1323---------1324

135 7 1
                                    

အခန်း (၁၃၂၃)(စာစဉ်၉၅- အပိုင်း ၇)
“ရက်ရောခြင်း”

“ခင်ဗျားတို့ လူဘယ်နှစ်ယောက်လောက်များ အထိ နာသွားလဲ . . .”

ရဲရှောင်မှ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့က ဝုဖရဲ့ လက်ဝါးရိုက်ချက်ကြောင့် အထိနာခဲ့ကြရတာလား . . .”

ဒဏ်ရာရရှိနေသော လူများမှာ မျက်ရည်များ အဝဲ သားဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

(ရှောင်ဧကရာဇ်က ငါတို့ကို ဂရုစိုက်လိုက်တာ ငါ့ရဲ့ နာကျင်မှုတွေတောင် မခံစားရတော့ဘူး . . .)

“ဒီမှာ ကျုပ်မှာ ဆေးလုံးတွေ ရှိတယ် . . .”

“အင်း တစ်ယောက် . . .”

“နှစ်ယောက် သုံးယောက် . . .”

“အင်း ၁၇၂ ယောက်လောက်တော့ ရှိမယ် . . .”

ရဲရှောင်လည်း ခဏတာမျှ တွေးလိုက်ပြီးနောက် သူ ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးပုလင်းကို ထုတ် ကာ ပြောလိုက်သည်။

“ပန်ဇိဖ ဒီကိုလာပြီး ဆေးလုံးတွေကို တစ်ယောက် တစ်လုံးနှုန်း ဝေပေးလိုက်ပါ ဒါတွေက ကျုပ်စုထားတာ တာလေ၊ ခင်ဗျားတို့ နောက်ထပ် ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး . . .”

ရှိနေကြသော လူများမှာ ရှောင်ဧကရာဇ်၏ ဂရုစိုက် မှုနှင့် လက်ဆောင်များကြောင့် တုန်လှုပ်သွားကြ၏။

“ရှောင်ဧကရာဇ်က ခင်ဗျားက ကျုပ်တို့အပေါ်မှာ တကယ်ကို ကောင်းတာပဲ . . .”

ပန်ဇိဖမှာ ထခုန်လိုက်ရင်း ရယ်မောကာ ပြောလိုက် သည်။

“စိတ်မပူပါနဲ့ ရှောင်ဧကရာဇ် ကျုပ်ရဲ့ တာဝန်သာ ထားလိုက်ပါ . . .”

ပန်ဇိဖအတွက် ရှောင်ဧကရာဇ်၏ ခိုင်းစေခြင်း ခံရ သည်ကပင် ဂုဏ်တက်ချင်စရာ ဖြစ်နေသည်။

ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူ၏မျက်နှာပေါ် ရှိ အနာများက ပို၍ အရောင်တောက်သလိုပင် ဖြစ်နေ သည်။

စင်စစ် ရဲရှောင်က ထိုအနာများကြောင့် ထိုလူ၏ နာမည် အပြည့်အစုံကို မှတ်မိနေခြင်း ဖြစ်၏။

အခြားလူများမှာမူ မျိုးရိုးနာမည်လောက်ကိုသာ သူ မှတ်မိခြင်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now