အခန်း (၁၈၀၁)(စာစဉ် ၁၄၂- အပိုင်း ၇)
“ရွက်မဲ့နေသောလှေငယ်”
၁၀ ရက်အတွင်း ကျားယူနစ်၊ နွားယူနစ်နှင့် ကြွက်ယူနစ်တို့မှာ နဂါးယူနစ်ကို အကူအညီပေးရန်အတွက် ရောက်ရှိသွားကြပြီဖြစ်၏။
ဧကရာဇ်ခန်းမမှာ တိုးတက်နေဆဲ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အစပြုပြုချင်း တိုက်ပွဲတွင် နှစ်ဖက် လုံး အကျအရှုံးများခဲ့ကြသည်။ ဧကရာဇ်ခန်းမမှ လူများအဖို့ ရဲရှောင်ပေးသည့် ဆေးလုံးများ၏ အထောက်အပံ့ကို ရနိုင်သော်လည်း ထိုသို့ရရှိနိုင်ရန်မှာ အသက်ရှင်နေမှ ဖြစ်ပေလိမ့်မည်။
တိုက်ပွဲအတွင်း သေဆုံးသွားသည့် လူတစ်ယောက်ကို ဆေးလုံးမည်မျှကောင်းကောင်း ကယ်တင်နိုင်လိမ့် မည် မဟုတ်ပေ။
တစ်ဖက်ရှိ သဘာဝခန်းမမှာလည်း ရဲရှောင်၏ လုပ်နိုင်စွမ်းကိုသိ၍ တိုက်ပွဲဗျူဟာအမျိုးမျိုး ခင်းကျင်းလာ လေသည်။ တစ်နည်းအားဖြင့် သဘာဝတရားခန်းမဘက်မှလူများမှာ ရန်သူကို အသက်ချမ်းသာမပေးဘဲ သေအောင် သာ သတ်လာကြခြင်းဖြစ်သည်။
အကယ်၍ ၎င်းတို့သာ သေလုမျောပါးဖြင့် လွှတ်ပေးလိုက်ပါက ဧကရာဇ်ခန်းမအဖို့ မည်မျှပင် ဒဏ်ရာရရှိ ပါစေ ကုသပေးနိုင်မည် မဟုတ်ပါလား။ ထိုအချက်ကိုသိ၍လည်း သဘာဝတရားခန်းမမှ သေအောင်သာ အပြတ်ရှင်း ကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်မူ ဧကရာဇ်ခန်းမမှ ယူနစ်လေးခုနှင့် သဘာဝတရားခန်းမတို့ ရင်ဆိုင်နေကြ၏။ တိုက်ပွဲ ကြီးမှာ ပြင်းထန်လှ၍ မြေပြင်ထက်၌ သွေးချောင်းစီးလျက်ပင် ရှိနေသည်။ ထို့ပြင် ၁ ရက်အတွင်းဖြင့်ပင် အလောင်း များလည်း တောင်ပုံရာပုံ ပုံကုန်၏။
တစ်နည်းအားဖြင့် အဆုံးမဲ့ပင်လယ်ကြီး၏ မိုင်သောင်းချီပတ်လည်အတွင်း တိုက်ပွဲမြေကြီး ဖြစ်တည်နေခြင်း ပါပင်။
ထို့ကြောင့် တိုက်ပွဲကြီး၏ ဒုတိယနေ့တွင် တောင်များ၊ ရေကန်များ ပြိုကျပျက်စီးကုန်ကြ၏။ ထိုအခြေအနေ တွင် ၁၀ ရက်အတွင်း ကျားယူနစ်၏ခေါင်းဆောင် လဲ့ဒုန်ချန်မှာ သေဘေးမှ ၁၅ ကြိမ်ကြိမ်တိုင်တိုင်ပင် လွတ်မြောက် အောင် ရုန်းကန်ခဲ့ရသည်။
စင်စစ် သူ၏အပေါင်းအဖော်များမှ သူ့အား ထိုသို့လွတ်မြောက်အောင် ကယ်တင်ပေးခဲ့ခြင်းဖြစ်၏။ ထိုကဲ့သို့ လွတ်မြောက်လာပြီးလျှင်လည်း လဲ့ဒုန်ချန်မှာ ဆေးလုံးများစားကာ ပြန်လည်ကျန်းမာလာသည်နှင့် တိုက်ပွဲအတွင်း ပြန်လည်ဝင်ရောက်သွားတတ်သည်။
တကယ်တမ်းတွင် လဲ့ဒုန်ချန်မှာ ယူနစ် ၁၂ ခု၏ခေါင်းဆောင်များအနက် အားအနည်းဆုံးဖြစ်၏။ အကြောင်း မှာ ဧကရာဇ်ခန်းမ၏ အပြင်ဘက်တွင်သာ အနေများသောကြောင့်ဖြစ်သည်။
သို့သော် ထိုသို့အားနည်းသော ခေါင်းဆောင်တစ်ဦးဖြစ်သည့်တိုင် ယခုကဲ့သို့ အရိုးကျေကျေ အရည်ခမ်းခမ်း တိုက်ခိုက်နေသည်ကိုကြည့်ရင်း ဧကရာဇ်ခန်းမမှလူများမှာ လဲ့ဒုန်ချန်အား အလွန်ပင် လေးစားနေမိကြလေသည်။
ကိုယ့်လူများအတွက် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ခိုက်နေသည် မဟုတ်ပါလား။ ထို့အတွက်ကြောင့် လဲ့ဒုန်ချန် သေလုမျောပါးဖြစ်နေသည့်အခါမျိုးတွင်လည်း ဧကရာဇ်ခန်းမမှလူများမှာ ၎င်းတို့၏ အသက်ကိုပင်စွန့်၍ ကယ်တင်ပေးကြ၏။
ထိုအခြေအနေကြောင့် သဘာဝတရားခန်းမမှလူများမှာ လဲ့ဒုန်ချန်အား အသေသတ်ဖြတ်နိုင်ရန် ကြိုးစား သည့်တိုင် မအောင်မြင်ဘဲ ဖြစ်နေရလေသည်။ လဲ့ဒုန်ချန်ကို ဖိ၍ တိုက်ခိုက်လိုက်သည့်အခါတိုင်း ဧကရာဇ်ခန်းမမှ လူများမှာ ၎င်းတို့၏ အသက်ကိုပင်စွန့်၍ လာရောက်ကယ်တင်နေကြ၍ မည်သို့အောင်မြင်နိုင်ပါမည်နည်း။
ထို့ပြင် လဲ့ဒုန်ချန်မှာ ဒဏ်ရာများမှ ပြန်သက်သာလာတိုင်း တိုက်ပွဲသို့ ပြန်လည်ဝင်ရောက်လာပြန်လေ သည်။ ထို့နောက် ရန်သူများကို သတ်ဖြတ်ပြီး သူ့လူများ၏ ကယ်တင်ခြင်းကို ပြန်ခံရပြန်သည်။
ထိုသို့ဖြင့် ထပ်တလဲလဲ ထိုပုံစံအတိုင်းသာ ဖြစ်ပျက်နေလေသည်။ ထို့ကြောင့် သဘာဝတရားခန်းမမှထိပ်သီး ပညာရှင်များမှာ လဲ့ဒုန်ချန်ကိုမြင်သည်နှင့် ထိပ်လန့်နေကြတော့၏။
ရဲရှောင် ကောင်းကင်ထက်မှလူဆိုသည့် နာမည်ဖြင့် အဆုံးမဲ့ပင်လယ်ကြီးအတွင်း ခရီးနှင်နေစဉ် ဧကရာဇ် ခန်းမကြီးမှာ အင်အားကောင်းသထက် ကောင်းလာခဲ့သည်။
လက်ရှိအချိန်တွင် ထိုအဖွဲ့အစည်းကြီးမှ ယူနစ် ၄ ခုမှ လူ ၅ သောင်းခန့်မှာ တိုက်ပွဲကြီးကို ဆင်နွဲနေပြီဖြစ် သည်။ သို့သော် တိုက်ပွဲအဆုံးသတ်ခါနီးတွင်မူ ယူနစ် ၄ ခု၌ လူ ၁ ထောင်ကျော်ခန့်သာရှိတော့၏။
ရဲရှောင်က ဆေးလုံးများ ပေးခဲ့သော်လည်း အားလုံးကိုမူ ကယ်တင်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် အရေးပါ အရာရောက်သော အစွမ်းထက် ပညာရှင်များသာလျှင် ဆေးလုံးများကိုသောက်၍ တိုက်ပွဲဝင်ကြ၏။
စင်စစ် ထိုလူများအားလုံးမှာ မူလသူတော်စင်အဆင့်နှင့်အထက် လူများသာ ဖြစ်ကြသည်။ တိုက်ပွဲအတွင်း ထိုလူများမှာ ဆေးလုံးများ၏ အကူအညီဖြင့် အံ့ဩဖွယ်ကောင်းအောင် တိုက်ခိုက်နိုင်ခဲ့ကြ၏။
ထို့ကြောင့် တိုက်ခိုက်မှုအချိန်ကြာလာသည်နှင့်အမျှ တိုက်ခိုက်မှုများမှာလည်း ပို၍ ပြင်းထန်လာလေသည်။ ထိုသို့သော အခြေအနေတွင် သဘာဝတရားခန်းမအဖို့လည်း အထိနာခဲ့ရသည်ဟု ဆိုနိုင်သည်။
မည်မျှထိဆိုလျှင် သဘာဝတရားခန်းမမှ ယူနစ် ၄ ခုနှင့် ရင်ဆိုင်ခဲ့ရစဉ် လူပေါင်း ၆ သောင်းကျော်လောက်ကို ဆုံးရှုံးခဲ့ရခြင်းဖြစ်၏။ ၎င်းတို့ဘက်မှလည်း ယူနစ် ၄ ခုမှ လူအများအပြားကို သတ်ဖြတ်နိုင်ခဲ့ကြသည့်တိုင် အားလုံး ကုန်စင်အောင်မူ မသတ်နိုင်ခဲ့ကြချေ။
နောက်ဆုံးတွင် သဘာဝတရားခန်းမမှ ၎င်းတို့၏ အတော်ဆုံးလူများကို စေလွှတ်ခဲ့၏။ ထိုအထဲတွင် ဖီးနစ် သုံးကောင်အနက် နှစ်ကောင်ပင် ပါဝင်လာလေသည်။
စင်စစ် အနီရောင်ဖီးနစ်နှင့် ရွှေရောင်ဖီးနစ်တို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းပါပင်။ ထို့ပြင် အိပ်မက် ထဲမှ ကျားမှာလည်း သူမတို့နှင့်အတူတူ ပါဝင်လာ၏။
ထိုလူများမှာ လွန်စွာ အစွမ်းထက်လှ၍ ထိုသို့သော လူမျိုးများ ရောက်ရှိလာခြင်းက ဧကရာဇ်ခန်းမအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်၏။ ထို့ကြောင့် လုံတျန်းရှန်လည်း သူ့လူများကို ချက်ချင်းပင် နောက်ဆုတ်ခိုင်းလိုက်ပြီး ဧကရာဇ်ခန်းမထံသို့ အကူအညီတောင်းခံလွှာ ပို့လိုက်တော့သည်။
အခြေအနေများမှာ ရုတ်ရုတ်သဲသဲပင်နိုင်လှ၍ တိုက်ခိုက်ရေးခန်းမခေါင်းဆောင် မန်ယုဂျန်လည်း တွေဝေ ချိန်ပင်မရ၊ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ရတော့၏။
ထိုဆုံးဖြတ်ချက်ကား အခြားမဟုတ်၊ ဓားတစ်လက်ချူလျူ၊ မိစ္ဆာဝိညာဉ်နက် ဘိုင်လုံနှင့် ကြယ်ခုနှစ်စင်းတို့မှ ၎င်းတို့၏ အတော်ဆုံးလူများကို ဦးဆောင်ကာ တိုက်ပွဲအတွင်းဝင်ပါလိုက်ရခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်ခန်းမမှ နောက်ထပ် ယူနစ် ၄ ခုမှာလည်း တိုက်ပွဲအတွင်း ပါဝင်လိုက်ကြ၏။
တိုက်ပွဲကြီးမှာ ပြင်းထန်လွန်းလှ၍ ဧကရာဇ်ခန်းမအတွင်း ကျန်ရစ်ခဲ့သည့် နောက်ဆုံး ယူနစ် ၄ ခုမှာလည်း တိုက်ပွဲအတွင်း ဝင်ပါရတော့မည့် အခြေအနေမျိုးပင် ဖြစ်လာလေသည်။ တိုက်ပွဲအတွင်း လူများ ပိုမိုဝင်ပါလေလေ တိုက်ပွဲအခြေအနေက ပိုမိုတင်းမာလာလေလေပင် မဟုတ်ပါလား။
တိုက်ပွဲမှာ ထိပ်သီးပညာရှင်များ ပါဝင်မှုကြောင့် သေဆုံးသည့် လူအရေအတွက် နည်းပါးသွားသော်လည်း အခြေအနေမှာ ပြင်းထန်နေတုန်းပါပင်။
ဧကရာဇ်ခန်းမမှ စေလွှတ်လိုက်သည့် လူများမှာလည်း ထိပ်သီးပညာရှင်များ ဖြစ်သည်ကို သဘာဝတရား ခန်းမမှလူများ ကောင်းစွာ သိကြ၏။ ထို့ကြောင့် နှစ်ဖက်လုံးမှာ တိုက်ပွဲအတွက် အကောင်းဆုံးသော လူများကိုသာ စေလွှတ်လျက်ရှိနေကြလေသည်။
ထို့ကြောင့် တိုက်ပွဲအတွင်း အသေအပျောက် နည်းပါးသွားသည့်တိုင် သေဆုံးနေသည့် လူများမှာ ရှိနေတုန်း ပါပင်။ လူများအဖို့ ထိုသို့သော အဆင့်မြင့်ပညာရှင်များ သေဆုံးနေကြသည်ကို မြင်ချင်ကြလိမ့်မည် မဟုတ်ပေ။
အဆင့်မြင့်ပညာရှင်ဆိုသည်မှာ ရတနာများကဲ့သို့ပင် အဖိုးတန်လှသည် မဟုတ်ပါလား။ ထို့ကြောင့် သာမန် လူအယောက် ၁ သောင်း ဆုံးရှုံးရခြင်းထက် အဆင့်မြင့်ပညာရှင် ၁ ယောက် ဆုံးရှုံးရခြင်းက ပို၍ဆုံးရှုံးမှုကြီးမားလှ သည်ဟု ဆိုနိုင်သည်။
တိုက်ပွဲမှာ ပြင်းထန်လှသော်လည်း ထိပ်သီးပညာရှင်များပါဝင်နေသော တိုက်ပွဲပီပီ မှန်းဆ၍ တိုက်ခိုက်နေ သော တိုက်ပွဲတော့ မဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲတွင် ကိုယ့်ထက်အင်အားကြီးသော ရန်သူများကို စိန်ခေါ်တိုက် ခိုက်ကြခြင်း မပြုသကဲ့သို့ အားနည်းသော ရန်သူများကိုလည်း အနိုင်ကျင့်သတ်ဖြတ်ကြခြင်း မလုပ်ကြချေ။
ထိုသို့လုပ်ခြင်းက သိက္ခာမဲ့သော လုပ်ရပ်ပင် မဟုတ်ပါလား။ ထိုအချက်ကို သတိထား ထိန်းသိမ်းနေကြ၍ လည်း တိုက်ပွဲမှာ အသေအပျောက်နည်းလာရခြင်းဖြစ်၏။
သို့သော် အခြေအနေမှာမူ ဧကရာဇ်ခန်းမဘက်မှ အရေးသာသလိုပင် ဖြစ်နေလေသည်။ ဧကရာဇ်ခန်းမမှ လူများမှာ ဆေးလုံးများရှိနေ၍ ထိခိုက်ဒဏ်ရာရမည်ကို မှုနေစရာမလိုပြီ မဟုတ်ပါလား။
ထို့ကြောင့် တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ ဧကရာဇ်ခန်းမဘက်မှ အနိုင်ရရှိရန် သေချာလာလေသည်။ သို့သော် ထိုအချိန်မှာပင် ဧကရာဇ်ခန်းမ၏ ခေါင်းဆောင်မှာ ကျင့်ကြံမှုလုပ်ရာမှ နိုးထလာခြင်းမရှိဘဲ ၃ လတိုင်တိုင် နစ်မြောနေ၏။
ထိုသို့ ခေါင်းဆောင်ဖြစ်သူမရှိ၍ မန်ယုဂျန်မှာလည်း အတင်းအကြပ် ဖိမတိုက်ဝံ့ပေ။ အကယ်၍ ထိုကဲ့သို့ တိုက်ခိုက်လိုက်ပါက ရန်သူများဘက်မှ တစ်ပြိုင်တည်းဖြင့် အားကုန်တိုက်ခိုက်လာမည်ကို စိုးရိမ်မိသောကြောင့်ဖြစ် ၏။
တကယ်တမ်း ရန်သူများဘက်မှ ထိုသို့တိုက်ခိုက်လာပါကလည်း ၎င်းတို့ဘက်မှ ကောင်းစွာ ကာကွယ်နိုင် စွမ်းမရှိသည်ကို မန်ယုဂျန် သိနေသည်။
ထို့ပြင် အရေးကြီးဆုံးအချက်မှာ ယခုတိုက်ပွဲတွင် ဧကရာဇ်ခန်းမမှ ၎င်းတို့၏ အကောင်းဆုံး လူများကို မစေလွှတ်ရသေးဘဲ လူအနည်းငယ်ကိုသာ စေလွှတ်ထားခြင်းဖြစ်သော်လည်း စုစုပေါင်းအင်အား၏ ၇၀ ရာခိုင်နှုန်း ခန့်ကို စေလွှတ်ထားပြီးနှင့်ပြီဖြစ်၏။
ထို့ကြောင့် ဦးဆောင်မည့် ခေါင်းဆောင်မရှိကာ၊ အင်အားနည်းနေပြီဖြစ်သော မန်ယုဂျန်အဖို့ တိုက်ပွဲကြီး၏ အခြေအနေကြောင့် ဘေးကြပ်နံကြပ်ပင် ဖြစ်နေရပါတော့သည်။
YOU ARE READING