာမူ ရဲရှောင်ပြောသည့် အရေအတွက်သာ ကျန်ပြီး ကျန်လူ အားလုံးမှာမူ သေဆုံးသွားခဲ့ကြရသည်။
စင်စစ် တိုက်ပွဲမှာ သားရဲများက ရန်သူတို့၏ အင် အားထက် သာလွန်နေ၍ ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
သားရဲများ၏ ထိုအရေအတွက်နှင့်သာ ဆိုပါက ဝုဖ အယောက် ၁၀၀ သို့မဟုတ် ရွှမ်ပိုင် အယောက် ၁၀၀ ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်။
ထို့ကြောင့် ယခုလို မူလတာအို အဆင့်ကိုး ပညာ ရှင် အယောက် ၁၀၀ ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။
သားရဲကြီးများမှာ ချင်းရန်နယ်ပယ်၏ သမိုင်းရှိ မည်သည့် ပညာရှင် အုပ်စုထက်မဆို ပို၍ အစွမ်းထက် နေသည့် သဘောပါပင်။
အကယ်၍ ယခုတိုက်ပွဲ၌လည်း သားရဲများဘက်မှ အရေးနိမ့်ခဲ့လျှင် ရဲရှောင်မှ နောက်ထပ် သားရဲများစွာ ကို ထပ်မံစေလွှတ်ဦးမည်သာ။
ဆေးတောင်ကြီး၏ လေးလွှာမြောက်၌ သားရဲများ စွာ ကျန်ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် ရဲရှောင်မှ သားရဲများစွာကို တစ်ခါတည်း  ထုတ်မသုံးရခြင်းမှာ အားဟူမှ ထုတ်မသုံးစေလို၍ ဖြစ် သည်။
အကောင်ရေ ပိုများလေလေ ကုန်ကျစရိတ် ပိုများ လေလေ ဖြစ်၍ အားဟူမှ ထိုသို့ ဆုံးဖြတ်လိုက်ခြင်းပါ ပင်။
ယခုတိုက်ပွဲ ပြီးသည့်အချိန်တွင်လည်း အားဟူမှာ ထူးခြားအစွမ်းထက်ဆေးလုံး အလုံး ၅၀ ကျော်ကို ပေး ခဲ့ရလေသည်။
ကျားကြီးများအတွက် အလုံး ၂၀၊ ဝံပုလွေအုပ်စု အတွက် အလုံး ၂၀ နှင့် ကြွက်များအတွက် ၁၀ လုံးပင် ဖြစ်၏။
ထိုအလုံး ၅၀ ထဲတွင် မြွေများအတွက် မပါသေး၊ မြွေများအတွက်ပါ ထည့်တွက်ရမည်ဆိုပါက ပိုမို၍ပင် များသွားနိုင်သည်။
သို့သော် ကပ်စေးနှဲသော အားဟူမှာ ယခုကဲ့သို့သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
(ညောင် . . .)
(အင်း မြွေတွေက ငါ့နောက်လိုက်တွေဆိုတော့ သူ တို့ကို အများကြီး ပေးစရာမလိုပါဘူးလေ၊ နှစ်လုံးသုံး လုံးလောက်ဆို သူတို့အတွက် လုံလောက်မှာပါ၊ နည်း တယ် များတယ် သဘောမထားဘဲ သူတို့ခေါင်းဆောင် အတွက် သူတို့ တိုက်ခိုက်ပေးရမှာပဲ မဟုတ်ဘူးလား)
မည်သို့ပင်ဆိုစေကာမူ အားဟူ ဈေးကြီးပေးကာ ငှားရမ်းခဲ့သည့် သားရဲများကြောင့် တိုက်ပွဲမှာ လျင်မြန် စွာပင် ပြီးဆုံးသွားခဲ့သည်။
ရဲရှောင်၊ လိဝူလျန်၊ ယွဲ့ရှောင် ယွဲ့ဟန်နှင့် ဟန်ပိုင် ယွဲ့တို့မှာလည်း သေလုမြောပါးဖြစ်နေသည့် လူတစ်ဦး စီကို ဖမ်းဆီးနိုင်ခဲ့ကြသည်။
ထိုအသက်ရှင်လျက် ဖမ်းမိသည့် လူ ၅ ယောက်က ပင် ရဲရှောင်အတွက် လုံလောက်မှု ရှိသည်ဟု ဆိုနိုင် သည်။
ကျန်လူများမှာမူ သားရဲများ၏ စားသောက်ခြင်းကို ခံလိုက်ရ၍ အရိုးအရင်းပင် မကျန်အောင် သေဆုံးသွား ကြရသည်။
ထိုသို့သော သားရဲများကြောင့်လည်း တိုက်ပွဲမှာ လျင်လျင်မြန်မြန်ဖြင့် ပြီးဆုံးသွားရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကြွက်များကြောင့် အခြေအနေများ မှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားရပြန်သည်။
ကြွက်များမှာ အဆင့်မြင့်သားရဲများ မဟုတ်ကြ သည့်တိုင် တိုက်ခိုက်သည့်နေရာတွင်မူ အလွန်ထူးချွန် ကြသည်။
ထို့ပြင် အရေအတွက်မှာလည်း များပြားစွာ ရှိနေ သောကြောင့် အချင်းချင်း ပြန်တိုက်ခိုက်နေကြပြီး ကျားကြီးများကိုပင် စတင်တိုက်ခိုက်ရန် ဟန်ပြင်နေ ကြသည်။
ထို့ကြောင့် ရဲရှောင်လည်း အခြေအနေများ ပိုဆိုးမ လာခင် နှစ်ဖက်ကြားဝင်၍ ထိန်းလိုက်ရတော့သည်။
နောက်ဆုံးတွင် နှစ်ဖက်လုံးမှာ ရဲရှောင်အား ဆေး တောင်ကြီး၏ အနာဂတ် အရှင်သခင်အဖြစ် လေးစား မှုပေးကာ နောက်သို့ ဆုတ်ခွာသွားကြလေသည်။
ရဲရှောင်လည်း ယခု တိုက်ပွဲဖြစ်မှသာ သားရဲများ ၏ ကွာခြားပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ရွှေကျား ဘုရင်ကြီးများနှင့် မြွေများမှာ ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိခိုက်မခံဘဲ ကာကွယ်နိုင်စွမ်းရှိကြ သည်။
သို့သော် ဝံပုလွေများနှင့် ကြွက်များမှာမူ တွေ့မြင် သမျှကို စားသောက်ချင်နေသည့် သတ္တဝါများပင် ဖြစ် ကြသည်။
ထိုအချိန် အလောင်းကောင်များကို အငမ်းမရ စား နေသည့် သားရဲများ၏ အသံက မိန်းကလေး ၅ ဦးကို စိတ်မသက်မသာပင် ဖြစ်စေခဲ့သည်။
ချင်းရွှဲ့နှင့် ဝုရွှဲ့တို့ဆိုလျှင် စိတ်မထိန်းနိုင်တော့ဘဲ ၂ ခါတိတိပင် အန်ခဲ့ကြရလေသည်။
နောက်ဆုံးတွင် သားရဲများ၏ အလုအယက် စား သောက်မှုကြောင့် ထိုနေရာတွင် သွေးညှီနံ့များမှလွဲ၍ မည်သည့်အလောင်းကောင်မှ မရှိတော့ချေ။
ထိုစဉ်မှာပင် အဖြူရောင်အရိပ်မှာ တတိယအကြိမ် အဖြစ် ထပ်မံပေါ်လာပြန်သည်။
အံ့ဩဖွယ်ကောင်းစွာပင် ထိုအဖြူရောင်အရိပ် ပေါ် လာပြီးသည်နှင့် သားရဲများမှာ တစ်ကောင်ပြီး တစ် ကောင်ဆိုသလို ချက်ချင်းပျောက်ကွယ်သွားကြသည်။
၎င်းတို့ မည်သည့်နေရာသို့ ပျောက်ကွယ်သွားကြ သည်ကို မည်သူမှ မသိချေ။
မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ သားရဲများနှင့် တိုက်သော တိုက်ပွဲမှာ ချင်းရန်နယ်ပယ်၌ တစ်ခါမှ မရှိ ခဲ့ဖူး၍ သမိုင်းတင်ထိုက်သည့် ဖြစ်ရပ်ဟုပင် ဆိုရပေ တော့မည်။
. . .
“ဒီလူတွေကို ငါရင်ဆိုင်လိုက်မယ် . . .”
ရဲရှောင်လည်း ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ကို မျက်နှာ ရိပ် မျက်နှာကဲ ပြလိုက်သည်။
မိန်းကလေးနှစ်ဦးမှာလည်း ရဲရှောင် ဆိုလိုချင်နေ သည်ကို သိ၍ သူမတို့ ဖမ်းမိထားသည့် လူ ၂ ဦးကို ရဲရှောင်ထံ လွှတ်လိုက်သည်။
“၁ လကြာပြီးရင် နေရောင်ဂိုဏ်းကို အရင်ဆုံး ရှင်း မယ် . . .”
ရဲရှောင်မှ ထိုသို့ ပြောလိုက်ပြီးနောက် လိဝူလျန်နှင့် ဟန်ပိုင်ယွဲ့တို့ထံသို့ လှမ်း၍ ကြည့်လိုက်ပြန်သည်။
“ငါ့ကောင်တို့ သွားကြစို့ . . .”
ထိုစကားဆုံးသည်နှင့် ရဲရှောင်လည်း ကောင်းကင် ထက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။
ရှောင်ဧကရာဇ်၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှ ပြီး လူတိုင်း လိုက်မမီနိုင်သည့် နှုန်းရှိသည်ဟု အများ က ပြောကြသည်။
ထိုစကားက မှန်ကန်သည်ကို ယခု ရဲရှောင်၏ လှုပ် ရှားမှုက သက်သေခံနေသည် မဟုတ်ပါလား။
လိဝူလျန်နှင့် ဟန်ပိုင်ယွဲ့တို့မှာလည်း ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ရဲရှောင်၏ နောက်သို့ လိုက်ပါသွားကြလေသည်။
ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့မှာမူ သူတို့၏ ကျေးဇူး ရှင် ဖြစ်သည့် ရှောင်ဧကရာဇ်ကို ဒူးထောက်ကာ အရို အသေ ပြုချင်နေကြသည်။
သို့သော် ရှောင်ဧကရာဇ်မှာမူ ၎င်းတို့အား အနည်း ငယ်မှပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားခြင်းပင် ဖြစ် ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now